နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ကမ္ဘာ့ပထမဆုံးတိုက်တေနီယံနှလုံး အစားထိုးခွဲစိတ်မှုခံယူသူ ဆေးရုံမှဆင်းလာ

++++++++++++++++++

တိုက်တေနီယံသတ္ထုနဲ့ပြုလုပ်ထားတဲ့ နှလုံးအတုကို အစားထိုးပြီး ဆေးရုံကဆင်းလာတဲ့  ဩစတြေးလျနိုင်ငံသား တစ်ဦးဟာ အလုံးစုံနှလုံးတုတပ်ဆင်တဲ့ ကမ္ဘာ့ပထမဆုံး လူသားတစ်ယောက်ဖြစ်လာခဲ့ကြောင်း ဆရာဝန်တွေနဲ့ သုတေသနပညာရှင်တွေက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ BiVACOR နှလုံးတု တပ်ဆင်မှုကို 2024 ခုနှစ် နိုဝင်ဘာလ အတွင်း ဆစ်ဒနီမြို့က စိန့်ဗင်းဆင့်ဆေးရုံမှာ အသက် 40 အရွယ်အမျိုးသားကို 6 နာရီကြာ ခွဲစိတ်ကုသခဲ့တာဖြစ်ပြီး 2025 ဖေဖော်ဝါရီအတွင်း ဆေးရုံက ဆင်းနိုင်ခဲ့တာဖြစ်ပါတယ်။ BiVACOR နှလုံးတုကို ဩစတြေးလျသိပ္ပံပညာရှင် ဒေါက်တာ ဒန်နီရယ်တင်းစ်က တီထွင်ဖန်တီးခဲ့တာဖြစ်ပြီး ဒါဟာ ကမ္ဘာ့ပထမဆုံး တိုက်တေနီယံသတ္ထုနဲ့ ပြုလုပ်တဲ့ လူသားနှလုံးအစားထိုးကုသမှုဖြစ်ပါတယ်။ လူသားနှလုံးပုံစံ မိုသွင်းထားတဲ့ တိုက်တေနီယံနှလုံးတုဟာ နှလုံးနဲ့ပတ်သက်တဲ့ရောဂါဖြစ်ပွါးမှုကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာစမ်းသပ်ချက်တွေအရသိရပါတယ်။ BiVACOR နှလုံးတုဟာ သံလိုက်လေလှိုင်းတုနည်ပညာကို အသုံးပြုထားတဲ့အတွက် အခြား နှလုံးတုတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ပျက်ဆီးခြင်းကို ကာကွယ်ပေးနိုင်တယ်လို့လည်းဆိုပါတယ်။ တီထွင်ဖန်တီးသူ ဒေါက်တာဒန်နီရယ်တင်းစ်ဟာ မူလက နှလုံးအလှုရှင်မပေါ်ခင် အချိန်ကာလတစ်ခုအတွင်း ယင်းနှလုံးတုကို အသုံးပြုဖို့ ရည်ရွယ်ခဲ့တာဖြစ်ပေမယ့် အခုအခါမှာ ရာသက်ပန်အစားထိုးထားနိုင်တဲ့အထိ တီထွင်နိုင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပထမဆုံးနှလုံးအစားထိုးကုသမှုကို 2024 ခုနှစ် ဇူလိုင်လက အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ပြုလုပ်ခဲ့ပြီး အဲဒီလူနာဟာ မတ်လမှာတော့ နှလုံးအလှူရှင်ပေါ်လာလို့ ပြန်လည် အစားထိုးကုသမှုခံယူခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း မြောက်ကိုရီးယား ရုရှား အမေရိကန် အာရှ

ရှီကျင့်ဖျင်က ကမ္ဘာကို ‘စစ်ပွဲ သို့မဟုတ် ငြိမ်းချမ်းရေး’ ကို ရွေးချယ်ရန် တောင်းဆိုလိုက် သည်။ တရုတ်နိုင်ငံသည် မည်သည့် ဦးတည်ချက်ကို ဦးတည်သနည်း။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 34 Views
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၄ရက် CNN- ပေကျင်း တရုတ်၏ ကြီးမားသော စစ်ရေးပြအခမ်းအနားသို့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် ရောက်ရှိလာသောအခါ
နိုင်ငံတကာသတင်း အမေရိကန် အာရှ ဥရောပ

ရှီကျင့်ဖျင်နဲ့ ပူတင်တို့ဟာ ‘ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုနဲ့ မသေနိုင်တဲ့ဘဝ’ကို စိတ်ဝင်စားနေသလား။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 36 Views
JB Press မှာ ပါတဲ့ ဂျာနယ်လစ် ဖူကူရှီးမား ကာအိုရီ (Fukushima Kaori) ရဲ့ ဆောင်းပါးကို မြန်မာဘာသာ
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရပ်တန့်နေခြင်းအတွက် ဥရောပကို ထရန့် နဲ့ ပူတင်တို့ က အပြစ်တင်ခဲ့သည်။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 39 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ၃ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဗလာဒီမာပူတင်တို့သည် ယူကရိန်းငြိမ်းချမ်းရေး ကြိုးပမ်းမှုတွင် တိုးတက်မှုမရှိသည့်အတွက် ဥရောပကို အပြစ်တင်ခြင်းဖြင့် ၎င်းတို့၏ သတင်းစကားပေးပို့မှုကို ညှိနှိုင်းထုတ်ပြန်ခဲ့ကြသည်။ အလာစကာတွင် ထိပ်သီးအစည်းအဝေး အပြီး သုံးပတ်အကြာတွင် ခေါင်းဆောင်နှစ်ဦးစလုံးသည် မော်စကို၏စစ်ပွဲအတွက်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက် အမေရိကန်ကြီးမြတ်လာနိုင်သလား?

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 87 Views
ဒေးဗစ် ပက်(က)မန် (David Pakman) ၏ အမေရိကန်နိုင်ငံရေးအပေါ်အမြင် အကယ်၍ အမေရိကန်သည် ဒေါ်နယ်ထရန့် လက်ထက်တွင် ကမ္ဘာ့စူပါပါဝါကြီးအဖြစ် ဆက်လက်တည်ရှိနေသေးသလားဟု တွေးတောနေပါက အဖြေမှာ မဟုတ်ကြောင်း ပေါ်လွင်နေပါသည်။ အဘယ်ကြောင့်ဆိုသော် ဒေါ်နယ်ထရန့် သည် အာဏာရှင်များနှင့်
တရုတ် နိုင်ငံတကာသတင်း မြောက်ကိုရီးယား ရုရှား အမေရိကန်

ရှီ၏ စစ်ရေးပြအခမ်းအနားသည် တစ်စိတ်တစ်ပိုင်းအားဖြင့် သူ့အား ကြည့်ရှုရန် ဒီဇိုင်းထုတ်ထားကြောင်း ထရန့်က ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 112 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၄ရက် “ သူတို့လုပ်ရတဲ့ အကြောင်းရင်းကို ကျွန်တော် နားလည်ပါတယ်၊ သူတို့က သူတို့ပွဲကို ကျွန်တော်က ကြည့်နေမယ်လို့ မျှော်လင့်ထားပုံရပါတယ်” ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ရုရှားသမတ ဗလာဒီမာပူတင်နှင့်
တရုတ် နိုင်ငံတကာသတင်း မြောက်ကိုရီးယား အာရှ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် သံချပ်ကာရထားဖြင့် တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 174 Views
ဘီဘီစီ- စက်တင်ဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ဘေဂျင်းမြို့တော်တွင် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်မည့် “ အောင်ပွဲနေ့”
တရုတ် နိုင်ငံတကာသတင်း

တရုတ်နိုင်ငံ၏ စစ်ရေးပြအခမ်းအနားနှင့် ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးအစည်းအဝေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 157 Views
• စုဝေးပွဲ ရှီကျင့်ဖျင်သည် အာရှနှင့် အရှေ့အလယ်ပိုင်းမှ ခေါင်းဆောင် နှစ်ဒါဇင်ကျော်နှင့်အတူ ပေကျင်း၌ ထင်ရှားသော ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့သည်။ စည်းဝေးပွဲသည် တရုတ်နိုင်ငံ၏ ကြီးထွားလာနေသော သြဇာအာဏာနှင့် သြဇာလွှမ်းမိုးမှုကို ပြသရန် ရည်ရွယ်ထားသည့် ထာဝရငြိမ်းချမ်းရေး ရိပ်သာလမ်းမကြီး
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

“တိုင်းပြည် မပျောက်ဖို့ အနိုင်မခံ အရှုံးမပေး ယူကရိန်းတို့အရေး”

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 183 Views
“တိုင်းပြည် မပျောက်ဖို့ အနိုင်မခံ အရှုံးမပေး ယူကရိန်းတို့အရေး” ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးဖြစ်တဲ့အပြင် နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားတဲ့ ရုရှားရဲ့ အလုံးစုံ ကျူးကျော်တိုက်ခိုက်မှုကို ယူကရိန်းနိုင်ငံဟာခံနေရပါတယ်။ ဒီလိုအင်အားကြီးနိုင်ငံကို ယူကရိန်းခေါင်းဆောင် ဗလိုဒီမာဇလန်းစကီးက ရဲရဲတောက် ပြန်လည်ခုခံတိုက်ခိုက်ပြီး သူ့တိုင်းပြည် ရုရှားလက်အောက်