နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဇလန်းစကီးနှင့် ထရမ့်တို့ မတွေ့ဆုံမီ ရုရှားက ယူကရိန်းကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၂၇ရက်

 (ရိုက်တာ) — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက လေးနှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်သော စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အရေးပါသော တွေ့ဆုံမှု မပြုလုပ်မီ စနေနေ့တွင် ရုရှားက ကိယက်ဗ်မြို့နှင့် အခြားဒေသ များကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုများ မဖြစ်ပွားမီ ဇလန်းစကီးက တနင်္ဂနွေနေ့ ဖလော်ရီဒါတွင် ပြုလုပ်မည့် ဆွေးနွေးပွဲများ၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ကျူးကျော်မှုကြောင့် စတင်ခဲ့သော တိုက်ပွဲများ ရပ်တန့်ပြီးနောက် နှစ်ဖက်စလုံးက ထိန်းချုပ်မည့် နယ်မြေကိစ္စများကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များ စတင်လုပ်ဆောင်ချိန်တွင် ကိယက်ဗ်မြို့၌ ပေါက်ကွဲသံများ ကြားခဲ့ရပြီး ဒုံးကျည်များ ရောက်ရှိနေကြောင်း စစ်တပ်က Telegram မှတစ်ဆင့် အသိပေးခဲ့သည်။ ရုရှားဒရုန်းများသည် မြို့တော်အပြင် အရှေ့မြောက်နှင့် တောင်ဘက်ဒေသများကို ပစ်မှတ်ထားနေကြောင်း လေတပ်က ပြောကြားခဲ့သည်။

နံနက် ၈ နာရီအထိ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး မြို့တော်တွင် လေကြောင်းရန် သတိပေးချက်များ ထုတ်ပြန်ထားဆဲဖြစ်ကြောင်း ရိုက်တာ မျက်မြင်သက်သေများက ဆိုသည်။ အနည်းဆုံး လူရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိယက်ဗ် အာဏာပိုင်များက ပြောကြားခဲ့သည်။

နယ်မြေထိန်းချုပ်မှုသည် သံတမန်ရေးရာ အခက်အခဲဖြစ်နေ

ရုရှား၏ တိုက်ခိုက်မှုများကြောင့် ပိုလန် လက်နက်ကိုင်တပ်ဖွဲ့များက တိုက်လေယာဉ်များ ပျံတက်ခဲ့ရပြီးနောက် ယူကရိန်းအနောက်ဘက်ရှိ ပိုလန်အရှေ့တောင်ပိုင်း Rzeszow နှင့် Lublin လေဆိပ်များကို ယာယီပိတ်ထားခဲ့ရကြောင်း ပိုလန် လေကြောင်းညွှန်ကြားမှုအေဂျင်စီက X တွင် တင်ပြခဲ့သည်။

ရုရှားဘက်မှ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ချက်ချင်း မှတ်ချက်ပေးခြင်း မရှိသေးပေ။

ကြာသပတေးနေ့ညကလည်း ရုရှားသည် ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အအုံ များကို တိုက်ခိုက်ခဲ့ပြီး အဓိက ဆိပ်ကမ်းမြို့ဖြစ်သော အိုဒက်ဆာ (Odesa) ဒေသကိုလည်း တိုက်ခိုက်မှုများ တိုးမြှင့်ခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။

ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေစဉ် နယ်မြေကိစ္စသည် သံတမန်ရေးရာတွင် အဓိက အဟန့်အတား ဖြစ်နေဆဲဖြစ်သည်။ အမေရိကန်က ဦးဆောင်သည့် ငြိမ်းချမ်းရေး အစီအစဉ်အတွက် အချက် ၂၀ ပါ မူကြမ်းမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ဇလန်းစကီးက ကိယက်ဗ်ရှိ သတင်းထောက်များကို ပြောကြားခဲ့သည်။

ယူကရိန်းနှင့် အမေရိကန်အကြား လုံခြုံရေး အာမခံချက် သဘောတူညီချက်သည်လည်း အဆင်သင့်ဖြစ်လုနီးပါး ဖြစ်နေကြောင်း သူက ဆိုသည်။ ၎င်းမှာ ဆိုဗီယက်ခေတ်လွန် အစောပိုင်းနှစ်များက အာမခံချက်များမှာ အဓိပ္ပာယ်မရှိဖြစ်ခဲ့သည့်နောက်ပိုင်း အရေးပါသော အချက်တစ်ခု ဖြစ်လာသည်။

“ နှစ်သစ်ကူးမတိုင်ခင် အများကြီး ဆုံးဖြတ်နိုင်ပါတယ်” ဟု ဇလန်းစကီးက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ ထရမ့်ကလည်း အမေရိကန်သည် ဤလုပ်ငန်းစဉ်၏ နောက်ကွယ်မှ တွန်းအားဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ကျွန်တော် အတည်မပြုမချင်း သူ ဘာမှ လုပ်လို့မရပါဘူး။ ဒါကြောင့် သူ ဘာတွေ ယူလာမလဲဆိုတာ ကြည့်ရမှာပေါ့” ဟု ထရန့်က Politico ကို ပြောကြားခဲ့သည်။

တွေ့ဆုံမှုမတိုင်မီ စနေနေ့တွင် ထရမ့်နှင့် ဇလန်းစကီးတို့ ဖုန်းဖြင့် ဆွေးနွေးမည်ဖြစ်ပြီး ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယင် (Ursula von der Leyen) နှင့် အခြား ဥရောပခေါင်းဆောင်များလည်း ပါဝင်မည်ဖြစ်ကြောင်း ကော်မရှင်ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။

အမေရိကန်က ၁၅ နှစ်ကြာ လုံခြုံရေးအာမခံချက် သဘောတူညီချက်ကို ကမ်းလှမ်း ထားသော်လည်း ယူကရိန်းက ရုရှား၏ နောက်ထပ် ကျူးကျော်မှုများမှ ကာကွယ်ရန် ဥပဒေ ကြောင်းအရ ပိုမိုခိုင်မာပြီး သက်တမ်းပိုရှည်သော သဘောတူညီချက်ကို လိုချင်ကြောင်း ဇလန်းစကီးက Axios ကို ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့ တွေ့ဆုံမှုသည် ကောင်းမွန်လိမ့်မည်ဟု ယုံကြည်ကြောင်း ထရမ့်က ပြောကြားခဲ့ သလို ပူတင်နှင့်လည်း “ မကြာမီ” စကားပြောရန် မျှော်လင့်ကြောင်း ဆိုခဲ့သည်။

နျူကလီးယားစက်ရုံနှင့် လွတ်လပ်သော စီးပွားရေးဇုန် ကိစ္စများ

နယ်မြေကိစ္စအပြင် ဥရောပ၏ အကြီးဆုံး ဇာပိုရစ်ရှား (Zaporizhzhia) နျူကလီးယားစက်ရုံ ထိန်းချုပ်ရေးမှာလည်း အရေးကြီးသောအချက် ဖြစ်နေသည်။

ရုရှားတပ်များက ဒွန်ဘတ်စ် (Donbas) ဒေသတစ်ခုလုံးကို သိမ်းပိုက်ရန် ကြိုးပမ်းရာတွင် မအောင်မြင်သေးသည့် ဒိုးနက်စ် (Donetsk) ဒေသများမှ ယူကရိန်းတပ်များ ဆုတ်ခွာပေးရန် မော်စကိုက တောင်းဆိုထားသည်။

ယူကရိန်းကမူ တိုက်ပွဲများကို လက်ရှိ ရှေ့တန်းစစ်မျက်နှာများတွင်သာ ရပ်တန့်လိုသည်။

အမေရိကန်၏ ညှိနှိုင်းချက်အရ ယူကရိန်းက ဒိုးနက်စ်ဒေသ အချို့ကို စွန့်လွှတ်ပါက လွတ်လပ်သော စီးပွားရေးဇုန်တစ်ခု ထူထောင်ပေးမည် ဖြစ်သော်လည်း အသေးစိတ်ကိုမူ မဆွေးနွေးရသေးပေ။

မြေယာကိစ္စတွင် ယူကရိန်း၏ “ ခိုင်မာသော” ရပ်တည်ချက်ကို အမေရိကန်က ထောက်ခံ လာအောင် မလုပ်နိုင်ပါက အချက် ၂၀ ပါ အစီအစဉ်ကို လူထုဆန္ဒခံယူပွဲ ထည့်သွင်းသွားရန် ဆန္ဒရှိကြောင်း ဇလန်းစကီးက ပြောကြားခဲ့သည်။ သို့သော် ၎င်းအတွက် ရုရှားဘက်က ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲပေးရန် လိုအပ်သည်။

ရုရှားအပေါ် ဖိအားများ ပိုမိုပေးစေလိုကြောင်းလည်း သူက ဆိုသည်။

ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂေး ရိုင်ဘော့ကော့ဗ် (Sergei Ryabkov) ကမူ ယူကရိန်း၏ အချက် ၂၀ ပါ အစီအစဉ်သည် ရုရှားနှင့် အမေရိကန် ဆွေးနွေးနေသည်များနှင့် ကွဲပြားနေကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ပြဿနာ ဖြေရှင်းရေးမှာ “ အလှည့်အပြောင်း” တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူက အကောင်းမြင်ခဲ့သည်။

အမေရိကန်၏ ငြိမ်းချမ်းရေး အဆိုပြုချက်များကို လက်ခံရရှိပြီးနောက် ပူတင်၏ နိုင်ငံခြားရေးမူဝါဒ အကြံပေး ယူရီ အူရှာကော့ဗ် (Yuri Ushakov) သည် ထရမ့်အစိုးရ အဖွဲ့ဝင်များနှင့် စကားပြောဆိုခဲ့ကြောင်း ကရင်မလင်က သောကြာနေ့တွင် ပြောကြား ခဲ့သော်လည်း ရုရှား၏ သဘောထားကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ရုရှား၏ အဆမတန် အင်အား သာလွန်နေမှု စတင်ယိုင်နဲ့လာနေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 28 Views
ပျမ်းမျှ နှစ်စဉ်လုပ်ခလစာ၏ လေးဆကျော်နှင့် ညီမျှသော အမေရိကန်ဒေါ်လာ ၈၀,၀၀၀ ခန့်ရှိသည့် အပိုဆုကြေး (Bonus) ကို ရရှိလျှင် သင်
နိုင်ငံတကာသတင်း အမေရိကန်

ကနေဒီစင်တာ အဆောက်အအုံမှ ထရမ့်၏အမည်ကို အားလုံးဖယ်ရှားပြီးဖြစ်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 28 Views
ရေးသားသူ – Devan Cole ၊ Betsy Klein ၊ Kaanita Iyer CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၄ရက် ဝါရှင်တန် ဒီစီ။ ကနေဒီစင်တာ အဆောက်အအုံမှ ဒေါ်နယ်ထရမ့်၏ အမည်ကို
နိုင်ငံတကာသတင်း အမေရိကန် အိန္ဒိယ

အီရန်နှင့် ထရမ့်၏ စစ်ပွဲအတွင်း အိန္ဒိယသင်္ဘောသားများ ဘေးထွက်ဆိုးကျိုးအဖြစ် အသက်ဆုံးရှုံးရမှုအပေါ် အိန္ဒိယတွင် ဒေါသမျက်မာန်ပွားလျက်ရှိ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ကူးသန်းရောင်းဝယ်ရေး ရေနံတင်သင်္ဘောတစ်စင်း ပေါ်တွင် အိန္ဒိယသင်္ဘောသား သုံးဦး သေဆုံးခဲ့ရမှုသည် အိန္ဒိယပြည်သူများအကြား ဒေါသတကြီး မကျေနပ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး၊ နယူးဒေလီနှင့် ဝါရှင်တန်တို့အကြား ဖြေရှင်းနေရပြီးသားဖြစ်သော ဆက်ဆံရေးကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက စိန့်ပီတာစဘတ် (St. Petersburg) ကို ပစ်မှတ်ထားတိုက်ခိုက်၊ ရုရှားက “ မကြုံစဖူး” တိုက်ခိုက်မှုဟု ဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် ယူကရိန်းသည် စနေနေ့တွင် စိန့်ပီတာစဘတ်မြို့ အနီးတစ်ဝိုက်ရှိ ရုရှားရေနံသန့်စင် စက်ရုံများနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ဒရုန်းများဖြင့် အကြီးအကျယ် တိုက်ခိုက်ခဲ့ရာ၊ ရုရှားတာဝန်ရှိသူတစ်ဦးက ယင်းကို “ မကြုံစဖူး” တိုက်ခိုက်မှုအဖြစ်
နိုင်ငံတကာသတင်း အမေရိကန်

အင်တာဗျူးအသစ်တစ်ခုတွင် မယ်လင်ဒါ ဖရန့်ချ် ဂိတ်စ် က စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အက်ပ်စတိန်း အကြောင်း ပြန်ပြောင်းပြောဆိုရင်း “ ရင်ထဲကလာတဲ့ တုံ့ပြန်မှုမျိုး” ဖြစ်ပေါ်ခဲ့ရကြောင်း ဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် မိုက်ခရိုဆော့ဖ် (Microsoft) ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်စ် (Bill Gates) ၏ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) နှင့် ယခင်က ပတ်သက်ခဲ့မှုများအပေါ် ဘီလ်ဂိတ်စ်နှင့် မယ်လင်ဒါ
နိုင်ငံတကာသတင်း အမေရိကန်

ကနေဒီစင်တာ (Kennedy Center) မှ ထရမ့်အမည်အား ဖယ်ရှားရန် တရားသူကြီး သတ်မှတ်ထားသော အချိန်ကို ကျော်လွန်သွားသဖြင့် အချိန်ပိုပေးရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် ဖက်ဒရယ်တရားသူကြီးတစ်ဦး၏ အမိန့်အရ ကနေဒီစင်တာ အဆောက်အအုံမှ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အမည်ကို ဖယ်ရှားရန် သတ်မှတ်ထားသော နောက်ဆုံး အချိန်ကို ကျော်လွန်သွားခဲ့ပြီးနောက်၊ သမိုင်းဝင်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အိုကလာဟိုးမားပြည်နယ်၊ ကူးရှင်း (Cushing)ဒေသ ရှိ ရေနံသိုလှောင်ကန်များ အောက်ခြေထိလုနီးပါးလျော့ကျနေပြီ။ ရေနံစျေးကွက်သည် အရေးကြုံရမည့် အလှည့်အပြောင်းအချက်ဆီသို့ ဦးတည်နေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 21 Views
အိုကလာဟိုးမားပြည်နယ်၊ ကူးရှင်းမြို့သည် မိမိကိုယ်ကိုယ် “ ကမ္ဘာ့ပိုက်လိုင်းများ ဆုံစည်းရာ လမ်းဆုံ” အဖြစ် တင်စားခေါ်ဝေါ်လေ့ရှိသည်။ ထိုဆောင်ပုဒ်ကို မိန်းလမ်း (Main Street) နှင့် တောင်ဘက်စတိုင်လ်စ်လမ်း (South Stiles Road) ထောင့်ရှိ ပိုက်လုံးကြီးများဖြင့်