နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအား တာဝေးပစ်ဒုံးကျည်များ ပစ်ခတ်မှုအပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းပေး

ရုရှား၏စံချိန်တင် လေကြောင်းတိုက်ခိုက်မှုအပြီးတွင် ဂျာမနီနှင့် အခြားမဟာမိတ်များက ယူကရိန်းအား တာဝေးပစ်ဒုံးကျည်များ ပစ်ခတ်မှုအပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းပေးလိုက်သည်။

မေလ (၂၇) ရက်။

ဂျာမနီနှင့် အခြားယူကရိန်းမဟာမိတ်များသည် ယူကရိန်းနိုင်ငံအတွင်းသို့ ရုရှားက ကိ့ဗ်မြို့တော်နှင့် အခြားဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ကြီးမားစွာ ပြုလုပ်ခဲ့ပြီးနောက် ရုရှားနိုင်ငံတွင်းသို့ တာဝေးပစ်ဒုံးကျည်များ ပစ်လွှတ်ခြင်းအပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းလိုက်ကြောင်း ဂျာမနီအဓိပတိက တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

၎င်းသည် ရုရှားနိုင်ငံအတွင်းသို့ တိုက်ခိုက်မှုတွင် အနောက်နိုင်ငံမှ ပံ့ပိုးပေးသော လက်နက်များကို အသုံးပြုရန် ယူကရိန်း၏ တောင်းဆိုမှုကို ကြီးမားစွာငြင်းဆန်ခဲ့သည့် အဓိကမဟာမိတ်များ၏ စဥ်းစားမှုတွင် သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခု ဖြစ်သည်။

“ယူကရိန်းကို ပေးထားတဲ့လက်နက်တွေအပေါ်မှာ ချထားတဲ့ ကန့်သတ်ချက်တွေ မရှိတော့ပါဘူး” ဟု ဂျာမနီ အဓိပတိ ဖက်ဒရစ်ချ်မာ့ဇ် (Friedrich Merz) က တနင်္လာနေ့က ဘာလင်တွင် ပြုလုပ်သော ဥရောပဖိုရမ်တွင် ပြောကြားခဲ့သည်။ “ ဗြိတိသျှ၊ ပြင်သစ်၊ ငါတို့ဂျာမဏီနဲ့ အမေရိကန်များမှလည်း ကန့်သတ်ချက်တွေ လုပ်တော့မှာမဟုတ်” လို့ ပြောလိုက်ပါသည်။

“ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် ယူကရိန်းသည် ယခုအခါမှာ ရုရှားရှိ စစ်ဘက်ဆိုင်ရာ နေရာများကို တိုက်ခိုက်ခြင်းဖြင့် မိမိကိုယ်ကို ခုခံကာကွယ်နိုင်ပြီဖြစ်သည်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

သီတင်းပတ်ကုန်က ယူကရိန်းအပေါ် စံချိန်တင် ဒရုန်း၊ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကြောင့် ယခုလို ကြေညာချက် ထွက်လာခြင်းဖြစ်သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်ခံရန် နိုင်ငံတကာဖိအားများနှင့် ရင်ဆိုင်နေရပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အပါအဝင် တိုးတက်မှုနှေးကွေးမှုကြောင့် နိုင်ငံအများက စိတ်ပျက်လာနေသည့်အသွင် ဖြစ်သည်။

မာ့ဇ်ကို လွန်ခဲ့သည့် ရက်သတ္တပတ်များစွာက အဓိပတိအဖြစ် ခန့်အပ်ခြင်းခံရပြီး ၎င်း၏ကြေညာချက်သည် ကန့်သတ်ချက်များကို ရုတ်သိမ်းရန် ယူကရိန်း၏ တောင်းဆိုချက်များကို အကြိမ်ကြိမ် ပယ်ချခဲ့သည့် ၎င်း၏ ယခင်ဂျာမန်အဓိပတိ အိုလာဖ်စလော့ဇ် (Olaf Scholz) နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။

သို့သော် စလော့ဇ် အာဏာရစအချိန်က ထောက်ပံ့ပေးခဲ့သည့် ဂျာမနီသည် ယူကရိန်းအား ၎င်း၏ အားကောင်းသော တာဝေးပစ် တောရပ်စ် (Taurus ) ဒုံးကျည်များ ထောက်ပံ့ပေးမည်လား ဆိုသည်ကိုမူ မာ့ဇ်က မပြောခဲ့ပေ။

ရုရှားနိုင်ငံအတွင်း အမေရိကန်က ထောက်ပံ့ပေးထားသော တာဝေးပစ် တာဝေးပစ် ဒုံးကျည်စနစ်များ သို့မဟုတ် ATACMS ကို အသုံးပြုရန် အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်က ပြီးခဲ့သည့် နိုဝင်ဘာလတွင် ၎င်း၏ ကန့်သတ်ချက်များကို ရုတ်သိမ်းခဲ့သည်။

သို့ပေမယ့်လည်း ထိုပေးအပ်မှုသည် အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး လနဲ့ချီကြာအောင် ဆွေးနွေးခဲ့ရသည်။ စစ်ပွဲပထမနှစ်နှစ်အတွင်း ယူကရိန်းကို ATACMS ထောက်ပံ့ဖို့ အမေရိကန်က ငြင်းဆန်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဧပြီလတွင် ပထမဆုံးအကြိမ် ပဲ့ထိန်းဒုံးကျည်တွေ ပေးပို့ရန် ခွင့်ပြုပေးခဲ့ပါသည်။ အမေရိကန်အရာရှိအချို့က စစ်ပွဲအရှိန် တိုးလာမှာကို စိုးရိမ်နေကြပြီး အချို့က ပင်တဂွန်တွင်လက်နက်သိုလှောင်ထားမှု လျော့နည်းလာမှာကို စိုးရိမ်ခဲ့ကြပါသည်။

တာဝေးပစ်လက်နက်များအပေါ် ကန့်သတ်ချက်များ ရုတ်သိမ်းပါက နေတိုးနှင့် စစ်ဖြစ်မည်ဟု ရုရှားက ပွင့်ပွင့်လင်းလင်း ခြိမ်းခြောက်ထားသည်။ မော်စကိုက နျူကလီးယားလက်နက် ပံ့ပိုးပေးသည့် မည်သည့်တိုက်ခိုက်မှုကိုမဆို ပူးတွဲတိုက်ခိုက်မှုအဖြစ် အနောက်နိုင်ငံများကို သတိပေးထားပြီး ရုရှားသည် သမားရိုးကျ ဒုံးကျည်များဖြင့် ထိမှန်ခံရပါက နျူကလီးယားလက်နက်များကို အသုံးပြုနိုင်ကြောင်း ရုရှားသမ္မတပူတင်က သတိပေးထားသည်။

ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ် က မာ့ဇ်၏ကြေညာချက်ကို တနင်္လာနေ့တွင် ပြစ်တင်ရှုတ်ချခဲ့ပြီး ကန့်သတ်ချက်များကို ရုတ်သိမ်းခြင်းသည် “အန္တရာယ်များ” ကြောင်း ပြောကြားခဲ့သည်ဟု ရုရှားနိုင်ငံပိုင် သတင်းအေဂျင်စီ TASS အရ သိရသည်။

“အဲဒီလို ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့မယ်ဆိုရင် နိုင်ငံရေး ပြေလည်မှု ရရှိဖို့ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်နဲ့ ဖြေရှင်းမှု မူဘောင်အတွင်းက ကြိုးပမ်းမှုတွေကို လုံးဝဆန့်ကျင်သွားမှာ ဖြစ်ပါတယ်” ဟု TASS ၏ အဆိုအရ သိရသည်။

ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီး သည် ဗုဒ္ဓဟူးနေ့တွင် ဘာလင်သို့ လာရောက် လည်ပတ်ရန် မျှော်လင့်ထားကြောင်း သတင်းရင်းမြစ်များစွာကို ကိုးကား၍ ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းက ကလေးငယ်များ အပါအဝင် လူပေါင်း နှစ်ဒါဇင်ကျော်ကို သီတင်းပတ်အတွင်း ရုရှား၏ တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည့်အတွက် ယူကရိန်းက အနောက်နိုင်ငံမဟာမိတ်များအား စစ်ပွဲအဆုံးသတ်ရန်အတွက် မော်စကိုကို ဆက်လက်ဖိအားပေးရန် တောင်းဆိုခဲ့သည်။

“ရုရှားခေါင်းဆောင်ပိုင်းအပေါ် အမှန်တကယ် ပြင်းထန်တဲ့ ဖိအားမရှိရင် ဒီရက်စက် ကြမ်းကြုတ်မှုကို ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး” ဟု ဇလန်းစကီးက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

တနင်္လာနေ့တွင် ထရန့် သည် ရုရှားခေါင်းဆောင်သည် “ လုံးဝရူးသွပ်သွားပါပြီ” ဟု ပူတင်အား စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပြီး ဇလန်းစကီ ၏ ပြောဆိုချက်များကိုလည်း “ ပြဿနာများ” ကို ဖြစ်စေသည်ဟု ဝေဖန်ပြောဆိုခဲ့သည်။

အထက်လွှတ်တော်အမတ် ချပ်ခ်ဂရပ်စ်လေ (Chuck Grassley)၊ လင်းဆေးဂရေဟမ် (Lindsey Graham)၊ အမတ် ဘရိုင်ယန်ဖစ်ဇ်ပက်ထရစ် (Res. Brian Fitzpatrick) နှင့် ဒွန်ဘေကွန် (Don Bacon) အပါအဝင် လွှတ်တော်အမတ်အများအပြားနှင့်အတူ ထရန့် ၏ ရီပတ်ဘလီကန်အခြေစိုက်စခန်းအတွင်းမှ ဖိအားများ မြင့်တက်လာနေကာ ရုရှားအပေါ် တင်းကြပ်သောပိတ်ဆို့မှုများ ချမှတ်ရန် သမ္မတကို တိုက်တွန်းထားသည်။

“ ဒါဟာ ရိုးသားမှုအတွက် အချိန်ပါပဲ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက ပူတင်အပေါ် လုံးဝသက်ရောက်မှု မရှိပါဘူး” ဟု ဘေကွန်က X တွင် ရေးသားခဲ့သည်။ “ အမေရိကန်နှင့် မဟာမိတ်များသည် ယူကရိန်းကို ပြန်ကိုက်နိုင်သည့်သွားများ တပ်ဆင်ပေးရမည်” ဟု ရေးသားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း သီရီလင်္ကာ

လေဆိပ်တွင် ကန်နဗစ် (ဆေးခြောက်) ကီလို ၁၁၀ ကျော် သယ်ဆောင်လာသည်ဟု ယူဆရသော ဗုဒ္ဓဘာသာရဟန်း ၂၂ ပါးကို သီရိလင်္ကာတွင် ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆိုပါ
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ရေနံတွေဟာ ကောင်းကင်ကနေ တကယ်ကိုပဲ မိုးရွာသလို ကျနေတာပါ’ – ယူကရိန်း၏ ဒရုန်းဖြင့် ရေနံချက်စက်ရုံကို တိုက်ခိုက်မှုအပြီးတွင် ရုရှားမြို့ငယ်လေး၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 49 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ၁၂ ရက်အတွင်း တတိယအကြိမ်မြောက်အဖြစ် ရုရှားနိုင်ငံ ပင်လယ်နက်ကမ်းခြေမြို့ ဖြစ်သော တူအပ်ပ်ဆေ (Tuapse) မြို့သည် အင်္ဂါနေ့တွင် ကမ္ဘာပျက်မတတ် မြင်ကွင်း များဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “ သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “ သည်းခံမည် မဟုတ်” ဟု အီရန်အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာ ခါမေနီ၏ အကြီးတန်းစစ်ဘက် အကြံပေး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက် သောကြာနေ့တွင် ထွက်ပေါ်လာနိုင်၊ ထရမ့်၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ညှိနှိုင်းဖျန်ဖြေရေးလုပ်ငန်းစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံရယူရန် စောင့်ဆိုင်းနေပြီး ထိုအဆိုပြုချက်သည် သောကြာနေ့ တွင် ထွက်ပေါ်လာနိုင်သဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

အီရန်ဆိပ်ကမ်းများကို ထပ်မံပိတ်ဆို့ထားရန် ထရမ့်က စဉ်းစားနေစဉ် စစ်ပွဲကာလအတွင်း ရေနံစျေးနှုန်းများ အမြင့်ဆုံးသို့ ထိုးတက်သွား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ရေနံစျေးနှုန်းများ ထိုးတက်ခြင်း: အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆိပ်ကမ်း များကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက်အလက်များ ပြင်ဆင်နေစဉ်၊ ကမ္ဘာ့စံနှုန်း ဖြစ်သော ဘရန့် (Brent)
နိုင်ငံတကာသတင်း အမေရိကန်

အီရန်စစ်ပွဲအတွက် ပင်တဂွန်၏ ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၂၅ ဘီလီယံမှာ နည်းပါးနေပြီး အမေရိကန်အခြေစိုက်စခန်းများ ပြန်လည်တည်ဆောက်ရေးစရိတ် မပါဝင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၃၀ရက် အီရန်စစ်ပွဲအတွက် ယနေ့အထိ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၂၅ ဘီလီယံရှိကြောင်း ပင်တဂွန်အဆင့်မြင့်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်အမတ်များအား ပြောကြားခဲ့သည့် ကိန်းဂဏန်းမှာ အမှန်တကယ်ထက် လျှော့တွက်ထားခြင်းဖြစ်ပြီး၊ ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများ၏ ဆိုးရွားသောပျက်စီးမှုများအတွက်
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 39 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည့် အမေရိကန်အရာရှိများ၏ စီစဉ်ထားသော ခရီးစဉ်ကို ဒေါ်နယ်ထရမ့်က