နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးတပ်ဖွဲ့များ ဂါဇာမြို့တွင်းသို့ ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်၊ အပြင်းအထန် ပစ်ခတ်မှုများနှင့် ပေါက်ကွဲမှုများ ဖြစ်ပွား

CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၆ရက်

ဂါဇာမြို့ — လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးတင့်ကားများသည် ဂါဇာမြို့၏ ရပ်ကွက်အများအပြားသို့ ဝင်ရောက်လာခဲ့ကြောင်းနှင့် အပြင်းအထန် လက်နက်ကြီး ပစ်ခတ်မှုများ၊ ပေါက်ကွဲမှုများနှင့် သေနတ်သံများကို ကြားနေရကြောင်း မြို့တွင်းရှိ CNN သတင်းထောက်များက သတင်းပေးပို့သည်။

အင်္ဂါနေ့က ပထဝီတည်နေရာ အတည်ပြုထားသော ဓာတ်ပုံများအရ တင့်ကားများသည် ယခုအခါ ထိုနယ်မြေ၏ အကြီးဆုံးမြို့ အနောက်ဘက်ရှိ Beach Camp ဟုလူသိများသော နေရာတွင် ရှိနေသည်ကို ပြသနေသည်။

တနင်္လာနေ့တွင်လည်း အစ္စလာမ္မစ်တက္ကသိုလ်၏ တောင်ဘက်တွင် တင့်ကားများကို ရိုက်ကူးရရှိခဲ့ရာ အစ္စရေးတပ်ဖွဲ့များသည် တနင်္ဂနွေနေ့က မြေပြင်ထိုးစစ် စတင်ခဲ့ပြီးနောက် ဂါဇာမြို့တွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေပြီဖြစ်ကြောင်း ညွှန်ပြနေသည်။

သံချပ်ကာတပ်မ သုံးခုပါဝင်သည့် အစ္စရေးစစ်တပ်၏ ဂါဇာ၏ လူဦးရေအထူထပ်ဆုံး နေရာတစ်ခုသို့ ထိုးဖောက်ဝင်ရောက်မှုသည် ပြည်တွင်းပြည်ပမှ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

အစ္စရေးနိုင်ငံအတွင်းတွင်မူ ဂါဇာ၌ ဖမ်းဆီးခံထားရသော ကျန်ရှိသည့် ဓားစာခံများ၏ မိသားစုများက ယခုစစ်ဆင်ရေးသည် ၎င်းတို့ကို ပိုမိုကြီးမားသော အန္တရာယ်အတွင်းသို့ ထည့်လိုက်သည်ဟု ဆိုသည်။ ဓားစာခံ ၂၀ ခန့်မှာ အသက်ရှင်လျက် ရှိနေသေးသည်ဟု ယူဆရသည်။ ဥရောပအစိုးရအများအပြားအပြင် ကနေဒါနှင့် ဩစတြေးလျတို့ကလည်း ယခုစစ်ဆင်ရေးသည် ဒဏ်ရာဒဏ်ချက်များဖြင့် နွမ်းနယ်နေသော ပိတ်ဆို့ခံနယ်မြေရှိ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေသည်ဟု ရှုတ်ချခဲ့ကြသည်။

အစ္စရေးစစ်တပ်က ဂါဇာမြို့ခံများနှင့် ထိုနေရာသို့ ‌ရွှေ့ပြောင်းလာသူများကို ယခုလ အစောပိုင်းတွင် ထွက်ခွာရန် အမိန့်ပေးခဲ့သည်။ ထိုအချိန်က ဂါဇာမြို့တွင် လူဦးရေ တစ်သန်းခန့်ရှိမည်ဟု ခန့်မှန်းရသည်။ အစ္စရေးစစ်တပ်က အင်္ဂါနေ့တွင် CNN သို့ လူပေါင်း ၆၄၀,၀၀၀ သည် မြို့မှ ထွက်ခွာသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုခန့်မှန်းချက်ကို အတည်ပြုရန် မဖြစ်နိုင်ပေ။

ဂါဇာမြို့၏ နေရာအများအပြားကို ထိန်းချုပ်လာသည်နှင့်အမျှ အစ္စရေးတပ်ဖွဲ့များသည် အဆောက်အအုံများကို ဖြိုချရန် ဖောက်ခွဲရေးပစ္စည်းများ ထည့်သွင်းထားသော သံချပ်ကာယာဉ်များကို အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲလျက်ရှိကြောင်း CNN မှ ပထဝီတည်နေရာ အတည်ပြုထားသော ဗီဒီယိုများနှင့် ဓာတ်ပုံများအရ သိရသည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က CNN သို့ “ဟားမတ်စ်တို့သည် ထိုကဲ့သို့သော အဆောက်အအုံများကို ချုံခိုတိုက်ခိုက်ရန်၊ ကွပ်ကဲရေးစခန်းများ၊ လက်နက်သိုလှောင်ရုံများ၊ တိုက်ခိုက်ရေးဥမင်များ၊ လေ့လာရေးစခန်းများ” နှင့် အခြားအသုံးပြုမှုများအတွက် တိုက်ပွဲဇုန်များအဖြစ် ပြောင်းလဲထားသည်ဟု ပြောကြားခဲ့သည်။

တနင်္လာနေ့က ဂါဇာမြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အရာရှိတစ်ဦး ကျဆုံးခဲ့ကြောင်း IDF က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ သူသည် အသက် ၂၇ နှစ်အရွယ် ဗိုလ်မှူး ရှာဟာ နက်တနဲလ် ဘိုဇက်ဂလို ဖြစ်သည်။

IDF ၏ ကနဦးစုံစမ်းစစ်ဆေးမှုအရ ဘိုဇက်ဂလိုသည် ဟားမတ်စ်တပ်ဖွဲ့ဝင်တစ်ဦးက သူ၏တပ်ရင်းမှ တင့်ကားတစ်စီးကို RPG ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ချိန်တွင် ကျဆုံးခဲ့ခြင်း ဖြစ်သည်။

ပေါက်ကွဲမှုတိုင်းက ငလျင်လှုပ်သလို ခံစားရတယ်’

ဒေသခံများနှင့် သတင်းထောက်များသည် ဂါဇာမြို့ကောင်းကင်ယံတွင် ဒရုန်းများစွာနှင့် အစ္စရေးတိုက်ခိုက်ရေး ရဟတ်ယာဉ်များကို တွေ့မြင်ခဲ့ကြရသည်။

နောက်ပိုင်းမှာ ပေါက်ကွဲမှုတိုင်းက တင်စားပြောတာမဟုတ်ဘဲ ကျွန်တော်တို့ ခြေထောက်အောက်က မြေကြီးတွေ တကယ်တုန်ခါသွားလောက်အောင် ငလျင်လှုပ်သလို ခံစားရတယ်” ဟု ဂါဇာမြူနီစီပယ်မှ ပြောရေးဆိုခွင့်ရှိသူ အာဆမ် အယ်လ်နာဘီက အင်္ဂါနေ့တွင် X တွင် ရေးသားခဲ့သည်။

လူအများအပြား ထွက်ခွာသွားသော်လည်း လူသိန်းပေါင်းများစွာသည် အစ္စရေးစစ်တပ်၏ အမိန့်အတိုင်း တောင်ဘက်သို့ မသွားနိုင် သို့မဟုတ် မသွားလိုဘဲ ဂါဇာမြို့တွင် ရှိနေကြဆဲဖြစ်သည်။

လွန်ခဲ့သည့်အပတ်က လွတ်လပ်သော ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုတစ်ခုက အစ္စရေးသည် ဂါဇာရှိ ပါလက်စတိုင်းလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ပထမဆုံးအကြိမ် ကောက်ချက်ချခဲ့ပြီး၊ ၎င်းမှာ အစ္စရေးအစိုးရက ပြင်းထန်စွာ ငြင်းဆိုထားသည့် စွပ်စွဲချက် ဖြစ်သည်။

သူ၏အိမ်နှင့် သားတစ်ယောက်ကို ဆုံးရှုံးခဲ့ပြီး လမ်းပေါ်တွင် အိပ်နေရသော အဘူ ဝစ်ဆမ်က CNN သို့ “ကျွန်တော့်မှာ ရွှေ့ပြောင်းဖို့နဲ့ နေဖို့နေရာငှားဖို့ ပိုက်ဆံရှိရင် … ထွက်သွားမှာပါ။ ဒါပေမဲ့ အခု တောင်ဘက်မှာ လမ်းပေါ်အိပ်ဖို့အတွက် လူတွေဆီက ပိုက်ဆံတောင်းတဲ့ ဂိုဏ်းတွေ ရှိနေတယ်” ဟု ပြောကြားခဲ့သည်။

သေသင့်တဲ့သူက ဒီမှာဖြစ်ဖြစ်၊ တောင်ဘက်မှာဖြစ်ဖြစ် သေမှာပဲ။ ကျွန်တော်တို့ ဘယ်မှာပဲရှိရှိ ကံကြမ္မာက ရောက်လာမှာပဲ” ဟု သူက စိတ်ပျက်စွာ ပြောဆိုခဲ့သည်။

လည်ပတ်နေဆဲ ဆေးဘက်ဆိုင်ရာ အဆောက်အအုံအနည်းငယ်သည် ဂါဇာမြို့ရှိ “မခန့်မှန်း နိုင်လောက်အောင် ကြီးမားသည့် လိုအပ်ချက်များ” ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီက အင်္ဂါနေ့တွင် ဖော်ပြခဲ့သည့် အတိုင်း အခြေအနေကို မဖြေရှင်းနိုင်တော့ပေ။

တနင်္လာနေ့က ဂါဇာမြို့ရှိ အယ်လ်-ရန်တီစီ ကလေးဆေးရုံနှင့် မျက်စိအထူးကုဆေးရုံ တို့သည် ပိတ်သိမ်းခဲ့ပြီး လူနာများကို ရွှေ့ပြောင်းခဲ့ကြောင်း ဂါဇာရှိ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

အယ်လ်-ရှီဖာ ဆေးရုံမှ ဗြိတိန်-ဩစတြေးလျလူမျိုး ဆရာဝန်မတစ်ဦးဖြစ်သူ ဆာယာ အဇစ်က လူနာများ၏ ဒဏ်ရာများကို ကုသရန် မည်သည့်ပစ္စည်းမှ မရှိကြောင်း ပြောကြားခဲ့သည်။ ငိုနေသော ကလေးငယ်တစ်ဦးကို ပွေ့ချီရင်း သူမက CNN သို့ “ပတ်တီးကို ကြည့်ပါဦး၊ သူတို့ကို သန့်ရှင်းပေးဖို့ ဘာမှမရှိဘူး… ဒီကလေး ဘယ်လို အသက်ရှင်မလဲ” ဟု ပြောဆိုခဲ့သည်။

လူနာများကို ဂါဇာမြို့အပြင်သို့ ရွှေ့ပြောင်းနိုင်သည့်တိုင် “ကျွန်မ တောင်ဘက်ကို ရောက်ဖူး တယ်၊ သူတို့ဆီမှာ ဘာမှမရှိဘူး၊ ဘာတစ်ခုမှမရှိဘူး” ဟု အဇစ်က ထပ်လောင်း ပြောကြား ခဲ့သည်။

ဂါဇာတွင် လုပ်ငန်းဆောင်ရွက်နေသော NGO အဖွဲ့ဖြစ်သည့် Medical Aid for Palestinians (MAP) က အင်္ဂါနေ့တွင် အယ်လ်-ကွဒ်စ် ဆေးရုံသည် တဲလ် အယ်လ်-ဟာဝါ ရပ်ကွက်ကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ ခံစားခဲ့ရသည်ဟု ဆိုသည်။ တနင်္လာနေ့က ဆေးရုံမှ ရိုက်ကူးထားသော ဗီဒီယိုတွင် ပတ်ဝန်းကျင်လမ်းများမှာ လုံးဝခြောက်သွေ့နေသည်ကို တွေ့ရသည်။

အင်္ဂါနေ့ နှောင်းပိုင်းတွင် ပါလက်စတိုင်း လခြမ်းနီအသင်း (PRCS) က အယ်လ်-ကွဒ်စ် ဆေးရုံရှိ အဓိက အောက်ဆီဂျင်စက်ရုံတစ်ခုသည် အစ္စရေး၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ထိမှန်ခဲ့ပြီး အသုံးမပြုနိုင်တော့ကြောင်း ပြောကြားခဲ့သည်။ ဆေးရုံကို ဖွင့်လှစ်ထားသော PRCS က ယခုအခါ ဆေးရုံသည် ကြိုတင်ဖြည့်ထားသော အောက်ဆီဂျင်ဘူးများကိုသာ အားကိုးနေရပြီး ၎င်းတို့မှာ သုံးရက်စာသာ လုံလောက်မည်ဟု ဆိုသည်။

အစ္စရေးစစ်ယာဉ်များသည် ဆေးရုံ၏ ဂိတ်တစ်ခုတွင် နေရာယူထားပြီး ဝင်းအတွင်းရှိ မည်သူ့ကိုမျှ ထွက်ခွာခွင့်မပြုဘဲ တားဆီးထားကြောင်း ထိုအဖွဲ့က ပြောသည်။ CNN ၏ မှတ်ချက်တောင်းဆိုမှုကို IDF က တုံ့ပြန်ခြင်း မရှိခဲ့ပေ။

ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးအသင်း (PMRS) က ဖွင့်လှစ်ထားသော ကျန်းမာရေးစင်တာတစ်ခုလည်း ပျက်စီးခဲ့ကြောင်း MAP က ပြောသည်။

အစ္စရေးအစိုးရအဖွဲ့သည် မူလက ဟားမတ်စ်တို့ အစ္စရေးကို တိုက်ခိုက်ခဲ့သည့် နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သော အောက်တိုဘာလ ၇ ရက်နေ့တွင် ဂါဇာမြို့မှ ထွက်ခွာရန်နှင့် IDF က သိမ်းပိုက်ရန် နောက်ဆုံးသတ်မှတ်ရက်အဖြစ် သတ်မှတ်ခဲ့သည်။ သို့သော် ထိုဒေသတွင် ယခင်က နေထိုင်ခဲ့သူများက မြို့၏ ကျဉ်းမြောင်းသော လမ်းများကြားတွင် အပြည့်အဝ ထိန်းချုပ်နိုင်ရန် ခက်ခဲလိမ့်မည်ဟု ဆိုသည်။

အစ္စရေးက အနောက်ဘက်ကမ်းခြေစစ်ဆင်ရေးကို တိုးချဲ့၊ ဂျော်ဒန်နှင့် အဓိကနယ်စပ်ဖြတ်ကျော်ဂိတ်ကို ပိတ်ခဲ့သည်။

အစ္စရေး၏ လုပ်ဆောင်မှုသည် အစိုးရအများအပြားကို ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် တွန်းအားပေးခဲ့သည်။ မကြာသေးမီရက်များအတွင်း ပြင်သစ်၊ ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါနှင့် ပေါ်တူဂီတို့သည် ထိုခြေလှမ်းကို လုပ်ဆောင်သည့် အစိုးရများ ထဲတွင် ပါဝင်ခဲ့သည်။

အစ္စရေးက အဆိုပါ အသိအမှတ်ပြုမှုကို အကြမ်းဖက်ဝါဒအတွက် ဆုချခြင်းဖြစ်သည်ဟု ရှုတ်ချခဲ့သည်။ သို့သော် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က တနင်္လာနေ့တွင် ကုလသမဂ္ဂ၌ ပြုလုပ်သည့် ညီလာခံတစ်ခုတွင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြု ခြင်းသည် “အစ္စရေးကို ငြိမ်းချမ်းစွာ နေထိုင်နိုင်စေမည့် တစ်ခုတည်းသော ဖြေရှင်းချက်” ဖြစ်ပြီး၊ ဤလုပ်ရပ်သည် “ဟားမတ်စ်အတွက် ရှုံးနိမ့်မှုတစ်ခု” ဖြစ်သည်ဟု ပြောကြား ခဲ့သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ယီဗက် ကူးပါးက “လာမည့် မျိုးဆက်များအတွက်” အကျိုးဆက်များကို သတိပေးခဲ့ပြီး ဂါဇာမှ မကြာသေးမီက ပြန်လာသော ဆရာဝန်များထံမှ ကြားခဲ့ရသည့် ဇာတ်လမ်းများသည် “ကျွန်မနှင့်အတူ ထာဝရရှိနေမည်” ဟု ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ဂါဇာရှိ “သေဆုံးမှုနှင့် ပျက်စီးမှုအတိုင်းအတာ” သည် သူ၏ ကုလသမဂ္ဂ ထိပ်တန်းအရာရှိ သက်တမ်းတစ်လျှောက် အခြားမည်သည့်ပဋိပက္ခထက်မဆို ကျော်လွန်နေသည်ဟု ပြောကြားခဲ့သည်။

ကမ္ဘာ့ခေါင်းဆောင်များသည် အင်္ဂါနေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် နယူးယောက်မြို့၌ စုဝေးနေစဉ် လွတ်လပ်သော ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုတစ်ခုက အစ္စရေးအစိုးရသည် “ဂါဇာကမ်းမြောင်ဒေသကို အမြဲတမ်းထိန်းချုပ်ရန်” နှင့် “သိမ်းပိုက် ထားသော အနောက်ဘက်ကမ်းခြေနှင့် အစ္စရေးနိုင်ငံအတွင်း ဂျူးလူများစုဖြစ်လာစေရန်” ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့သော လွတ်လပ်သောကော်မရှင်သည် ဂါဇာ၊ သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေနှင့် အရှေ့ဂျေရုဆလင်တစ်ဝှမ်းရှိ အစ္စရေး၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ အသေးစိတ်အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

အစ္စရေးစစ်တပ်နှင့် အစိုးရ၏ စစ်ဆင်ရေးများသည် သိမ်းပိုက်ထားသော အနောက်ဘက် ကမ်းခြေတွင် တိုးချဲ့လာခဲ့သည်။ လွန်ခဲ့သည့်လက အစ္စရေးသည် ထိုနယ်မြေကို နှစ်ပိုင်း ပိုင်းလိုက်သည့် အငြင်းပွားဖွယ်ရာ အိမ်ရာယူနစ်ထောင်ပေါင်းများစွာ တည်ဆောက်မည့် အစီအစဉ်ကို နောက်ဆုံးအကြိမ် အတည်ပြုခဲ့သည်။ တနင်္လာနေ့တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက သူ၏နိုင်ငံသည် အနောက်ဘက်ကမ်းခြေတွင် “ဂျူးအခြေချ နေထိုင်မှုများကို နှစ်ဆတိုးခဲ့ပြီး” “ဤလမ်းကြောင်းအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်” ဟု ပြောကြားခဲ့သည်။

မကြာသေးမီရက်များအတွင်း UNRWA က အစ္စရေးတပ်ဖွဲ့များသည် သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ၏ အချို့နေရာများတွင် “ပါလက်စတိုင်းလူမျိုးများ၏ သွားလာ လှုပ်ရှားမှုကို ထိန်းချုပ်ရန် လမ်းသစ်ဂိတ်များ တပ်ဆင်ခြင်းအပါအဝင် သွားလာမှုနှင့် ဝင်ထွက်ခွင့် ကန့်သတ်ချက်များကို ပိုမိုတင်းကျပ်ခဲ့သည်” ဟု ပြောကြားခဲ့သည်။ ထိုနယ်မြေ၏ မြောက်ပိုင်းတွင် ပါလက်စတိုင်းလူမျိုး ၃၂,၀၀၀ ခန့်သည် “သူတို့၏ နေအိမ်များသို့ မပြန်နိုင်ကြပေ။ နေရပ်စွန့်ခွာရသူများ၏ သုံးပုံတစ်ပုံကျော်မှာ ကလေး သူငယ်များ ဖြစ်ကြသည်။”

အင်္ဂါနေ့တွင် အစ္စရေးက သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေနှင့် ဂျော်ဒန်ကြားရှိ အယ်လန်ဘီ နယ်စပ်ဖြတ်ကျော်ဂိတ်ကို အကြောင်းပြချက်မပေးဘဲ “နောက်ထပ် အသိပေး ကြေညာချက် မထုတ်ပြန်မချင်း” ပိတ်ထားမည်ဟု ကြေညာခဲ့သည်။ အယ်လန်ဘီသည် အနောက်ဘက်ကမ်းခြေနှင့် ဂျော်ဒန်ကြားရှိ တစ်ခုတည်းသော တရားဝင်ဂိတ်ဖြစ်ပြီး အနောက်ဘက်ကမ်းခြေရှိ ပါလက်စတိုင်းလူမျိုးများ ကုန်းလမ်းဖြင့် ပြည်ပသို့ ခရီးသွားရန် ထွက်ပေါက်နှင့် ဝင်ပေါက်ဖြစ်သည်။ ၎င်းသည် ဂျော်ဒန်နှင့် အနောက်ဘက်ကမ်းခြေကြား ကုန်သွယ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက် အဓိကလမ်းကြောင်းလည်း ဖြစ်သည်။

ဂါဇာမြို့ကိုအစ္စရေးတိုက်ခိုက်လိုက်သည့်ဗုံးဆန်ထိမှန်ခဲသည့်နေရာတခု

ဂါဇာမှပြောင်းရွေ့နေသောပါလက်စတိုင်းဒုက္ခသည်များ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 19 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက