နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ပုပ်ရဟန်းမင်းကြီး၏ ဈာပနအခမ်းအနားမတိုင်မီ ဘုရားကျောင်းတွင် ထရန့်နှင့် ဇလန်းစကီးတို့ တွေ့ဆုံစကားပြော

ဧပြီလ (၂၆) ရက်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ယူကရိန်းသမ္မတ ဇလန်းစကီးတို့သည် ပုပ်ရဟန်းမင်းကြီး၏ဈာပနမကျင်းပမီ မိနစ်ပိုင်းက ဗာတီကန်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ယူကရိန်းသမ္မတရုံးမှ ထုတ်ပြန်သော ဓာတ်ပုံများတွင် ခေါင်းဆောင်နှစ်ဦးသည် စိန့်ပီတာဗလီစီကာတွင် အခြားမည်သူမှမပါဘဲ အနီးကပ် စကားပြောနေသည်ကို တွေ့ရပါသည်။

သူ၏လူမှုမီဒီယာပို့စ်တွင် ဇလန်းစကီးက “ ကောင်းသောတွေ့ဆုံမှု” ဟု ခေါ်ဆိုခဲ့ပြီး တွေ့ဆုံစကားပြောခဲ့သည့် ထရန့်ကို ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။

“ ကျွန်တော်တို့ အကြောင်းအရာများစွာကို မျက်နှာချင်းဆိုင် နှစ်ဦးတည်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကျွန်တော်တင်ပြခဲ့တဲ့ကိစ္စရပ်အားလုံးမှာ ရလဒ်တစ်ခု ရရှိဖို့ မျှော်လင့်ပါတယ်” ဟု ဇလန်းစကီးက ရေးသားခဲ့သည်။

“ ကျွန်တော်တို့ရဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့၊ ပြီးပြည့်စုံပြီး ခြွင်းချက်မရှိတဲ့ အပစ်အခတ်ရပ်စဲရေး။ စစ်ပွဲတွေ ထပ်မံမဖြစ်ပွားစေဖို့ တားဆီးပေးမယ့် ယုံကြည်စိတ်ချရပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ အလွန်အမှတ်တရဖြစ်စေတဲ့ တွေ့ဆုံမှုဖြစ်ပါတယ်။ ပူးတွဲရလဒ်ကို ဖော်ဆောင်နိုင်ရင် သမိုင်းဝင်တွေ့ဆုံမှု ဖြစ်လာနိုင်ပါတယ်။”

ခေါင်းဆောင်နှစ်ဦး ယနေ့ အလွတ်သဘောတွေ့ဆုံပြီး အလွန်အကျိုးရှိသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ထရန့်နှင့်အတူ လိုက်ပါလာသည့် အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ဇလန်းစကီးနှင့် ထရန့်တို့၏ တာဝန်ရှိသူများ၏ ပြောကြားချက်အရ တွေ့ဆုံမှုသည် ၁၅ မိနစ်ခန့် ကြာမြင့်ပြီးခေါင်းဆောင်နှစ်ဦးသည် ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့သည်ဟု သိရသည်။

ဤတွေ့ဆုံမှုသည် ဖေဖော်ဝါရီလက အိမ်ဖြူတော်တွင် တွေ့ဆုံပြီးနောက်ပိုင်း ခေါင်းဆောင်နှစ်ဦး ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ ထိုအချိန်တွင် ထရန့်နှင့် အခြားကက်ဘိနက်ဝန်ကြီးများက ဇလန်းစကီးသည် အမေရိကန်၏အကူအညီအတွက် လုံလောက်စွာ ကျေးဇူးတင်ခြင်း မရှိကြောင်းလူ သိရှင်ကြား ဝေဖန်ခဲ့ပြီး လက်နက်တင်ပို့မှုနှင့် ထောက်လှမ်းရေးမျှဝေမှုများကို ယာယီဆိုင်းငံ့ထားခဲ့သည်။

ဓာတ်ပုံများ။

ထရန့် (ညာဘက်) နှင့် ဇလန်းစကီးတို့ ဘုရားရှိခိုးကျောင်းအတွင်း တွေ့ဆုံစကားပြောနေကြစဉ်/Ukrainian Presidency

(ညာဘက်မှ) ဇလန်းစကီး၊ ထရန့်၊ စတီမာနှင့် မက်ခရွန်တို့ကို ဘုရားကျောင်းတွင် အတူတကွ တွေ့ရစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ငြိမ်းချမ်းစွာ ဆန္ဒပြနေပုံရသူများကို ဖက်ဒရယ်အရာရှိများက အကြိမ်ကြိမ် ထိန်းသိမ်းခြင်း သို့မဟုတ် အင်အားသုံးအကြမ်းဖက်ခဲ့ကြောင်း ဗီဒီယိုများက ဖော်ပြ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 35 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၆ရက် သမ္မတ ထရန့်အစိုးရလက်ထက်တွင် အမေရိကန်မြို့ကြီးများ၌ ဥပဒေစိုးမိုးရေးဆိုင်ရာ အင်အားသုံးဆောင်ရွက်မှု တိုးမြှင့်ချထားစဉ်အတွင်း ချထားခဲ့သော ဖက်ဒရယ်အရာရှိများ
နိုင်ငံတကာသတင်း အမေရိကန် အားကစား

ကမ္ဘာ့ဖလားဘောလုံး မဲနှိုက်ပွဲ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 22 Views
CNN- ဒီဇင်ဘာ ၆၊ ၂၀၂၅ ဂီတဖျော်ဖြေမှုအမျိုးမျိုး၊ ကမ္ဘာ့ခေါင်းဆောင်များနှင့် အားကစားဂန္တဝင်ပုဂ္ဂိုလ်များမှ ဧည့်သည်အဖြစ် ပါဝင်မှုများ၊ အဖြေများထက် မေးခွန်းများ ပိုမိုဖြစ်ပေါ်စေခဲ့သည့်
နိုင်ငံတကာသတင်း ဗြိတိန် ဥရောပ

လူမျိုးရေးခွဲခြားမှု စွပ်စွဲချက်များက ဗြိတိန်၏ နောက်ထပ်ဝန်ကြီးချုပ် ဖြစ်ရန် ရည်မှန်းထားသော လက်ယာစွန်း ပြည်သူလူထုပါတီဝင် နိုက်ဂျယ် ဖာရာ့ဂျ် (Nigel Farage) ၏ ကြိုးပမ်းမှုကို လမ်းချော်စေနိုင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 42 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၅ရက် လန်ဒန် — အန်ဒရူး ဖီးလ် (Andrew Field) သည် တောင်လန်ဒန်ရှိ ၎င်း၏ကျောင်းတွင် ထိုနှစ်အတွက် စာရင်းပေးသွင်းထားသော ကျောင်းသားအားလုံး၏ စာရင်းကို စာအုပ် ငယ်လေးဖြင့် ဝေငှလေ့ရှိသည်ကို ပြန်အမှတ်ရနေသည်။
နိုင်ငံတကာသတင်း ရုရှား အိန္ဒိယ

ကာကွယ်ရေးနှင့် ပထဝီနိုင်ငံရေး- ပူတင် ဘာကြောင့် မိုဒီကိုတွေ့ဖို့ ဒေလီကို သွားတာလဲ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 39 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၄ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အိန္ဒိယကို နှစ်ရက်ကြာ ခရီးစဉ်အတွက် ရောက်ရှိလာပြီး နှစ်နိုင်ငံရဲ့ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေး မတိုင်မီ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီက နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။ အမေရိကန်က
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ရုရှား-အမေရိကန် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထူးခြားအောင်မြင်မှုမရှိဘဲ ပြီးဆုံးသွားကြောင်း ပူတင်၏ လက်ထောက် ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 31 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) နှင့် အမေရိကန်ပြည်ထောင်စုမှ ထိပ်တန်း ဆွေးနွေးသူများ တို့ကြား ငါးနာရီကြာ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများသည် ဖြစ်နိုင်ခြေရှိသော ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီချက်တွင် ထူးခြားသည့်
နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

မာဒူရိုမှ သဘောတူညီချက်ကို မလိုက်နာနိုင်ခြင်းသည် ထရန့်အနေနှင့် “ မကြိုးစားသင့်ဘူး” ဟု မဆိုလိုကြောင်းနိုင်ငံခြားရေးဝန်ကြီးက ရူဘီယို ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 41 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် CNN သတင်းထောက် အလီးနာ ဖာယာဇ် (Aleena Fayaz) မှ ပေးပို့သော သတင်း နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်နှင့် ဟက်ဆက်တို့က မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိသော လှေပေါ်မှ အသက်ရှင်ကျန်ရစ်သူများကို သေဆုံးစေခဲ့သည့် နောက်ဆက်တွဲ တိုက်ခိုက်မှုအကြောင်း မသိရှိခဲ့ဟု အခိုင်အမာ ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 36 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် သမ္မတ ဒေါ်နယ်လ် ထရန့်နှင့် ကာကွယ်ရေးဝန်ကြီး ပီးထ် ဟက်ဆက်တို့သည် ကာရစ်ဘီယံ ပင်လယ်ရှိ မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိသော လှေတစ်စီးကို နောက်ဆက်တွဲ တိုက်ခိုက်မှု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည့် ကိစ္စမှ
နိုင်ငံတကာသတင်း အစ္စရေး

အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုက ဆက်လက်ဖြစ်ပွားနေသော အဂတိလိုက်စားမှု စစ်ဆေးမှုတွင် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 44 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂ရက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) သည် လက်ရှိ စစ်ဆေးနေဆဲဖြစ်သော ၎င်း၏ အဂတိလိုက်စားမှုဆိုင်ရာ အမှု တွင် အစ္စရေးသမ္မတ အိုင်ဇက် ဟာဇော့ဂ် (Isaac Herzog)