နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

 ဖိအားများနှင့် ခြိမ်းခြောက်မှုများကြားတွင် ယခုနှစ် ရုရှား၏ စစ်ရေးပြအခမ်းအနားကို ပူတင် အကျဉ်းချုံ့ကျင်းပမည်

CNN — ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်

ရုရှား-ယူကရိန်းစစ်ပွဲ။ မော်စကိုမြို့ ရင်ပြင်နီတွင် မေလ ၉ ရက်နေ့၌ ကျင်းပလေ့ရှိသည့် အောင်ပွဲနေ့ (Victory Day) စစ်ရေးပြအခမ်းအနားသည် ရုရှားသမ္မတ ဗလာဒီမာပူတင် အတွက် အရေးပါဆုံးသော အခမ်းအနားတစ်ခုဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ရုရှားနိုင်ငံသည် နောက်ဆုံးပေါ် ဒုံးကျည်များနှင့် တင့်ကားများအပါအဝင် ၎င်းတို့၏ အထင်ကြီးဖွယ် အကောင်းဆုံး လက်နက်များကို ထုတ်ဖော်ပြသကာ စစ်အင်အားပြလေ့ရှိသည်။

သို့သော်လည်း ယခုနှစ်တွင်မူ ထိုစစ်ရေးပြအခမ်းအနားကို ယခင်ထက် ပိုမိုရိုးရှင်းစွာသာ ကျင်းပသွားမည်ဟု သိရသည်။

ပြီးခဲ့သည့် အင်္ဂါနေ့နှောင်းပိုင်းတွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာန (MOD) က ယခုနှစ် စစ်ရေးပြပွဲ၌ စစ်ဘက်ဆိုင်ရာ အကယ်ဒမီကျောင်းသားများနှင့် လက်နက်ကိုင် တပ်ဖွဲ့များ၏ ခြေလျင်စစ်ကြောင်းများသာ ပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် ယခင်နှစ်များ က လုပ်ထုံးလုပ်နည်းနှင့်မတူဘဲ ယခုနှစ်တွင် လီနင်ဂူဗိမာန်ရှေ့မှ ဖြတ်သန်းမည့် စစ်လက်နက် ပစ္စည်း ယန္တရားများ ပါဝင်မည်မဟုတ်ကြောင်း ဆိုသည်။

“လက်ရှိ စစ်ဆင်ရေးအခြေအနေများကြောင့် Suvorov စစ်ဘက်ကျောင်းများနှင့် Nakhimov ရေတပ်ကျောင်းများမှ ကျောင်းသားများ၊ ကက်ဒက်တပ်ဖွဲ့ဝင်များနှင့် စစ်လက်နက်ပစ္စည်း ယန္တရားစစ်ကြောင်းများသည် ယခုနှစ် စစ်ရေးပြအခမ်းအနားတွင် ပါဝင်မည်မဟုတ်ပါ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လက်ရှိ စစ်ဆင်ရေးအခြေအနေ” ဟူသည်မှာ အဘယ်နည်းဆိုသည်ကို ခန့်မှန်းရန် ကရင်မလင်၏ သဘောထားများကို အထူးလေ့လာနေသူဖြစ်ရန်ပင် မလိုပေ။ ရုရှားစစ်ဘက်အဆင့်မြင့်အရာရှိကြီးများ၏ ပြောကြားချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ ရုရှားစစ်တပ်သည် ယူကရိန်းတွင် နယ်မြေအချို့ လက်လွှတ်နေရသည့်ပုံပေါ်နေပြီး၊ ယူကရိန်း၏ တိုက်ခိုက်မှုများသည် ရုရှား၏ အရေးပါသော ရေနံနှင့် သဘာဝဓာတ်ငွေ့ အခြေခံအဆောက်အအုံများကို ပြင်းထန်စွာ ထိခိုက်နေစေသည်။ ထို့အပြင် ကိယက်ဗ်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုများသည်လည်း ရုရှားမြို့တော်အတွင်းရှိ နေထိုင်မှုဘဝများကို ယခင်ကတည်းကပင် အနှောင့်အယှက်ပေးခဲ့ပြီးဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် စစ်ရေးပြပွဲအစီအစဉ်များနှင့်ပတ်သက်၍ မေးမြန်းရာ၌ စစ်လက်နက် ပစ္စည်းများကို ရှေ့တန်းစစ်မျက်နှာများတွင် လိုအပ်နေ၍လားဟူသော မေးခွန်းအပေါ် ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ် (Dmitry Peskov) က အခြေအနေကို အနည်းငယ် လှည့်ပတ်ဖြေကြားခဲ့ပြီး မော်စကိုသည် ကိယက်ဗ်ထံမှ “အကြမ်းဖက် ခြိမ်းခြောက်မှု” နှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

“ကျွန်တော်တို့က စစ်ဆင်ရေးအခြေအနေအကြောင်း ပြောနေတာပါ” ဟု ၎င်းက ဆိုသည်။ “စစ်မြေပြင်မှာ နေ့တိုင်း နယ်မြေတွေ ဆုံးရှုံးနေရတဲ့ ကိယက်ဗ်အစိုးရဟာ အခုဆိုရင် အလုံးစုံ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုကို စတင်နေပါပြီ။ ဒါကြောင့် ဒီအကြမ်းဖက်ခြိမ်းခြောက်မှုတွေ ကြားမှာ ဘေးအန္တရာယ်ကို အနည်းဆုံးဖြစ်အောင် အစီအမံအားလုံး လုပ်ဆောင်နေတာပါ။ စစ်ရေးပြပွဲကတော့ ဖြစ်မြောက်လာမှာပါ၊ ဒါပေမဲ့ မနှစ်ကဟာက နှစ်ပတ်လည်အခမ်းအနား (အထူးနေ့ရက်) စစ်ရေးပြပွဲဆိုတာကို မမေ့ပါနဲ့။ အရေးကြီးတဲ့နေ့ရက်မှာ ကျင်းပသင့်တဲ့ အကြီးစားစစ်ရေးပြပွဲမျိုးပါ။ ဒီနှစ်ကတော့ နှစ်ပတ်လည်နေ့ မဟုတ်ပေမဲ့ အကျဉ်းချုံ့ထားတဲ့ ပုံစံနဲ့တော့ ကျင်းပသွားမှာပါ” ဟု ၎င်းက ရှင်းလင်းပြောကြားသည်။

ထို့အပြင် ဗုဒ္ဓဟူးနေ့တွင် ပူတင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဖုန်းဖြင့် ဆွေးနွေး စဉ် အတွင်း ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်ခြေကို ထည့်သွင်းပြောဆိုခဲ့သဖြင့် အောင်ပွဲနေ့ အစီအစဉ်သည် ပိုမိုစိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။

ထိုအပစ်အခတ်ရပ်စဲရေးမှာ စစ်ရေးပြပွဲကျင်းပမည့် နေ့တစ်ရက်တည်းအတွက်သာ ကန့်သတ် ထားသလားဟု ကြာသပတေးနေ့တွင် မေးမြန်းရာ၌ ပက်စကော့ဗ်က “အခုအဆင့်မှာတော့ အောင်ပွဲနေ့အကြောင်းပဲ ပြောနေတာပါ၊ ဘယ်အချိန်မှာ အကျိုးသက်ရောက်မလဲ၊ တိုက်ပွဲတွေ ဘယ်တော့ရပ်မလဲဆိုတာကိုတော့ သမ္မတ (ပူတင်) ကပဲ ဆုံးဖြတ်မှာပါ။ အတိအကျ ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး” ဟု ဖြေကြားခဲ့သည်။

ရုရှားသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို အလုံးစုံကျူးကျော်ခဲ့ပြီးနောက်ပိုင်း အောင်ပွဲနေ့ စစ်ရေးပြပွဲများကို လျှော့ချကျင်းပခဲ့သည်။ ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်များတွင် အစဉ်အလာအရ ပြုလုပ်လေ့ရှိသည့် စစ်လေယာဉ်များ ပျံသန်းပြသမှုကို ဖျက်သိမ်းခဲ့ပြီး၊ ၂၀၂၄ ခုနှစ် စစ်ရေးပြပွဲတွင်မူ ဒုတိယကမ္ဘာစစ်လက်ကျန် T-34 တင့်ကားတစ်စီးတည်းသာ ပါဝင်ခဲ့သည်။

သို့သော် ပက်စကော့ဗ် မှတ်ချက်ပြုသကဲ့သို့ပင် နာဇီဂျာမနီအပေါ် ဆိုဗီယက်ယူနီယံ၏ အောင်ပွဲ အနှစ် ၈၀ ပြည့် အထိမ်းအမှတ်ဖြစ်သော မနှစ်က အောင်ပွဲနေ့စစ်ရေးပြပွဲမှာမူ ခမ်းနားထည်ဝါသော ပွဲတစ်ခု ဖြစ်ခဲ့သည်။ ပူတင်သည် အီရန်၏ Shahed ဒရုန်းကို ရုရှားမူကွဲအဖြစ် ပြုလုပ်ထားသည့် Geran-2 ကဲ့သို့သော လက်နက်များ ပါဝင်သည့် စစ်ရေးပြပွဲကို ဦးဆောင်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် အပါအဝင် မဟာမိတ် ခေါင်းဆောင်များ ကို ဧည့်ခံခဲ့သည်။

လာမည့်လတွင် ကျင်းပမည့် စစ်ရေးပြပွဲ၌ မော်စကိုကောင်းကင်တွင် Su-25 တိုက်လေယာဉ်များက ရုရှားအလံအရောင်များ ခြယ်သပျံသန်းမည့် အစီအစဉ်မှာမူ ထည့်သွင်းထားဆဲဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ သို့သော်လည်း ဤသို့ စစ်ရေးပြပွဲကို အကျဉ်းချုံ့လိုက်ရခြင်းမှာ ပူတင်အတွက် အလှည့်အပြောင်း ကာလ တစ်ခုသို့ ရောက်ရှိနေခြင်းကို ဖော်ပြနေသည်။

မကြာသေးမီ သီတင်းပတ်များအတွင်း ရုရှားနိုင်ငံ၌ အင်တာနက်ပြတ်တောက်မှုများ လှိုင်းလုံး တစ်ခုသဖွယ် ဖြစ်ပေါ်ခဲ့ရာ မြို့တော်မော်စကိုနှင့် အခြားနေရာများတွင် နေထိုင်မှုများ ခက်ခဲ လာပြီး မကျေနပ်မှုများ စတင်ထွက်ပေါ်လာသည်။ လုံခြုံရေးအရ အင်တာနက်ဖြတ်တောက် ရန် လိုအပ်သည်ဟု အာဏာပိုင်များက ဆိုသော်လည်း ယင်းသည် နိုင်ငံ၏ခေါင်းဆောင်ပိုင်း အပေါ် လူထု၏ ဝေဖန်မှုများကို ရှားရှားပါးပါး ဖြစ်ပေါ်စေခဲ့သည်။

ရုရှား၏ ပင်လယ်နက်ကမ်းရိုးတန်းရှိ Tuapse ရေနံချက်စက်ရုံအား ယူကရိန်းက အကြိမ်ကြိမ် တိုက်ခိုက်ခြင်းကလည်း မော်စကို၏ စီးပွားရေးဆိုင်ရာ အားနည်းချက်ကို ဖော်ပြနေသည်။ ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ပုံရိပ်များက အာဏာပိုင်များ၏ တုံ့ပြန်မှု နှေးကွေးခြင်းအပေါ်တွင်လည်း ထောက်ပြနေကြသည်။

အခြားသော စီးပွားရေးဆိုင်ရာ သတိပေးခေါင်းလောင်းသံများလည်း ကရင်မလင်အတွက် မြည်နေသည်။ အင်္ဂါနေ့တွင် ရုရှားဗဟိုဘဏ်ဥက္ကဋ္ဌ အယ်ဗီရာ နာဘူလီနာ(Elvira Nabiullina) က နိုင်ငံသည် မကြုံစဖူးသော လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရသည်ဟု ပြောကြားခဲ့သည်။

“ခေတ်သစ်ရုရှားသမိုင်းမှာ အခုလို လုပ်သားရှားပါးမှုမျိုး တစ်ခါမှ မကြုံဖူးပါဘူး” ဟု ရုရှားနိုင်ငံပိုင် သတင်းဌာန RIA Novosti ၏ ဖော်ပြချက်အရ သူမက ဆိုသည်။ “ဒါမျိုး တစ်ခါမှ မရှိခဲ့ဖူးပါဘူး၊ ဒါဟာ စီးပွားရေးအခြေအနေ တစ်ရပ်လုံးအပေါ် သက်ရောက်မှု ရှိနေပါတယ်”။

ရုရှားတွင် လုပ်သားရှားပါးမှု ဖြစ်လာခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် စစ်မှုထမ်းရန် တစ်စိတ်တစ်ပိုင်း ဆင့်ခေါ်မှုကို ကြေညာခဲ့ပြီးနောက်ပိုင်း ပြည်ပသို့ ထွက်ခွာမှုများ (Brain drain ဟုခေါ်သော ပညာတတ်များ ထွက်ခွာမှု) လှိုင်းလုံးကြီး တစ်ခု ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ယူကရိန်းရှေ့တန်းစစ်မျက်နှာတွင် စစ်သားအမြောက် အမြား သေကျေဒဏ်ရာရမှုများကြား၌ စစ်သည်အင်အား ပြန်လည်ဖြည့်တင်းရန်လည်း ရုရှားက ရုန်းကန်နေရသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တုန်းက ဆိုဗီယက်ပြိုကွဲပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တင့်ကားများ နှင့် ဒုံးကျည်များကို ရင်ပြင်နီတွင် အင်အားပြရန် ဘာကြောင့် ပြန်လည်ဆောင်ရွက်ရသလဲ ဆိုသည်ကို ပူတင်က ဤသို့ ရှင်းပြခဲ့ဖူးသည်။

“ဒါဟာ စစ်လိုလားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘယ်သူ့ကိုမှ ခြိမ်းခြောက်နေတာ မဟုတ်ဘူး၊ ခြိမ်းခြောက်ဖို့လည်း ရည်ရွယ်ချက်မရှိဘူး၊ ဘယ်သူ့ကိုမှလည်း ဘာမှ အဓမ္မ မတိုက်တွန်းပါဘူး — ကျွန်တော်တို့မှာ အရာအားလုံး အလုံအလောက်ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ကြီးထွားလာတဲ့ ကာကွယ်ရေးစွမ်းရည်ကို ထုတ်ဖော်ပြသတာပါ။ ကျွန်တော်တို့ဟာ ကိုယ့်ပြည်သူ၊ ကိုယ့်နိုင်ငံသားတွေ၊ ကိုယ့်နိုင်ငံနဲ့ ကိုယ့်ရဲ့ကြွယ်ဝမှုတွေကို ကာကွယ်နိုင်စွမ်းရှိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ယူကရိန်းနှင့် ရှည်လျားလှသော သွေးထွက်သံယို စစ်ပွဲအတွင်း ရုရှားစစ်တပ်သည် မြို့တော်ကို ကာကွယ်နိုင်စွမ်း ရှိ၊ မရှိ ဆိုသည်မှာ ယခုအခါတွင်မူ မေးခွန်းထုတ်စရာ ဖြစ်လာနေပြီ ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်နေ့က မော်စကိုမြို့ ရင်ပြင်နီ (Red Square) တွင် ကျင်းပသည့် အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာစဉ် ရုရှားသမ္မတ ဗလာဒီမာပူတင်က ဝါရင့်စစ်မှုထမ်းတစ်ဦးအား လက်ဆွဲနှုတ်ဆက်နေစဉ်။ (ဓာတ်ပုံ – Gavriil Grigorov/Sputnik/Reuters)

၂၀၂၄ ခုနှစ်၊ မေလ ၉ ရက် အောင်ပွဲနေ့တွင် ဆိုဗီယက်ခေတ်ဟောင်း T-34 တင့်ကားတစ်စီး ရင်ပြင်နီအတွင်း မောင်းနှင်နေစဉ်။ (ဓာတ်ပုံ – Maxim Shemetov/Reuters)

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့က ရုရှားနိုင်ငံ၊ Tuapse ရှိ ရေနံချက်စက်ရုံတစ်ခုတွင် ယူကရိန်းဒရုန်းတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ် မီးခိုးများ ထွက်ပေါ်နေပုံ။ (ဓာတ်ပုံ – Planet Labs PBC/Reuters)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက