နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကလေးထောင်ထဲ ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေရဲ့ အရေးပေါ်ဆေးကုသခွင့်ကို လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ခွင့်ပြုနေ

အောက်တိုဘာလ (၂၄)ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ မော်လိုက် ကလေးထောင်ထဲ အကျဉ်းသားတွေရဲ့ အရေးပေါ်ဆေးကုသခွင့်ကို ထောင်အာဏာပိုင်တွေက လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ခွင့်ပြုပေးနေတယ်လို့ PPNM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကလေးအကျဉ်းထောင်မှာ အရေးပေါ်လူနာတွေရဲ့ ပြင်ပဆေးကုသခွင့်အတွက် ထောင်ပိုင်ကြီးအပါအဝင် အရာရှိအချို့ဟာ သူတို့တောင်းခံတဲ့ ငွေကြေးပမာဏပေးမှသာ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီအရေးပေါ်ဆေးကုသခွင့်အတွက် တကြိမ်ကို (၅)သိန်းကျပ်ကနေ ကျပ်သိန်း(၂၀)အကြား ပေးဆောင်နေရပြီး တခါတလေ ထောင်အာဏာပိုင်တွေရဲ့ KTV ဖိုးကို ပေးဆောင်မှ ပြင်ပဆေးကုသခွင့်ရနေတယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုဆေးကုသခွင့်မရတဲ့ အခြေအနေတွေကြောင့် နိုင်ငံရေးအကျဉ်းသားအချို့ဟာ အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ မသန်စွမ်းဖြစ်ရတဲ့အထိ ထောင်ထဲ ရင်ဆိုင်နေရတယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး ထောင်ထဲ နိုင်ငံရေအကျဉ်းသားတွေကို ဖိနှိပ်တဲ့ သတင်းတွေထွက်လာရင် ထောင်အာဏာပိုင်တွေက အကျဉ်းဦးစီးဌာနချုပ်ကို တင်ပြဖို့ သရုပ်ပြဓါတ်ပုံရိုက်တာနဲ့ ကျန်းမာရေးဟောပြောပွဲ သဏ္ဍာန်သရုပ်ပြဓါတ်ပုံတွေနဲ့ ဖြေရှင်းနေတယ်လို့ PPNM က ပြောဆိုထားပါတယ်။

ဒီလိုချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ ကလေးထောင်က အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေကို PPNM က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားပြီးအရေးပေါ်ဆေးကုသခွင့် ပိတ်ပင်တားဆီးတာကို ရပ်တန့်ဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် အခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ အကျဉ်းထောင်တွေမှာ ဆေးဝါးလုံလောက်စွာ မရရှိတာနဲ့ အရေးပေါ်ဆေးကုသခွင့် မရတာကြောင့် ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား (၂၈)ဦးအထိရှိတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကောလင်းမြို လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ရှောင်အမျိုးသမီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 23 Views
မတ်လ (၆)ရက်။ မနေ့က ကောလင်းမြို ကချင်ကုန်းရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပုလဲနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 21 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ ဘဲ (၉)နာရီကျော်အချိန်က ပုလဲနယ်အနောက်မြောက်ခြမ်းရှိ မရိုးတုန်းရွာကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြေပြင်သတင်းတွေထံက
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာဖို့ဆိုတဲ့ ကြေညာချက်ကို ပြည်သူ့ပါတီက အကြံပြုတင်ပြတာဆိုပြီး ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 29 Views
မတ်လ (၆)ရက်။ စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာထားတာကို ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက အကြံပြုတင်ပြချက်ဆိုပြီး မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က စက်သုံးဆီ ချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာတာမှာ ကားတွေ၊ ဆိုင်ကယ်တွေကို စုံအက္ခရာနဲ့ မအက္ခရာခွဲပြီး စုံရက်နဲ့
မြန်မာသတင်း

တနင်္သာရီမြို့တိုက်ပွဲ စစ်တပ်ဘက်က အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 29 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တနင်္သာရီမြို့ ခြောက်မိုင်ရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခြောက်မိုင်ရွာက ဘုန်းကြီးကျောင်းမှာ နေရယူထားတဲ့
မြန်မာသတင်း

ယင်းမာပင်တပ်ရင်းထဲ မွတ်ဆလင်ရဲဘော်အမျိုးသမီး မုဒိန်းကျင့်ခံရတဲ့အပေါ် မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ ပြင်းထန်စွာရှုတ်ချ

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 29 Views
မတ်လ (၆)ရက်။ ယင်းမာပင်တပ်ရင်း(၂၀)ထဲ တပ်ဖွဲ့ဝင် မွတ်ဆလင်ရဲဘော်အမျိုးသမီး မုဒိန်းမှုကျူးလွန်ခံခဲ့ရတဲ့အပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ မြန်မာနိုင်ငံလုံဆိုင်ရာ မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချိုးဖောက်တဲ့ ပြစ်ဒဏ်ကြောင့် တပ်ထဲပြစ်ဒဏ်တွေ ချမှတ်တာဟာ သက်ဆိုင်ရာ စည်းမျဉ်းဥပဒေနဲ့သာ သက်ဆိုင်ပြီး ခွင့်မလွှတ်နိုင်စရာကိစ္စလို့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းခွင့်ကို ကြိုဆိုတယ်ဆိုပြီး အီးယူထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 41 Views
မတ်လ (၅)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကော်မရှင်က နိုင်ငံရေးအကျဉ်းသား အများအပြားကို လွတ်ငြိမ်းပေးခဲ့တဲ့အပေါ် ကြိုဆိုတယ်ဆိုပြီး အီးယူက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ နိုင်ငံရေးအကျဉ်းသား အများအပြား လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတာနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုတွဲတွေ
မြန်မာသတင်း

စက်သုံးဆီ ရက်(၄၀)စာရှိတယ်လို့ ဇော်မင်းထွန်း ပြောဆို‌နေပေမယ့် ဆီဆိုင်တွေမှာ အလုအယက် တန်းစီဝယ်နေကြ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 29 Views
မတ်လ (၅)ရက်။ နိုင်ငံထဲ စက်ဆုံးဆီ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိတယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောဆိုထားတယ်လို့ သိရပါတယ်။ “ နိုင်ငံထဲမှာ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိပါတယ်။ နောက်ပြီး
မြန်မာသတင်း

KTLA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်တာကြောင့် KNLA ရဲဘော် (၅)ဦး ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 31 Views
မတ်လ (၅)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA အဖွဲ့က KNLA တပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်သားတွေက စစ်တပ်နဲ့