နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာတွင် ငတ်မွတ်မှုကြောင့် အာဟာရချို့တဲ့သည့် ၅ လသား ကလေးငယ်သည် မိခင်၏လက်ထဲတွင် သေဆုံး

ဇူလိုင်လ (၂၇) ရက်။

ပါလက်စတိုင်းထိန်းချုပ်ရာ ဂါဇာကမ်းမြောင်ဒေသတွင် အာဟာရချို့တဲ့မှုပြင်းထန်စွာခံစားရသည့် အသက် ၅ လအရွယ် ကလေးမလေးတစ်ဦးသည် ၂၅ ရက်မြောက်နေ့တွင် မိခင်၏လက်မောင်းထဲတွင် သေဆုံးသွားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် ဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို နိုင်ငံတကာမှ ရှုတ်ချမှုများ ကြီးထွားလာနေစဉ်တွင် သူမသည် ဂါဇာတွင် ငတ်မွတ်မှု၏ သားကောင် ဖြစ်ခဲ့ရသည်။

ကလေးက Zeinab Abu Halib ဖြစ်ပြီး ဂါဇာတောင်ပိုင်းရှိ ဆေးရုံသို့ မိခင်ဖြစ်သူက ခေါ်ဆောင်ရန် ကြိုးစားစဉ်တွင် သေဆုံးသွားခဲ့သည်။

သူမ၏ မိခင် အစ်စရာ အာဘူး ဟာလစ် (Isra Abu Halib) က “ Zeinab ဟာ လွန်ခဲ့တဲ့ သုံးလလုံးလုံး ဆေးရုံကို တက်လိုက်ဆင်းလိုက် လုပ်ခဲ့ရတယ်” ဟု ၂၆ ရက်နေ့မှာ CNN သို့ ပြောကြားခဲ့သည်။

“ လမ်းပန်းဆက်သွယ်ရေးမရှိလို့ မိနစ် ၃၀ ကျော်လောက် လမ်းလျှောက်ရတယ်။ ဖုန်ထူတဲ့လမ်းက ရှည်တယ်၊ ပူလည်း အရမ်းပူတယ်၊ ကျမလည်း ဗိုက်ဆာတယ်၊ သောက်စရာရေလည်းမရှိဘူး၊ ဒါပေမယ့် ဆက်လျှောက်သွားတယ်” ဟု Abu Harib က ပြောသည်။ “ ရုတ်တရက် Zeinab လှုပ်ရှားပြီး အသက်ရှုရပ်သွားတော့ သူ့ခန္ဓာကိုယ် လေးလံလာသလို ခံစားရတယ်။”

Abu Halib က “ ကျွန်မ ဘာပြောရမှန်းမသိတော့ဘူး။ Zeinab လိုမျိုး အပြစ်မဲ့ကလေးငယ်တွေ ဘယ်လောက်ထိ ငတ်ပြီးသေတော့မှ ကမ္ဘာကြီးက နိုးလာမှာလား” ဟု ပြောခဲ့သည်။

ဂါဇာကျန်းမာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ ဒေါက်တာ Munir Bursh က Zeinab သည် ပြင်းထန်သော အာဟာရချို့တဲ့မှုကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။ “သူမဟာ အရေခွံနဲ့ အရိုးမျှသာ ကျန်တော့တဲ့အထိ အလွန်ကို အားနည်းခဲ့ပါတယ်။ ဂါဇာမှာ အသက်ငါးနှစ်အောက် ကလေး ၂၆၀,၀၀၀ ကျော်ဟာ အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေကြရပါတယ်” ဟု ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ်မှ စတင်ကာ အာဟာရချို့တဲ့မှုကြောင့် လူ ၁၂၂ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းတို့အနက် ၈၃ ဦးမှာ ကလေးငယ်များဖြစ်သည်။

မတ်လအစောပိုင်းက ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများ ပေးအပ်ခြင်းကို အစ္စရေးက ပိတ်ဆို့ခဲ့ပြီးနောက် သေဆုံးမှုအများစုမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကန့်သတ်ချက်များကို မေလနှောင်းပိုင်းတွင် တစ်စိတ်တစ်ပိုင်း ရုပ်သိမ်းခဲ့သော်လည်း အကူအညီပေးရေးအဖွဲ့များက ဂါဇာကမ်းမြောင်သို့ ရောက်ရှိလာသည့် အကူအညီပမာဏမှာ မလုံလောက်သေးကြောင်းနှင့် အာဟာရချို့တဲ့မှုသည် ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ကြောင်း အကူအညီပေးရေးအဖွဲ့များက ပြောကြားခဲ့သည်။

CNN ဂျပန်သတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 27 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ
နိုင်ငံတကာသတင်း အမေရိကန်

‘ကျွန်ုပ်တို့ ဂရင်းလန်းကို လိုအပ်တယ်’ – ဒိန်းမတ်ပိုင်နက်ကို သိမ်းယူရန် ထရန့်က ထပ်မံခြိမ်းခြောက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 37 Views
BBC- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၅ရက် ဒိန်းမတ်ခေါင်းဆောင်က အဆိုပါကျွန်းနှင့်ပတ်သက်၍ “ ခြိမ်းခြောက်မှုများ ရပ်တန့်ရန်” တိုက်တွန်းခဲ့ပြီးနောက်၊ ဒေါ်နယ်ထရန့်က ဂရင်းလန်း (Greenland) ကို သိမ်းယူရန် အဆိုပြုချက်ကို ထပ်မံပြောကြားခဲ့သည်။ အမေရိကန်သမ္မတက သတင်းထောက်များကို ပြောကြားရာတွင် “
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားသမတကိုအမေရိကန်ဖမ်းဆီးမှုနှင့်ပတ်သက်သည့် ဆီနေတာ ဘားနီးဆန်းဒါးစ်၏ မိန့်ခွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 42 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက် ဒေါ်နယ်ထရန့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် သူရဲ့ မလေးစားမှုကို နောက်တစ်ကြိမ် ထပ်မံပြသလိုက်ပြန်ပါပြီ။ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတာကတော့ – အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတတယောက်အနေနဲ့ မာဒူရို (Maduro) လို