နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အာရပ်နိုင်ငံများသည် ဂါဇာကမ်းမြောင်ဒေသအတွက် သူတို့၏အစီအစဥ်ကိုရက်သတ္တပတ်များ အတွင်း’ ထရန့်ကိုတင်ပြမည်’ ဟုဆို

ဖေဖော်ဝါရီလ (၂၈) ရက်။

အာရပ်နိုင်ငံခြားရေးဝန်ကြီးများသည် ပါလက်စတိုင်းလူဦးရေကို အိုးမဲ့အိမ်မဲ့မဖြစ်စေဘဲ ဂါဇာကိုပြန်လည်တည်ဆောက်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်အား သူတို့၏ “ခိုင်မာသော” အဆိုပြုချက်ဖြင့် သီတင်းပတ်များအတွင်း ဝါရှင်တန်သို့သွားရောက်တင်ပြရန် ရည်ရွယ်ထားကြောင်း ဂျော်ဒန်တရားဝင်သတင်းရင်းမြစ်များက CNN သို့ ပြောကြားခဲ့သည်။

ယခုလအစောပိုင်းတွင် အမေရိကန်သမ္မတသည် ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်း လူမျိုး ၂.၁ သန်းကို နှင်ထုတ်ပြီး နယ်မြေအား အမေရိကန်က ပိုင်ဆိုင်မည့် “အပန်းဖြေကမ်းခြေ” အဖြစ် ပြောင်းလဲရန် အဆိုပြုခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းတွင် ဒေါသအမျက် ဖြစ်စေသည့် အစီအစဉ်ကို ဒေသတွင်းခေါင်းဆောင်များက ပယ်ချခဲ့သည်။

အာရပ်ခေါင်းဆောင်များသည် ဂါဇာကမ်းမြောင်နှင့် ပဋိပက္ခအတွက် လမ်းပြမြေပုံကို ရေးဆွဲရန် မတ်လ ၄ ရက်တွင် ကိုင်ရိုတွင် ပိုမိုကျယ်ပြန့်မည့် ထိပ်သီးဆွေးနွေးပွဲအတွက် စုဝေးကြရန် မျှော်လင့်ရသည်။ ထို့နောက် အာရပ်ထိပ်တန်းသံတမန်များသည် ထရမ့်အစိုးရထံ အဆိုပြုချက်ကို ပေးပို့ရန် နောက်သီတင်းပတ်များအတွင်း အမေရိကန်မြို့တော်သို့ သွားရောက်ရန် မျှော်လင့်ထားကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အာရပ်တာဝန်ရှိသူများက ၎င်းတို့သည် ထရန့် အား မတင်ပြမီ ထိုအစီအစဥ်သည် “ခိုင်မာသော အစီအစဥ်တစ်ခု” ဖြစ်ကြောင်း သေချာစေလိုသည်ဟု သတင်းရင်းမြစ်များထဲမှ တစ်ဦးက ပြောကြားခဲ့သည်။

လူများကို မရွှေ့ပြောင်းဘဲ ပျက်စီးသွားသော ကမ်းရိုးတန်းကို ပြန်လည်တည်ဆောက်ရန် အစီအစဉ် ချမှတ်ခြင်းအပြင် အာရပ်၏ အဆိုပြုချက်သည် စစ်ပွဲအပြီးတွင် ဂါဇာကမ်းမြောင်ဒေသကို အုပ်ချုပ်ခြင်း၊ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကို ပြုပြင်ပြောင်းလဲခြင်းနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်း သို့မဟုတ် ငြိမ်းချမ်းရေး တပ်ဖွဲ့များ ဖြန့်ကျက်ထားရှိခြင်းစသည့် အဓိက ပြဿနာများကို ဖြေရှင်းသွားမည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့တွင် မည်သူပါဝင်မည်ဆိုသည်ကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့သည့် သီတင်းပတ်က အာရပ်ခေါင်းဆောင်များသည် ဆော်ဒီမြို့တော် ရီယာ့ဒ်တွင် “အလွတ်သဘောတွေ့ဆုံမှု” တစ်ရပ်ကို ပြုလုပ်ခဲ့သည်။ ထိုတွေ့ဆုံမှုသည် “ထူးခြားမှုရှိပြီး” “စည်းလုံးညီညွတ်သော ရပ်တည်ချက်” ရှိခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ဂျော်ဒန်နဲ့ အီဂျစ်

ထိုနိုင်ငံနှစ်ခုက ပါလက်စတိုင်းတွေကို လက်ခံရန် ကိုယ်စားလှယ်နိုင်ငံများဖြစ်သည်ဟု သမ္မတထရန့်က ပြောခဲ့ပြီး ထိုနိုင်ငံနှစ်ခုက မိမိနိုင်ငံတွင်းသို့ ရွှေ့ပြောင်းအခြေချပေးမှုကို ပယ်ချခဲ့ပြီး ယယင်းကိစ္စကို အမျိုးသားလုံခြုံရေးဟု ယူဆခဲ့ပါသည်။

“ ကျွန်ုပ်တို့၏ရပ်တည်ချက်သည် ခိုင်မာပြတ်သားပြီး ကျွန်ုပ်တို့၏ အမျိုးသားလုံခြုံရေးကို မည်သည့်ခြိမ်းခြောက်မှုမှ လက်ခံမည်မဟုတ်ကြောင်း” အရာရှိတစ်ဦးက ၎င်းအား ဂျော်ဒန်အတွက် “ အနီရောင်မျဉ်း” အဖြစ် ဖော်ညွှန်း ပြောကြားခဲ့သည်။

ပါလက်စတိုင်းသားများကို နိုင်ငံတွင်းသို့ ရွှေ့ပြောင်းရန် ကြိုးပမ်းမှုများကို ဂျော်ဒန်နိုင်ငံမှ တာဝန်ရှိသူများက လပေါင်းများစွာ သတိပေးခဲ့သည်။ အနောက်ဘက်ကမ်းတွင် အစ္စရေးက ပါလက်စတိုင်းများကို ဂျော်ဒန်သို့ ရွှေ့ပြောင်းရန် ကြိုးပမ်းမှုမှန်သမျှကို စစ်ကြေညာခြင်းဟု ယူဆကြောင်း ယမန်နှစ် စက်တင်ဘာလတွင် ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

သောကြာနေ့ သို့မဟုတ် စနေနေ့တွင် စတင်မည့် ရမ်ဇာန်လမြတ်အတွင်း အနောက်ဘက်ကမ်းနှင့် ဂျေရုဆလင်တို့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားမည်ကို ဂျော်ဒန်အာဏာပိုင်များက စိုးရိမ် လျက်ရှိသည်။

အီဂျစ်ဝန်ကြီးချုပ် မာစတာဖာ မက်ဘော်လ်လီ (Mostafa Madbouly) က ၎င်း၏နိုင်ငံသည် ဂါဇာကမ်းမြောင်ဒေသကို “ယခင်ကထက် ပိုမိုကောင်းမွန်သော” အခြေအနေအဖြစ် သုံးနှစ်အတွင်း အပြည့်အဝ ပြန်လည်တည်ဆောက်နိုင်မည်ဟု ပြီးခဲ့သော သီတင်းပတ်တွင် ပြောကြားခဲ့သည်။ လာမည့်လများအတွင်း ဂါဇာတွင် အမြဲတမ်းအပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်နိုင်ခဲ့ပါက ၎င်းသည် ထရန့် ၏သမ္မတသက်တမ်းမကုန်မီ မျှော်မှန်းချက်ကို အပြီးသတ်နိုင်မည်ဟု ဆိုလိုခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ်၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂတို့က ၎င်းတို့၏ ခန့်မှန်းချက်များအရ ကျန်းမာရေးနှင့် ပညာရေးအပါအဝင် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ပြန်လည်ရရှိရေးအပြင် အပျက်အစီးများကို ဖယ်ရှားရှင်းလင်းရေးသည် သုံးနှစ်ကြာမြင့်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ခဲ့သည်။

ပျက်စီးသွားသော ဧရိယာကို ပြန်လည်တည်ဆောက်ရန် ၁၀ နှစ် လိုအပ်မည်ဖြစ်ပြီး ဒေါ်လာ ၅၀ ဘီလီယံကျော် ကုန်ကျမည်ဖြစ်ပြီး အိမ်ရာတစ်ခုတည်းအတွက် ဒေါ်လာ ၁၅ ဘီလီယံကုန်ကျမည်ဟု ခန့်မှန်းထားသည်။ အီဂျစ်ဝန်ကြီးချုပ်က သူ့နိုင်ငံ၏အစီအစဉ်သည် ထိုအကဲဖြတ်ချက်များကို ထည့်သွင်းစဉ်းစားသည်ဟု ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးကို ဟူသီသူပုန်များက ခြိမ်းခြောက်ခဲ့ပြီးနောက် အမေရိကန်က ယီမင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူ ၃၁ ဦး သေဆုံးခဲ့သည်။

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 1 Views
မတ်လ (၁၆) ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဟူသီသူပုန်များအပေါ် “ ငရဲမိုးရွာလိမ့်မယ်” ဟု ယီမင်ကို သတိပေးပြီးနောက် အနည်းဆုံး
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်က ကနေဒါကို စည်းလုံးစေပြီး ရွေးကောက်ပွဲကို ပြောင်းပြန်လှန်ပေးလိုက်ပါသည်။

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 6 Views
မတ်လ (၁၆) ရက်။ ထရန့်အပေါ် ခါးသီးသောခံစားချက်သည် ကနေဒါနိုင်ငံသားများကြားတွင် မျိုးချစ်စိတ်ဓာတ်ကို လှုံ့ဆော်ပေးခဲ့ပြီး ထရန့်နှင့်သဘောထား အကိုက်ညီဆုံး ကနေဒါနိုင်ငံရေးပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ
နိုင်ငံတကာသတင်း အာရှ

တီဟီရန်နှင့် နျူကလီးယား သဘောတူညီချက်အသစ်အတွက် ထရန့် တွန်းအားပေးနေချိန်တွင် တရုတ်၊ ရုရှားနှင့် အီရန်တို့သည် ပေကျင်းမှာ တွေ့ဆုံဆွေးနွေးနေကြသည်။

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 9 Views
မတ်လ (၁၄) ရက်။ တရုတ်နိုင်ငံသည် တီဟီရန်၏ နျူကလီးယားအစီအစဉ်ဆိုင်ရာ ဆွေးနွေးပွဲများအတွက် အီရန်နှင့် ရုရှားနိုင်ငံတို့မှ သံတမန်များကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိပြီး လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတစ်ခုအဖြစ် နိုင်ငံတကာက ရှုမြင်နေသည့် ပြဿနာတစ်ရပ်အတွက် ဘေဂျင်းသည် ပါဝါပွဲစားအဖြစ် ရပ်တည်ရန်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်က အလုပ်ထုတ်လိုက်တဲ့ အစိုးရဝန်ထမ်းတွေကို ပြန်လည်ခန့်အပ်ရန် အစိုးရအေဂျင်စီများကို ဝီလီယံအလ်ဆပ် (William Alsup) အမိန့်ထုတ်

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 9 Views
မတ်လ (၁၄) ရက်။ ကယ်လီဖိုးနီးယား တရားသူကြီးက ထရန့်က အလုပ်ထုတ်လိုက်တဲ့ အစိုးရဝန်ထမ်းတွေကို ပြန်လည်ခန့်အပ်ရန် အစိုးရအေဂျင်စီများကို အမိန့်ထုတ် ကယ်လီဖိုးနီးယားပြည်နယ်မှ ဖက်ဒရယ်တရားသူကြီး ဝီလီယံအလ်ဆပ်သည် ဖက်ဒရယ်ဝန်ထမ်းအင်အားကို လျော့ချရန် ပြီးခဲ့သည့်လက သမ္မတ‌ဒေါ်နယ်ထရန့်၏ လုပ်ဆောင်မှုအောက်တွင် အလုပ်ထုတ်ခံရသော
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရက အလုပ်ထုတ်လိုက်တဲ့ ထောင်နဲ့ချီတဲ့ အစမ်းခန့်ထားသည့်ဝန်ထမ်းများကို ယာယီပြန်ခန့်အပ်ဖို့ ဒုတိယဖက်ဒရယ်တရားသူကြီးက အမိန့်ပေးခဲ့

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 10 Views
မတ်လ (၁၄) ရက်။ ထရန့်အစိုးရက အလုပ်ထုတ်လိုက်သော ထောင်နှင့်ချီသော အစမ်းခန့်ဝန်ထမ်းများအား ၎င်းတို့၏အလုပ်များတွင် ယာယီပြန်လည်ခန့်အပ်ရမည်ဟု ဒုတိယဖက်ဒရယ်တရားသူကြီးက ကြာသပတေးနေ့တွင် ဆုံးဖြတ်ခဲ့သည်။ ဒီမိုကရက်တစ်သမတ အိုဘားမားလက်ထက်က ခန့်အပ်ထားခဲ့သော ဝါရင့်တရားသူကြီး ဂျိမ်းစ်ဗရီဒါက ယာယီ တားမြစ်အမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေးကို ထောက်ခံတယ်ဟု ပူတင် ပြောသော်လည်း ထရန့်ကို ဖုန်းခေါ်ဖို့ လိုနိုင်တယ်လို့ဆို

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 10 Views
မတ်လ (၁၄) ရက်။ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အယူအဆက မှန်ကန်ပြီး ကျွန်တော် သေချာပေါက် ထောက်ခံမှာ ဖြစ်ပေမယ့် ဆွေးနွေးဖို့ လိုအပ်တဲ့ကိစ္စရပ်တွေ ရှိသေးကြောင်း ပူတင်က ပြောကြားခဲ့ပါတယ်။ သမ္မတ ဗလာဒီမာပူတင်က ရုရှားက အပစ်အခတ်ရပ်စဲရေးအတွက် အဆင်သင့်ဖြစ်နေပြီဟု
နိုင်ငံတကာသတင်း အမေရိကန်

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာချိန်တွင် ကနေဒါသည် အမေရိကန်ကို လက်တုံ့ပြန်၍ စည်းကြပ်ခွန် ဒေါ်လာ ၂၁ ဘီလီယံဖြင့် ဒဏ်ခတ်လိုက်ခြင်း

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 8 Views
မတ်လ (၁၃) ရက်။ ကနေဒါအစိုးရဟာ ဒေါ်လာဈေးတခုနှင့်တခု ချဉ်းကပ်မှုအတိုင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက် မနက် ၁၂:၀၁ နာရီမှာအခွန်စည်းကြပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှ သွင်းကုန် ဒေါ်လာ ၂၉.၈
နိုင်ငံတကာသတင်း အမေရိကန်

သမ္မတဒေါ်နယ်ထရန့်၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲရဲ့ ပထမဆုံး ပစ်ခတ်မှုကို စတင်ခဲ့သည်။

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 11 Views
မတ်လ (၁၃) ရက်။ ထရန့်က ကနေဒါ၏ တင်ပို့ကုန်များဖြစ်သည့် စတီးလ်နှင့် အလူမီနီယံတို့အပေါ် စည်းကြပ်ခွန်များ ချမှတ်ခဲ့သည်ကို တုံ့ပြန်သည့်အနေနှင့် ကနေဒါနိုင်ငံသည် ဒေါ်လာ ၂၁ ဘီလီယံတန်ဖိုးရှိ အမေရိကန် ကုန်ပစ္စည်းများအချို့အပေါ် လက်တုံ့ပြန် ကုန်သွယ်မှုခွန်အသစ်ကို ဗုဒ္ဓဟူးနေ့တွင်