နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

မီလ်ဝေါကီးက တရားသူကြီး “ဟန်နာဒူဂင်ကို FBI က ဖမ်းဆီး

+++++++++++++++++++++

FBI က ဖမ်းဆီးလိုက်တဲ့ မီလ်ဝေါကီးက တရားသူကြီး “ဟန်နာဒူဂင်” ဆိုတာ ဘယ်သူလဲ။

ခရိုင်တရားသူကြီးသည် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူကို ဖမ်းဆီးခြင်းကို ‌နှောက်ယှက်ခဲ့ကြောင်း ဖက်ဒရယ်အရာရှိများက စွပ်စွဲခဲ့သည်။

မီလ်ဝေါကီး ခရိုင်တရားသူကြီး ဟန်နာဒူဂင်သည် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို ဖမ်းဆီးရန် ကြိုးပမ်းနေသည့် ဖက်ဒရယ်အာဏာပိုင်များကို နှောင့်ယှက်ခဲ့သည်ဟုဆိုကာ FBI က သောကြာနေ့တွင် ဖမ်းဆီးခဲ့သည်။ သူမသည် တရားသူကြီးအဖြစ် ရုံးမထိုင်မီ ကာလအတော်ကြာ လူမှုတရားမျှတမှုဆိုင်ရာ ရှေ့နေတဦးအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

အမိမြေလုံခြုံရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ဒူဂင်သည် “တက်ကြွလှုပ်ရှားသူ တရားသူကြီး” တစ်ဦးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် စွပ်စွဲခဲ့သည်။ ဒူဂင်သည် သူမ၏ ရှေ့နေဘဝနှင့် တရားသူကြီးအဖြစ် အသက်မွေးဝမ်းကျောင်း တစ်လျှောက်လုံးအတွက် တရားဥပဒေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အခြေခံမူများကို သူမ ကိုယ်တိုင်လိုက်နာရန် ကတိကဝတ်ပြုသည့်အတိုင်း ဆောင်ရွက်ခဲ့သည်ဟု တရားသူကြီး၏ကိုယ်စားထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ဒူဂင်သည် ဧပြီလ ၁၈ ရက်နေ့တွင် အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာနအေးဂျင့်များက အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ အမျိုးသားတစ်ဦးအား ဖမ်းဆီးရန် သူမတရားရုံးသို့ရောက်ရှိလာသည့်အခါ အီဒူရာဒိုဖလိုရက်စ်ရစ်ဇ် (Eduardo Flores-Ruiz) နှင့် သူ၏ရှေ့နေအား သူမ၏ရုံးခန်းမှ ထွက်ခွာနိုင်ရန် ကူညီပေးခဲ့သည်ဟူသော စွပ်စွဲထားသည့် ရာဇ၀တ်မှုဆိုင်ရာ တိုင်ကြားချက်တစ်ခုနှင့် ရင်ဆိုင်နေရသည်။

တရားရုံးအပြင်ဘက်တွင် စုဝေးခဲ့ကြသည့် လူဝင်မှုကြီးကြပ်ရေး ရှေ့နေများက သူမကို ထောက်ခံအားပေးခဲ့ကြပြီး ဆန္ဒပြသူများက “တရားမျှတသော လုပ်ငန်းစဉ်သည် ညှိနှိုင်းနေစရာမလို” ဟူသော ကြွေးကြော်သံများဖြင့် ဆန္ဒပြသူများကို ဦးဆောင်ကာ “တရားစွဲဆိုမှုကို ရုပ်သိမ်းရန်” ကြွေးကြော်ခဲ့ကြသည်။

Voces de la Frontera ၏ အမှုဆောင်ဒါရိုက်တာ ခရစ်စတင်း နျူမန် အော်တက်ဇ် (Christine Neumann-Ortiz) က “သူမလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဘာမှ အမှားအယွင်းမှ မရှိဘူးလို့ ကျွန်မတို့ မြင်ပါတယ်။ တရားရုံးစနစ်မှာ လူတွေကို အကာအကွယ်ပေးတဲ့ တရားသူကြီးအဖြစ် သူ့အဖွဲ့အစည်းက တရားသူကြီးကို သိတယ်လို့ ပြောပါတယ်။ “သူမဟာ သူ့ကိုယ်ပိုင် ကြံစည်တွေးဆပြီး လုပ်ထုံးလုပ်နည်းအရ သူ့ကိုယ်သူရော တခြားသူတွေရဲ့ အခွင့်အရေးအတွက်ရော ရပ်တည်နေသူပါ” ဟု သူမက ဆိုသည်။

ဒူဂင်ကို ၁၉၅၉ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် မီလ်ဝေါကီးကောင်တီ တရားရုံး (Milwaukee County Circuit Court) တွင် ပထမဆုံး ရွေးချယ်ခံခဲ့ရသည်။ သူမသည် ၂၀၂၂ ခုနှစ်တွင် ဒုတိယ ခြောက်နှစ် သက်တမ်းအတွက် ပြန်လည်ရွေးချယ်ခံခဲ့ရသည်။ တရားရုံး၏ဝဘ်ဆိုဒ်တွင် သူမသည် ရာဇ၀တ်မှုကိစ္စများကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည်ဟု ဆိုသည်။

“တရားမျှတမှုဟာ ခက်ခဲတဲ့အလုပ်ပါ။ ဒီလိုကြိုးစားမှုရဲ့ စိန်ခေါ်မှုကို ကျွန်မနှစ်သက်ပါတယ်” ဟု သူမသည် Milwaukee Independent ၂၀၁၆ ခုနှစ်ပရိုဖိုင်တွင် ပြောကြားခဲ့သည်။

ဒူဂင်သည် ဝစ္စကွန်ဆင်တက္ကသိုလ်မှ ဥပဒေရေးရာလေ့လာမှုများတွင် အနုပညာဘွဲ့နှင့် ဘော့စတွန် ကောလိပ် (Boston College) မှ အမေရိကန် လေ့လာမှု ဘာသာရပ်တွင် မဟာဘွဲ့ ရရှိထားကြောင်း Ballotpedia ရှိ အတ္ထုပ္ပတ္တိမှတ်တမ်းတစ်ခုအရ သိရသည်။

သူမသည် ဝစ္စကွန်ဆင်တက္ကသိုလ်ဥပဒေဌာန (University of Wisconsin Law School) မှ ဥပဒေဘွဲ့ကိုရရှိခဲ့ပြီး နောက်ပိုင်းတွင် ရှေ့နေခ မတတ်နိုင်သူများအတွက် အခမဲ့ဝန်ဆောင်မှုများ ပေးနေသည့် တရားဝင် ထောက်ပံ့ရေး လူ့အဖွဲ့အစည်း (Legal Aid Society) အတွက် မီလ်ဝေါကီးတွင် အလုပ်လုပ်ခဲ့သည်။

“တရားရေးမှာ ကူညီအထောက်အကူပြုပေးတဲ့ ရှေ့နေတစ်ဦးအနေနဲ့ အမှုသည်တစ်ဦးက သူ့အား ကိုယ်စားပြုမှုပေးဖို့ တောင်းခံတဲ့တာကို ကျွန်မနားထောင်ပါမယ်။ ဒါ့ကြောင့် ကျွန်မရဲ့အမှုသည်ကို ကိုယ်စားပြုခွင့်ရရှိတာနဲ့ သူ့တို့အတွက် နေထိုင်စရာအိမ်ရာ၊ ပြည်သူ့အကျိုးခံစားခွင့်၊ မိသားစု ဒါမှမဟုတ် စားရေးသောက်ရေးနဲ့ သူတို့အတွက် ကိုယ်စားပြုမှုတို့လည်း ပါဝင်နိုင်ပါတယ်” ဟု ဒူဂင်က Milwaukee Independent သတင်းစာသို့ ပြောကြားခဲ့သည်။

သူမသည် မလုံခြုံသော အခြေအနေများတွင် နေထိုင်နေရမှုမှ ထွက်ခွာရန် ကြိုးပမ်းသူများအတွက် အတားအဆီးဖြစ်နေသော အရပ်ဘက်ဥပဒေရေးရာပြဿနာများကို ဖြေရှင်းပေးသည့် အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ ပရောဂျက်တစ်ခုတွင် ဦးဆောင်လုပ်ခဲ့သလို သက်ကြီးရွယ်အိုများအတွက် ဥပဒေ ပရောဂျက်တစ်ခုတွင်လည်း လုပ်ဆောင်ခဲ့သည်ဟု သူမက ဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

ဒူဂင်သည် နောက်ပိုင်းတွင် မီလ်ဝေါကီးဒေသရှိ အကျိုးအမြတ်မယူသော အဖွဲ့အစည်းများအတွက် အလုပ်လုပ်ဆောင်ခဲ့ပြီး မီလ်ဝေါကီး ကက်သလစ်ဂိုဏ်းချုပ် အလှူဒါန (Milwaukee Catholic Charities of the Archdiocese of Milwaukee) ၏ အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း မီလ်ဝေါကီးဂျာနယ် Sentinel က ဆိုသည်။ အဖွဲ့၏မစ်ရှင်၏တစ်စိတ်တစ်ပိုင်းမှာ အမေရိကန်တွင် အခြေချနေထိုင်သည့် ဒုက္ခသည်များကို ကူညီပေးခြင်းဖြစ်သည်။

“အကျိုးအမြတ်မယူတဲ့အလုပ်ဟာ တရားမျှတမှုအတွက် လုပ်ဆောင်ဖို့ ကောင်းတဲ့လမ်းဖြစ်ပါတယ်” ဟု သူမက Independent သတင်းစာသို့ ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် သူမသည် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအေဂျင်စီဖြစ်သည့် မီလ်ဝေါကီး လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်၏ ယာယီဒါရိုက်တာဖြစ်လာပြီး မီလ်ဝေါကီး၏ အကျိုးအမြတ်မယူသောစင်တာ၏ဘုတ်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း Journal Sentinel က ဖော်ပြခဲ့သည်။

Independent နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဒူဂင်သည် တရားဥပဒေစိုးမိုးရေးအပေါ် သူမ၏ယုံကြည်ချက်အကြောင်း ပြောဆိုခဲ့သည်။

“တရားဥပဒေစိုးမိုးရေးဆိုတာ လူမှုပြဿနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ၊ အငြင်းပွားမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ၊ ပြည်သူတွေအနေနဲ့ ဘယ်လိုမျိုး ကြီးပြင်းလာရမလဲ ဆိုတာပါပဲ” ဟု သူမက ဆိုသည်။

ဒူဂန်သည် မကြာသေးမီက စွဲချက်တင်ခံထားရသည့် ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးရှေ့မှောက်တွင် သောကြာနေ့က ထွက်ဆိုခဲ့ပြီး ၎င်း၏နောက်ထပ်ကြားနာမှုကို မေလ ၁၅ ရက်တွင် ဆိုင်းငံ့ထားခဲ့သည်။

တရားသူကြီး ဟန်နာဒူဂင်ဖမ်းဆီးမှုကို FBI ဒါရိုက်တာ ကက်ရှ်ပက်တဲလ်က အိပ်စ် (X) တွင် အောက်ပါအတိုင်း ရေးသားခဲ့သည်။

အခုလေးတင်ပဲတရားသူကြီး ဟန်နာဒူဂင်(Hannah Dugan) ကို ဝစ်ကွန်ဆင် ပြည်နယ်ရှိ မီလ်ဝေါကီး မြို့ (Wisconsin၊ Milwaukee) မှာ ဥပဒေကိုအနှောင့်အယှက်ဖြစ်စေတဲ့ အထောက်အထားတွေအရ ပြီးခဲ့တဲ့အပတ်က FBI က ဖမ်းဆီးခဲ့တယ်။ တရားသူကြီး ဟန်နာဒူဂင်ကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဖမ်းဆီးဖို့လုပ်တာကို ဟန့်တားခဲ့တဲ့ သက်သေအထောက်အထား တွေ့ရပြီးနောက်မှာ FBI က ဖမ်းဆီးလိုက်တာဖြစ်တယ်။ တရားသူကြီး ဟန်နာဒူဂင်ဟာ သူ့ရဲ့တရားရုံးက အီဒူရာဒိုဖလိုရက်စ် ရစ်ဇ် (Eduardo Flores Ruiz) ကို ဖယ်ဒရယ် အေးဂျင့်တွေက ဝင်ရောက်ဖမ်းဆီးတဲ့အခါ ရည်ရွယ်ချက်ရှိရှိ အဲ့ဒီတရားမ၀င် နိုင်ငံခြားသားတစ်ဦးကို ဖမ်းဆီးခံရခြင်းကနေ ရှောင်လွှဲနိုင်ဖို့ ဖက်ဒရယ်အေးဂျင့်တွေကို လှည့်ဖြားလမ်းလွှဲပေးခဲ့တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု အက်ဘီအိုင်ဒါရိုက်တာ ကက်ရှ်ပက်တဲလ်က အိပ်စ် (X) တွင် ရေးသားခဲ့သည်။

တရားသူကြီး ဟန်နာဒူဂင်(Hannah Dugan)

အီဒူရာဒိုဖလိုရက်စ် ရစ်ဇ် (Eduardo Flores Ruiz)ကို ဖမ်းဆီးပြီးနောက်ပုံ

FBI ဒါရိုက်တာ ကက်ရှ်ပက်တဲလ်ရဲ့စာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက