နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြှောင်မှ ‘အရာအားလုံးကို ရှင်းပစ်ရန်’ ထရန့် အကြံပြုခဲ့

ဇန်နဝါရီ (၂၆) ရက်။

ဂါဇာကမ်းမြောင်မှ ပါလက်စတိုင်း ၁ သန်းကျော်ကို အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းရန် ဖြစ်နိုင်ချေရှိသော အိမ်ရာများ ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ဂျော်ဒန်ဘုရင်နှင့် စကားပြောခဲ့ကြောင်း စနေနေ့တွင် သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

စနေနေ့က ထရန့်၏ဒေသတွင်း အဓိကအမေရိကန်မဟာမိတ်ဖြစ်သည့် ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ II ကို ဖုန်းခေါ်ဆိုရာတွင် ပါလက်စတိုင်းအများအပြားကို ဂျော်ဒန်သို့ ခေါ်ယူရန် တိုက်တွန်းခဲ့ကြောင်း ထရန့်က ပြောပါသည်။

“ ဂါဇာကမ်းမြောင်တစ်ခုလုံးကို ကြည့်လိုက်တာနဲ့ ရှုပ်ထွေးနေတာပဲ၊ တကယ်ကို ကမောက်ကမဖြစ်နေလို့ပါ” ဟု Air Force One ပေါ်ရှိ သတင်းထောက်များအား ထရန့်က ပြောကြားခဲ့သည်။

ဂျော်ဒန်နိုင်ငံပိုင် သတင်းအေဂျင်စီ Petra က ထရန့် နှင့်ဖုန်းခေါ်ဆိုမှုကို ဖော်ပြခဲ့သော်လည်း ပါလက်စတိုင်းလူမျိုးများအား နေရာရွှေ့ပြောင်းပေးရန်ကိစ္စကို ဖော်ပြထားခြင်း မရှိပါ။ ဂျော်ဒန်ဘုရင့်နိုင်ငံတွင် မှတ်ပုံတင်ထားသော ပါလက်စတိုင်းဒုက္ခသည်ပေါင်း ၂.၃၉ သန်းကျော် နေထိုင်ရာနေရာဖြစ်ကြောင်း ကုလသမဂ္ဂ၏အဆိုအရ သိရသည်။

“ စုတ်ပြတ်ကြေမွနေတဲ့ ဂါဇာကမ်းမြှောင် ဒေသနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဂျော်ဒန်နဲ့ အီဂျစ် နှစ်နိုင်ငံစလုံးကို ပါလက်စတိုင်းတွေအတွက်ကို အိမ်ဆောက်စေချင်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ အီဂျစ်သမ္မတ အက်ဒယ် ဖာတပ်ချ် အယ်စီစီ (Abdel Fattah el-Sisi) နဲ့ တနင်္ဂနွေနေ့မှာ စကားပြောမယ်” ဟု ထရန့်က ပြောခဲ့ပါသည်။

ဒေသတွင်း၌ ရာစုနှစ်များစွာကြာ ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း သူသိရှိမှတ်သားခဲ့သည်ဟု ထရန့် က ဆိုပြီး “လူတစ်သန်းခွဲလောက်အကြောင်းကို ပြောနေတာပါ၊ အဲဒါအားလုံးကို ကျွန်တော်တို့ ရှင်းပစ်လိုက်တယ်” ဟု စနေနေ့က ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ “ဘာတွေဖြစ်လာမယ်ဆိုတာကို ကျွန်တော်မသိပါဘူး၊ တစ်ခုခုတော့ ဖြစ်လာနိုင်ပေမယ့် အခုအချိန်မှာတော့ ဖြိုဖျက်ရှင်းလင်းရမဲ့ နေရာပါပဲ။ အားလုံးနီးပါး ပြိုပျက်သွားပြီး လူတွေက အဲဒီမှာ သေနေကြတာမို့ အာရပ်နိုင်ငံတချို့နဲ့ ပူးပေါင်းပြီး အပြောင်းအလဲအတွက် အဲဒီလူတွေအတွက် ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ်ထင်တဲ့ တခြားနေရာတစ်ခုမှာ အိမ်ရာတွေကို ဆောက်စေချင်ပါတယ်။”

အိမ်ခြံမြေ တည်ဆောက်သူ ဖြစ်ခဲ့ဘူးသော သမ္မတက ဆောက်လုပ်ရန် အလားအလာရှိသော အိမ်ရာများသည် ယာယီဖြစ်နိုင်သည် သို့မဟုတ် “ရေရှည်လည်း ဖြစ်နိုင်သည်” ဟု ပြောကြားခဲ့သည်။

“ ပါလက်စတိုင်းတွေကို အတင်းအကျပ် ရွှေ့ပြောင်းခိုင်းတာမျိုးကို ပယ်ချတယ်” ဟု အီဂျစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ ဝန်ကြီးဌာနသည် ထရန့်ကို အထူးတလည် မှီငြမ်းကိုးကားခြင်း မပြုသော်လည်း “ပါလက်စတိုင်းလူမျိုးတွေကို သူတို့ရဲ့နယ်မြေကနေ အတင်းအဓမ္မနှင်ထုတ်တာ” ကို ဆန့်ကျင်သည့် အီဂျစ်၏ရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့သည်။

“ထိုကဲ့သို့သော လုပ်ရပ်များသည် တည်ငြိမ်ရေးကို ခြိမ်းခြောက်ခြင်း၊ ဒေသတွင်း ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာစေရန်နှင့် ငြိမ်းချမ်းရေးနှင့် အတူယှဉ်တွဲနေထိုင်ရေး အခွင့်အလမ်းများကို ထိခိုက်စေသည်” ဟု ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

ဂျော်ဒန်နိုင်ငံကလည်း ပါလက်စတိုင်းများ ၎င်းတို့၏မြေပေါ်တွင် ဆက်လက်ရှိနေစေရေး ကတိပြု ထားကြောင်း ၎င်း၏နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့တွင် ကြေညာချက်ထုတ်ပြန် ခဲ့သည်။

“ ကျွန်ုပ်တို့၏ ပါလက်စတိုင်းများကို နေရာရွှေ့ပြောင်းပေးခြင်းအား ငြင်းဆိုခြင်းသည် ပြောင်းလဲမည်မဟုတ်သော တည်ကြည်ခိုင်မြဲသော ရပ်တည်ချက်ဖြစ်သည်” ဟု အေမင်ဆာဖာဒီ (Ayman Safadi) က ပြောကြားခဲ့သည်။ “ ဂျော်ဒန်သည် ဂျော်ဒန်လူမျိုးများအတွက် ဖြစ်ပြီး ပါလက်စတိုင်းသည် ပါလက်စတိုင်းအတွက် ဖြစ်သည်။”

ဆာဖာဒီက သူသည် အမေရိကန်အစိုးရသစ်နှင့် လက်တွဲလုပ်ဆောင် ရန်မျှော်လင့်ထားကြောင်းနှင့် ထရန့် သည် ဒေသတွင်း ငြိမ်းချမ်းရေးရရှိရန် လိုလားကြောင်း ဖော်ပြရာတွင် ရှင်းရှင်းလင်းလင်းရှိကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးက ဂျော်ဒန်၏ “ခိုင်မာပြီး မပြောင်းလဲသော” ရပ်တည်ချက်ဖြစ်သည့် ပါလက်စတိုင်းနှင့် အစ္စရေး ပြည်နယ်နှစ်ခု အတူယှဥ်တွဲရပ်တည်သည့်ဖြေရှင်းချက်ကို ဆက်လက်ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် နှစ်နိုင်ငံဖြေရှင်းချက်ရရှိရေး ကူညီဆောင်ရွက်ပေးရန် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်း၏ ထုတ်ပြန်ချက်တွင် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုထားသည်။

အစ္စရေးကွန်ရက် Channel 12 News သတင်းမှ သုတေသီ အမစ်ဆီဂဲလ် (Amit Segal) က အစ္စရေးအရာရှိများကို ကိုးကားပြီး ထရန့် ၏ လုပ်ဆောင်ချက်သည် “မ‌ပြောသင့်တဲ့အချိန်မှာ ပြောကြား ရုံသာမက၊ အစ္စရေးနှင့် ပူးပေါင်းဆောင်ရွက်ရန် ထင်ထားသည်ထက် ပိုမိုကျယ်ပြန့်သောအချက်ကို လှုပ်ရှားလုပ်ဆောင်မည့်ဖော်ပြချက်ဖြစ်တယ်” ဟု ဆိုခဲ့သည်။

အဆိုပါကိစ္စနှင့် နီးစပ်သူတစ်ဦးက CNN သို့ သတင်းပေးပို့ချက်ကို အတည်ပြုခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ပြောကြားခြင်းမရှိပေ။ CNN သည် မှတ်ချက်ပေးရန် အမေရိကန် နိုင်ငံခြားရေးဌာနထံ ဆက်သွယ်မေးမြန်းခဲ့သည်။

‌ပြောကြားချက်များသည် အမေရိကန်၏ မူဝါဒနှင့် ကွဲလွဲနေပါသည်။

++++++++++++++++++++++++++++

ထရန့်၏မှတ်ချက်ပေးပြောကြားချက်များသည် ဂါဇာကမ်းမြောင်ဒေသ အများအပြားကို အပျက်အစီးဖြစ်စေသည့် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား စစ်ပွဲအတွင်း ၁၅ လကြာ တွင်ထွက်ပေါ်လာခဲ့သည်။ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းများနှင့် ဆေးရုံများအပါအဝင် အဆောက်အဦ ၆၀% နှင့် နေအိမ်များ၏ ၉၂% ဝန်းကျင်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသခံ ၉၀ ရာခိုင်နှုန်းခန့်သည် နေရပ်စွန့်ခွာခဲ့ရပြီး အများအပြားသည် အကြိမ်ရေ ၁၀ ကြိမ်ထက်မနည်း ကြိမ်ဖန်များစွာ အတင်းအကြပ် ရွှေ့ပြောင်းခဲ့ရကြောင်း ကုလသမဂ္ဂက ဆိုသည်။

ထရန့်၏မှတ်ချက်များသည် အစ္စရေးနှင့် ပါလက်စတိုင်းအတွက် ကာလကြာရှည်စွာ အလေးပေးဖော်ပြခဲ့သည့် တိုင်းပြည်နှစ်ပြည် ယှဥ်တွဲတည်ရှိရေး အဖြေရှာခြင်းဆိုသည့်ဆယ်စုနှစ်များစွာ ကိုင်ဆွဲထားသည့် နိုင်ငံခြားရေးမူဝါဒနှင့် ကွဲလွဲနေသည်။

ပါလက်စတိုင်းများကို ဂါဇာကမ်းမြောင်မှ အိမ်နီးချင်းနိုင်ငံများသို့ တွန်းပို့ချင်သည့် အစ္စရေး၏လုပ်ရပ်ကို ပါလက်စတိုင်းများက ဒေသတွင်းမှာ စိုးရွံ့နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ထိုအတွေးအခေါ်ကို အစ္စရေးက လက်မခံသော်လည်း အစ္စ‌ရေးအစိုးရအဖွဲ့အတွင်း လက်ယာစွန်းများက လက်ခံထားကြပါသည်။

အီဂျစ်သမတ အယ်စီစီ (El-Sisi) က ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဂါဇာမြောက်ပိုင်းမှ လူတစ်သန်းကျော်ကို ရွှေ့ပြောင်းရန် အစ္စရေး၏ လှုပ်ရှားမှုကို ဝေဖန်ခဲ့ပြီး ထိုအကြံအစည်သည် ဒေသတစ်ခုလုံးမှ ပါလက်စတိုင်းများကို ဖယ်ရှားပစ်ရန် ကြီးမားသော အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပစ်တင်ဝေဖန်ခဲ့သည်။

“ဂါဇာကမ်းမြှောင်ကနေ ပါလက်စတိုင်းတွေကို အီဂျစ်ပြည်ထဲကို ရွှေ့ပြောင်းရေး ဒါမှမဟုတ် နှင်ထုတ်ခြင်းက အလားတူ အခြေအနေမျိုးလည်း ဖြစ်လာမှာကို ရိုးရှင်းစွာ ဆိုလိုပါတယ်။ ဆိုလိုတာက ပါလက်စတိုင်းတွေကို အနောက်ဘက်ကမ်းကနေ ဂျော်ဒန်ကို နှင်ထုတ်လိုက်တာပါ” ဟု စီစီက ပြောကြားခဲ့သည်။ ဆက်လက်၍ သူက “အဲဒီနေရာမှာ မြေကရှိနေပြီး လူတွေ မရှိတော့ရင်” ပါလက်စတိုင်း ပြည်နယ်တစ်ခု အနေနဲ့ ဆွေး‌နွေးနေစရာ ဘာအဓိပ္ပါယ်မှ မရှိနိုင်ပါဘူး” ဟု ဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် ဂျော်ဒန်ဘုရင် အဗ္ဗဒူလာက ဂျော်ဒန် သို့မဟုတ် အီဂျစ်ထဲသို့ ပါလက်စတိုင်း ဒုက္ခသည်များကို ပြောင်းရွှေ့ပေးမည်ဆိုသည့် အယူအဆသည် “အနီရောင်မျဉ်း” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အကြီးတန်း ဟားမတ်စ်အရာရှိ ဘတ်ဆမ် နိမ်း (Bassem Naim) က ပါလက်စတိုင်းသားများ သည် ထရန့်တင်ပြသော ပါလက်စတိုင်းသားများကို မိမိတို့၏ မွေးရပ်မြေမှ ထွက်ခွာရန် မည်သည့် အဆိုပြုချက်ကိုမဆို လက်ခံမည်မဟုတ်ကြောင်း ပြန်လည်တည်ဆောက်ရေး အသွင်ဟန်ဆောင်ထားသည့် ဖြေရှင်းချက်ကိုလည်း လက်ခံမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အမှီအခိုကင်းသော ပါလက်စတိုင်း နိုင်ငံရေးသမား ဒေါက်တာ မူစတာဖာ ဘာဂူတီ (Dr. Mustafa Barghouti) က ထရန့်၏ မှတ်ချက်များကို “လုံးဝ ပယ်ချသည်” ဟု ပြောကြားခဲ့သည်။

“ဂါဇာကို ရာဇ၀တ်မှုမြောက်တဲ့ ဗုံးခွဲတိုက်ခိုက်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ သိမ်းပိုက်ရန် ကြိုးပန်းလုပ်ဆောင်မှုဟာ မအောင်မြင်ခဲ့တာကို ထပ်ပြီး နိုင်ငံရေးအရ ဖိအားပေးမှုတွေကနေ အကောင်အထည်ဖော်လို့ ရနိုင်မှာ မဟုတ်ဘူး” ဟု ဘာဂူတီက ဆိုခဲ့ပြီး သူ့နောက်ထုတ်ပြန် ချက်တစ်ခုတွင် “လူမျိုးတုံးသုတ်သင်မှုနှင့် ပူးပေါင်းကြံစည်မှုတို့သည် ဂါဇာ သို့မဟုတ် အနောက်ဘက်ကမ်းတွင် အောင်မြင်မည် မဟုတ်” ဟု ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝှမ်းတွင် ပါလက်စတိုင်းဒုက္ခသည် ၅.၉ သန်းခန့်ရှိပြီး အများစုမှာ ၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံကို တည်ထောင်ခြင်းနှင့်အတူ တိမ်းရှောင်လာသူများဖြစ်သည်။

တနင်္လာနေ့တွင် ထရန့်သည် သိမ်းပိုက်ခံထားရသော အနောက်ဘက်ကမ်းတွင် အကြမ်းဖက်မှုအတွက် တာဝန်ရှိသည်ဟု ယူဆရသော အစ္စရေးအခြေချနေထိုင်သူများကို ဘိုင်ဒင်ခေတ်က ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းလိုက်ခြင်းကို အစ္စရေးဘဏ္ဍာရေးဝန်ကြီး ဘီဇာလယ် ဆမို့ရစ်ချ် (Bezalel Smotrich) က ကြိုဆိုလိုက်ပြီး ဂါဇာကမ်းမြောင်ဒေသတွင် စွန့်ပစ်ထားသော ဂျူးအခြေချနေထိုင်မှုများ ရပ်တန့်ရန် ၂၀၀၅ ခုနှစ်တွင် အစ္စရေးအမိန့် စွန့်လွှတ်ပြီး ဂျူးအခြေချနေထိုင်မှုများကို ပြန်လည်ထူထောင်ရန် ပြင်းပြင်းထန်ထန် ထောက်ခံကြိုဆိုခဲ့သည်။

ဆမို့ရစ်ချ်သည် ထရန့်၏နောက်ဆုံးမှတ်ချက်များကို လျင်မြန်စွာထောက်ခံခဲ့ပြီး “ ဂါဇာဒေသခံများ အတွက်အသစ်ဖြစ်သော ပိုမိုကောင်းမွန်သောဘဝများကို စတင်ရန် အခြားနေရာများကို ကူညီရှာဖွေရန် စိတ်ကူးသည် အလွန်ကောင်းမွန်သောစိတ်ကူး ဖြစ်သည်” ဟု ဆိုခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်တည်ဆောက်ရာတွင် “ထူးခြားဆန်းပြားလှတဲ့တည်နေရာ၊ ပင်လယ်ပြင်” နဲ့ “အကောင်းဆုံးရာသီဥတု” ရှိသည်ဟု ချီးမွမ်းခဲ့ပြီး ဂါဇာကို ပြန်လည် တည်ဆောက် ရာမှာ သူ့အနေနဲ့ အခန်းကဏ္ဍတခုကနေ ပါဝင်နိုင်လိမ့်မယ်” ဟု သီတင်းပတ် အစောပိုင်းက ထရန့် က ပြောကြားခဲ့ပါသည်။

အဆိုပါမှတ်ချက်များသည် ဂါဇာကမ်းနားရှိ ကမ်းနားပိုင်ဆိုင်မှုမြေနေရာကို “အလွန်တန်ဖိုးရှိတယ်” ဟု ၎င်း၏သားမက်ဂျဲရက် ကူရှနာ( Jared Kushner) မှ ၂၀၂၄ ခုနှစ်တွင် ပြုလုပ်ခဲ့သော မှတ်ချက်များကို ပဲ့တင်ထပ်ကာ အစ္စရေးသည် ပါလက်စတိုင်းများကို ဂါဇာမှ ဖယ်ရှားကာ ရှင်းလင်းသင့်သည်ဟု အကြံပြုခဲ့သည်။

အစ္စရေးအတွက် ပေါင် ၂,၀၀၀ အလေးချိန်ရှိသော ဗုံးများ ထောက်ပံ့ပေးမှုအပေါ် ဘိုင်ဒင်ခေတ်က ထိန်းချုပ်ထားမှုကို ရုတ်သိမ်းခဲ့ကြောင်း ထရန့်က အတည်ပြုခဲ့သည်။

“ဒီနေ့တော့ ဆိုင်းငံ့ထားတာကိုဖွင့်ပေးလိုက်ပြီ သူတို့ ရရှိတော့မယ်။ သူတို့က ငွေပေးချေပြီး ဒီဗုံးတွေကို ရရှိဖို့စောင့်နေတာ ကြာပါပြီ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

သတင်းရင်းမြစ်။ CNN

See insights and ads

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

“ မင်းသားခေါင်းထဲကိုကျဥ်ဆံပစ်ထည့်လိုက်မယ်” တက္ကဆက် ပြည်နယ်အောက်လွှတ်တော်အမတ်ဟောင်း မာဂျော်ရီတေလာဂရင်း (Marjorie Taylor Greene) ၏ ရင်ဖွင့်သံ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မေလ ၃ ရက် ကျွန်မ အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ စတင်ရရှိခဲ့တယ်၊ အဲဒါက ကျွန်မကို “သစ္စာဖောက်”
နိုင်ငံတကာသတင်း ရုရှား အာဖရိက

သူပုန်များက ပူတင်၏တပ်များကို အရေးပါသော အာဖရိကမြို့တစ်မြို့မှ မောင်းထုတ်၊ ရုရှား၏ ဒေသတွင်းဩဇာ လျော့ပါးလာနေ

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 18 Views
CNN-၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အဘူဂျာ (Abuja) — ပြီးခဲ့သည့်လက မာလီနိုင်ငံမြောက်ပိုင်းရှိ မဟာဗျူဟာမြောက် ခံတပ်မြို့ ဖြစ်သော ကီဒယ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ပူတင်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ခြေရှိကြောင်း အရိပ်အမြွက်ပြသ၊ သို့သော် အဘယ်ကြောင့် ယခုမှပြောလာသနည်း

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 17 Views
CNN- နစ်ခ် ပါတန် ဝေါ့ရှ် (Nick Paton Walsh) ၏ ဝေဖန်ဆန်းစစ်ချက်  ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် ပြင်းထန်သော ဖိအားများ ကြုံတွေ့နေရသည့် အချိန်တွင် ထွက်ပေါ်လာသော ထူးခြားသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ထံ တင်ပြသည့် ကမ်းလှမ်းချက်မှာ “ကျိုးကြောင်းဆီလျော်မှုရှိကြောင်း” ထရမ့်၏ ပယ်ချမှုအပြီးတွင် အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) က စစ်ပွဲအဆုံးသတ်ရန် အမေရိကန်ထံ တင်ပြခဲ့သည့် အီရန်၏ နောက်ဆုံးကမ်းလှမ်းချက်မှာ ကျိုးကြောင်းဆီလျော်ပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အစိုးရနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ထရမ့် အရိပ်အမြွက်ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ဘက်မှ နောက်ဆုံးကမ်းလှမ်းချက်ကို ပယ်ချခဲ့သော်လည်း လက်ရှိအီရန်အစိုးရနှင့် သံတမန်နည်းလမ်းအရ ဆက်လက်ဖြေရှင်း သွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် အရိပ်အမြွက် ပြောကြားခဲ့သည်။ အီရန်အစိုးရအတွင်းရှိ သဘောထားတင်းမာသူများနှင့် ပတ်သက်၍လည်းကောင်း၊ ခေါင်းဆောင်မှုပိုင်း
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ဆွေးနွေးပွဲတိုးတက်မှုသည် ထရမ့်၏ တရုတ်ခရီးစဉ် ရလဒ်အပေါ် မူတည်နိုင်ဟု သတင်းရင်းမြစ်ဆို

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ဆွေးနွေးမှုများသည် ယခုသီတင်းပတ် နှောင်းပိုင်းတွင် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မတွေ့ဆုံမီအထိ သိသာထင်ရှားသော တိုးတက်မှုများ ရှိလာမည်မဟုတ်ကြောင်း ညှိနှိုင်းမှုလုပ်ငန်းစဉ်နှင့် နီးစပ်သည့် ဒေသတွင်းသတင်းရင်းမြစ်တစ်ခုအရ
နိုင်ငံတကာသတင်း မြန်မာ့နိုင်ငံရေး အရှေ့တောင်အာရှ

အာဆီယံနိုင်ငံအချို့က ခွဲခြားဆက်ဆံတယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးပြော

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 18 Views
မေလ (၁၁)ရက်။ ပြီးခဲ့တဲ့ (၅)နှစ်ထဲ အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေထဲက နိုင်ငံအနည်းငယ်ဟာ ကန့်သတ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေနဲ့ တန်းတူကိုယ်စားပြုတာကို ချန်လှပ်ထားတာတွေကို ‌ဆက်လက်ပြုလုပ်ဖို့
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

‘အမေရိကန်နှင့် သဘောတူညီချက်ရယူမှုကို နှောင့်ယှက်ဖျက်ဆီးနေသည့် အီရန်၏ အစွန်းရောက်သဘောထားတင်းမာသူများ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၀ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား ဆွေးနွေးပွဲများသည် အရေးပါသော အဆင့်သို့ ရောက်ရှိလာချိန်တွင်၊ သြဇာညောင်းသည့် သဘောထားတင်းမာသော အဖွဲ့ငယ်တစ်ခုသည် ဝါရှင်တန်နှင့် ဖြစ်ပေါ်လာနိုင်သော သဘောတူညီချက်ကို နှောင့်ယှက်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။ ၎င်းလုပ်ရပ်များသည်