နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ထရန့်အစိုးရသည် ဥရောပကို ကြမ်းတမ်းသော စကားလုံးများ အသုံးပြု၍ စကားပြောဆိုခဲ့သည်။

သူတို့အချင်းချင်း သီးသန့်ပြောကြလျှင် ပို၍ကြမ်းတမ်းသည့် အသုံးအနှုန်းကို သုံးစွဲကြသည်။

ယီမင်ဟူသီများအပေါ် အမေရိကန်စစ်တပ်၏ ထိုးနှက်တိုက်ခိုက်မှုအကြောင်းကို ထရန့်အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်များ အချင်းချင်း အများသူငှာသုံးစွဲသည့်မက်ဆေ့ချ် အက်ပလီကေးရှင်း တစ်ခုပေါ်တွင် မျှဝေခဲ့ရာတွင် The Atlantic သတင်းမှ သတင်းထောက်ချုပ်ကို အမှတ်မထင် မျှဝေခဲ့ခြင်းဖြစ်ခဲ့ပြီးနောက် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒကို ဦးစီးနေသူများ၏ တွေးခေါ်မျှော်မြင်မှုကို ကမ္ဘာက တွေ့မြင်သွားရပြီဖြစ်သည်။

သူတို့အချင်းချင်းအကြား အပြန်အလှန်ပြောဆိုမှုတစ်ခုက အံ့မခန်း ဖြစ်ခဲ့ရပါသည်။

ဒုသမ္မတ ဒီ‌ဂျေဗန့်စ်၊ ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်နှင့် ထရန့်အစိုးရအဖွဲ့၏ အခြားအဆင့်မြင့်အဖွဲ့ဝင်များသည် ဥရောပနှင့် ပတ်သက်၍ ထင်ထင်ရှားရှား ဒေါသတကြီး ပြောဆိုခဲ့ကြသည်။

ဗန့်သည် နိုင်ငံတကာသင်္ဘောလမ်းကြောင်းများကို လအတန်ကြာ အဓိက အနှောင့်အယှက်ပေးခဲ့သည့် ဟူသီများအား မတိုက်ခိုက်ရန် အကြံပြုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တိုက်ခိုက်မှုက ဥရောပစီးပွားရေးအတွက် ပိုမိုအကျိုးရှိနိုင်သည်ဟု ဆိုခဲ့သည်။

“ ငါတို့အမှားတွေ လုပ်မိနေပြီ ထင်တယ်” ဟု ဗန့်စ်က ရေးသားခဲ့သည်။ “အမေရိကန် ကုန်သွယ်မှုရဲ့ ၃ ရာခိုင်နှုန်းကသာ ဆူးအက်ဖြတ်ပြီး သွားလာနေပါတယ်။ ဥရောပက ကုန်သွယ်မှုရဲ့ ၄၀ ရာခိုင်နှုန်းကို ဒီလမ်းကြောင်းကနေ လုပ်ဆောင်ပါတယ်။ ကမ္ဘာ့စီးပွားရေး အများစုကို မှီခိုနေရသော သမုဒ္ဒရာ၏ အရေးပါသော စူးအက်တူးမြောင်းကို အသုံးပြုခြင်းအတွက်ဥရောပကအကျိုးအမြတ်များပြီး အမေရိကန်က အကျိုးအမြတ်နဲကြောင်းကိုဗင့်စ်က ရည်ညွှန်းခြင်း ဖြစ်သည်။

“အခုအချိန်မှာ ဥရောပဆိုင်ရာ သူ့ရဲ့သတင်းစကားနဲ့ ဒီလုပ်ဆောင်ချက်ဟာ ကွဲလွဲမှုရှိနေ ဆိုတာကို သမတက မသိဘူး ဖြစ်နေတယ်” ဟု ဗန့်စ်က ဆက်ပြောသည်။ ထို့နောက် အပြန်အလှန်‌ရေးသားမှုအပြီးတွင် ၎င်းက “ဥရောပကို ထပ်ပြီး အာမခံပေးတာကို မနှစ်သက်ဘူး” ဟု ရေးသားခဲ့ပါသည်။

ဟက်ဆက်သည် တိုက်ခိုက်မှုကို ထောက်ခံအားပေးသော်လည်း ဗန့်စ်အား “ ဥရောပကို အခမဲ့အကူအညီပေးလိုက်ရခြင်းအတွက် ခင်‌ဗျားက အပြည့်အဝ ရွံရှာမုန်းတီးတာကို ကျွန်တော်က အပြည့်အဝ မျှဝေခံစားမိပါတယ်။ သူတို့က ပျော့ညံ့နုံခြာလှပါတယ်။” ဟု ဟက်ဆက်က ပြောခဲ့ပါသည်။

နောက်ဆုံးတွင် အပေးအယူတစ်ရပ် ထွက်ပေါ်လာသည်- အမေရိကန်သည် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သော်လည်း ဥရောပသားများကို ကုန်ကျစရိတ်ပြေစာပေးမည် ဖြစ်သည်။ “ သမ္မတရဲ့တောင်းဆိုမှုအရ ကျွန်တော်တို့ဟာ ဆက်စပ် ကုန်ကျ စရိတ်တွေကို ဘယ်လို စုစည်းပြီး ဥရောပသားတွေထံက စည်းကြပ်ရမလဲဆိုတာကို ဆုံးဖြတ်ဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဌာနတို့ နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု အမျိုးသားလုံခြုံရေးအကြံပေး မိုက်ကယ်ဝေ့ါဇ် (Michael Waltz) က ရေးသားခဲ့သည်။

ဆွေးနွေးမှုတွင် ထရန့်၏အဖွဲ့သည် ဥရောပသို့ ရန်လိုသည့် ထိပ်တိုက်ပြောဆိုမှုများကို ရှေးရှူထုတ်ဖော်ခဲ့ကြပြီး အထူးသဖြင့် နေတိုးအဖွဲ့ဝင်များ ရန်ပုံငွေထည့်ဝင်မှုနှင့် ယူကရိန်းစစ်ပွဲတွင် ပံ့ပိုးကူညီမှုများအ‌ပေါ် ပြင်းထန်သော ထိပ်တိုက်ဝေဖန်မှုများကြောင့် ဥရောပတိုက်ကြီးမှ သူတို့၏ ကိုယ်ပိုင်စစ်အင်အား ပြင်ဆင်မှုကို လုပ်ဆောင်သည့် အခြေအနေသို့ ပြောင်းလဲသွားစေသည်။

ဗန့်စ်သည် ထိုစွဲချက်ကို ဦးဆောင်ခဲ့သော်လည်း အခြားသူများက သူ့ကို အလွယ်တကူ ထောက်ခံခဲ့ကြသည်။ စနေနေ့တွင် ထုတ်ဝေသောအင်တာဗျူးတစ်ခုတွင်၊ အိမ်ဖြူတော်၏ နိုင်ငံခြားသံတမန်က ပေါ့ကတ်ပြောကြားသူ တပ်ကာကာလ်ဆန် (Tucker Carlson) ကို “ ဥရောပသည် ခန္ဓာကိုယ်အစိတ်အပိုင်းများ အလုပ်မလုပ်တော့” ဟုပြောကြားခဲ့ပြီး သူက နောက်ထပ်အချက်တစ်ခုကို ထပ်ပြောခဲ့သည်- “ ဥရောပသည် ကံမကောင်းစွာဖြင့် သေဆုံးခါနီးနေပြီဖြစ်တယ်” ဟုဆိုခဲ့သည်။

ဥရောပ၏ မိမိခြေနှစ်ချောင်းပေါ် ရပ်တည်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကြမ်းတမ်းစွာ ပြောဆိုခဲ့သော ဤစကားရပ်သည် “ ချစ်လို့ ဆုံးမတာ” ဖြစ်သည်ဟု ယုံကြည်နေကြသည့် ခေါင်းဆောင်အနည်းငယ်မျှသာ ဥရောပတိုက်ကြီးတွင် ရှိသည်။

သို့သော် ထိုသတင်းပေးချက်သည် သံသယဖြစ်စရာ မရှိပါ။ အဖြူအမည်းသဲကွဲစွာရှိပါသည်။ ထရန့်၏ အတွင်းစည်းသည် အမေရိကန်အပေါ် ဥရောပမှ အားကိုးအားထားမှုအပေါ် အထင်အမြင်သေးမှုကို မျှဝေထားသည်။ အထူးသဖြင့် ဗန့်စ် ၏လေသံသည် ထရန့်လေသံကို ထင်ဟပ်ထားသည့်အတိုင်း စိတ်ကုန်စိတ်ပျက် ဖြစ်နေသည်။

ဥရောပမြို့တော်များကို တန်းစီစေမည်ဖြစ်သည်။ ဗြိတိန်နှင့် နယ်သာလန်တို့သည် ယမန်နှစ်တွင် ဟူသီပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဘိုင်ဒင်အစိုးရအဖွဲ့နှင့် ပူးပေါင်းခဲ့ပြီး Signal အဖွဲ့တွင် ဆွေးနွေးခဲ့သည့် တိုက်ခိုက်မှုများအတွက် ဝေဟင်မှ ဝေဟင်သို့ ဆီဖြည့်ခြင်းကို ပံ့ပိုးပေးခဲ့သည်။

ပေါက်ကြားမှုသည် နိုင်ငံခြားရေးမူဝါဒ ဆွေးနွေးမှုများတွင် ဗန့်စ်၏လွမ်းမိုးထားသည့် အသံနှင့်ပတ်သက်ပြီး ဥရောပတိုက်ကြီးအပေါ် စိုးရိမ်မှုများ တိုးလာစေမည်ဖြစ်သည်။ အဆိုပါမက်ဆေ့ချ်များသည် ဥရောပက တောင်းရမ်းနေကြသည်ဟု သူက ရှုမြင်နေသော်လည်း ဥရောပဖက်ကမူ ထောက်လှမ်းရေး မျှဝေမှု၊ စစ်ဘက်ဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို နှစ်ဖက်စလုံးသို့ စီးဆင်းစေမည့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော အစီအစဉ်အဖြစ် ရှုမြင်သည်။

သို့သော် ပေါက်ကြားမှုသည် အိမ်ဖြူတော်အတွက် အရှက်ရစေသော်လည်း ၎င်းဖော်ပြသည့် အယူဝါဒများသည် ၎င်း၏ အပြင်တွင် ပြောဆိုနေသော လေသံနှင့် ကိုက်ညီနေပါသည်။

အဆိုပါမက်ဆေ့ခ်ျများသည် “ ဥရောပကာကွယ်ရေးအတွက် နောက်ထပ် အမှန်တကယ် နိုးထမှု တစ်ခု ဖြစ်သည်” ဟု ဘယ်လ်ဂျီယံဝန်ကြီးချုပ်ဟောင်း ဂိုင်း ဗာဟော့ဖ် စတပ် (Guy Verhofstadt) က X တွင်ရေးသားခဲ့သည်။

May be an image of 4 people and the Oval Office

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း နီပေါ မြောက်ကိုရီးယား ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

တလ အမေရိကန်ဒေါ်လာ ၃၀၀၀နဲ့ ရုရှားနိုင်ငံမှာအလုပ်သွားလုပ်ကြမလား?

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 95 Views
၂၀၂၆ခုနှစ်၊ မေလ (၁)ရက် ရုရှားနိုင်ငံမှာအလုပ်သွားလုပ်ဖို့မြန်မာနိုင်ငံသားတွေ တသုတ်ပြီး တသုတ်စစ်အုပ်စုက စေလွှတ်နေတာနဲ့ ပတ်သက်လို့ စဥ်းစားမိတဲ့အချက်တချို့ကိုဖော်ပြလိုက်ပါတယ်၊ ရုရှားနဲ့ယူကရိန်းစစ်ဖြစ်နေတာ ၄နှစ်ကျော်၅နှစ်ထဲရှိလာတဲ့အတွက် စစ်မှုထမ်း
နိုင်ငံတကာသတင်း လက်ဘနွမ် ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံးကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁)ရက် လက်ဘနွန်တောင်ပိုင်းရှိ မြို့တစ်မြို့တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူနှစ်ဦး သေဆုံးပြီး ၁၀ ဦး
နိုင်ငံတကာသတင်း မြောက်ကိုရီးယား ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်သားများ၏ အသေခံတိုက်ခိုက်မှုကို ကင်မ်ဂျုံအန်း ချီးကျူး၊ ရုရှားစစ်ပွဲတွင် မြောက်ကိုရီးယား၏ အခန်းကဏ္ဍ ပိုမိုနက်ရှိုင်းလာမည့် အလားအလာရှိနေ

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 19 Views
CNN — ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက် ယူကရိန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေစဉ် ရန်သူ့လက်သို့ အဖမ်းမခံဘဲ သေခြင်းတရားကို ရွေးချယ်ခဲ့ကြသည့် စစ်သားများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် တိုက်ပွဲဝင်နေသော မြောက်ကိုရီးယားနှင့် ရုရှားစစ်သားများ၏ ကြေးရုပ်တုကြီးကို ကင်မ်ဂျုံအန်းက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

 ဖိအားများနှင့် ခြိမ်းခြောက်မှုများကြားတွင် ယခုနှစ် ရုရှား၏ စစ်ရေးပြအခမ်းအနားကို ပူတင် အကျဉ်းချုံ့ကျင်းပမည်

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 16 Views
CNN — ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက် ရုရှား-ယူကရိန်းစစ်ပွဲ။ မော်စကိုမြို့ ရင်ပြင်နီတွင် မေလ ၉ ရက်နေ့၌ ကျင်းပလေ့ရှိသည့် အောင်ပွဲနေ့ (Victory Day) စစ်ရေးပြအခမ်းအနားသည် ရုရှားသမ္မတ ဗလာဒီမာပူတင်
နိုင်ငံတကာသတင်း သီရီလင်္ကာ

လေဆိပ်တွင် ကန်နဗစ် (ဆေးခြောက်) ကီလို ၁၁၀ ကျော် သယ်ဆောင်လာသည်ဟု ယူဆရသော ဗုဒ္ဓဘာသာရဟန်း ၂၂ ပါးကို သီရိလင်္ကာတွင် ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆိုပါ တောင်အာရှ နိုင်ငံ၌ တရားမဝင်သော ကန်နဗစ် (ဆေးခြောက်) ကီလိုဂရမ် ၁၁၀ ကျော်
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ရေနံတွေဟာ ကောင်းကင်ကနေ တကယ်ကိုပဲ မိုးရွာသလို ကျနေတာပါ’ – ယူကရိန်း၏ ဒရုန်းဖြင့် ရေနံချက်စက်ရုံကို တိုက်ခိုက်မှုအပြီးတွင် ရုရှားမြို့ငယ်လေး၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 62 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ၁၂ ရက်အတွင်း တတိယအကြိမ်မြောက်အဖြစ် ရုရှားနိုင်ငံ ပင်လယ်နက်ကမ်းခြေမြို့ ဖြစ်သော တူအပ်ပ်ဆေ (Tuapse) မြို့သည် အင်္ဂါနေ့တွင် ကမ္ဘာပျက်မတတ် မြင်ကွင်း များဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “ သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “ သည်းခံမည် မဟုတ်” ဟု အီရန်အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာ ခါမေနီ၏ အကြီးတန်းစစ်ဘက် အကြံပေး