နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့တောင်အာရှ

ကနေဒါနိုင်ငံ ဗင်ကူးဗား (Vancouver) မြို့မှာ ကျင်းပတဲ့ ဖိလစ်ပီနိုပွဲတော်မှာ ကားနှင့် ဝင်တိုက်သတ်လို့ လူကိုးဦး သေဆုံး

ဧပြီလ (၂၇) ရက်။

ဗင်ကူးဗားမြို့တွင် စနေနေ့ညက ကျင်းပနေသည့် ဖိလစ်ပိုင်အမွေအနှစ် လမ်းဘေးပွဲတော်တစ်ခု၌ ယာဉ်မောင်းတစ်ဦးက ကားနှင့်တိုက်မှုကြောင့် လူကိုးဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါသည်။

ပွဲတော်လာတက်သူအချို့က သံသယရှိသူအား လိုက်လံဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့က အသက်၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးကို ထိန်းသိမ်းဖမ်းဆီးခဲ့သည်။

စနေနေ့တွင် အဆိုပါပွဲကို ဗြိတိသျှ ကိုလံဘီယာ (British Columbia) ၌ ဖိလစ်ပီနို အသိုင်းအဝိုင်းက နှစ်စဉ် စီစဉ်ကျင်းပသည့် လာပူလာပူ (Lapu Lapu) နေ့ အထိမ်းအမှတ်၊ စပိန်၏ ကိုလိုနီပြုခြင်းကို တွန်းလှန်ခဲ့သော ဒေသခံတိုင်းရင်းသားခေါင်းဆောင်ကို အမှတ်ရ အထိမ်းအမှတ်အဖြစ် စနေနေ့တွင် ကျင်းပသည့်ပွဲဖြစ်သည်။

နွေဦးနေရောင်ခြည်တွင် ဖိလစ်ပိုင်ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်သူများနှင့် အစားအစာထရပ်ကားများ လမ်းပေါ်တွင် စီတန်းနေကြသည်။ သို့သော် မိသားစုနှင့် ပျော်ရွှင်နေသည့် အခြေအနေသည် ထိတ်လန့်စရာဖြင့် ပြီးဆုံးသွားခဲ့ရသည်။ မျက်မြင် သက်သေတစ်ဦးက ၎င်းအား စစ်ပွဲဇုန်တစ်ခုကဲ့သို့ လမ်းပေါ်၌ လဲလျောင်းနေသော ရုပ်အလောင်းများကို မြင်တွေ့ခဲ့ရကြောင်း ဖော်ပြခဲ့သည်။

မည်သည့် အကြောင်းကြောင့် ဖြစ်ခဲ့သည်ဆိုသည်ကို အကြောင်းပြချက်မပေးသော်လည်း ရဲတပ်ဖွဲ့က ၎င်းတို့သည် အကြမ်းဖက်လုပ်ရပ် မဟုတ်ကြောင်း “ယုံကြည်မှု” ရှိသည်ဟု ပြောဆိုခဲ့သည်။ ကနေဒါတာဝန်ရှိသူများသည် အဆိုပါဖြစ်ရပ်တွင် စိတ်ကျန်းမာရေး ပြဿနာများ ဖြစ်နိုင်ချေ ရှိမရှိ စုံစမ်းစစ်ဆေးနေကြောင်း စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ ဥပဒေစိုးမိုးရေးသတင်းရင်းမြစ်တစ်ခုက CNN သို့ ပြောကြားခဲ့သည်။

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေး (Mark Carney) က တနင်္လာနေ့ ရွေးကောက်ပွဲ မတိုင်မီ ဖြစ်ပေါ်လာတဲ့ တိုက်ခိုက်မှုအတွက် အလွန်စိတ်မကောင်းဖြစ်မိကြောင်းနှင့် အာဏာပိုင်များက ကနေဒါနိုင်ငံသားများကို ခြိမ်းခြောက်မှု တစ်စုံတစ်ရာရှိသည်ဟု မယုံကြည်ကြောင်း တနင်္ဂနွေနေ့ မနက်ပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

ဗင်ကူးဗားရဲတပ်ဖွဲ့က ကားတိုက်မှုတွင် လူကိုးဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကာနေးမှ အတည်ပြုပြောကြားခဲ့သည်။

“မနေ့ညက မိသားစုတွေက အစ်မ၊ အစ်ကို၊ အမေ၊ ဖေဖေ၊ သားတို့ သမီးတို့ ဆုံးရှုံးသွားတယ်။ အဲဒီမိသားစုတွေက အိပ်မက်ဆိုးတွေနဲ့ ဆက်ပြီးရှင်သန်နေကြရ‌တော့မှာဖြစ်တယ်။”

အရှေ့ ၄၃လမ်း နှင့် ဖရေဇာလမ်း(Fraser Street) အနီးရှိ လာပူလာပူနေ့ ပွဲတော်သို့ အမျိုးသားတစ်ဦးသည် ဒေသစံတော်ချိန် ည ၈ နာရီအကြာတွင်ကားမောင်းလာစဥ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသက် ၃၀ နှစ်အရွယ် သံသယရှိသူကို အခင်းဖြစ်နေရာတွင်ပင် ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သံသယရှိသူနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က “အချို့သောအခြေအနေများကို သိထားကြောင်း” ဗန်ကူးဗားရဲတပ်ဖွဲ့ ယာယီအကြီးအကဲ စတီဗ့် ရိုင် (Steve Rai) က သတင်းထောက်များအား ပြောကြားခဲ့သည်။

ထိုသူတွင်ရာဇ၀တ်မှု မှတ်တမ်း ရှိ၊ မရှိ အပါအဝင် အသေးစိတ် အချက်အလက်များကို ၎င်းက ပြောကြားရန် ငြင်းဆိုခဲ့သည်။

သို့သော်လည်း သံသယရှိသူသည် သူ တစ်ဦးတည်း ကားမောင်းလာပြီး သူ့ကားတစ်စင်းသာ အခင်းဖြစ်ရာတွင်ရှိကြောင်း အတည်ပြုခဲ့သည်ဟု ရိုင်မှ ပြောကြားခဲ့သည်။

ဗန်ကူးဗားရဲဌာန၏ အဓိကမှုခင်းပုဒ်မမှ ဦးဆောင်ကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေပြီး ရဲတပ်ဖွဲ့ဝင်များက အဆိုပါဖြစ်ရပ်နှင့်ပတ်သက်သည့် အချက်အလက်များကို ဆက်သွယ်ပေးရန် ရဲတပ်ဖွဲ့ဝင်များကို တောင်းဆိုထားသည်။

လမ်းဘေးပွဲတော်ကို တက်ရောက်ခဲ့သည့် မျက်မြင်သက်သေများက ထိပ်လန့်ဖွယ် မြင်ကွင်းများကို ဖော်ပြခဲ့ကြပါသည်။

“ ဒါဟာ တစ်သက်မှာ တွေ့ဖို့ မမျှော်လင့်ထားတဲ့ အရာပဲ” ဟု တိုရွန်တိုအခြေစိုက် သတင်းထောက် Kris Pangilinan က ကနေဒါအများပြည်သူပိုင် ရုပ်သံဌာန CBC သို့ ပြောကြားခဲ့သည်။ “လူများ ရာနှင့်ချီရှိသည့်နေရာကို ယာဉ်မောင်းက သူ့ကားနှင့် ဝင်တိုက်ခဲ့သည်။ ထောင်ထားသည့်တိုင်များကို ဘောလုံးက ထိမှန်သလိုပင် ကားက လူတွေကို ဝင်တိုက်ရာ လူတွေ လေထဲပျံတက်သွားတာကို မြင်လိုက်ရသလိုပါပဲ” ဟုဆိုသည်။

၎င်းက ဆက်လက်၍ “စစ်ပွဲဇုန်တစ်ခုလိုပါပဲ၊ မြေပြင်မှာ အလောင်းတွေ ရှိနေတယ်” ဟု ၎င်းက ဆက်ပြောသည်။

အခင်းဖြစ်ပွားပြီးနောက်ပိုင်း CNN မှ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တွင် တစ်ဖက်တစ်ချက်စီတွင် အပျက်အစီးများ ပြန့်ကျဲနေသော သစ်ပင်တန်းလမ်းပေါ်တွင် အစားအသောက်ဆိုင်များ ရှိနေသည်ကို တွေ့ရသည်။ အရေးပေါ်ကယ်ဆယ်ရေးသမားများသည် ၎င်းတို့အား ဆေးဘက်ဆိုင်ရာအကူအညီများပေးရန် လုပ်ဆောင်နေချိန်တွင် လူအများအပြားကို မြေပြင်ပေါ်တွင် မြင်တွေ့နိုင်သည်။

အနက်ရောင် SUV တစ်စီးသည် လမ်းမအလယ်၌ ရပ်ထားပြီး ယာဉ်မောင်းဘက်မှ တံခါးဖွင့်ကာ မော်တော်ယာဉ်အား ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးနေကြောင်း တွေ့ရသည်။

အခင်းဖြစ်ပွားပြီးနောက် ရိုက်တာမှ ဓာတ်ပုံများတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ လူနာတင်ယာဉ်များနှင့် ရဲများကို မြင်တွေ့ရသည်။

Filipino BC ဟု ခေါ်သော လူမှုအသိုက်အဝန်းအဖွဲ့ ပွဲစီစဉ်သူများသည် အသက်ဆုံးရှုံးရသည့်ဖြစ်ရပ်အပြီး Instagram တွင် “ ဒီအသိတရားမဲ့အဖြစ်ဆိုးကြောင့် ဖြစ်ပေါ်လာတဲ့ နက်ရှိုင်းတဲ့ ဝမ်းနည်းကြေကွဲမှုကို ဖော်ပြဖို့ စကားလုံးတွေ ရှာနေတုန်းပါ။ မိသားစုတွေနဲ့ သေဆုံးသူတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။” ရေးသားခဲ့သည်။

ကနေဒါနိုင်ငံသစ် ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင် ဂျက်ဂမီ ဆင်း (Jagmeet Singh) သည် ပွဲတော်သို့ တက်ရောက်ခဲ့သော်လည်း အခင်းမဖြစ်ပွားမီ အချိန်အနည်းငယ်သာ ကျန်တော့သည်ဟု သိရသည်။ “ ကျွန်တော်အဲဒီမှာရှိခဲ့ပြီး ပြုံးပြုံးရွှင်ရွှင် ကခုန်နေတဲ့ ကလေးတွေရဲ့ မျက်နှာကို မြင်ယောင်ကြည့်မိတယ်” ဟု CTV News သို့ ပြောကြားခဲ့သည်။ “ ဒါက အရမ်းကြောက်စရာကောင်းတယ်၊ ဘာပြောရမှန်းတောင် မသိတော့ဘူး။”

ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက “ဆိုးရွားတဲ့ အဖြစ်အပျက်ကို ကြားသိရလို့ လုံး၀ ကြေကွဲခဲ့ရတယ်” ဟု ပြောခဲ့သည်။ “ သေဆုံးသူမိသားစုများနှင့် ကနေဒါရှိ အားကောင်းပြီး ဖွံ့ဖြိုးဆဲ ဖိလစ်ပိုင်အသိုက်အဝန်းကို အလေးအနက်ထား၍ စာနာမိပါသည်။”

သတင်းရင်းမြစ်။ CNN

The suspect vehicle is seen with the driver’s door open, as bodies of victims lie covered on the ground, after it drove into a crowd at a Lapu Lapu day block party, in which police say multiple people were killed and injured, in Vancouver, Canada April 27, 2025. REUTERS/Chris Helgren
An ambulance is parked at the site of the Lapu Lapu day block party, where a vehicle drove into a crowd killing several people in Vancouver, British Columbia, Canada April 26, 2025. REUTERS/Jennifer Gauthier
Police officers work at the scene, after a vehicle drove into a crowd at the Lapu Lapu day block party, in which police say multiple people were killed and injured, in Vancouver, Canada April 26, 2025.
REUTERS/Chris Helgren
Police officers work at the scene, as bodies of victims lie covered on the ground, after a vehicle drove into a crowd at the Lapu Lapu day block party, in which police say multiple people were killed and injured, in Vancouver, Canada April 27, 2025. REUTERS/Chris Helgren
The body of a victim lies covered on the ground, after a vehicle drove into a crowd at the Lapu Lapu day block party, in which police say multiple people were killed and injured, in Vancouver, Canada April 27, 2025. REUTERS/Chris Helgren

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 22 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 15 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 17 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 30 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို