နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာမှာ တိုက်ခိုက်နေတဲ့ အစ္စရေးရဲ့ “နည်းဗျူဟာအရ ခေတ္တရပ်တံ့ခြင်း” က ဘာကို ဆိုလိုသလဲ။

CNN- ၂၀၂၅ခုနှစ်၊ ဇွန်လ ၂၇ရက်

ကျွန်ုပ်တို့ သတင်းပို့နေသည့်အတိုင်း၊ အစ္စရေးသည် ဂါဇာရှိ နယ်မြေသုံးခုတွင် ယနေ့မှစတင်၍ စစ်ရေးလှုပ်ရှားမှုကို ၁၀ နာရီကြာ ရပ်နားထားရန် ကြေညာထားသည်။

သို့သော် “နည်းဗျူဟာအရ ခေတ္တရပ်တံ့ခြင်း” ဆိုတာ မည့်သည့်သဘောနည်း-၊ ပါလက်စတိုင်း တို့ နယ်မြေအတွင်း ကြီးထွားလာနေသော ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းကို ရင်ဆိုင် နေရသော ပါလက်စတိုင်းတို့အား မည်မျှသက်သာရာရစေမည်နည်း။

ယခုဘာတွေဖြစ်ပျက်နေသလဲ- အစ္စရေးကမူ နည်းဗျူဟာဆိုင်ရာ ခေတ္တရပ်နားမှုသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်များအတွက် လုပ်ဆောင်နေပြီး ဝိုင်းရံထားသော နယ်မြေအချို့တွင် ကန့်သတ်ထားသည်။

တိုက်ပွဲများ ခေတ္တရပ်နားထားမှုသည် အယ်မာဝါဆီ (Al-Mawasi)၊ ဒီရာအယ် ဘာလာ(Deir al-Balah) နှင့် ဂါဇာစီးတီ(Gaza City )နေရာ တစ်စိတ်တစ်ပိုင်းကို သတ်မှတ် လွှမ်းခြုံထားသည့် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီ (၃ နာရီ) တွင် စတင်ခဲ့ပြီး ည ၈ နာရီအထိ ကြာမြင့်မည်ဖြစ်သည်။ နောက်ထပ် ခေတ္တရပ်နားထားမှုများကို “နောက်ထပ်သတိပေးချက်မချမချင်း နေ့တိုင်း ဆက်လက်လုပ်ဆောင်မည်” ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ထောက်ပံ့ကူညီပို့ဆောင်မှုအတွက် သတ်မှတ်ထားသော “လုံခြုံသောလမ်းကြောင်းများ” ကိုလည်း ဒေသစံတော်ချိန် နံနက် ၆ နာရီမှ ည ၁၁ နာရီအထိ ပြုလုပ်မည်ဖြစ်သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က နည်းဗျူဟာဆိုင်ရာတိုက်ပွဲများ ခေတ္တရပ်နားမှု ကိုယခင်ကလည်းပြုလုပ်ခဲ့ဘူးသည်။ ဥပမာအားဖြင့်၊ ဂါဇာတောင်ပိုင်းတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးပို့ရန်အတွက် နည်းဗျူဟာဆိုင်ရာတိုက်ပွဲများ ခေတ္တရပ်နားမှု ကိုနေ့စဉ် ၁၁ နာရီကြာ ဂါဇာကမ်းမြောင်ဒေသရှိ လမ်းတစ်ခုအား ၂၀၂၄ ခုနှစ် ဇွန်လတွင် ယခင်က ကြေညာခဲ့ဘူးသည်။

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒယ်နီရယ် ဟာဂါရီက “ခေတ္တရပ်” ခြင်းသည် ဂါဇာတွင် တိုက်ပွဲများ ရပ်တန့်သွားခြင်းဟု မဆိုလိုကြောင်း အဆိုပါအချိန်တွင် ရှင်းလင်းပြောကြားခဲ့ပြီး ငါတို့ဒီလုံခြုံစွာ စားနပ်ရိက္ခာ ထောက်ပံ့ရေးပေးပို့နိုင်မှုအတွက် လမ်းကြောင်းကို ဖန်တီးပြီးသတ်မှတ်ချိန်များမှာ ပေးပို့သွားမှာဖြစ်ပြီး ထောက်ပံ့မှုများ ရရှိနိုင်ဖို့ ကြိမ်းသေစေမှာဖြစ်တယ်” ဟုဆိုခဲ့သည်။

.

IDF သည် ယခင်က ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများပေးပို့မှုအတွက် ဘေးကင်းသော အခြားလမ်းကြောင်းများကို သတ်မှတ်ဖန်တီးပေးခဲ့ပြီးထိုလမ်းကြောင်းသည် ထောက်ပံ့ရေးပစ္စည်းများသယ်ယူလာသည့်ထရပ်ကားများကိုတနေရာတွင်ရှေ့မတိုးနိုင်ဘဲရပ်တန့်သွားစေခဲ့သည့်အတွက် ယခု ခေတ္တရပ်နားခြင်းများသည် မည်မျှထိရောက်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက