နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာတွင် ငတ်မွတ်မှုကြောင့် အာဟာရချို့တဲ့သည့် ၅ လသား ကလေးငယ်သည် မိခင်၏လက်ထဲတွင် သေဆုံး

ဇူလိုင်လ (၂၇) ရက်။

ပါလက်စတိုင်းထိန်းချုပ်ရာ ဂါဇာကမ်းမြောင်ဒေသတွင် အာဟာရချို့တဲ့မှုပြင်းထန်စွာခံစားရသည့် အသက် ၅ လအရွယ် ကလေးမလေးတစ်ဦးသည် ၂၅ ရက်မြောက်နေ့တွင် မိခင်၏လက်မောင်းထဲတွင် သေဆုံးသွားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် ဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို နိုင်ငံတကာမှ ရှုတ်ချမှုများ ကြီးထွားလာနေစဉ်တွင် သူမသည် ဂါဇာတွင် ငတ်မွတ်မှု၏ သားကောင် ဖြစ်ခဲ့ရသည်။

ကလေးက Zeinab Abu Halib ဖြစ်ပြီး ဂါဇာတောင်ပိုင်းရှိ ဆေးရုံသို့ မိခင်ဖြစ်သူက ခေါ်ဆောင်ရန် ကြိုးစားစဉ်တွင် သေဆုံးသွားခဲ့သည်။

သူမ၏ မိခင် အစ်စရာ အာဘူး ဟာလစ် (Isra Abu Halib) က “ Zeinab ဟာ လွန်ခဲ့တဲ့ သုံးလလုံးလုံး ဆေးရုံကို တက်လိုက်ဆင်းလိုက် လုပ်ခဲ့ရတယ်” ဟု ၂၆ ရက်နေ့မှာ CNN သို့ ပြောကြားခဲ့သည်။

“ လမ်းပန်းဆက်သွယ်ရေးမရှိလို့ မိနစ် ၃၀ ကျော်လောက် လမ်းလျှောက်ရတယ်။ ဖုန်ထူတဲ့လမ်းက ရှည်တယ်၊ ပူလည်း အရမ်းပူတယ်၊ ကျမလည်း ဗိုက်ဆာတယ်၊ သောက်စရာရေလည်းမရှိဘူး၊ ဒါပေမယ့် ဆက်လျှောက်သွားတယ်” ဟု Abu Harib က ပြောသည်။ “ ရုတ်တရက် Zeinab လှုပ်ရှားပြီး အသက်ရှုရပ်သွားတော့ သူ့ခန္ဓာကိုယ် လေးလံလာသလို ခံစားရတယ်။”

Abu Halib က “ ကျွန်မ ဘာပြောရမှန်းမသိတော့ဘူး။ Zeinab လိုမျိုး အပြစ်မဲ့ကလေးငယ်တွေ ဘယ်လောက်ထိ ငတ်ပြီးသေတော့မှ ကမ္ဘာကြီးက နိုးလာမှာလား” ဟု ပြောခဲ့သည်။

ဂါဇာကျန်းမာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ ဒေါက်တာ Munir Bursh က Zeinab သည် ပြင်းထန်သော အာဟာရချို့တဲ့မှုကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။ “သူမဟာ အရေခွံနဲ့ အရိုးမျှသာ ကျန်တော့တဲ့အထိ အလွန်ကို အားနည်းခဲ့ပါတယ်။ ဂါဇာမှာ အသက်ငါးနှစ်အောက် ကလေး ၂၆၀,၀၀၀ ကျော်ဟာ အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေကြရပါတယ်” ဟု ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ်မှ စတင်ကာ အာဟာရချို့တဲ့မှုကြောင့် လူ ၁၂၂ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းတို့အနက် ၈၃ ဦးမှာ ကလေးငယ်များဖြစ်သည်။

မတ်လအစောပိုင်းက ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများ ပေးအပ်ခြင်းကို အစ္စရေးက ပိတ်ဆို့ခဲ့ပြီးနောက် သေဆုံးမှုအများစုမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကန့်သတ်ချက်များကို မေလနှောင်းပိုင်းတွင် တစ်စိတ်တစ်ပိုင်း ရုပ်သိမ်းခဲ့သော်လည်း အကူအညီပေးရေးအဖွဲ့များက ဂါဇာကမ်းမြောင်သို့ ရောက်ရှိလာသည့် အကူအညီပမာဏမှာ မလုံလောက်သေးကြောင်းနှင့် အာဟာရချို့တဲ့မှုသည် ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ကြောင်း အကူအညီပေးရေးအဖွဲ့များက ပြောကြားခဲ့သည်။

CNN ဂျပန်သတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 28 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ