နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ကမ္ဘာ့ပထမဆုံးတိုက်တေနီယံနှလုံး အစားထိုးခွဲစိတ်မှုခံယူသူ ဆေးရုံမှဆင်းလာ

++++++++++++++++++

တိုက်တေနီယံသတ္ထုနဲ့ပြုလုပ်ထားတဲ့ နှလုံးအတုကို အစားထိုးပြီး ဆေးရုံကဆင်းလာတဲ့  ဩစတြေးလျနိုင်ငံသား တစ်ဦးဟာ အလုံးစုံနှလုံးတုတပ်ဆင်တဲ့ ကမ္ဘာ့ပထမဆုံး လူသားတစ်ယောက်ဖြစ်လာခဲ့ကြောင်း ဆရာဝန်တွေနဲ့ သုတေသနပညာရှင်တွေက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ BiVACOR နှလုံးတု တပ်ဆင်မှုကို 2024 ခုနှစ် နိုဝင်ဘာလ အတွင်း ဆစ်ဒနီမြို့က စိန့်ဗင်းဆင့်ဆေးရုံမှာ အသက် 40 အရွယ်အမျိုးသားကို 6 နာရီကြာ ခွဲစိတ်ကုသခဲ့တာဖြစ်ပြီး 2025 ဖေဖော်ဝါရီအတွင်း ဆေးရုံက ဆင်းနိုင်ခဲ့တာဖြစ်ပါတယ်။ BiVACOR နှလုံးတုကို ဩစတြေးလျသိပ္ပံပညာရှင် ဒေါက်တာ ဒန်နီရယ်တင်းစ်က တီထွင်ဖန်တီးခဲ့တာဖြစ်ပြီး ဒါဟာ ကမ္ဘာ့ပထမဆုံး တိုက်တေနီယံသတ္ထုနဲ့ ပြုလုပ်တဲ့ လူသားနှလုံးအစားထိုးကုသမှုဖြစ်ပါတယ်။ လူသားနှလုံးပုံစံ မိုသွင်းထားတဲ့ တိုက်တေနီယံနှလုံးတုဟာ နှလုံးနဲ့ပတ်သက်တဲ့ရောဂါဖြစ်ပွါးမှုကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာစမ်းသပ်ချက်တွေအရသိရပါတယ်။ BiVACOR နှလုံးတုဟာ သံလိုက်လေလှိုင်းတုနည်ပညာကို အသုံးပြုထားတဲ့အတွက် အခြား နှလုံးတုတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ပျက်ဆီးခြင်းကို ကာကွယ်ပေးနိုင်တယ်လို့လည်းဆိုပါတယ်။ တီထွင်ဖန်တီးသူ ဒေါက်တာဒန်နီရယ်တင်းစ်ဟာ မူလက နှလုံးအလှုရှင်မပေါ်ခင် အချိန်ကာလတစ်ခုအတွင်း ယင်းနှလုံးတုကို အသုံးပြုဖို့ ရည်ရွယ်ခဲ့တာဖြစ်ပေမယ့် အခုအခါမှာ ရာသက်ပန်အစားထိုးထားနိုင်တဲ့အထိ တီထွင်နိုင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပထမဆုံးနှလုံးအစားထိုးကုသမှုကို 2024 ခုနှစ် ဇူလိုင်လက အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ပြုလုပ်ခဲ့ပြီး အဲဒီလူနာဟာ မတ်လမှာတော့ နှလုံးအလှူရှင်ပေါ်လာလို့ ပြန်လည် အစားထိုးကုသမှုခံယူခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘စက်ရုပ်တွေက သွေးမထွက်ဘူး’ – လူသားစစ်သားများအစား စက်ကိရိယာများကို စစ်မြေပြင်သို့ ယူကရိန်းစေလွှတ်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ဤမြင်ကွင်းသည် စစ်ပွဲများရှိကတည်းက ရှိနေခဲ့သည့် မြင်ကွင်းဟောင်းတစ်ခု ဖြစ်သည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားကို အမြန်ဖြတ်ကျော်ပြေးရန် ကြိုးပမ်း ခဲ့ကြသလား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 28 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက် အီရန်၏ ပစ်မှတ်ထားခြင်းခံရသည့် သင်္ဘောသုံးစင်းအနက် နှစ်စင်းမှာ ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်းဖြစ်သည့် MSC ပိုင် သင်္ဘောအုပ်စုတွင် ပါဝင်ကြောင်း တွေ့ရှိရသည်။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေသည့် သင်္ဘောနှစ်စင်းကို သိမ်းဆည်းလိုက်ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် သင်္ဘောများ သိမ်းဆည်းခံရမှု။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောနှစ်စင်းကို သိမ်းဆည်းပြီး အီရန်ပိုင်နက်ရေပြင်သို့ ရွှေ့ပြောင်းလိုက်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်၏ ထိခိုက်လွယ်သော သုတေသနလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် သိပ္ပံပညာရှင် အနည်းဆုံး ၁၀ ဦး မကြာသေးမီနှစ်များအတွင်း သေဆုံး သို့မဟုတ် ပျောက်ဆုံးနေမှုအပေါ် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးအဖွဲ့များ အရှိန်မြှင့်လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် အမေရိကန် အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီသည် ထိခိုက်လွယ်သော သိပ္ပံဆိုင်ရာ အချက်အလက်များကို ကိုင်တွယ်ခွင့်ရှိသူ သိပ္ပံပညာရှင်များ သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်း ဆိုင်ရာ အစီရင်ခံစာများကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်