နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာဖရိက

နိုင်ဂျီးရီးယားရှိ ISIS အကြမ်းဖက်သမားများကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့ကြောင်း ထရန့် ပြောကြား

CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်

ဖလော်ရီဒါပြည်နယ်၊ West Palm Beach —

နိုင်ဂျီးရီးယားနိုင်ငံအတွင်းရှိ ခရစ်ယာန်ဘာသာဝင်များကို ညှဉ်းပန်းနှိပ်စက်နေသည်ဟု ၎င်းက စွပ်စွဲထားသည့် အစ္စလာမ္မစ်နိုင်ငံတော် (IS) အကြမ်းဖက်သမားများကို ပြင်းထန်သော တိုက်ခိုက်မှုပြုလုပ်ရန် အမိန့်ပေးခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ထရမ့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တင်ခဲ့သော ပို့စ်တစ်ခု၌ အပြစ်မဲ့ ခရစ်ယာန်များကို သတ်ဖြတ်နေသည့် “နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်းရှိ ISIS အကြမ်းဖက် အမှိုက်သရိုက်များ” အား “ပြင်းထန်ပြီး သေကြေပျက်စီးစေမည့် တိုက်ခိုက်မှု” ပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း ဖော်ပြထားသည်။

နိုင်ဂျီးရီးယားအာဏာပိုင်များ၏ တောင်းဆိုချက်အရ နိုင်ဂျာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဆိုကိုတို (Sokoto) ပြည်နယ်တွင် အကြမ်းဖက်သမား အများအပြားကို သုတ်သင်နိုင်ခဲ့ကြောင်း အမေရိကန် အာဖရိကစစ်ဌာနချုပ် (US Africa Command) က ပြောကြားခဲ့သည်။

“ဒီအကြမ်းဖက်သမားတွေအနေနဲ့ ခရစ်ယာန်တွေကို သတ်ဖြတ်နေတာကို မရပ်တန့်ဘူးဆိုရင် ငရဲနဲ့တွေ့ရလိမ့်မယ်လို့ ကျွန်တော် အရင်ကတည်းက သတိပေးခဲ့ပြီးသားပါ။ အခု ဒီညမှာတော့ သူတို့ တွေ့ပြီပေါ့” ဟု ထရမ့်က Truth Social တွင် ရေးသားခဲ့သည်။

“အမေရိကန်ပြည်ထောင်စုကသာ လုပ်ဆောင်နိုင်တဲ့ စစ်ဦးစီးဌာန (Department of War) ရဲ့ ပြည့်စုံလွန်းတဲ့ တိုက်ခိုက်မှုတွေကို ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။”

“ကျွန်တော့်ရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့နိုင်ငံဟာ အစွန်းရောက် အစ္စလာမ်ဝါဒီ အကြမ်းဖက်သမားတွေကို ကြီးထွားခွင့်ပေးမှာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ စစ်တပ်ကို ဘုရားသခင် ကောင်းချီးပေးပါစေ။ သေဆုံးသွားတဲ့ အကြမ်းဖက်သမားတွေ အပါအဝင် အားလုံးကို မယ်ရီခရစ္စမတ် (Merry Christmas) လို့ နှုတ်ခွန်းဆက်ပါတယ်။ ခရစ်ယာန်တွေကို ဆက်ပြီးသတ်ဖြတ်နေဦးမယ်ဆိုရင် ဒီထက်မကတဲ့ အကြမ်းဖက်သမားတွေ ထပ်ပြီး သေကြေ ပျက်စီးရဦးမှာပါ” ဟု ခရစ္စမတ်အားလပ်ရက်ကို Palm Beach ရှိ ၎င်း၏ နေအိမ်တွင် ကုန်ဆုံးနေသော သမ္မတက နိဂုံးချုပ်ပြောကြားခဲ့သည်။

CNN အနေဖြင့် အသေးစိတ်သိရှိနိုင်ရန် အိမ်ဖြူတော်နှင့် နိုင်ဂျီးရီးယားအစိုးရထံ ဆက်သွယ် ထားသော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။ သီးခြား လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် (Pete Hegseth) က “နိုင်ဂျီးရီးယားအစိုးရရဲ့ ပံ့ပိုး ကူညီမှု နဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိကြောင်း” ပြောကြားခဲ့သည်။

ထရမ့်သည် ပြီးခဲ့သည့် လအနည်းငယ်အတွင်း နိုင်ဂျီးရီးယားရှိ ခရစ်ယာန်များ ကြုံတွေ့နေရ သည့် အခက်အခဲများကို အာရုံစိုက်လာခဲ့ပြီး၊ နိုဝင်ဘာလတွင် ၎င်း၏ ကာကွယ်ရေးဝန်ကြီးကို “ဖြစ်နိုင်ခြေရှိသော စစ်ရေးလှုပ်ရှားမှုများအတွက် ပြင်ဆင်ရန်” ညွှန်ကြားခဲ့ကာ အာဖရိက၏ လူဦးရေအများဆုံးဖြစ်သော နိုင်ဂျီးရီးယားရှိ ခရစ်ယာန်များကို အကာအကွယ်ပေးရန် အမေရိကန်က “သေနတ်များဖြင့် အပြင်းအထန် ဝင်ရောက်လာမည်” ဖြစ်ကြောင်း သတိပေး ခဲ့ဖူးသည်။

ခရစ္စမတ်အကြိုနေ့တွင် နိုင်ဂျီးရီးယားသမ္မတဘိုလာတင်နုဘူ( Bola Tinubu) က “ခရစ္စမတ် ဆုတောင်းမေတ္တာလွှာ” ကို မျှဝေခဲ့ပြီး နိုင်ငံတစ်ဝန်းနှင့် ကမ္ဘာတစ်ဝန်းရှိ ခရစ်ယာန် ဘာသာဝင်များ အတွက် မယ်ရီခရစ္စမတ်ဖြစ်ပါစေကြောင်းနှင့် မတူကွဲပြားသော ဘာသာဝင်များအကြား ငြိမ်းချမ်းကြပါစေကြောင်း ဆုတောင်းခဲ့သည်။

“နိုင်ဂျီးရီးယားမှာ ကိုးကွယ်ယုံကြည်မှု လွတ်လပ်ခွင့်ကို ခိုင်မာစေဖို့နဲ့ ခရစ်ယာန်တွေ၊ မူဆလင်တွေ အပြင် နိုင်ဂျီးရီးယားနိုင်ငံသား အားလုံးကို အကြမ်းဖက်မှုတွေကနေ ကာကွယ် ပေးဖို့ ကျွန်တော့်ရဲ့ လုပ်ပိုင်ခွင့်အတွင်းကနေ အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာပါ” ဟု တင်နုဘူ(Tinubu) က X လူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။

အနောက်အာဖရိကနိုင်ငံဖြစ်သော နိုင်ဂျီးရီးယားသည် ဘာသာရေးအခြေခံ တိုက်ခိုက်မှုများ အပါအဝင် အကြောင်းရင်းပေါင်းစုံကြောင့် ဖြစ်ပေါ်လာသည့် နက်ရှိုင်းသော လုံခြုံရေး ပြဿနာများကို နှစ်ပေါင်းများစွာ ရင်ဆိုင်နေရခြင်းဖြစ်သည်။ အခြားသော အကြမ်းဖက် ပဋိပက္ခများ သည် မတူညီသည့်လူမျိုးစုနှင့် လူမျိုးစုများအကြား တင်းမာမှုများအပြင် သဘာဝသယံဇာတ ကန့်သတ်ချက်များကြောင့် လယ်သမားများနှင့် နွားကျောင်းသူများ အကြား အငြင်းပွားမှုများမှ မြစ်ဖျားခံလာခြင်းဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

ယခုနှစ် ဆောင်းဦးရာသီတွင် ထရန့်က နိုင်ဂျီးရီးယားသည် ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုများရှိနေကြောင်း စွပ်စွဲခဲ့ပြီး “နိုင်ဂျီးရီးယားတွင် ခရစ်ယာန်ဘာသာသည် ရှင်သန် ရပ်တည်ရေးအတွက် ခြိမ်းခြောက်ခံနေရသည်” ဟု အခိုင်အမာ ပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အက်ဥပဒေအရ နိုင်ဂျီးရီးယားကို “အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံ” အဖြစ် သတ်မှတ်ခဲ့သည်။ ဤတံဆိပ်ကပ်ခြင်းသည် နိုင်ဂျီးရီးယားအစိုးရသည် စနစ်တကျ၊ ဆက်တိုက်နှင့် ဆိုးရွားသော ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုများကို ကျူးလွန်ခြင်း သို့မဟုတ် ခွင့်ပြုထားခြင်းကို ၎င်း၏အမေရိကန်အစိုးရက တွေ့ရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

လူဦးရေ သန်း ၂၃၀ ကျော်ရှိသော နိုင်ဂျီးရီးယားရှိ အဓိက ဘာသာရေးအုပ်စုကြီးနှစ်ခုဖြစ်သည့် ခရစ်ယာန်နှင့် မူဆလင် နှစ်ဖက်စလုံးသည် အစွန်းရောက် အစ္စလာမ်ဝါဒီများ၏ တိုက်ခိုက်မှု ဒဏ်ကို ခံနေရကြောင်း ကျွမ်းကျင်သူများနှင့် လေ့လာဆန်းစစ်သူများက ပြောကြားထားသည်။

နိုင်ဂျီးရီးယား ခရစ်ယာန်များ၏ အခြေအနေသည် အမေရိကန် ကွန်ဆာဗေးတစ်များ (Conservative) အတွက် နှစ်ပေါင်းများစွာ စိတ်အားထက်သန်စွာ ဆွေးနွေးရသည့် အကြောင်း အရာတစ်ခု ဖြစ်ခဲ့သည်။ လတ်တလောလများအတွင်း အထက်လွှတ်တော်အမတ် တက်ခရု့စ် (Ted Cruz) အပါအဝင် ထရမ့်၏ ထိပ်တန်းမဟာမိတ်အချို့က နိုင်ဂျီးရီးယား အစိုးရ သည် ခရစ်ယာန်များအပေါ် တိုက်ခိုက်မှုများကို ကာကွယ်ရန် လုံလောက်စွာ မလုပ်ဆောင်ဟု ဆိုကာ အမေရိကန်က ဝင်ရောက်စွက်ဖက်ရန် တောင်းဆိုခဲ့ကြသည်။

ထရန့်သည် မိမိကိုယ်ကို ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ပုံဖော်လေ့ရှိပြီး ပြည်ပနိုင်ငံ များတွင် အမေရိကန်စစ်တပ် ဝင်ရောက်စွက်ဖက်မှုကို ကန့်သတ်မည်ဟု ကတိပြုကာ အာဏာရလာသူဖြစ်သည်။ သို့သော်လည်း အာဏာပြန်ရလာပြီးနောက်တွင် ၎င်းသည် အီရန်၏ နျူကလီးယားအစီအစဉ်ကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့သလို၊ ဗင်နီဇွဲလားနိုင်ငံ ပတ်ပတ်လည်တွင်လည်း ကြည်းကြောင်းမှ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ကာ စစ်အင်အား အမြောက်အမြား ဖြန့်ကျက်ထားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက