နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကုလသမဂ္ဂတွင်သူ့အား ‘သဘောထားဆိုးဖြင့် သုံးထပ်ကွမ်း လုပ်ကြံမှု’ ကို စုံစမ်းစစ်ဆေးဖို့ တောင်းဆို

CNN-၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်

သမ္မတ ဒေါ်နယ်ထရန့်က မနေ့အင်္ဂါနေ့ ကုလသမဂ္ဂအထွေထွေညီလာခံ အခမ်းအနားအတွင်း သူတွေ့ကြုံခဲ့ရသည့် “သုံးထပ်ကွမ်း တမင်တကာ သဘောဆိုးဖြင့် လုပ်ကြံမှု” ဖြစ်ကြောင်း စွပ်စွဲလိုက်ပြီး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း စုံစမ်းရန် တောင်းဆိုထားသည်။ ထိုသဘောထားကို ထရန့်က စာနယ်ဇင်းနှင့် လူမှုမီဒီယာမှတဆင့် ထုတ်ဖော်ခဲ့ပြီး ရွေ့လျားစက် လှေကား (Escalator) ရပ်သွားမှု၊ ဖတ်ရန် မိန့်ခွန်းစာသားကို ဖော်ပြသည့် ဖန်သားပြင် (Teleprompter) ပျက်ကွက်မှုနှင့် အသံပိုင်းဆိုင်ရာပြဿနာစသည့်နည်းပညာဆိုင်ရာ အဆင်မပြေမှု သုံးချက်ကို တိကျစွာ ဝေဖန်ပြောဆိုထားသည်။

“မနေ့က ကုလသမဂ္ဂမှာအမှန်တကယ် အရှက်ရစရာအရုပ်ဆိုးစရာ အဖြစ်အပျက် သုံးချက် ဖြစ်သွားခဲ့တယ်” “တခု မဟုတ်ဘူး နှစ်ခု မဟုတ်ဘူး၊ သုံးခုတောင် ဆိုးဝါးတဲ့လုပ်ကြံမှု ဖြစ်တယ်” ဟု ထရန့်က ဗုဒ္ဓဟူးနေ့ Truth Social ပေါ်တွင် တိုက်ရိုက်ရေးသားခဲ့သည်။

နည်းပညာဆိုင်ရာ အခက်အခဲများ

+++++++++++++++++++

အင်္ဂါနေ့ နယူးယောက်တွင် အစပြုခဲ့သည့် မိန့်ခွန်းစသည့်အချိန်မှာ ထရန့်က မြိုသိပ်မထားဘဲ သူရင်ဆိုင်ကြုံတွေ့ရသည့် နည်းပညာဆိုင်ရာ အခက်အခဲကို ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုရာတွင် “ကုလသမဂ္ဂက ကျွန်တော့်ကို ပေးတဲ့ အရာနှစ်ခုကတော့ ရွေ့လျားစက်လှေကားပျက်တာနဲ့ Teleprompter ပျက်တာပါ” ဟု အစပြုဖော်ပြခဲ့သည်။ ထို့နောက် ထရန့်က နောက်ပိုင်းသူ၏ဆိုရှယ်မီဒီယာတွင် ပို့တင်ရာတွင် “အသံအလုံးစုံပိတ်သွားမှု” ကိုလည်း တင်ပြလာခဲ့သည်။

ကုလသမဂ္ဂ တာဝန်ခံ စတီဖိန်း ဒူဂျာရစ် (Stephane Dujarric) က ဗုဒ္ဓဟူးည ထုတ်ပြန်ချက်တစ်ခုထဲ “ကုလအထွေထွေ အတွင်းရေးမှူးချုပ်က အမေရိကန်အစိုးရသို့ ထိုကိစ္စအတွက် တိကျစွာ စုံစမ်းစစ်ဆေးရန် အမိန့်ပေးထားပြီးဖြစ်ကြောင်း၊ ထို့ပြင် အမေရိကန် အာဏာပိုင်များနှင့် အပြည့်အဝ ပူးပေါင်းဆောင်ပြီး ဘာကြောင့် ဤကဲ့သို့ ဖြစ်ရသည်ကို ပွင့်လင်းမြင်သာစွာ စစ်ရေးနိုင်ရန် ပြင်ဆင်ထားသည်” ဟု ဆိုခဲ့သည်။

အမေရိကန်သမတ၏ နိုင်ငံတကာအဖွဲ့အစည်းအပေါ် မကျေနပ်ချက် ဖြစ်နေမှုကြောင့် ရန်လိုနေသည့် သဘောထားသည် ပေါ်လွင်နေပြီး ကုလသမဂ္ဂအဖွဲ့အစည်း၏စွမ်းဆောင်ရည်ကို ထရမ့်ပ်က ထပ်ခါတလဲလဲမေးခွန်း ထုတ်ခဲ့ဘူးသည်။ “ကုလသမဂ္ဂဟာ မူလရည်ရွယ်ချက် အတိုင်း အလုပ်မလုပ်နိုင်တာ မထူးခြားပါ” ဟု ပြောခဲ့သည်။

ရွေ့လျားစက်လှေကားပျက်မှု

++++++++++++++

ထရန့်က က “အဓိကမိန့်ခွန်းပြောမယ့် အထပ်ကိုတက်လာတဲ့အခါ စက်လှေကား (Escalator) က ရပ်သွားခဲ့တယ်။ မီလာနီယာနဲ့ ကျွန်တော် မိမိလက်တံကိုင်ကို အသေအချာ မကိုင်ထားခဲ့ရင် ဒီစတီးလှေကားထစ်တွေပေါ်ကို မှောက်ကျသွားနိုင်တဲ့အတွက် အန္တရာယ် ကြီးကြီးမားမား ဖြစ်သွားနိုင်တယ်” ဟု ဆိုခဲ့သည်။ ထိုအဖြစ်အပျက်ကို ထရန့်က “အမှန်တကယ် လုပ်ကြံမှု” ဟု ခေါ်ပြီး လန်ဒန် Times သတင်းစာက UN ဝန်ထမ်းများက ထရန့်ရောက်လာတဲ့အခါ စက်လှေကားနဲ့ ဓာတ်လှေကား (Elevator) မဖွင့်ဘဲ ပိတ်ထားပြီး ပညာပေးလိုက်မယ်လို့ ဟာသအဖြစ် ပြောခဲ့ကြကြောင်း သတင်းကို ကိုးကားပြောဆိုပြီး ဒီလိုလုပ်တဲ့သူတွေကို ဖမ်းဆီးသင့်တယ်” ဟု ဆိုခဲ့သည်။

ကုလသမဂ္ဂ တာဝန်ရှိသူများကတော့ သမတထရန့်နှင့် သမတကတော်မယ်လေနီတို့ စက်လှေကားကို စတင်တက်သည့်အချိန်တွင် စက်လှေကား အန္တရာယ်ကင်းရှင်းရေးစက်ပိုင်းဆိုင်ရာလုပ်ငန်းစဥ် (built-in safety mechanism) က တုံ့ပြန်ခဲ့သည့်အတွက် ရပ်သွားခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။ ကုလအရာရှိ ဒူဂျာရတ် (Dujarric) က အင်္ဂါနေ့တွင် စက်လည်ပတ်မှုသည် အမေရိကန်အဖွဲ့၏ ဗီဒီယိုရိုက်ကူးသူများကြောင့် ရပ်သွာခြင်း ဖြစ်နိုင်ကြောင်း ဆိုခဲ့သည်။

Teleprompter နှင့် အသံပြဿနာ

+++++++++++++++++++

ထရမ့်ပ်က သူမိန့်ခွန်းစတင်ရန်ပြင်သည့်အချိန်တွင်သူကကြည့်ရှုဖတ်ကြားရန် မိန့်ခွန်းကို ဖော်ပြသည့် Teleprompter “လုံးဝ အလုပ်မလုပ်တော့ဘဲ အမှောင်ကျလျက်ရှိပြီး” စတင်မိန့်ခွန်းပြောချိန်တွင် ထိုသို့ အလုပ်ခံခဲ့ရကြောင်း ရှင်းလင်းခဲ့သည်။ နောက်ပိုင်း Teleprompter အလုပ်လုပ်လာခဲ့သော်လည်း မိန့်ခွန်းအပြီးတွင် ခန်းမကြီး “Auditorium အတွင်း အသံ လုံးဝ မထွက်ခဲ့ကြောင်းနှင့် နိုင်ငံခေါင်းဆောင်များ၊ ဘာသာပြန်ပေးသူများ ပြောကြားပေးချက်ကို နားကြပ်နှင့် နားထောင်သူများမှလွဲ၍ အခြားသူများသည် ဘာသံမှ မကြားရကြောင်း ” ပြောခဲ့သည်။

ကုလသမဂ္ဂအရာရှိတစ်ဦးက Propmter က အမေရိကန်အစိုးရ၏တာဝန်ဖြစ်ကြောင်း ဆိုခဲ့သော်လည်း၊ အိမ်ဖြူတော် တာဝန်ရှိသူကတော့ ကုလသမဂ္ဂပိုင်စက်ပစ္စည်းဖြစ်ကြောင်း ပြန်လည်တုံပြန်ပြောဆိုခဲ့သည်။

စုံစမ်းရေး တောင်းဆိုမှု

++++++++++++

ထရမ့်ပ်က စုံစမ်းရေး တောင်းဆိုချက်နှင့် စက်လှေကားဆိုင်ရာ လုံခြုံရေးကင်မရာ ဗီဒီယိုများ သိမ်းဆည်းထားရန် သာမန်စာပို့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သူက ထိုကိစ္စတွင် အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေး ပါဝင်ပတ်သက်ခြင်းကို မှတ်ချက်ပြုခဲ့သည်။

“ဒါဟာ ကုလသမဂ္ဂမှာ ထပ်ခါထပ်ခါ ဖြစ်ခဲ့တဲ့ ၃ထပ်ကွမ်းလုပ်ကြံမှု ဖြစ်တယ်”ဟု အမေရိကန်သမတကဆိုသည်။ “သူတို့ကိုယ် သူတို့ရှက်သင့်တယ် ငါ့အနေနဲ့ ကုလအထွေထွေ အတွင်းရေးမှူးချုပ်ဆီကို စာပို့ပြီး အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုတယ်” ဟု ပြောခဲ့သည်။

အမေရိကန် UN သံအမတ် မိုက် ဝါ့လ်ဇ် (Mike Waltz) ကလည်း အမေရိကန်လုံခြုံရေးဌာနနှင့်အတူ တရားဝင် စာတမ်းများကို ကုလအထွေထွေ အတွင်းရေးမှူးချုပ်ဂူတာရက်ထံသို့ ပေးပို့ခဲ့ပြီး၊ ထရန့်၏မိန့်ခွန်းတွင် ပေါ်တူဂီ ဘာသာပြန်မှုများ ရောယှက် ပါဝင်ခဲ့ကြောင်း ထပ်မံညွှန်ပြခဲ့သည်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာပေါင်းကူးအစည်းအဝေးမှာ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာကို အမျိုးမျိုး ချိုးဖောက်ခံရတာကို လက်မခံနိုင်ပါ” ဟု ထပ်မံဆိုခဲ့သည်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီဗစ် (Karoline Leavitt) သည်လည်း “ထရန့်နဲ့ မီလာနီယာ စက်လှေကားတက်ချိန်မှာ တမင်တကာရပ်ချလိုက်တဲ့သူရှိခဲ့ရင် တာဝန်မှ ချက်ချင်း ဖယ်ရှားပြီး စုံစမ်းစစ်ဆေးဖို့ လိုတယ်” ဟု ဆိုခဲ့သည်။

အင်္ဂလန် Times သတင်းစာဆောင်းပါးထဲတွင် “UN ဝန်ထမ်းများကထရန့် လာရောက်ချိန်တွင် စက်လှေကားနဲ့ ဓာတ်လှေကားတို့ကို မဖွင့်ဘဲထားပြီး ယင်းသို့ ဖြစ်သည်မှာ ငွေကုန်ခန်းသွားခြင်းကြောင့် ဖြစ်ကြောင်း ပြောမည်ဟု နောက်ပြောင်ခဲ့သည်ကို သတင်းစာတွင် ထိုအဖြစ်အပျက်မဖြစ်ခင် ၂ ရက်စော၍ဖော်ပြခဲ့သည်ကို ကာရိုလိုင်းလီဗစ်က ကိုးကားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 15 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 17 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို