နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

ဂျပန်

ဂျပန် နိုင်ငံတကာသတင်း ယူကရိန်း အာရှ

စစ်ဘေးရှောင် ယူကရိန်းဒုက္ခသည်သည် ဂျပန်၌ အဆင့်မြင့် ဆူမိုနပန်းပြိုင်ပွဲတွင် အနိုင်ရရှိ

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၂၄ရက်

ရုရှားကျူးကျော်မှုမှ ထွက်ပြေးလာခဲ့သော အသက် ၂၁ နှစ်အရွယ် ယူကရိန်း ဆူမိုနပန်း သမားတစ်ဦးသည် ဂျပန်နိုင်ငံ၌ အဆင့်မြင့် ဆူမိုပြိုင်ပွဲတစ်ရပ်တွင် အနိုင်ရရှိခဲ့ပြီး၊ ယှဉ်ပြိုင်မှုပြင်းထန်သော ဤအားကစားနည်း၌ သူ၏ လျင်မြန်သော တိုးတက်မှုကို

ချီးမွမ်းခြင်းခံခဲ့ရသည်။

ရိုးရာထုတ်လွှင့်ရေးဌာန NHK ၏အဆိုအရ နပန်းပွဲနာမည် အာအိုနီရှိကိ(Aonishiki) ဟုလူသိများသော ယာဗူးစီရှင် ဒန်ညီလို (Yavhusishyn Danylo) သည် တနင်္ဂနွေနေ့က ကျင်းပသော နိုဝင်ဘာလ ဂရန်းဆူမိုပြိုင်ပွဲ (November Grand Sumo Tournament)တွင် အောင်ပွဲခံခဲ့သည်။ သူသည် အဆုံးအဖြတ်ပွဲတွင် ထိပ်တန်းအဆင့် (ယိုကိုးဇန) နပန်းသမားဖြစ်သည့် မွန်ဂိုလီးယားဖွား ဟိုရှိုးရူး (Hoshoryu) ကို အနိုင်ယူခဲ့သည်။

“ စကားနဲ့ဖော်ပြလို့ မရတဲ့ ခံစားချက်ပါ” ဟု အာအိုနီရှိကိ က အနိုင်ရပြီးနောက် ပြောကြားခဲ့ကြောင်း NHK ၏ ဖော်ပြချက်အရ သိရသည်။ “ ကျွန်တော့်ခန္ဓာကိုယ်ကို သူ့အလုပ်သူ လုပ်ခိုင်းလိုက်သလိုမျိုး ခံစားရတယ်၊ ကိုယ့်ခွန်အားကို သုံးလိုက်တာပဲ။ ကျွန်တော့်ဆရာပြောတာကို စူးစူးစိုက်စိုက် လုပ်ဆောင်ခဲ့တာ ဒီလိုရလဒ်ကို ဦးတည် စေခဲ့တာပါ” ။

အသက် ၂၁ နှစ်အရွယ် သူသည် စစ်ပွဲကြောင့် မိခင်နိုင်ငံ ပျက်စီးနေချိန်တွင် ဂျပန်သို့ ရောက်ရှိ လာပြီးနောက် သုံးနှစ်အတွင်း ထုံးတမ်းစဉ်လာနှင့် ဓလေ့ထုံးတမ်းများဖြင့် သတ်မှတ်ထား သော ဤအားကစားလောက၌ သူ၏ ဥက္ကာပျံကဲ့သို့ တိုးတက်အောင်မြင်လာမှု ကို ဤအနိုင်ရပွဲက အဆုံးသတ် ဖော်ပြလိုက်ခြင်း ဖြစ်သည်။

သူသည် ယူကရိန်းနိုင်ငံတွင် ကလေးဘဝကတည်းက နပန်းနှင့် ဂျူဒိုကို စတင်ခဲ့သည်။ ထိုနိုင်ငံတွင် ကိုယ်ခံပညာသည် အချိန်ကြာမြင့်စွာ လူကြိုက်များခဲ့ပြီး၊ အိုလံပစ်ဆုတံဆိပ်ရ နပန်းသမားများစွာလည်း ထွက်ပေါ်ခဲ့သည်။ CNN ၏ မဟာမိတ်ဖြစ်သော အဆာဟီရှင်ဘွန်း (Asahi Shimbun) သတင်းစာ၏ အဆိုအရ အသက်ခုနစ်နှစ်အရွယ်တွင် ၎င်း၏ ဂျူဒို လေ့ကျင့်ရေးစခန်း၌ ဆူမိုအားကစားသမားများ လေ့ကျင့်နေသည်ကို မြင်တွေ့ပြီးနောက် သူသည် ဆူမိုကစားနည်းသို့ ကူးပြောင်းခဲ့သည်။

သူသည် အားကစားအတွက် အရည်အချင်းရှိကြောင်း လျင်မြန်စွာ ပြသခဲ့ပြီး အသက် ၁၅ နှစ်အရွယ်တွင် ဂျပန်၌ ကျင်းပသော ဂျူနီယာ ကမ္ဘာ့ဆူမိုချန်ပီယံရှစ်ပြိုင်ပွဲတွင် တတိယ နေရာရရှိခဲ့သည် – ထိုနေရာ၌ပင် ဂျပန်ဆူမိုနပန်းသမား အာရတာ ယာမနကာ (Arata Yamanaka) နှင့် သူငယ်ချင်းဖြစ်ခဲ့သည်။

ထို့နောက် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်သောအခါ ထိုအရာအားလုံး ရပ်တန့်သွားခဲ့သည်။ နပန်းလေ့ကျင့်ရေးစခန်းများ ဖျက်ဆီးခံခဲ့ရပြီး အားကစားသမားများနှင့် ၎င်းတို့၏ မိသားစုများသည် နိုင်ငံခြားသို့ ထွက်ပြေးခဲ့ကြသည် – Aonishiki လည်း ပါဝင်ခဲ့ပြီး သူ၏ မိသားစုသည် ဂျာမနီသို့ ပြောင်းရွှေ့ခဲ့သည်။

“ ကျွန်တော့် အားကစားဘဝ ဒီမှာပဲ ပြီးဆုံးသွားမှာကို ရှက်စရာလို့ ထင်မိတယ်” ဟု Aonishiki က ဇူလိုင်လတွင် ထုတ်လွှင့်ခဲ့သော ၎င်း၏ခရီးစဉ်ဆိုင်ရာ မှတ်တမ်းရုပ်ရှင်တစ်ခုတွင် NHK သို့ ပြောကြားခဲ့သည်။ “ ကျွန်တော် ဆူမိုကို သဘောကျတယ်၊ ကျွန်တော် ရွေးချယ်ထားတဲ့ လမ်းကြောင်းပေါ်မှာ တစ်နည်းနည်းနဲ့ ဆူမိုပြိုင်ဖို့ ကြိုးစားသင့်တယ်လို့ ခံစားရတယ်” ။

ထို့ကြောင့် အသက် ၁၈ နှစ်အရွယ်တွင် သူသည် ဂျပန်သို့ တစ်ယောက်တည်း ရောက်လာခဲ့သည် – ထိုအချိန်က Kansai တက္ကသိုလ် ၏ ဆူမိုကလပ်ခေါင်းဆောင်ဖြစ်သူ သူငယ်ချင်း Yamanaka က ၎င်း၏မိသားစုအိမ်တွင် Aonishiki ကို နေထိုင်ရန် ကမ်းလှမ်းခဲ့ပြီး ယူကရိန်းနပန်းသမားအား တက္ကသိုလ်ကလပ်တွင် လေ့ကျင့်နိုင်ရန် စီစဉ်ပေးခဲ့သည်။

သူ၏ နပန်းသမား နာမည်သည် ယူကရိန်းအလံ၏ အရောင်တစ်ရောင်ဖြစ်သော အပြာရောင်” ဟု အဓိပ္ပာယ်ရသည်။

Aonishiki သည် နိုင်ငံသစ်နှင့် ဘာသာစကားသစ်ဖြင့် သူ၏ အားကစားဘဝကို ပြန်လည် စတင်ခဲ့သည်။ မကြာမီတွင် သူသည် ဂျပန်ဘာသာစကားကို ကျွမ်းကျင်လာပြီး စံချိန်တင် မြန်နှုန်းဖြင့် အဆင့်များ တက်လာခဲ့သည် – အကြီးဆုံး သို့မဟုတ် အလေးဆုံး (သူသည် ၁၄၀ ကီလိုဂရမ် သို့မဟုတ် ၃၀၈ ပေါင်သာ ရှိပြီး ထိပ်တန်းအဆင့် ဆူမိုနပန်းသမားများ၏ ပျမ်းမျှ အလေးချိန်ထက် နည်းပါးသည်) မဟုတ်သော်လည်း တက္ကသိုလ်မှ သူ၏ ပြိုင်ဘက်များကို အနိုင်ယူခဲ့သည်။

နောက်ဆုံးတွင် သူသည် တိုကျိုအခြေစိုက် အာဂျီဂါဝါ(Ajigawa) လေ့ကျင့်ရေး‌ဂေဟာ သို့ ပြောင်းရွှေ့နေထိုင်ကာ အသက်မွေးဝမ်းကျောင်းပညာအဖြစ် လေ့ကျင့်ယှဉ်ပြိုင်ခဲ့သည်။ တနင်္ဂနွေနေ့ပြိုင်ပွဲ၌ သူသည် ပြိုင်ပွဲ ၁၃ ကြိမ်သာ ပါဝင်ယှဉ်ပြိုင်ခဲ့ရပြီးနောက် တတိယ အမြင့်ဆုံးအဆင့်ဖြစ်သော ဆေကီဝါကေး(Sekiwake) အဆင့်သို့ ရောက်ရှိခဲ့သည် – ၎င်းသည် အဆင့် သတ်မှတ်ချက်များ မကြာခဏ အတက်အကျရှိပြီး ပြိုင်ပွဲစွမ်းဆောင်ရည်ပေါ် မူတည်၍ နပန်းသမားများ ရာထူးတိုးမြှင့်ခြင်း သို့မဟုတ် အဆင့်လျှောချခြင်း ခံရနိုင်သော အားကစားတစ်ခုတွင် စံချိန်တင်မြန်နှုန်းဖြစ်သည်။

Aonishiki တနင်္ဂနွေနေ့တွင် အနိုင်ရပြီးနောက်၊ အမျိုးသား ဆူမိုအုပ်ချုပ်ရေးအဖွဲ့သည် ဒုတိယအမြင့်ဆုံးဘွဲ့ဖြစ်သော အိုးဇေကီ (Ozeki )သို့ ရာထူးတိုးမြှင့်ရေးကိစ္စ ဆွေးနွေးရန် အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပခဲ့ကြောင်း NHK ၏အဆိုအရ သိရသည်။

သို့သော် ယူကရိန်းနပန်းသမားက နောက်ထပ် တစ်ဆင့်တက်လိုသည်။ “ ဒီအဆင့်အထက်မှာ နောက်ထပ် တစ်ဆင့် ရှိသေးတယ်၊ အဲဒါကို ရည်မှန်းချင်ပါတယ်” ဟု သူက ပြောကြားခဲ့ပြီး၊ ထိပ်တန်းဘွဲ့ဖြစ်သော ယိုကိုးဇန(Yokozuna)အဖြစ်ရောက်ရှိရန် ကို မျက်ခြည်မပြတ်သော ခိုင်မာသည့်ရည်မှန်းချက်ရှိနေသည်။

ယူကရိန်း ဆူမိုနပန်းသမား Danylo Yavhusishyn (သူ၏ ဂျပန်နပန်းပွဲနာမည် Aonishiki ဟု လူသိများသည်) သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က ဖူကူအိုးက (Fukuoka) တွင်ကျင်းပသော ဂရန်းဆူမိုပြိုင်ပွဲ၌ အနိုင်ရရှိပြီးနောက် ဂျပန်ဝန်ကြီးချုပ်ဖလား ဆုတံဆိပ် ကို လက်ခံရယူနေသည်။(ပုံ)

အာအိုနီရှိကိ (Aonishiki) သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က ဖူကူအိုးက တွင်ကျင်းပသော ဂရန်းဆူမိုပြိုင်ပွဲအတွင်း ပြိုင်ဘက် ကိုတိုဇာကုယာ (Kotozakura) နှင့် ယှဉ်ပြိုင်နေစဥ်။(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 5 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း အဓိကကျသော မဟာဗျူဟာမြောက် ရည်မှန်းချက်များမှာ “ ပြီးဆုံးလုနီးပါး” ဖြစ်နေပြီဟု ထရန့်က ပြောကြားခဲ့ပါသည်။
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 21 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk က သတိပေးပြောကြားလိုက်သည်။ ပဋိပက္ခစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း “