နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်နဲ့ မန္တလေးမှာ အွန်လိုင်းလောင်းကစားလုပ်ကိုင်သူ (၂၇)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ထုတ်ပြန်

အောက်တိုဘာလ (၂၄)ရက်။

ရန်ကုန်နဲ့ မန္တလေးတိုင်းတို့မှာ အွန်လိုင်းကနေ ဘောလုံးလောင်းကစားလုပ်ကိုင်သူ (၂၇)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အောက်တိုဘာလ (၁၄)ရက်နေ့က ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့၊ ပုလဲရပ်ကွက်ရှိ Secret Villa Private Resort မှာ Ibet 789 Online ဘောလုံးလောင်းကစား လုပ်ကိုင်သူတွေ ရောက်ရှိနေတာကြောင့် ဝင်ရောက်ရှာဖွေခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလိုဝင်ရောက်ရှာဖွေခဲ့ရာ လောင်းကစားလုပ်ကိုင်သူ (၁၄)ဦးကို ဖမ်းမိခဲ့ပြီး အောက်တိုဘာလ (၁၅)ရက်နေ့မှာ ရန်ကင်းမြို့ရှိ The Lord စားသောက်ဆိုင်အနီး လောင်းကစားလုပ်ကိုင်သူ (၃)ဦးကို ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီနောက် ထွက်ဆိုချက်တွေအရ အောက်တိုဘာလ (၁၆)ရက်နေ့က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ နေအိမ်တအိမ်မှာ လောင်းကစားလုပ်ဖို့ စည်းရုံးခဲ့သူ (၃)ဦး၊ မဟာအောင်မြေမြို့ရှိ Focus ဟိုတယ်မှာ (၃)ဦးနဲ့ ရန်ကုန် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မှာ (၅)ဦး ဖမ်းမိခဲ့တယ်လို့ ရေးသားထားပါတယ်။

သူတို့ဟာ Ibet 789၊ 555 Mix၊ Moung 556၊ Batman 688 slot လောင်းကစား၊ Shan 234 နဲ့ 2D/3D လောင်းကစားတို့မှာ ကော်မရှင်စား အေးဂျင့်တွေအနေနဲ့ လုပ်ကိုင်ပြီး လောင်းကစားလုပ်မယ့်သူတွေကို ရှာဖွေရတာလို့ ဆိုပါတယ်။

နောက်ပြီး လောင်းကစားလုပ်တဲ့သူတွေဆီကနေ အဆင့်ဆင့် ငွေကြေးအမြတ်ယူပြီး Kpay နဲ့ Wavepay အကောင့်တွေအပြင် သက်ဆိုင်ရာ ဘဏ်အကောင့်တွေ အသုံးပြုကာ ငွေလွှဲ/ငွေထုတ် ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလို အွန်လိုင်းလောင်းကစားလုပ်ကိုင်တာကြောင့် ဖမ်းဆီးခံရသူ (၂၇)ဦးဟာ အမျိုးသား (၁၇)ဦးနဲ့ အမျိုးသမီး (၁၀)ဦးတို့ဖြစ်ပြီး သူတို့ဆီကနေ လက်ကိုင်ဖုန်း (၄၉)လုံး၊ လက်တော့ပ် (၂)လုံး၊ Tablet (၂)လုံးနဲ့ ကား (၈)စီး သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖမ်းမိခဲ့သူတွေကို အမှုဖွင့်အရေးယူနိုင်ဖို့ ဆောင်ရွက်နေပြီး ပြည်သူတွေအနေနဲ့ အွန်လိုင်းလောင်းကစားပြုလုပ်သူတွေကို တွေ့ရှိပါက သတင်းပေးပို့ကြဖို့ စစ်တပ်က အသိပေးထားပါသေးတယ်။

အွန်လိုင်းလောင်းကစားတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာတာဖြစ်သလို အများပြည်သူအသုံးပြုတဲ့ လူမှုကွန်ရက်တွေပေါ်မှာပါ ပေါ်ပေါ်ထင်ထင် ကြေညာလာတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 79 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 77 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 68 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 69 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 70 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 66 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 42 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ