နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထရန့် သည်ဂျပန်နှင့် ‘ကြီးမားသောကုန်သွယ်မှုသဘောတူညီချက်’ ကိုကြေငြာခဲ့သည်။

CNN —ဇူလိုင် ၂၂၊ ၂၀၂၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က ခက်ခဲပုံပေါ်သည့် မဟာမိတ်များနှင့် အဓိကကုန်သွယ်ဖက်များအကြား မူဘောင်တစ်ရပ်အဖြစ် အင်္ဂါနေ့ညတွင် ဂျပန်နှင့် ကြာရှည်စွာစောင့်မျှော်ခဲ့သော ကုန်သွယ်ရေးသဘောတူညီချက်ကို ကြေညာခဲ့သည်။

“ ကျွန်ုပ်တို့သည် ဂျပန်နိုင်ငံနှင့် ကြီးမားသော သဘောတူညီချက်တစ်ရပ်ကို ပြီးမြောက်ခဲ့ပြီး၊ လုပ်ဖူးသမျှ အကြီးမားဆုံးသော သဘောတူညီချက်ဖြစ်နိုင်သည်” ဟု ထရန့် က Truth Social တွင် ပြောကြားခဲ့သည်။

သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်သို့ တင်ပို့သည့် ဂျပန်ကုန် ပစ္စည်းများ အပေါ် အမေရိကန် သွင်းကုန် လုပ်ငန်းရှင်များက အခွန် ၁၅ ရာခိုင်နှုန်း ပေးဆောင် ရမည်ဖြစ်သည်။ ဂျပန်နိုင်ငံကလည်း အမေရိကန်တွင်ဒေါ်လာ ဘီလီယံ ၅၅၀ ရင်းနှီးမြုပ်နှံမည်ဟု သမ္မတက ပြောကြားခဲ့သည်။

အမေရိကန်သည် “ အမြတ်ငွေ၏ ၉၀% ကိုရရှိလိမ့်မည်” ဟု ထရန့် ကပြောကြားခဲ့သည်။ ထိုရင်းနှီးမြှုပ်နှံမှုများ မည်သို့လုပ်ဆောင်မည် သို့မဟုတ် အမြတ်ငွေကို မည်ကဲ့သို့ တွက်ချက် မည်ကို သူက မဖော်ပြခဲ့သလို တရားဝင် သဘောတူညီချက် စာရွက်‌စာတမ်းများကို ထုတ်ပြန်ခဲ့ခြင်းမရှိခဲ့ပါ။

“ ဒီသဘောတူညီချက်က အလုပ်ထောင်ပေါင်းများစွာကို ဖန်တီးပေးလိမ့်မယ် – အဲဒါမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ အရေးအကြီးဆုံးကတော့ ဂျပန်က ကားနဲ့ ထရပ်ကားတွေ၊ ဆန်နဲ့ တခြား စိုက်ပျိုးရေးထွက်ကုန်တွေနဲ့ တခြားအရာတွေအပါအဝင် ကုန်သွယ်မှုအတွက် ဂျပန်က အပြန်အလှန် စည်းကြပ်ခွန် ၁၅% ပေးမယ်။” ဟု ထရန့် က ရေးသားခဲ့သည်။

ပို့စ်တင်ပြီး မကြာခင်မှာပင် ထရန့် သည် အင်္ဂါနေ့ညတွင် အိမ်ဖြူတော် အရှေ့ဖက်အခန်း( East Room) မှာ ဂျပန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို အမှတ်အသားပြုပြီး ထုတ်ပြန်ခဲ့ ပါတယ်။

“သမိုင်းမှာ အကြီးဆုံး ကုန်သွယ်ရေးသဘောတူညီချက်ကို ကျွန်တော် လက်မှတ် ရေးထိုး ခဲ့တယ်၊ ဂျပန်နဲ့ သမိုင်းမှာ အကြီးမားဆုံး သဘောတူညီချက်ဖြစ်မယ်ထင်ပါတယ်” ဟု ကွန်ဂရက်လွှတ်တော် ရီပတ်ဘလီကန်အဖွဲ့ဝင်များနှင့် ဧည့်ခံပွဲအတွင်း ထရန့် က ပြောကြား ခဲ့သည်။

” သူတို့ရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေဒီနေရာမှာ ရှိနေပါတယ်၊ ငါတို့ အဲဒါကို အကြာကြီး ပင်ပင်ပန်းပန်း ကြိုးစားပြီး လုပ်ခဲ့ကြတယ်။ ဒီသဘောတူညီချက်ဟာလူတိုင်းအတွက် အရမ်းကောင်းတယ်” ဟု ထရန့် က ပြောကြားခဲ့သည်။

ဂျပန်နှင့်သဘောတူညီချက်သည် ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက် တတိယသတင်း တစ်ပုဒ်ဖြစ်ကြောင်းထရန့် က အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ ဥရောပသမဂ္ဂ၊တောင်ကိုရီးယား၊ အိန္ဒိယနှင့် အခြားဒါဇင်ပေါင်းများစွာသော အဓိကကုန်သွယ်ဖက်များနှင့် လအတန်ကြာ ဆွေးနွေး ညှိနှိုင်းမှုများအပြီးတွင် ထရန့်၏နောက်ဆုံးအကောက်ခွန်တိုးမြှင့်မှုအတွက် သြဂုတ် ၁ ရက် နောက်ဆုံးထား၍ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ခက်ခဲသောညှိနှိုင်းမှုများ

နှစ်ဖက်စလုံးက စေ့စပ်ညှိနှိုင်းရေးသည် တင်းတင်းမာမာရှိကြောင်း ယခင်က ဖော်ပြခဲ့သည်။ ဇွန်လတွင် ဂျပန်နှင့် ကုန်သွယ်ရေး သဘောတူညီချက်တစ်ခုရရှိရန် အခွင့်အလမ်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် ထရန့် က သမတ အထူးလေယဥ် Air Force One မှ နေ၍ သတင်းထောက်များအား “ သူတို့က သိပ်မာပါတယ်။ ဂျပန်တွေကမာတယ်” ဟု ပြောကြားခဲ့သည်။

သို့သော် အင်္ဂါနေ့တွင် ထရန့် က အဆိုပါသဘောတူညီချက်သည် “ အမေရိကန်ပြည်ထောင်စု အတွက် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသော အချိန်တစ်ခုဖြစ်ပြီး၊ အထူးသဖြင့် ကျွန်ုပ်တို့သည် ဂျပန်နိုင်ငံနှင့် အမြဲတမ်း ကောင်းမွန်သောဆက်ဆံရေးကို ဆက်လက် ထားရှိမည်ဟူသော အချက်” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ထရန့် သည် နှစ်နိုင်ငံအကြား ဆန်ရောင်းချမှုကို အလေးပေး ဖော်ပြခဲ့သည်။

“ သူတို့က ကျွန်တော်တို့ရဲ့ ဆန်ကို မဝယ်ဘူး၊ ဒါပေမယ့် သူတို့မှာ ဆန်ပြတ်လပ်မှု ကြီးကြီးမားမား ရှိနေတယ်” ဟု ထရန့် က Truth Social တွင် ရေးသားထားသည်။

အမေရိကန် သန်းခေါင်စာရင်းဗျူရို၏ ကုန်သွယ်မှုအချက်အလက်များအရ ဂျပန် နိုင်ငံသည် ယမန်နှစ်က အမေရိကန်ထံမှ ဒေါ်လာ ၂၉၈ သန်းတန်ဖိုးရှိ ဆန်ကို ဝယ်ယူခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်းတွင် ဂျပန်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၁၄ သန်းဖိုး ဆန်ဝယ်ယူခဲ့သည်။

သို့သော် သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက်က အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ရုံးမှ ထုတ်ဝေသော ၂၀၂၁ ခုနှစ် အစီရင်ခံစာတွင် “ ဂျပန်၏ ဆန်တင်သွင်းခြင်းနှင့် ဖြန့်ဖြူးခြင်း အတွက် တင်းကျပ်ပြီး ပွင့်လင်းမြင်သာမှု မရှိသော စနစ်သည် အမေရိကန် ပို့ကုန်လုပ်ငန်း ရှင်များ၏ ဂျပန်စားသုံးသူများထံ အဓိပ္ပါယ်ရှိစွာ ပို့ဆောင်နိုင်မှုကို ကန့်သတ်ထားသည်” ဟု ရေးသားထားခဲ့သည်။

ဂျပန်စီးပွားရေး၏မဏ္ဍိုင်ဖြစ်သည့် ကားများ သည် စေ့စပ်ညှိနှိုင်းမှုတွင် ပြဿနာတစ်ခု ဖြစ်သည်။ ဂျပန်က အမေရိကန်ကားတွေကို တင်သွင်းမှာမဟုတ်ဘူးလို့ ထရန့် က ပြောပါတယ်။ “၁၀ နှစ်အတွင်း သူတို့ကို ကားတစ်စီးမှ မရောင်းချနိုင်ခဲ့ဘူး” ဟု ၎င်းက ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် ယမန်နှစ်တွင် အမေရိကန် မော်တော်ကား အစီးရေ ၁၆၇၀၇ စီး တင်သွင်း ခဲ့ကြောင်းဂျပန် မော်တော်ကားတင်ပို့မှုအဖွဲ့အစည်း( Japan Automobile Importers Association) မှ သိရသည်။

သို့သော် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့် (Scott Bessent) သည် တိုကျိုတွင် ပြီးခဲ့သောအပတ်က ဂျပန်ဝန်ကြီးချုပ် ရှီဂဲရု အီရှီဘာ(Shigeru Ishiba) နှင့် တွေ့ဆုံခဲ့ပြီး နောက် သဘောတူညီချက်တစ်ခုရရှိရန် အကောင်းမြင်ကြောင်း မကြာသေးမီက တင်းမာမှုများ

လျော့ပါးလာမည့် လက္ခဏာဖြစ်ကြောင်း X တွင် ရေးသားခဲ့သည်။

“ကောင်းမွန်တဲ့ သဘောတူညီချက်တစ်ခုဟာ အလျင်စလို သဘောတူညီချက်ထက် ပိုအရေး ကြီးပြီး အမေရိကန်နဲ့ ဂျပန်ကြား အပြန်အလှန် အကျိုးရှိမယ့် ကုန်သွယ်ရေး သဘောတူညီ ချက်ဟာ ဖြစ်နိုင်ခြေရှိတဲ့ နယ်ပယ်ထဲမှာပဲ ရှိနေပါတယ်” ဟု ဘက်ဆင့် (Bessent) က ပြောကြားခဲ့သည်။

ပီတာဆန်အင်စတီကျူ့(Peterson Institute) မှ မေရီလားဗလီး(Mary Lovely) က အဆိုပါ သဘောတူညီချက်သည် ဂျပန်နိုင်ငံအပေါ် ပိုမိုမြင့်မားသော စည်းကြပ်ခွန်များ ခြိမ်းခြောက်မှု ကို ဖြေလျှော့ပေးကြောင်း ပြောကြားခဲ့သည်။

“ သဘောတူညီချက်” သည် ဂျပန်ကို ၂၅% အကောက်ခွန်ခြိမ်းခြောက်မှုမှ လွတ်မြောက်စေပြီး ၎င်းကိုအလားတူအမေရိကန်ပေးသွင်းသူများအကြားအပြိုင်အဆိုင်အနေအထားတွင်ထားနိုင်သည်” ဟုသူမ CNN သို့အီးမေးလ်တစ်စောင်ရေးသားခဲ့သည်။ “ အမေရိကန်သည် ကားများနှင့် ထရပ်ကားအများအပြားကို ဂျပန်သို့ ရောင်းချရန် မဖြစ်နိုင်ပေ။ စိုက်ပျိုးရေးဆိုင်ရာ လွတ်လပ်ခွင့် သည် ဂျပန်စားသုံးသူများအတွက် ကောင်းမွန်သော အမေရိကန်၏ ကယ်လီဖိုးနီးယား ဆန်ကို စမ်းသပ်မြီးစမ်းကြည့်နိုင်သည့် အောင်ပွဲတစ်ခု ဖြစ်သည်” ဟုဆိုခဲ့သည်။

အဓိကကုန်သွယ်ဖက်

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့အပါအဝင် မကြာသေးမီက ထရန့် က ကြေညာခဲ့သည့် သဘောတူညီချက် အချို့နှင့် မတူဘဲ ဂျပန်သည် အမေရိကန်နှင့် အရေးပါသော ကုန်သွယ်ဖက် နိုင်ငံဖြစ်သည်။

ဂျပန်သည် အမေရိကန်ပြည်ထောင်စု၏ ပဉ္စမမြောက်အကြီးဆုံး သွင်းကုန်များပေးသွင်းသည့် နိုင်ငံဖြစ်သည်။ လွန်ခဲ့သည့်နှစ်က အမေရိကန်သို့ ဒေါ်လာ ၁၄၈ ဘီလီယံဖိုး ကုန်ပစ္စည်းများ တင်ပို့ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဌာန၏ အချက်အလက်များအရ သိရသည်။ ကားများ၊ ကားအစိတ်အပိုင်းများနှင့် စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးသုံး စက်ယန္တရားများ သည် ဂျပန်မှ အမေရိကန်များက ဝယ်ယူသည့် ထိပ်တန်းကုန်ပစ္စည်းများထဲတွင် ပါဝင် ခဲ့သည်။

ဧပြီလတွင် ထရန့် ရက်၉၀ ခေတ္တရပ်နားခြင်းမပြုမီဂျပန်မှကုန်ပစ္စည်းများသည် ၂၄% “ အပြန်အလှန်” အခွန်စည်းကြပ်မှုကိုခေတ္တရင်ဆိုင်ခဲ့ရသည်။ ထိုအချိန်မှစ၍ ကုန်စည်များ သည် အနိမ့်ဆုံးအကောက်ခွန် ၁၀% ကို ရင်ဆိုင်ခဲ့ရသည်။

ဇူလိုင်လအစောပိုင်းတွင် ထရန့် သည်သြဂုတ်လ ၁ ရက်နေ့တွင်အကောက်ခွန် ၃၀% ကိုပြဋ္ဌာန်းရန် ဂျပန်ဝန်ကြီးချုပ် ရှီဂဲရု အီရှီဘာ(Shigeru Ishiba) သို့စာတစ်စောင်ပေးပို့ခဲ့သည်။

တစ်ချိန်တည်းတွင်ပင် အမေရိကန်သည် ယမန်နှစ်က ဂျပန်နိုင်ငံသို့ ဒေါ်လာ ၈၀ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့ခဲ့သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဆေးဝါးနှင့် အာကာသ ထုတ်ကုန်များသည် ထိပ်တန်း ပို့ကုန်များဖြစ်သည်။

တရုတ်နိုင်ငံသည် ၎င်း၏ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ထရန့် အစိုးရသည် အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် မဟာမိတ်များအား တရုတ်နှင့် ကုန်သွယ်မှုအဆင့်လျှော့ချရန် ဖိအားပေးရန် ကြိုးပမ်းနေသောကြောင့် ဂျပန်နိုင်ငံသည် စိတ်မသက်မသာအနေအထားတွင် ရှိနေသည်ဟု သတင်းအများအပြားတွင် ဖော်ပြ ထားသည်။

အမေရိကန်နှင့် ဂျပန်တို့ကြား နောက်ဆုံးသဘောတူညီချက်သည် ၂၀၁၉ ခုနှစ်တွင် ချုပ်ဆိုခဲ့သော နှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးမြင့်လာပြီးနောက် သဘောတူညီချက် တစ်ခုဖြစ်ပြီး နောက်ပိုင်းနှစ်တွင် အသက်ဝင်ကာ ကုန်စည်များ ပိုမိုအခွန်ကင်းလွတ် တင်ပို့ခွင့်ပြုခဲ့သည်။

ဂျပန်သည် ၎င်း၏ကုန်သွယ်ရေးသဘောတူညီချက်တွင် အမေရိကန်အပေါ် သြဇာလွှမ်းမိုးမှု အချို့ရှိခဲ့သည်- ဂျပန်နိုင်ငံသည် အမေရိကန်၏အကြီးဆုံးနိုင်ငံခြားမြီရှင်ဖြစ်သည်။ ဂျပန်နိုင်ငံသည် အမေရိကန်ဘဏ္ဍာရေးဌာန ၏ ဒေါ်လာ ၁.၁ ထရီလီယံ ကိုကိုင်စွဲ ထိန်းသိမ်းထားပြီး ကြီးမားသည့် အမေရိကန်ကြွေးမြီကိုကျားကန်ပေးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော