နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယောဒေသမှာ အရန်အင်အားစုဆိုပြီး မဖြစ်မနေ စစ်ပညာသင်တန်းတက်ရောက်ရမယ်လို့ ကာကွယ်ရေးအဖွဲ့တွေထုတ်ပြန်

‌ဧပြီလ (၂၅)ရက်။

ယောဒေသမှာ အရန်အင်အားစုတွေအနေနဲ့ အသက် (၁၈)နှစ်ကနေ (၃၀)နှစ်ထဲရှိသူတွေ မဖြစ်မနေ စစ်ပညာသင်သင်တန်း တက်ရမယ်ဆိုပြီး ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ယောဒေသထဲ အရန်အင်အားစုအနေနဲ့ မဖြစ်မနေ စစ်ပညာသင်တန်း တက်ဖို့ကို ယောတပ်တော်(YA)အပါအဝင် ကျောက်ထုဒေသ ပအဖနဲ့ ပကဖတို့က လက်မှတ်ရေးထိုး ထုတ်ပြန်ထားတာပါ။

အရန်အင်အားစုအနေနဲ့ စစ်သင်တန်းတက်ဖို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ကျေးရွာကာကွယ်ရေးတာဝန်ခံတွေဆီ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်သင်တန်းတက်ဖို့ကို အသက် (၁၈)နှစ်ကနေ (၃၀)နှစ်ထဲရှိသူတွေ၊ အသက်ကန့်သတ်ချက် ကျော်လွန်ပေမယ့် စိတ်ဆန္ဒရှိပြီး တာဝန်ထမ်းဆောင်နိုင်သူတွေနဲ့ အိမ်ထောင်စုစာရင်းထဲ မပါပေမယ့် ကျေးရွာထဲ အခြေချနေထိုင်သူတွေပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး စစ်သင်တန်းတက်ဖို့ ကင်းလွတ်ခွင့်ရှိသူတွေဟာ ဆွံ့အနားမကြား၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေ၊ စိတ်ရူးနှမ်းပေါ့သွပ်သူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ (၂)နှစ်အောက် ကလေးနို့တိုက်မိခင်တွေ၊ တိုက်ပွဲထဲ အသက်နဲ့ ကိုယ်လက်အင်္ဂါပေးဆပ်ထားရတဲ့ မိသားစုဝင်တွေ၊ တပ်ထဲ တာဝန်ထမ်းဆောင်နေတဲ့ မိသားစုဝင်တွေနဲ့ ကျောင်းသူ/ကျောင်းသားတွေဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် စစ်သင်တန်း မတက်ချင်တာကြောင့် ဒေသခြား ခရီးထွက်တာ၊ သာသနာ့ဘောင်ဝင်တာ၊ တပ်ဖွဲ့ဝင်ဖြစ်ပေမယ့် တာဝန်ပျက်ကွက်ပြီး တပ်နဲ့ကင်းကွာနေသူတွေ ကင်းလွတ်ခွင့်မပြုဘဲ မိသားစုဝင်တဦးက အစားထိုး သင်တန်းတက်ရမှာဖြစ်သလို သင်တန်းကုန်ကျစရိတ် ကျခံရမယ်လို့လဲ ပြောဆိုထားပါသေးတယ်။

အခုလို အရန်အင်အားစု ဖွဲ့စည်းတာဟာ ဒေသထဲ တော်လှန်ရေး အင်အားကောင်းလာဖို့၊ တော်လှန်စိတ်ဓါတ် မျိုးဆက်မြှင့်တင်ဖို့နဲ့ တိုက်ခိုက်ရေးတပ်၊ အရန်တပ်၊ ကျေးရွာအုပ်စု၊ ဒေသလုံခြုံရေးတာဝန်တွေမှာ ပါဝင်လာစေဖို့ ရည်ရွယ်တာလို့ ထုတ်ပြန်ထားပါတယ်။

အခုလို စစ်သင်တန်းတက်ရမယ်ဆိုတဲ့ ထုတ်ပြန်ချက်အပေါ် ဒေသခံတွေက အပြင်းအထန် ကန့်ကွက်တာတွေရှိနေပြီး အစိုးရတရပ်ကပဲ အမိန့်ထုတ်ခွင့်ရှိကာ ဘယ်လို ပအဖ၊ ပကဖကမှ ဥပဒေ ထုတ်ပြန်ပိုင်ခွင့်ရှိသလို လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်တာလို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပဲခူးရိုးမထဲ (၃)ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၀)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 7 Views
မေလ (၂၄)ရက်။ မေလ (၂၂)ရက်နေ့ကစပြီး ပဲခူးရိုးမထဲ (၃)ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာပြီး သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂)
မြန်မာသတင်း

NMSP-AD နဲ့ MLA တို့ ပူးပေါင်းပြီး ရာမညမွန်တပ်တော်(RMA)ကို ဖွဲ့စည်း

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 12 Views
မေလ (၂၄)ရက်။ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)တို့ပေါင်းစည်းပြီး ရာမညမွန်တပ်တော်(RMA)ကို ဖွဲ့စည်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NMSP-AD
မြန်မာသတင်း

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 9 Views
မေလ (၂၄)ရက်။ မနေ့က ညနေ (၅)နာရီအချိန်က ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ ကော့ကရိတ်မြို့ ဘလယ်ဒိုကျေးရွာအနီး ကျူးကျော်တပ်စွဲထားတဲ့ ဘလယ်ဒိုတပ်စခန်းကို KNLA
မြန်မာသတင်း

အနုပညာရှင်တွေဟာ နိုင်ငံရေးထဲ ဝင်ရောက်ဆောင်ရွက်တဲ့အတွက် မဖြစ်သင့်တာတွေဖြစ်ရတာဆိုပြီး စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 9 Views
မေလ (၂၄)ရက်။ အနုပညာရှင်တွေဟာ ပါတီနိုင်ငံရေးထဲ ဝင်ရောက်‌ဆောင်ရွက်ခဲ့တာကြောင့် မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတာဆိုပြီး စစ်ကောင်စီဝန်ကြီး ဦးမောင်မောင်အုန်းက မနေ့က ရန်ကုန် ဗဟန်းရှိ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အချို့အနုပညာရှင်တွေအနေနဲ့ သူတို့ရဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ဆောင်ရမယ့်အစား
မြန်မာသတင်း

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ အမာခံ ဆောင်ရွက်ပေးမယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 11 Views
မေလ (၂၄)ရက်။ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ အမာခံ ဆောင်ရွက်ပေးသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ကျိုင်းတုံတပ်နယ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်တပ်အနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့နဲ့ တည်ငြိမ်အေးချမ်းဖို့အတွက်
မြန်မာသတင်း

မင်းကင်းနယ် မင်းစုရွာကို စစ်ကောင်စီဗုံးကြဲ ကလေးငယ် ခြောက်ဦး အပါအဝင် ၁၁ ဦး သေဆုံးကာ ဒဏ်ရာရသူလည်း များပြား

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 22 Views
မေလ (၂၃) ရက်။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မင်းစုကျေးရွာကို ဒီကနေ့ မေလ ၂၃ ရက်မွန်းလွဲ ၂နာရီခန့်မှာ စစ်အုပ်စုက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးငယ် ခြောက်ဦး အပါအဝင် အရပ်သားပြည်သူ ၁၁ ဦး
မြန်မာသတင်း

ပခုက္ကူမှာ KTV သွားဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ပေါင်းစု ဖမ်းမိ

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 15 Views
မေလ (၂၃)ရက်။ မေလ (၁၈)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က ပခုက္ကူမြို့ ဘုန်းကံရွာ စစ်ဆေးရေးဂိတ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းမိခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဘုန်းကံရွာ
မြန်မာသတင်း

ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲဖို့ ကော်မရှင်ဆိုင်ရာဥပဒေကို ရန်ကုန်လွှတ်တော် ပြဋ္ဌာန်း

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 21 Views
မေလ (၂၃)ရက်။ ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲဖို့ ကော်မရှင်ဆိုင်ရာဥပဒေကို ရန်ကုန်လွှတ်တော်ရဲ့ ဒီကနေ့အစည်းအဝေးမှာ ပြဋ္ဌာန်းလိုက်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကော်မရှင်ဆိုင်ရာဥပဒေကို ရန်ကုန်လွှတ်တော်ကို ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲက အပ်နှင်းတဲ့ ပြည်သူ့ဆင့်လွှဲအာဏာကို ကျင့်သုံးပြီး ပြဋ္ဌာန်းတာလို ဆိုပါတယ်။