နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခတွင် တရုတ်နှင့် ခိုင်မာသောအချိတ်အဆက်ရှိပြီး စစ်အင်အား ချို့တဲ့သော ကမ္ဘောဒီးယားနှင့် ကောင်းမွန်စွာစစ်လက်နက် တပ်ဆင်ထားသော အမေရိကန် ၏မဟာမိတ် ထိုင်းကို နက်ရှိုင်းစွာ ရင်ဆိုင်မှုကို ဖြစ်စေခဲ့သည်။

CNN — ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ရက်

ဘန်ကောက်နှင့် ဖနွမ်းပင်တို့သည် လွန်ခဲ့သည့် ရာစုနှစ်တစ်ခုကျော်က ကိုလိုနီအာဏာရှင် ပြင်သစ်တို့က နှစ်နိုင်ငံ နယ်နိမိတ်ဆွဲပေးလိုက်သည့်နောက် နယ်မြေအငြင်းပွားသည့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ကြာသပတေးနေ့ တိုက်ပွဲများ စတင်ဖြစ်ပွားချိန်မှစ၍ လူတစ်ဒါဇင်ကျော် သေဆုံးခဲ့ပြီး အရပ်သား တစ်သိန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။
ဤသည်မှာ နှစ်ဘက်နိုင်ငံတို့၏ သမိုင်းကြောင်းနှင့် စွမ်းဆောင်ရည်များကို ကြည့်လျှင်-

ကိန်းဂဏန်းများက ထိုင်းကိုမျက်နှာသာပေးသည်။
ထိုင်းစစ်တပ်သည် အိမ်နီးနားချင်း ကမ္ဘောဒီးယား၏ ဝန်ထမ်းအင်အားနှင့် လက်နက်အင်အား ထက်အင်အားပိုမိုများပြားသည်။

ထိုင်းနိုင်ငံ၏ စစ်မှုထမ်း ၃၆၁,၀၀၀ သည် နိုင်ငံတော်၏ စစ်ဘက်ဆိုင်ရာ ဌာနခွဲအားလုံးတွင် ဖြန့်ကျက်ထားပြီး ကမ္ဘောဒီးယားနိုင်ငံ၏ သုံးဆဖြစ်သည်။ ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်များ အနေဖြင့် ၎င်းတို့ကဲ့သို့ လက်နက်များ ကိုင်တွယ်ရန် စိတ်ကူးထဲတွင်သာ ရှိသည်၊

“ထိုင်းနိုင်ငံသည် ကြီးမားပြီး ရန်ပုံငွေကောင်းစွာ ထောက်ပံ့ထားသော စစ်တပ်ရှိပြီး ၎င်း၏လေတပ်သည် အရှေ့တောင်အာရှတွင် အကောင်းဆုံး လေ့ကျင့်သင်ကြားတပ်ဆင် ထားသည့် နိုင်ငံဖြစ်သည်” ဟု International Institute for Strategic Studies (IISS) က ၎င်း၏ စစ်ရေးချိန်ခွင် ၂၀၂၅ (“Military Balance 2025”)တွင် ကမ္ဘာ့လက်နက်ကိုင်တပ်ဖွဲ့များကို ကြည့်ရှု ရေးသားခဲ့သည်။

တစ်ချိန်တည်းတွင်၊ Lowy Institute မှ ဒေသတွင်းနိုင်ငံ ၂၇ နိုင်ငံ၏ စစ်ရေးစွမ်းရည်များ၏ ၂၀၂၄ အဆင့်တွင် ထိုင်းက အဆင့် ၁၄ ဖြင့် ကမ္ဘောဒီးယားနိုင်ငံ ၂၃ တွင် ရှိသည်။

ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားထက် လေးဆပိုမိုများပြားပြီး GDP သည် ဆယ်ဆကျော် ကြီးမားသောကြောင့် ယင်းကဲ့သို့ ကွာဟချက်မှာ မျှော်လင့်ထားသလိုဖြစ်သည်။
ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့နှင့် မတူဘဲ၊ ၎င်းသည် ၂၀ ရာစု၏ ဒုတိယနှစ်ဝက်တွင် ဒေသကို လွှမ်းမိုးခဲ့သည့် စစ်ပွဲများကို ထိုင်းသည် ရှောင်ရှားနိုင်ခဲ့သလို နှင့် ဥရောပ ကိုလိုနီစနစ်၏ ကျွန်ပြုခံရခြင်းမှလည်း လွတ်မြောက်ခဲ့သည်။

ယေဘုယျအားဖြင့် လိုဝီအာရှပါဝါအညွှန်း (Lowy Asia Power Index) တွင် စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ စွမ်းအားများ အပါအဝင် ထိုင်းနိုင်ငံသည် အဆင့် ၁၀ တွင် အလယ်အလတ် ပါဝါအဖြစ် သတ်မှတ်ထားပြီး အင်ဒိုနီးရှားနောက်တွင် သာမက မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့ထက် သာလွန်နေသည်။

လိုဝီအာရှပါဝါအညွှန်းသည် ကမ္ဘောဒီးယားကို အာရှတွင် အင်အားနည်းသောနိုင်ငံအဖြစ် သတ်မှတ်ပြီး ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် လာအိုကဲ့သို့သော နိုင်ငံများနှင့် အုပ်စုဖွဲ့ထားသည်။

ထိုင်းနိုင်ငံသည် အမေရိကန်နှင့် ခိုင်မာသောဆက်ဆံရေးရှိပြီး ကမ္ဘာ့အမြင် ရှိသည်။
ထိုင်းစစ်တပ်သည် နိုင်ငံတော်၏ နိုင်ငံရေးတွင် အဓိကကြာမြင့်စွာ ပါဝင်နေခဲ့သည်။ တိုင်းပြည်ကို စစ်တပ်၊ ဘုရင်စနစ်နဲ့ သြဇာကြီးသော အထက်တန်းစားများ ပါ၀င်သည့် ရှေးရိုးဆန်သော ထူထောင်မှုမှ နှစ်ပေါင်းများစွာ လွှမ်းမိုးချုပ်ကိုင်ထားခဲ့ပါသည်။

CIA World Factbook အရ ဗိုလ်ချုပ်များသည် ၁၉၃၂ ခုနှစ်မှစ၍ အာဏာသိမ်းမှု အကြိမ် ၂၀ တွင် အာဏာသိမ်းခဲ့ပြီး၊ မကြာခဏဆိုသလို ဒီမိုကရေစီအစိုးရများကို ဖြုတ်ချကာ စစ်တပ်သည် ဘုရင်စနစ်၏ အဆုံးစွန်သော ကာကွယ်သူအဖြစ် မိမိအဖွဲ့အစည်းကို ပုံဖော်ထားသည်။

ထိုင်းနိုင်ငံသည် ၁၉၅၄ ခုနှစ်တွင် မနီလာစာချုပ်ဟု လူသိများသော အရှေ့တောင်အာရှ စုပေါင်းကာကွယ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သော အမေရိကန် ပြည်ထောင်စု၏ မဟာမိတ်နိုင်ငံဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန၏ အဆိုအရ သိရသည်။

ဗီယက်နမ်စစ်ပွဲအတွင်း ထိုင်းနိုင်ငံသည် B-52 ဗုံးကြဲလေယာဉ်များ အပါအဝင် လေတပ်စခန်းအချို့တွင် အမေရိကန်လေတပ်ကို အသုံးချခွင့်ပြု ပေးထားခဲ့ပြီး ကွန်မြူနစ်မြောက်ပိုင်းကို ဆန့်ကျင်သည့် အမေရိကန်ကျောထောက်နောက်ခံပြု တောင်ဗီယက်နမ်ဘက်ခြမ်းတွင် ထိုင်းတပ်သား သောင်းနှင့်ချီ တိုက်ပွဲဝင်ခဲ့သည်။

ဝါရှင်တန်နှင့် ဘန်ကောက်ကြား ခိုင်မာသော ဆက်ဆံရေးသည် ခိုင်မြဲနေခဲ့သည်။ ထိုင်းနိုင်ငံသည် ၎င်း၏ လက်နက်အစီအစဉ်များအတွက် ဆယ်စုနှစ်များစွာ အမေရိကန်၏ ပံ့ပိုးကူညီမှုကို ရရှိခံစားနိုင်စေသည့် အထူးအကျိုးခံစားခွင့်များကို ရရှိကာ NATO မဟုတ်သော အဓိကမဟာမိတ်နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

ထိုင်းနှင့် အမေရိကန် အင်ဒို-ပစိဖိတ်ဒေသ စစ်ဌာနချုပ်တို့က ပူးတွဲကျင်းပသည့် နှစ်စဉ် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအဖြစ် ၁၉၈၂ ခုနှစ်တွင် စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် အခြားပါဝင်သူ ဒါဇင်နှင့်ချီ၍ ပါဝင်ခဲ့သည်။ ထိုလုပ်ဆောင်မှုကို ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး နိုင်ငံတကာ စစ်ရေးလေ့ကျင့်မှုဖြစ်သည်ဟု အမေရိကန်စစ်တပ်က ဆိုခဲ့သည်။

Cobra Gold အပြင် ထိုင်းနှင့် အမေရိကန် တပ်ဖွဲ့များသည် လေ့ကျင့်မှု ၆၀ ကျော် ပြုလုပ်ပြီး အမေရိကန် လေယာဉ် ၉၀၀ ကျော်နှင့် ရေတပ်သင်္ဘော ၄၀ တို့သည် ထိုင်းနိုင်ငံသို့ နှစ်စဉ် လာရောက်လည်ပတ်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဝါရှင်တန်နှင့် သမိုင်းကြောင်းများ ရှိသော်လည်း ယနေ့ကာလတွင် ထိုင်းစစ်တပ်သည် စစ်ရေး မူဝါဒကို ပိုမိုကြားနေအောင် ချဉ်းကပ်ရန် ကြိုးပမ်းနေပြီး လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း တရုတ်နှင့် ဆက်ဆံရေး တိုးမြှင့်ခဲ့သည်။

မည်သည့်နိုင်ငံကိုမျှ ၎င်း၏ လက်နက်ထောက်ပံ့သူအဖြစ် အားကိုးလိုခြင်း မရှိဘဲ အစ္စရေး၊ အီတလီ၊ ရုရှား၊ တောင်ကိုရီးယားနှင့် ဆွီဒင်တို့ကဲ့သို့သော နိုင်ငံများ၏ အကူအညီဖြင့် ထိုင်းနိုင်ငံသည် ခိုင်မာသော ပြည်တွင်းလက်နက်ထုတ်လုပ်ရေး လုပ်ငန်းကိုလည်း တီထွင်ခဲ့သည်ဟု စစ်ရေး ချိန်ခွင်ညှာ (“Military Balance”) အစီရင်ခံစာတွင် ဖော်ပြထားသည်။
.
ကမ္ဘောဒီးယားကို တရုတ်၏ ပံ့ပိုးမှု
ကမ္ဘောဒီးယားစစ်တပ်သည် ၁၉၉၃ ခုနှစ်တွင် ကွန်မြူနစ်အစိုးရ၏တပ်များကို ကွန်မြူနစ် မဟုတ်သော တော်လှန်ရေးတပ်နှစ်ခုနှင့် ပေါင်းစည်းပြီးနောက် တည်ထောင်ခဲ့သည်၊ ထိုင်းစစ်တပ်နှင့် နှိုင်းယှဉ်လျှင် ငယ်ရွယ်သည်ဟု IISS က ဆိုသည်။

“ကမ္ဘောဒီးယားရဲ့ အရေးကြီးဆုံး နိုင်ငံတကာ ကာကွယ်ရေး ချိတ်ဆက်မှုဟာ တရုတ်နဲ့ ဗီယက်နမ်တို့နဲ့ ဖြစ်ပါတယ်။ ကာကွယ်ရေး ပစ္စည်းတွေအတွက် ရုရှားကို အစဉ်အလာအရ မှီခိုနေရပေမယ့်၊ တရုတ်ဟာ အဓိက ထောက်ပံ့သူအဖြစ် ပေါ်ထွက်နေပါတယ်” ဟု IISS မှ ပြောကြားခဲ့သည်။

ဘေဂျင်းသည် ကမ္ဘောဒီးယားတွင် ရေတပ်အခြေစိုက်စခန်းတစ်ခုကိုပင် ထူထောင်ခဲ့သည်။ ထိုင်းပင်လယ်ကွေ့ရှိ Ream ရေတပ်အခြေစိုက်စခန်းသည် တရုတ်လေယာဉ်တင် သင်္ဘောများ ကို လက်ခံနိုင်ဖွယ်ရှိကြောင်း နိုင်ငံတကာလေ့လာသုံးသပ်သူများထံမှ သိရသည်။

ကမ္ဘောဒီးယားနှင့် တရုတ်တို့သည် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရွှေနဂါး ပူးတွဲ စစ်ရေး လေ့ကျင့်မှု၏ သတ္တမအကြိမ်မြောက် ပြီးမြောက်ခဲ့ပြီး၊ ၎င်းမှာ အကြီးမားဆုံးနှင့် ကျဥ်အစစ်နှင့် ပစ်ခတ်မှု လေ့ကျင့်မှုအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

၎င်းသည် ယခုနှစ်တွင် “အဆင့်သစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုအသစ်များရရှိရန်” မျှော်မှန်း ထားသည့် ဆက်ဆံရေးတစ်ခုဖြစ်သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ အင်္ဂလိပ်ဘာသာဝက်ဘ်ဆိုက်တွင် ဖေဖော်ဝါရီလ အစီရင်ခံစာအရ သိရသည်။

“တရုတ်နဲ့ ကမ္ဘောဒီးယားတို့ဟာ အမြဲတမ်း တစ်ယောက်ကိုတစ်ယောက် အားပေးထောက်ခံ ကြတဲ့ ခိုင်မာတဲ့မိတ်ဆွေတွေပါ။ စစ်ဘက်နှစ်ရပ်စလုံးဟာ မပြိုကွဲနိုင်တဲ့ ဆက်ဆံရေးနဲ့ ခိုင်မာတဲ့ ညီအကိုလိုရင်းကို နှစ်သက်ကြတယ်” ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အကြီးတန်း ဗိုလ်မှူးကြီး ဝူကွင်း (Wu Qian) က ဖေဖော်ဝါရီလတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားစစ်တပ်သည် ထောက်ပံ့မှုများ လိုအပ်လျက်ရှိသည်။
ကမ္ဘောဒီးယားသည် ၎င်း၏စစ်တပ်အတွက် ခေတ်မီစက်ကိရိယာများကို ဒီဇိုင်းဆွဲကာ ထုတ်လုပ်နိုင်စွမ်း မရှိသေးကြောင်း IISS အစီရင်ခံစာတွင် ဖော်ပြထားသည်။

တစ်ဖက်စီတွင်ရှိသော လက်နက်များ
နှစ်ပေါင်းများစွာ အမေရိကန်၏ ပံ့ပိုးကူညီမှုကြောင့် ထိုင်းတော်ဝင်လေတပ်တွင် ခေတ်မီ Swedish Gripen တိုက်လေယာဉ် အနည်းဆုံး ၁၁ စင်းနှင့် အမေရိကန်လုပ် F-16 နှင့် F-5 ဂျက်တိုက်လေယာဉ် ဒါဇင်များစွာဖြင့် ကောင်းစွာ တပ်ဆင်ထားကြောင်း IISS မှ သိရသည်။ ကမ္ဘောဒီးယားတွင် တိုက်ခိုက်နိုင်သော လေတပ်ဟူ၍ မရှိပါ။

မြေပြင်တွင် ထိုင်းနိုင်ငံ၌ ခေတ်မီ တရုတ်လုပ် VT-4 တင့်ကား အစီး ၆၀ နှင့် အမေရိကန်လုပ် တင့်ကား ရာပေါင်းများစွာ အပါအဝင် တိုက်ပွဲဝင်နိုင်သည့်တင့်ကား ဒါဇင်များစွာ ရှိသည်။ ကမ္ဘောဒီးယားတွင် တရုတ်နှင့် ဆိုဗီယက်လုပ် တင့်ကားဟောင်း ၂၀၀ ခန့်ရှိကြောင်း “Military Balance” က ဖော်ပြသည်။

ထိုင်းစစ်တပ်တွင် အင်အားကြီး ၁၅၅ မီလီမီတာအမြောက်ကြီး အနည်းဆုံး လက်နက် ၅၆ လက်နှင့် ၁၀၅ မမ ဘီးတပ်တွဲဆွဲ အမြောက် ၅၅၀ ကျော် အပါအဝင် အမြောက် ၆၀၀ ကျော်ရှိသည်။ ကမ္ဘောဒီးယားတွင် ၁၅၅ မီလီမီတာ သေနတ်တစ်ဒါဇင်ခန့်သာရှိပြီး သေးငယ်သော ဘီးတပ်တွဲဆွဲ အမြောက်အလက် ၄၀၀ ခန့်ရှိကြောင်း IISS ကိန်းဂဏန်းများအရ သိရသည်။
ဝေဟင်အတွက်ထိုင်း စစ်တပ်တွင် အမေရိကန်လုပ် Cobra တိုက်ခိုက်ရေး ရဟတ်ယာဉ်များ နှင့် US Black Hawk သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၁၈ စင်း ရှိသည်။ ကမ္ဘောဒီးယားတွင် ရှေးခေတ် ဆိုဗီယက်နှင့် တရုတ် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ဒါဇင်အနည်းငယ်သာ ရှိသည်။

နောက်ဘာတွေဖြစ်လာမလဲ။
ဟာဝိုင်အီအခြေစိုက် စစ်ရေးလေ့လာသူဟောင်း ကားလ် ရှုစတာ(Carl Schuster) က အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်၏ ပူးတွဲထောက်လှမ်းရေးဌာန (US Pacific Command’s Joint Intelligence Center) မှ စစ်ဆင်ရေးဒါရိုက်တာဟောင်း ကားလ် ရှု့စတာ(Carl Schuster) က ထိုင်းနိုင်ငံသည် ကိန်းဂဏာန်းနှင့် အရည်အသွေးကောင်းမွန်သော စစ်ရေးအရ အားသာချက် ရှိသော်လည်း ကမ္ဘောဒီးယားသည် အငြင်းပွားနေသော နယ်စပ်တလျှောက် အမှန်တကယ်တွင် နယ်မြေပိုင်ဆိုင်မှု ရှိကြောင်း ပြောကြားခဲ့သည်။

“မြေမျက်နှာသွင်ပြင်က ကမ္ဘောဒီးယားပိုင်နက်ကနေ အငြင်းပွားဒေသဆီ ဝင်ရောက်ခွင့်ကို အသာရရှိစေပါတယ်” ဟု Schuster က CNN သို့ ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များသည် အငြင်းပွားဒေသတွင် မြေမြှုပ်မိုင်းများနှင့် ထောင်ချောက် များ ချထားခြင်းကြောင့် ထိုင်းနိုင်ငံသည် တာဝေးပစ်လက်နက်များကို အားကိုးရဖွယ် ရှိကြောင်း ၎င်းက ပြောသည်။

“ထိုင်းဘုရင့်လေတပ်က သာလွန်ပြီး သူတို့ရဲ့ အထူးတပ်ဖွဲ့တွေက သာလွန်တယ်” ဟု Schuster က ပြောသည်။ “ပဋိပက္ခမှာ ထိုင်းတွေက လေကြောင်း စွမ်းအင်နဲ့ တာဝေးပစ် ပစ်ခတ်မှု စွမ်းအားကို အလေးပေး ဦးစားပေးမယ်လို့ ထင်ပါတယ်။”

ဓာတ်ပုံများ။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ ဆာရာဘူရီခရိုင်ရှိ ထိုင်းဘုရင့်တပ်မတော် မြင်းတပ်စခန်း၌ ထိုင်းတပ်မတော်သားများ ပါဝင်ဆင်နွှဲကြစဉ် (ဓာတ်ပုံ)

၂၀၂၅ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ထိုင်းနိုင်ငံ၏ ၈၈ နှစ်မြောက် တော်ဝင်လေတပ် နှစ်ပတ်လည် လေကြောင်းပြပွဲတွင် အမေရိကန် လေတပ်မှ ဝန်ထမ်းများသည် လေယာဉ်များအနီး ဖြတ်သွားကြသည်။ (ဓာတ်ပုံ)

၂၀၂၅ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံ Sattahip ခရိုင် Sattahip ရှိ စစ်အခြေစိုက်စခန်း၌ Cobra Gold 2025 ပူးတွဲစစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ချေမှုန်းရေး လေ့ကျင့်မှုတွင် တွေ့မြင်ရသော ထိုင်းကုန်းရေနှစ်သွယ် ချေမှုန်းရေးယာဉ်တစ်စီး။ (ဓာတ်ပုံ)

ကမ္ဘောဒီးယားနိုင်ငံ ကမ်ပေါင် ချနန်ခရိုင် (Kampong Chhnang Province) ဆဗေး ချော့ခ်(Svay Chok) တွင် တရုတ်စစ်တပ်နှင့် ကမ္ဘောဒီးယား စစ်တပ်တို့ ပူးပေါင်း စစ်ရေးလေ့ကျင့်သည့် ‌ရွှေနဂါး ပူးပေါင်းလေ့ကျင့်မှု (ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 59 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 65 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက