နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကုလသမဂ္ဂတွင်မိန့်ခွန်းပြောကြားခဲ့

BBC- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ၊ ၂၆ရက်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု မိန့်ခွန်းမစတင်မီမှာပင် လူဒါဇင်ပေါင်းများစွာ ခန်းမအတွင်းမှ ထွက်ခွာသွားခဲ့ကြပြီး အချို့က လက်ခုပ်တီးခဲ့ကြသဖြင့် အနှောင့်အယှက်များ ဖြစ်ပွားခဲ့သည်။

သူ၏ ကုလသမဂ္ဂ မိန့်ခွန်းမှ အဓိကအချက် ခြောက်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်

-နေတန်ယာဟုက ‘အီရန်၏ အကြမ်းဖက်ဝင်ရိုးတန်း ကျိန်စာအဖြစ် ဟူသီ၊ ဟစ်ဇဘိုလာနှင့် ဟားမတ်စ်တို့ကို လွှမ်းခြုံထားသည်ဟု သူကရည်ညွှန်းပြောဆို ခဲ့သည်။

• ပြီးခဲ့သည့်နှစ်အတွင်း အဆိုပါအဖွဲ့များကို ပစ်မှတ်ထားရာတွင် ၎င်း၏နိုင်ငံ၏ အောင်မြင်မှုအချို့ကို သူက ဂုဏ်ယူစွာပြောဆိုခဲ့ပြီး၊ ယခုအခါ “မရှိတော့ဘူး” ဟု သူပြောသည့် ခေါင်းဆောင်များ၏ တစ်ယောက်ပြီးတစ်ယောက် အမည်များကို ရွတ်ဆိုပြခဲ့သည်။

• သူ၏မိန့်ခွန်းကို ဂါဇာကမ်းမြောင်ဒေသအတွင်းသို့ ထုတ်လွှင့်ရန် နယ်စပ်တစ်လျှောက် အသံချဲ့စက်များ တပ်ဆင်ပြီးနောက် နေတန်ယာဟုက ကျန်ရှိနေသေးသော ဓားစာခံများကို တိုက်ရိုက်စကားပြောခဲ့ပြီး၊ “ကျွန်ုပ်တို့ ဘာကြောင့် တိုက်ခိုက်ရမည်၊ ဘာကြောင့် အနိုင်ရရမည်” ဆိုသည့် အကြောင်းရင်းပါဝင်သည်ဟု သူပြောသော သူ၏အင်္ကျီကော်လံပေါ်ရှိ QR ကုဒ်တစ်ခုကို လက်ညှိုးထိုးပြခဲ့သည်။

• အစ္စရေးခေါင်းဆောင်က ဆိုင်းဘုတ်များကို အကြိမ်ပေါင်းများစွာ ရည်ညွှန်းပြောဆိုခဲ့ရာ၊ ဆိုင်းဘုတ်တစ်ခုတွင် “အမေရိကန်ကို သေစေသတည်းဟု မည်သူအော်သနည်း” ဟု မေးခွန်းထုတ်ထားပြီး အဖြေရွေးချယ်စရာများလည်း ပါဝင်သည်။

• နေတန်ယာဟုက ဂါဇာရှိ အရပ်သားများကို ပစ်မှတ်ထားခြင်းမရှိကြောင်း ငြင်းဆို ခဲ့ပြီး၊ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် တိုက်တွန်းသည့် “စာရွက် စာတမ်း သန်းပေါင်းများစွာ” ကို သူ၏နိုင်ငံက ကြဲချခဲ့သည်ဟု ပြောကြား ခဲ့သည်။ ဤအချက်သည် ဂါဇာရှိ ပါလက်စတိုင်းလူမျိုးများအပေါ် အစ္စရေးက လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားသည့် ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်နှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။

• သူ၏မိန့်ခွန်းကို အဆုံးသတ်ရာတွင် နေတန်ယာဟုက ဗြိတိန်နှင့် ပြင်သစ်တို့၏ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး၊ ထိုလုပ်ရပ်ကို “လုံးဝရူးသွပ်ခြင်း” ဟု ခေါ်ဆိုခဲ့သည်။

• ဘင်ဂျမင် နေတန်ယာဟုသည် ဤမိန့်ခွန်းဖြင့် ပထမဦးဆုံးနှင့် အဓိကအကျဆုံး အချက်အနေဖြင့် အမေရိကန်ပြည်သူများကို တိုက်ရိုက်စကားပြောလိုခဲ့သည်။

• သူသည် 9/11 အဖြစ်အပျက်ကို ရည်ညွှန်းပြောဆိုခဲ့ပြီး သမ္မတထရန့်ကိုလည်း တိုက်ရိုက်ကျေးဇူးတင်စကား ပြောခဲ့ရာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့က လက်ခုပ်သြဘာပေးခဲ့ကြသည်။ ထို့အပြင် အီရန်အရေးကိစ္စကို ကိုင်တွယ် ဖြေရှင်းရာတွင် ထရန့်သည် သူ၏ဘက်၌ ရှိနေသည်ဟုလည်း ပြောကြားခဲ့သည်။

• နေတန်ယာဟုက ဂါဇာစစ်ပွဲကို အကောင်းနှင့်အဆိုး ထိပ်တိုက်တွေ့မှုအဖြစ် ပုံဖော်ရန် အစဉ်တစိုက် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ချက်ချင်းအပစ်အခတ်ရပ်စဲရေး၊ ဟားမတ်စ်တို့ ဖမ်းဆီးထားသော ဓားစာခံများ ပြန်လွှတ်ပေးရေး၊ အခြေချ နေထိုင်မှုများ ရပ်တန့်ရေးနှင့် ပါလက်စတိုင်းနိုင်ငံထူထောင်ရေးတို့ကို တစ်သဘောတည်း လိုလားနေကြသည့် ကုလသမဂ္ဂနှင့် နိုင်ငံအများစုကို သူ၏မိန့်ခွန်းကို အသုံးချပြီး ပြန်လည်တုံ့ပြန်တိုက်ခိုက်ရန် ခဲ့သည်။

• သူသည် အဆိုပြုချက်များစွာကို ပြောကြားခဲ့ပြီး ကုလသမဂ္ဂကို ပြန်လည် ချေပခဲ့သည်။ ၎င်းတို့တွင် ဂါဇာသို့ဝင်ရောက်နေသည့် အကူအညီပမာဏ လည်း ပါဝင်ပြီး ကုလသမဂ္ဂက ထိုပမာဏသည် မလုံလောက်ဟု ဆိုထားသည်။

• အစ္စရေးသည် အရပ်သားများကို ပစ်မှတ်ထားခြင်းမရှိဟုလည်း သူက ပြောကြားခဲ့သည်။ ကုလသမဂ္ဂကမူ အစ္စရေး၏ ဂါဇာကမ်းမြောင်ဒေသအပေါ် ဆက်လက်တိုက်ခိုက်မှုများသည် လုံးဝအချိုးအစားမညီမျှကြောင်း အလေးပေး ပြောဆိုထားသည်။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုကလည်း အစ္စရေးသည် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေကြောင်း တွေ့ရှိခဲ့ပြီး၊ ဤအချက်မှာ အစ္စရေးနိုင်ငံတွင်းရှိ လူ့အခွင့်အရေးကျွမ်းကျင်သူအချို့၏ အမြင်လည်း ဖြစ်သည်။ အစ္စရေးကမူ ဤအချက်ကို ငြင်းဆိုထားသည်။

• ဤသို့ အပြန်အလှန်ငြင်းခုံနေသည့် ဇာတ်ကြောင်းများကြောင့် အစ္စရေးအနေဖြင့် နိုင်ငံတကာသတင်းထောက်များကို ဂါဇာသို့ ဝင်ခွင့်ပြုသင့်ကြောင်း ကုလသမဂ္ဂက အလေးပေးပြောဆိုထားသည်။ လက်ရှိတွင် BBC News အပါအဝင် နိုင်ငံခြား မီဒီယာများကို အစ္စရေးက သတင်းထောက်များ စေလွှတ်ခွင့်မပြုသောကြောင့် သတင်းဌာနများသည် ကမ်းမြောင်ဒေသအတွင်းရှိ ဒေသခံသတင်းထောက်များကိုသာ အားကိုးနေရသည်။

• နေတန်ယာဟုသည် ကုလသမဂ္ဂ၏ ပြောဆိုချက်များကို ပြန်လည်တုံ့ပြန်ရန် ကြိုးစားနေပြီး၊ တစ်ချိန်တည်းတွင် အစ္စရေး၏မစ်ရှင်ကို အကြမ်းဖက်ဝါဒနှင့် “အီရန်၏ အကြမ်းဖက်ဝင်ရိုးတန်း” ကို တိုက်ဖျက်သည့် တိုက်ပွဲတစ်ခုအဖြစ် ပြန်လည်ပုံဖော်နေခဲ့သည်။

နယူးယောက်ကုလရုံးရှေ့တွင် ဂျူးလူမျိုးများကိုယ်တိုင်နေတင်ရာဟုကိုဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက