နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းသမတဗလိုဒီမာဇလန်းစကီးကုလသမဂ္ဂအထွေထွေညီလာခံတွင်ပြောကြားသည့်မိန့်ခွန်းကောက်နှုတ်ချက်။

၂၀၂၅ခုနှစ်၊စက်တင်ဘာလ ၂၆ရက်

“ခေါင်းဆောင်များ၊ တို့မိတ်ဆွေများခင်ဗျား၊ ထို့အပြင် ကျွန်တော်တို့လိုအပ်သကဲ့သို့ အခွင့်အရေး၊ လုံခြုံမှု၊ ငြိမ်းချမ်းရေးကိုလိုချင်တဲ့အတွက် မိတ်ဆွေဖြစ်နိုင်သူအားလုံးကို နှုတ်ခွန်းဆက်ပါတယ်။”

“ယနေ့ကာလတွင် ကျွန်တော်တို့ကိုယ်တိုင်အပြင်ကျွန်တော်တို့ရဲ့အင်အားကြီးတဲ့မဟာမိတ်များ မှလွဲ၍ တစ်ဦးတစ်ယောက်ကမှ ကျွန်တော်တို့ လုံခြုံရေးကို အာမခံချက်ပေးနိုင်မည်မဟုတ်ပါ။

အာမခံပေးနိုင်မည့်အရာများမှာ — အားကြီးသောမဟာမိတ်၊ အားကြီးသောမိတ်ဖက်များ၊ နှင့် ကိုယ့်ကိုယ်ပိုင်အရေးအကြီးဆုံးလက်နက်များသာ ဖြစ်ပါ။”

“၂၁ ရာစုသည် အတိတ်နှင့် များစွာမကွာခြားလှပါ။ နိုင်ငံတခုသည် ငြိမ်းချမ်းရေးကို လိုချင်ပါက ထိုနိုင်ငံသည် မိမိလိုချင်သောလက်နက်များကို ရရှိအောင်ရှာဖွေလုပ်ဆောင်ရန် မလွှဲမသွေ လိုအပ်ပါသည်။ ၎င်းသည် တကယ်ရှိနေသောအမှန်တရားဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ ဥပဒေမဟုတ်ပါ၊ လက်နက်များကသာ မည်သူက ရှင်သန်နိုင်မည်ကို အဆုံးအဖြတ် ပေးပါတယ်။

ခေါင်းဆောင်များခင်ဗျား သင်တို့အနေနဲ့နိုင်ငံတကာ ဥပဒေဆိုတာ သင်တို့ဆီမှာ အင်အားကြီးတဲ့ မိတ်ဆွေများရှိပြီးသူတိုကသင့်ဖက်မှ ရပ်တည်ပေးမှုမရှိရင် အပြည့်အဝ အလုပ်မဖြစ်ဘူးဆိုတာ ခင်‌ဗျားတို့ကောင်းစွာနားလည် သဘောပေါက်ကြပါတယ်၊ ထို့ပြင်သူတို့ကရပ်တည်ပေးတာတောင်လက်နက်မရှိရင်အလုပ်မဖြစ်ပါဘူး။ ဒီအချက်ဟာ အတော်ဆိုးပါတယ်လက်နက်မရှိရင် အခြေအနေဟာ ဒီထက်ပိုမိုဆိုးဝါး သွားမှာဖြစ်ပါတယ်။”

ခေတ်မျက်လုံးအယ်ဒီတာမှတ်ချက်။ ယူကရိန်းသမတဇလန်းစကီးကပြောစကားဟာမြန်မာ့တော်လှန်ရေးအတွက် အလွန်မှန် ပါတယ် တော်လှန်ရေးမှာ လက်နက်မရှိရင် အလုပ်မဖြစ်ပါဘူး နောက်အင်အားကြီးတဲ့ မဟာမိတ်တွေ လိုပါတယ်။ တော်လှန်ရေး အင်အားစုတွေကို အတူ အားပေးရပ်တည်ပေးတဲ့ အင်အားကြီး နိုင်ငံတွေ မရှိပါဘူး၊ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲ က KIA နဲ့ KNUတို့ကရပ် ပေးတာတော့ရှိပါတယ်၊ ဘာဘဲဖြစ်ဖြစ် မြန်မာနွေဦးတော်လှန်ရေးဟာ ကိုယ်ပြည်တွင်းအားနဲ့ ပြည်တွင်းသောင်းကျန်သူ အကြမ်းဖက်စစ်အုပ်စုကို ဖြိုခွဲနိုင်ဖို့ လက်နက်ခဲယမ်းရရှိနိုင်ဖို့ အသည်းအသန်ကျိုးစားရမဲ့ သဘောရှိပါတယ်။ အစဥ်တစိုက် ရည်မှန်းချက် ပန်းတိုင်ကို ရရှိအောင် အားစိုက်လုပ်ကြမယ်ဆိုရင် မဖြစ်နိုင်တာတော့မရှိပါဘူး မဖြစ်သေးတာရယ် ဖြစ်အောင်မလုပ်နိုင်သေးတာဘဲရှိပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်မေးမြန်းချက်- အမေရိကန်နှင့် ရေရှည်စစ်ပွဲအတွက် အီရန်အဆင်သင့်ဖြစ်နေပြီး စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကသာ စစ်ပွဲကို အဆုံးသတ်နိုင်လိမ့်မည်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 3 Views
‘သံတမန်ရေးအရ ဆွေးနွေးရန် လမ်းစမရှိတော့ကြောင်း’ အီရန် အဆင့်မြင့်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့။ CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက်
နိုင်ငံတကာသတင်း ဘောလုံး အရှေ့အလယ်ပိုင်း အီရန်

ဩစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် အီရန်အမျိုးသမီးဘောလုံးအသင်းနှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 3 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက် နိုင်ငံတကာ တုံ့ပြန်မှုများ အနှစ်ချုပ် အမေရိကန်ပြည်ထောင်စု၏ တိုက်တွန်းချက် – အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါကစားသမားများကို
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

အီရန်အမျိုးသမီး ဘောလုံးသမား ၅ ဦး သည် အသင်းမှ ထွက်ပြေးလာခြင်းအတွက် သူတို့ကိုထောက်ခံသူများက အကူအညီပေးရန်တောင်းဆိုခဲ့ပြီး ယခုအခါရဲတပ်ဖွဲ့နှင့်အတူ ဘေးကင်းစွာ ရှိနေ

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 20 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက် ဘရစ်စဘိန်း၊ သြစတြေးလျ — ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေများ အကြားတွင် အီရန်အမျိုးသမီး ဘောလုံးအသင်းမှ အဖွဲ့ဝင် ၅ ဦးသည် သြစတြေးလျရှိ အသင်းတည်းခိုရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 26 Views
အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို ရွေးချယ်လိုက်ကြသည်။ စစ်ပွဲသည် “ အဆင့်သစ်” သို့ ကူးပြောင်း နေပြီဖြစ်ကြောင်း အီရန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 41 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း ၃ ခု ထုတ်ဖော်ခဲ့ရာ ၎င်းတို့မှာ – ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာမည်၊ အမေရိကန်နှင့်
နိုင်ငံတကာသတင်း အမေရိကန်

 ကာရီ လိပ်ခ်(Kari Lake) ၏ USAGM အုပ်ချုပ်မှုမှာ တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်ချက်ချ။  Voice of America ဝန်ထမ်းထုတ်ပယ်မှုများ ပျက်ပြယ်သွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၈ရက် Voice of America ဝန်ထမ်းများအတွက် အောင်ပွဲတစ်ခုအဖြစ်၊ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း ကာရီ လိပ်ခ် (Kari Lake) သည် အမေရိကန်၏နိုင်ငံတကာသတင်းမီဒီယာ (US Agency
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်က ပထမဆုံး သိသာထင်ရှားသော စစ်ရှိန်လျှော့ချရေးသတင်းစကားကို ပေးပို့လိုက်သော်လည်း အဓိကကန့်သတ်ချက်တစ်ခု ပါဝင်နေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တီဟီရန်အနေဖြင့် အချို့သောအခြေအနေများအောက်တွင် ၎င်း၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ကြိုတင်ရိုက်ကူးထားပုံရသော ထုတ်ပြန်ချက်တွင် ပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ အမေရိကန်နှင့် မဟာမိတ်များအပေါ် လိုလားထောက်ခံမည့် ခေါင်းဆောင်မှုကိုသာ ရှာဖွေ နေခြင်းဖြစ်ကြောင်း ထရမ့်က CNN