နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဘဏ္ဍာရေးဝန်ကြီးဘက်ဆင့်နှင့် အီလွန်မတ်စ်တို့ ဌာနဆိုင်ရာ ဝန်ထမ်းများ အပြောင်းအလဲနှင့် ပတ်သက်၍ အော်ဟစ်ငြင်းခုံရန်ဖြစ်ဟုဆို

ဧပြီလ (၂၄) ရက်။

ဧပြီလ ၂၃ ရက်နေ့တွင် အမေရိကန် သတင်းဝဘ်ဆိုဒ် Axios က ဘဏ္ဍာရေးဝန်ကြီး ဘက်ဆင့်၊ ထရန့်အစိုးတွင် ထိပ်တန်းစီးပွားရေး ကက်ဘိနက်အဖွဲ့ဝင် နှင့် သမ္မတထရန့်၏အနီးကပ် အကြံပေး စီးပွားရေး လုပ်ငန်းရှင် အီလွန်မတ်စ်တို့သည် ဝန်ကြီးဌာန ဝန်ထမ်း အပြောင်းအလဲနှင့် ပတ်သက်၍ အော်ဟစ် ငြင်းခုံမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ ပြောဆိုချက်ကို ကိုးကား၍ Axios က ၂၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။

အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) ၏အကြီးအကဲဖြစ်သူ အီလွန်မတ်စ်တိ ထရနန့်၏ အာဏာကို အသုံးပြုပြီး သူ၏ သြဇာလွှမ်းမိုးမှုကို အသုံးပြုနေသည့်အတွက် အစိုးရပအတွင်း ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည်။

သတင်းများအရ ၁၇ ရက်နေ့က အိမ်ဖြူတော်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်ဟု သိရသည်။ ယခင်နေ့တွင် ဘက်ဆင့်သည် ပြည်တွင်းအခွန်များဝန်ဆောင်မှု (IRS) ၏ ယာယီကော်မရှင်နာအဖြစ် အီလွန်မတ်စ်မှ အကြံပြုထားသည့် ကိုယ်စားလှယ်လောင်းတစ်ဦးကို ခန့်အပ်သည့်အပေါ် မကျေနပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ၎င်းအကြံပြုထားသူနှင့် အစားထိုးရန် တောင်းဆိုခဲ့သည်။

IRS သည် ဘက်ဆင့်လက်အောက်ရှိဌာန ဖြစ်သော်ငြား အီလွန်မတ်စ်က ဘက်ဆင့်အား အသိမပေးဘဲ ဝန်ထမ်းရေးရာတွင် ဝင်ရောက်စွက်ဖက်ခဲ့သည့်အတွက် ဘက်ဆင့်က မကျေမနပ် ဖြစ်ရသည်ဟု သိရသည်။

ငြင်းခုံမှုအတွင်း ဘက်ဆင့်သည် မတ်စ်က ကနဦးကတိပြုထားသည့်အတိုင်း ဘတ်ဂျက်ဖြတ်တောက်မှုများစွာ မပြုလုပ်သည့်အတွက် DOGE အား ဝေဖန်ခဲ့သည်။ မတ်စ်ကလည်း “ အရှုံးကြီးရှုံးခဲ့တဲ့ ရန်ပုံငွေကစားသူ” ဟု ခေါ်ဆိုတုံ့ပြန်ခဲ့သည်။ နှစ်ဖက်အငြင်းပွားမှုများကြောင့် တာဝန်ရှိသူများက ဝင်ရောက်ဖျန်ဖြေပေးရသည်ဟု သိရသည်။

ဘက်ဆင့်သည် နူးညံ့သိမ်မွေ့ပြီး ဒေါသလက္ခဏာ ပြခဲသည်ဟု လူသိများသည်။ ရုတ်ရုတ်သဲသဲဖြစ်ပြီးနောက်၊ ဘက်ဆင့်အကြံပြုထားသည့်သူကို IRS ၏ခေတ္တကော်မရှင်နာအသစ်အဖြစ် ခန့်အပ်ခဲ့သည်။

ဝန်ထမ်းခန့်အပ်မှုတွင် ဆုံးဖြတ်ချက်ချနိုင်သောအာဏာရှိသည့် ထရန့်သည် မတ်စ်ထက် ဘက်ဆက်စကားကို နားထောင်လိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 22 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 15 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 17 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 30 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို