နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပဲခူးရိုးမအစပ်ရှိ စစ်ကောင်စီအထိုင်စခန်း တိုက်ခိုက်ခံရပြီး စခန်းစွန့်ခွာထွက်ပြေး

မေလ (၂၇)ရက်။

မနေ့က နံနက် (၆)နာရီခန့်မှာ အုတ်ဖိုအပိုင် ပဲခူးရိုးမအစပ်ရှိ ထန်းပင်ကုန်းရွာ ဗိုလ်ရုံစုမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ထန်းပင်ကုန်းရွာ ဗိုလ်ရုံစုမှာ  အင်အား (၃၀)ကျော်နဲ့ အထိုင်ချတပ်စွဲထားတဲ့ စကစစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီတိုက်ပွဲမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်တာ (၃)နာရီခွဲလောက်ကြာတယ်”လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်တာထဲ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်တာ (၃)နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး နံနက် (၉)နာရီခွဲအချိန် စစ်ကောင်စီရဲ့ ခမရ(၆) တိမ်မြုပ်တပ်စခန်းကနေ စခန်းလက်မလွှတ်ရဖို့ လက်နက်ကြီးပစ်ကူပေးခဲ့တာကြောင့် အနည်းငယ်ဆုတ်ခွာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီနောက် ညနေ (၅)နာရီခန့်အချိန်မှာ စစ်ကောင်စီစခန်းကို ထပ်မံတိုက်ခိုက်ခဲ့ရာ (၁)နာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က အထိနာကာ ‌သေဆုံးသွားတဲ့ အလောင်း(၈)လောင်းကို သယ်ယူပြီး စခန်းစွန့် ထွက်ပြေးခဲ့ကြတယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီဘက်က စခန်းစွန့်ခွာခဲ့ပြီးနောက် တော်လှန်ရေးရဲဘော်တွေက နယ်မြေရှင်းလင်းခဲ့ရာ ၆၀မမ (၁၂)လုံး၊ လက်ပစ်သီး (၅)လုံး၊ ၅.၅၆ကျည် (၃၀၀)တောင့်၊ အီနာဂါပို့ကျည် (၅)တောင့်၊ တူမီး (၁)လက်၊ ဆန် (၂)အိတ်၊ စားဆီ (၁)ပုံး၊ ဖိနပ် (၂)ရံ၊ အီကွေ့မန့် (၃)ခု၊ ဘောင်းဘီ (၂)ထည်နဲ့ ဦးထုပ် (၃)လုံး  သိမ်းဆည်းရရှိခဲ့ကာ စခန်းကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 25 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 37 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ
မြန်မာသတင်း

မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြားအဆိုပါ ဝင်းများအတွင်း ပိတ်မိနေသူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရာဇီးနိုင်ငံသားများ ပါဝင်သည်။

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 30 Views
အယ်လ်ဂျာဇီးယား – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် လွန်ခဲ့သည့်နှစ်က ဒေသတွင်း၌ နိုင်ငံစုံပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 23 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို