နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အာရပ်နိုင်ငံများသည် ဂါဇာကမ်းမြောင်ဒေသအတွက် သူတို့၏အစီအစဥ်ကိုရက်သတ္တပတ်များ အတွင်း’ ထရန့်ကိုတင်ပြမည်’ ဟုဆို

ဖေဖော်ဝါရီလ (၂၈) ရက်။

အာရပ်နိုင်ငံခြားရေးဝန်ကြီးများသည် ပါလက်စတိုင်းလူဦးရေကို အိုးမဲ့အိမ်မဲ့မဖြစ်စေဘဲ ဂါဇာကိုပြန်လည်တည်ဆောက်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်အား သူတို့၏ “ခိုင်မာသော” အဆိုပြုချက်ဖြင့် သီတင်းပတ်များအတွင်း ဝါရှင်တန်သို့သွားရောက်တင်ပြရန် ရည်ရွယ်ထားကြောင်း ဂျော်ဒန်တရားဝင်သတင်းရင်းမြစ်များက CNN သို့ ပြောကြားခဲ့သည်။

ယခုလအစောပိုင်းတွင် အမေရိကန်သမ္မတသည် ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်း လူမျိုး ၂.၁ သန်းကို နှင်ထုတ်ပြီး နယ်မြေအား အမေရိကန်က ပိုင်ဆိုင်မည့် “အပန်းဖြေကမ်းခြေ” အဖြစ် ပြောင်းလဲရန် အဆိုပြုခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းတွင် ဒေါသအမျက် ဖြစ်စေသည့် အစီအစဉ်ကို ဒေသတွင်းခေါင်းဆောင်များက ပယ်ချခဲ့သည်။

အာရပ်ခေါင်းဆောင်များသည် ဂါဇာကမ်းမြောင်နှင့် ပဋိပက္ခအတွက် လမ်းပြမြေပုံကို ရေးဆွဲရန် မတ်လ ၄ ရက်တွင် ကိုင်ရိုတွင် ပိုမိုကျယ်ပြန့်မည့် ထိပ်သီးဆွေးနွေးပွဲအတွက် စုဝေးကြရန် မျှော်လင့်ရသည်။ ထို့နောက် အာရပ်ထိပ်တန်းသံတမန်များသည် ထရမ့်အစိုးရထံ အဆိုပြုချက်ကို ပေးပို့ရန် နောက်သီတင်းပတ်များအတွင်း အမေရိကန်မြို့တော်သို့ သွားရောက်ရန် မျှော်လင့်ထားကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အာရပ်တာဝန်ရှိသူများက ၎င်းတို့သည် ထရန့် အား မတင်ပြမီ ထိုအစီအစဥ်သည် “ခိုင်မာသော အစီအစဥ်တစ်ခု” ဖြစ်ကြောင်း သေချာစေလိုသည်ဟု သတင်းရင်းမြစ်များထဲမှ တစ်ဦးက ပြောကြားခဲ့သည်။

လူများကို မရွှေ့ပြောင်းဘဲ ပျက်စီးသွားသော ကမ်းရိုးတန်းကို ပြန်လည်တည်ဆောက်ရန် အစီအစဉ် ချမှတ်ခြင်းအပြင် အာရပ်၏ အဆိုပြုချက်သည် စစ်ပွဲအပြီးတွင် ဂါဇာကမ်းမြောင်ဒေသကို အုပ်ချုပ်ခြင်း၊ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကို ပြုပြင်ပြောင်းလဲခြင်းနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်း သို့မဟုတ် ငြိမ်းချမ်းရေး တပ်ဖွဲ့များ ဖြန့်ကျက်ထားရှိခြင်းစသည့် အဓိက ပြဿနာများကို ဖြေရှင်းသွားမည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့တွင် မည်သူပါဝင်မည်ဆိုသည်ကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့သည့် သီတင်းပတ်က အာရပ်ခေါင်းဆောင်များသည် ဆော်ဒီမြို့တော် ရီယာ့ဒ်တွင် “အလွတ်သဘောတွေ့ဆုံမှု” တစ်ရပ်ကို ပြုလုပ်ခဲ့သည်။ ထိုတွေ့ဆုံမှုသည် “ထူးခြားမှုရှိပြီး” “စည်းလုံးညီညွတ်သော ရပ်တည်ချက်” ရှိခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ဂျော်ဒန်နဲ့ အီဂျစ်

ထိုနိုင်ငံနှစ်ခုက ပါလက်စတိုင်းတွေကို လက်ခံရန် ကိုယ်စားလှယ်နိုင်ငံများဖြစ်သည်ဟု သမ္မတထရန့်က ပြောခဲ့ပြီး ထိုနိုင်ငံနှစ်ခုက မိမိနိုင်ငံတွင်းသို့ ရွှေ့ပြောင်းအခြေချပေးမှုကို ပယ်ချခဲ့ပြီး ယယင်းကိစ္စကို အမျိုးသားလုံခြုံရေးဟု ယူဆခဲ့ပါသည်။

“ကျွန်ုပ်တို့၏ရပ်တည်ချက်သည် ခိုင်မာပြတ်သားပြီး ကျွန်ုပ်တို့၏ အမျိုးသားလုံခြုံရေးကို မည်သည့်ခြိမ်းခြောက်မှုမှ လက်ခံမည်မဟုတ်ကြောင်း” အရာရှိတစ်ဦးက ၎င်းအား ဂျော်ဒန်အတွက် “အနီရောင်မျဉ်း” အဖြစ် ဖော်ညွှန်း ပြောကြားခဲ့သည်။

ပါလက်စတိုင်းသားများကို နိုင်ငံတွင်းသို့ ရွှေ့ပြောင်းရန် ကြိုးပမ်းမှုများကို ဂျော်ဒန်နိုင်ငံမှ တာဝန်ရှိသူများက လပေါင်းများစွာ သတိပေးခဲ့သည်။ အနောက်ဘက်ကမ်းတွင် အစ္စရေးက ပါလက်စတိုင်းများကို ဂျော်ဒန်သို့ ရွှေ့ပြောင်းရန် ကြိုးပမ်းမှုမှန်သမျှကို စစ်ကြေညာခြင်းဟု ယူဆကြောင်း ယမန်နှစ် စက်တင်ဘာလတွင် ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

သောကြာနေ့ သို့မဟုတ် စနေနေ့တွင် စတင်မည့် ရမ်ဇာန်လမြတ်အတွင်း အနောက်ဘက်ကမ်းနှင့် ဂျေရုဆလင်တို့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားမည်ကို ဂျော်ဒန်အာဏာပိုင်များက စိုးရိမ် လျက်ရှိသည်။

အီဂျစ်ဝန်ကြီးချုပ် မာစတာဖာ မက်ဘော်လ်လီ (Mostafa Madbouly) က ၎င်း၏နိုင်ငံသည် ဂါဇာကမ်းမြောင်ဒေသကို “ယခင်ကထက် ပိုမိုကောင်းမွန်သော” အခြေအနေအဖြစ် သုံးနှစ်အတွင်း အပြည့်အဝ ပြန်လည်တည်ဆောက်နိုင်မည်ဟု ပြီးခဲ့သော သီတင်းပတ်တွင် ပြောကြားခဲ့သည်။ လာမည့်လများအတွင်း ဂါဇာတွင် အမြဲတမ်းအပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်နိုင်ခဲ့ပါက ၎င်းသည် ထရန့် ၏သမ္မတသက်တမ်းမကုန်မီ မျှော်မှန်းချက်ကို အပြီးသတ်နိုင်မည်ဟု ဆိုလိုခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ်၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂတို့က ၎င်းတို့၏ ခန့်မှန်းချက်များအရ ကျန်းမာရေးနှင့် ပညာရေးအပါအဝင် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ပြန်လည်ရရှိရေးအပြင် အပျက်အစီးများကို ဖယ်ရှားရှင်းလင်းရေးသည် သုံးနှစ်ကြာမြင့်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ခဲ့သည်။

ပျက်စီးသွားသော ဧရိယာကို ပြန်လည်တည်ဆောက်ရန် ၁၀ နှစ် လိုအပ်မည်ဖြစ်ပြီး ဒေါ်လာ ၅၀ ဘီလီယံကျော် ကုန်ကျမည်ဖြစ်ပြီး အိမ်ရာတစ်ခုတည်းအတွက် ဒေါ်လာ ၁၅ ဘီလီယံကုန်ကျမည်ဟု ခန့်မှန်းထားသည်။ အီဂျစ်ဝန်ကြီးချုပ်က သူ့နိုင်ငံ၏အစီအစဉ်သည် ထိုအကဲဖြတ်ချက်များကို ထည့်သွင်းစဉ်းစားသည်ဟု ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက