နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဧရာဝတီတိုင်းထဲက စစ်ကောင်စီစခန်းအချို့ကို သိမ်းပိုက်ပြီး ချီတက်လာတဲ့ AA 

ဇန်နဝါရီလ (၂၈)ရက်။

ဧရာဝတီတိုင်းထဲက စစ်ကောင်စီရဲ့ တပ်စခန်းအချို့ကို သိမ်းပိုက်ပြီး ရခိုင်-ဧရာဝတီအစပ်ကို ချီတက်လာတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ သတင်းဓါတ်ပုံကို AA က မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ (၂၁)ရက်နေ့ ညနေ(၆)နာရီဝန်းကျင်က ဧရာဝတီတိုင်းထဲရှိ ပွိုင့်(၃၆၉)စခန်းနဲ့ ဇန်နဝါရီလ (၂၆)ရက်နေ့ နေ့လယ်(၂)နာရီခွဲအချိန်က ပွိုင့်(၂၆၃)စခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားတဲ့ ပွိုင့်(၂၆၃)စခန်းကို မနေ့က နေ့လယ် (၁)နာရီခွဲအချိန်က စစ်ကောင်စီဟာ လေကြောင်းတွေ၊ လက်နက်ကြီးပစ်ကူတွေနဲ့အတူ ထိုးစစ်ဆက်တိုက်ခိုက်နေကာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဖော်ပြထားပါတယ်။

တောင်ကုတ်မြို့နယ်ထဲရှိ ရခိုင်ရိုးမတောင်တန်းထက်က စစ်ကောင်စီစခန်းတစ်ခုဖြစ်တဲ့ မိုးထိတောင်စခန်းကို ဇန်နဝါရီလ (၂၁)ရက်မှာ ထိုးစစ်ဆင်ခဲ့ပြီး (၅)ရက်အကြာမှာ သိမ်းပိုက်နိုင်ခဲ့ကာ စစ်အသုံးအဆောင်အပါအဝင် လက်နက်ခဲယမ်းနဲ့ အလောင်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

မနေ့ကလဲ မကွေးတိုင်း၊ ငဖဲမြို့နယ် ဂုတ်စီးရိုးရွာအနီး အမ်း-ပဒါန်းလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ တပ်မ(၉၉)လက်အောက်ခံ ခမရ(၄၁၉)နဲ့ (၁၄)တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲထဲ AA ရဲ့ တန်ပြန်ခုခံစစ်ကို မယှဉ်နိုင်တာကြောင့် စစ်ကောင်စီဟာ ဂုတ်စီးရိုးရွာဘက်ကို ဆုတ်ခွာသွားခဲ့ကာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံရှင်းလင်းနေပြီး အလောင်းနဲ့ လက်နက်ခဲယမ်းအချို့ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

AA အနေနဲ့ ရခိုင်ရိုးမတောင်တန်းတလျှောက်ရှိ စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေကို တခုပြီးတခု ထိုးစစ်ဆင်နေသလို စစ်ကောင်စီဟာ ပဲခူးတိုင်းဘက်က တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် ပဲခူးတိုင်း-ရခိုင်ရိုးမအစပ်နဲ့ ရခိုင်ရိုးမတောင်တန်းတလျှောက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

တပ်ခရိုင် (Tak) ၏ ရဲမှူးချုပ်နှင့် အမှတ် (၅) စစ်ဆေးရေးတပ်မ (၅) တိုင်းမှူး ရဲမှူးချုပ် တို့ကို နေရာရွှေ့ပြောင်း

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁၁) ရက်။ မြဝတီမြို့နယ်ရှိ ရာဇ၀တ်ဂိုဏ်းနှင့် ပတ်သက်သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ စစ်ဆေးရန် ဆိုင်းငံ့ထားသည့် အမှတ် (၅)
မြန်မာသတင်း

လက်ပံတန်းမြို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလင်မယား(၂)ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ ဒီကနေ့ ညနေ (၄)နာရီ (၄၅)မိနစ်အချိန်က လက်ပံတန်းမြို့နယ် မကျီးကွင်းအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး လင်မယား (၂)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့
1027 Operations မြန်မာသတင်း

နိုင်ငံရေးနဲ့ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု နိမ့်ကျနေဆဲလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ အခုအချိန်အထိ ပြည်ထောင်စုနိုင်ငံ မတည်ဆောက်နိုင်တာက နိုင်ငံရေးနဲ့ တော်လှန်ရေး ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု နိမ့်ကျနေဆဲဆိုတာကို ညွှန်ပြနေတာလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PSLF/TNLA ကို (၇၈)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့
မြန်မာသတင်း

အင်အားစုတွေ တော်လှန်ရေးကို မျက်နှာမူပြီး သဘောထားမတိုက်ဆိုင်တာတွေကို ကျော်လွှားဖို့ NUG ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ အင်အားစုတွေအနေနဲ့ ပြည်သူကို ရှေ့ရှုပြီး တော်လှန်ရေးကို မျင်နှာမူကာ သဘောထားမတိုက်ဆိုင်တာတွေကို ကျော်လွှားဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ပိုစုစည်းဖို့ လိုလာတဲ့အချိန်မှာ အင်အားစုတွေအသီးသီးကလဲ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တပ်မ (၉၉) နည်းဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA ဖမ်းဆီးထား

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၁၁) ရက်။ တပ်မ (၉၉)နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်ကို မကွေးတိုင်း၊ ငဖဲမြို့နယ် ကံမြင့်ကန်၊ ဂုတ်စည်းရိုးတိုက်ပွဲမှာ အာရက္ခတပ်တော် (AA)က ဖမ်းမိထားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
မြန်မာသတင်း

အင်အားစုတွေ တော်လှန်ရေးကို မျက်နှာမူပြီး သဘောထားမတိုက်ဆိုင်တာတွေကို ကျော်လွှားဖို့ NUG ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ အင်အားစုတွေအနေနဲ့ ပြည်သူကို ရှေ့ရှုပြီး တော်လှန်ရေးကို မျင်နှာမူကာ သဘောထားမတိုက်ဆိုင်တာတွေကို ကျော်လွှားဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ပိုစုစည်းဖို့ လိုလာတဲ့အချိန်မှာ အင်အားစုတွေအသီးသီးကလဲ
1027 Operations မြန်မာသတင်း

မိုးကုတ်မြိုတွင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၅) ဦးသေဆုံးပြီး ‌(၁၉) ဦး ထိခိုက်ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 7 Views
ဖေဖော်ဝါရီလ ၁၁ ရက်TNLA သိမ်းထားတဲ့ ရှမ်းပြည်နယ် မိုးကုတ်မြိုမှာ မနေ့က ဖေဖော်ဝါရီလ (၁၀)ရက်နေ့ည သန်းခေါင်ယံအချိန် စစ်ကောင်စီက လေ‌ကြောင်းကနေ ဗုံးအလုံး (၂၀) လောက် ကြဲချတိုက်ခိုက်ခဲ့တဲ့ ဒေသခံ (၅)ဦးသေဆုံးပြီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့
မြန်မာသတင်း

MOD အောက်ကနေနှုတ်ထွက်သွားတဲ့ ဂဋ္ဌုန်စစ်ကြောင်း MLA နဲ့ပူးပေါင်း

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ MOD အောက်ကနေ နှုတ်ထွက်သွားတဲ့ ဂဋ္ဌုန်စစ်ကြောင်းဟာ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)နဲ့ အလုံးစုံ ပူးပေါင်းလိုက်ပြီဖြစ်တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNU တပ်မဟာ (၆)နယ်မြေထဲ စစ်ရေးဖော်ဆောင်တာတွေ ပူးပေါင်းဆောင်ရွက်နေတဲ့ ဂဋ္ဌုန်စစ်ကြောင်းဟာ MLA ရဲ့