နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးမှ သူတို့၏လေပိုင်နက်ကိုပြန်ဖွင့်ပေးလိုက်ခြင်း

အစ္စရေးမှ သူတို့၏လေပိုင်နက်ကိုပြန်ဖွင့်ပေးလိုက်ခြင်း

CNN – ၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၄ရက်

တစ်ညတာ ကာလအတွင်း အီရန်ထံမှ ဒုံးကျည်အများအပြား ကျရောက်ပြီးနောက် အစ္စရေး သည် ၎င်း၏လေပိုင်နက်ကို ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း အစ္စရေးလေဆိပ် အာဏာပိုင် အဖွဲ့က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အပစ်အခတ် ရပ်စဲရေး မစတင်မီ နာရီပိုင်းအလိုတွင် အစ္စရေး၏ လေပိုင်နက်ကို အီရန်က ဒုံးကျည်များစွာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အစ္စရေး-အီရန် အပစ်အခတ်ရပ်စဲရေးကို ဂါဇာကမ်းမြောင်ဒေသအပါအဝင်တိုးချဲ့ရန် အစ္စရေးဓားစာခံမိသားစုများက တောင်းဆိုထားသည်။

ဂါဇာတွင် ထိန်းသိမ်းခံထားရသော ဓားစာခံများ ပြန်လွတ်လာရေးအတွက် ထောက်ခံအားပေးသည့် အဖွဲ့တစ်ဖွဲ့က အစ္စရေးနှင့် အီရန်တို့ကြား အပစ်အခတ်ရပ်စဲရေးတွင် စစ်ဘေးသင့်နေသော နယ်မြေအထိ တိုးချဲ့ရန် တောင်းဆိုထားသည်။

“အီရန်နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်နိုင်သူတွေဟာ ဂါဇာမှာ စစ်ပွဲကို အဆုံးသတ်နိုင်တယ်” ဟု ဓားစာခံများနှင့် ပျောက်ဆုံးနေသောသူများ၏ မိသားစုများဖိုရမ်မှ အင်္ဂါနေ့တွင် ထုတ်ပြန်ချက်တစ်ခု တွင် ပြောကြားခဲ့သည်။

ဖိုရမ်မှ အပစ်အခတ်ရပ်စဲရေးသည် “ဂါဇာကမ်းမြောင်ဒေသအထိ ချဲ့ထွင်ရန် လိုအပ်သည်” ဟုဆိုကာ အစိုးရအား “ဓားစာခံအားလုံးကို အိမ်ပြန်စေပြီး စစ်ပွဲအဆုံးသတ်မည့် အရေးတကြီး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန်” တောင်းဆိုထားသည်။

“အီရန်ကြောင့် အစ္စရေးတွင်လူအများ အိပ်မပျော်နိုင်တဲ့ ၁၂ ရက်နဲ့ ညတွေကျော်လွန် အပြီးမှာ ဓားစာခံတွေကြောင့် အိပ်မပျော်နိုင်ဘဲဆက်ရှိနေပါတယ်” ဟု ဖိုရမ်က ပြောကြားခဲ့သည်။

အီရန်ကျောထောက်နောက်ခံပြု ဟားမတ်စ် စစ်သွေးကြွအဖွဲ့မှ ဓားစာခံ ၅၀ ဦးကိုဆက်လက် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ အယောက်နှစ်ဆယ် အသက်ရှင်နေသေးတယ်လို့ အစ္စရေးအစိုးရကထံမှသိရသည်။

“ဒီလိုပြတ်သားတဲ့စစ်ဆင်ရေးကြီးကိုအီရန်အပေါ်လုပ်ဆောင်ခဲ့သော်လည်း ဓားစာခံ များလွတ်မြောက်ရေးအတွက် ဘာဖိအားပေးခြင်းမှ မပါဝင်ခဲ့ခြင်းမှာ အကြီးအကျယ် ရှုံးဆုံးမှုဖြစ်တယ်လို့ဖိုရမ်ကဆိုပြီး ၎င်းကို “အရေးကြီးသော အခွင့်အရေးပြတင်းပေါက်တစ်ခု” ဟုပြောခဲ့သည်။

အစ္စရေး အတိုက်အခံခေါင်းဆောင် ယာရစ် လဖစ် (Yair Lapid) က အဆိုပါ ခံစားချက်များကို ပဲ့တင်ထပ်ကာ X တွင် ရေးသားခဲ့သည် – “အခု ဂါဇာကမ်းမြောင်က ဒီမျက်နှာစာကိုလည်း ပိတ်ရမယ့် အချိန်ပါပဲ။ ဓားစာခံတွေကို အိမ်ပြန်ခေါ်ဖို့၊ စစ်ပွဲကို အဆုံးသတ်ဖို့၊ အစ္စရေးကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်ပါတယ်” ဟု ရေးသားခဲ့သည်။

May be an image of 9 people, suitcase and crowd

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 71 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 83 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 81 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 84 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 80 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက