နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကံထူးမရွာ ဗုံးကြဲခံရတာမှာ သေဆုံးသူတွေထဲ တက္ကသိုလ်ကျောင်းသူတဦးပါဝင်တယ်လို့ NUG ထုတ်ပြန်

စက်တင်ဘာလ (၂၇)ရက်။

မနေ့က တန့်ဆည်မြို့နယ် ကံထူးမရွာ လေကြောင်းဗုံးကြဲခံရတာမှာ သေဆုံးသူတွေထဲ တက္ကသိုလ်ကျောင်းသူတဦးဖြစ်တဲ့ မထက်မိုးဦးပါဝင်တယ်လို့ NUG ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မထက်မိုးဦးက ကြားကာလတက္ကသိုလ်ကောင်စီရဲ့ သင်ကြားရေးအတတ်ပညာတက္ကသိုလ် ပညာရေးဘွဲ့(မူလတန်းပညာရေးအထူးပြု)ဒုတိယနှစ် ပထမနှစ်ဝက်မှာ ပညာသင်ကြားနေသူလို့ ဆိုပါတယ်။

မထက်မိုးဦးဟာ အပြစ်ကင်းစွာ အမှန်တရားဘက်က ရဲရဲဝံ့ဝံ့ရပ်တည်ရင် အသက်ပေးလိုက်ရတာဖြစ်ပြီး သင်ကြားရေးအတတ်ပညာတက္ကသိုလ်ရဲ့ ထက်မြက်သွက်လက်တဲ့ ကျောင်းသူတယောက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အခုလို အနာဂတ်ပညာရေးရဲ့ ဆရာကောင်းဖြစ်လာနိုင်တဲ့ သမီးကောင်းရတနာတယောက် ဆုံးရှုံးသွားရတဲ့အတွက် မိသားစုနဲ့ထပ်တူ သင်ကြားရေးအတတ်ပညာတက္ကသိုလ် ဆရာ၊ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေက အထူးဝမ်းနည်းတယ်လို့ ထုတ်ပြန်ထားပါတယ်။

မနေ့က နံနက် (၁၁)ခွဲအချိန်မှာ အကြမ်းဖက်စစ်အုပ်စုဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တန့်ဆည်မြို့ ကံထူးမရွာက အပြစ်မဲ့အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ပေါင်(၅၀၀)ဗုံး (၂)လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကံထူးမရွာ လေကြောင်းဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ဒီကနေ့ နံနက်ပိုင်းအချိန်အထိ သေဆုံးသူ (၁၀)ဦးအထိရှိလာသလို ဒဏ်ရာရသူ (၁၂)ဦးရှိခဲ့ပြီး အဲ့ဒီထဲက (၂)ဦးဟာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကံထူးမရွာကို စစ်အုပ်စုနဲ့ ပျူစောထီးတွေက အထိုင်စခန်းချထားခဲ့ရာ ၂၀၂၄ခုနှစ် မတ်လပိုင်းထဲမှာ တေယ်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းယူပြီး စိုးမိုးထိန်းချုပ်ထားတာပါ။

ကံထူးမရွာကို ဗုံးကြဲခဲ့တာနဲ့ပတ်သက်ပြီး စစ်လော်ဘီချန်နယ်တွေကတော့ KIA နဲ့ PDF ပူးပေါင်းအထိုင်စခန်းကို ကြဲချခဲ့တာဖြစ်ပြီး ထိမှန်ပျက်စီးခဲ့တဲ့ စက်သုံးဆီဆိုင်ဟာလဲ KIA နဲ့ PDF တွေဖွင့်ထားတာဆိုပြီး မဟုတ်မမှန် ပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 140 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 122 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 112 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို