နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ငလျင်ကြောင့် ပျက်စီးသွားတဲ့ တရားလွှတ်တော်ချုပ်ရုံးနဲ့ အလုပ်သမားဝန်ကြီးရုံးတို့ကို အမြန်ဆုံးပြန်ဆောက်ဖို့ စစ်ခေါင်းဆောင် ညွှန်ကြား

မေလ (၂၈)ရက်။

ငလျင်ကြောင့် ပျက်စီးသွားခဲ့တဲ့ တရားလွှတ်တော်ချုပ်ရုံးနဲ့ အလုပ်သမားဝန်ကြီးဌာနကို အမြန်ဆုံး ပြန်ဆောက်လုပ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ စစ်ဆေးချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးတာမှာ ကြီးမားခဲ့တဲ့ အဆောက်အအုံတွေစာရင်းထဲ တရားလွှတ်တော်ချုပ်ရုံးနဲ့ အလုပ်သမားဝန်ကြီးဌာနရုံးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

ထိခိုက်ပျက်စီးတာ ကြီးမားခဲ့တဲ့ အဆောက်အအုံတွေ ပြန်တည်ဆောက်တာမှာ ရေရှည်ခိုင်ခံ့ဖို့နဲ့ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေ ဖြစ်စေဖို့ သက်ဆိုင်ရာပညာရှင်တွေနဲ့ ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ပါတယ်။

နောက်ပြီး ကနဦးဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ပြီး ရုံးအဆောက်အအုံတွေ ပြန်တည်ဆောက်တာကို သတ်မှတ်ရက်ထဲ အပြီးဆောင်ရွက်ဖို့ သူက ပြောဆိုခဲ့ပါသေးတယ်။

စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ တရားလွှတ်တော်ချုပ်ရုံးရှေ့မှာ Prefabricated Office တွေနဲ့ ယာယီရုံးခန်းတွေ ဖွင့်လှစ်ကာ ရုံးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းငလျင် (၂)လပြည့်ပြီဖြစ်ပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာ မပြီးစီးသေးသလို တဖက်မှာလဲ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ စစ်ကောင်စီအနေနဲ့ ထိထိရောက်ရောက် လုပ်နိုင်တာမရှိဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ငဖဲမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 9 Views
ဇူလိုင်လ (၁၉)ရက်။ မနေ့က နံနက် (၁၁)နာရီခွဲအချိန် ငဖဲမြို့နယ် နောင်ကျေးရွာပေါ်ကို ဒရုန်းနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF-ASHO ရဲ့
မြန်မာသတင်း

အာဇာနည်နေ့မှာ ပုလောမြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၄)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 16 Views
ဇူလိုင်လ (၁၉)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က ပုလောမြို့၊ ဇရပ်ဆိပ်ကျေးရွာအုပ်စုရှိ မိမ္မမြို့ရွာအနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပုလော-PDF ရဲ့
မြန်မာသတင်း

အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အိပ်မက်ဟာ ဒီကနေ့အထိ စစ်အာဏာရှင်စနစ်အောက်မှာ နစ်မွန်းနေဆဲလို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 14 Views
ဇူလိုင်လ (၁၉)ရက်။ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အဓိကမျှော်ရည်ချက်ဟာ တိုင်းရင်းသားတွေအားလုံးပါဝင်ပြီး တောင်တန်းနဲ့ မြေပြန့်မခွဲဘဲ လွတ်လပ်ရေးရရှိဖို့၊ အမျိုးသားတန်းတူရေး၊ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းတွေ ပါဝင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသစ်တရပ် တည်ထောင်ဖို့ဖြစ်တယ်လို့ NUG ရဲ့ ဒီကနေ့ (၇၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို
မြန်မာသတင်း

စစ်ခေါင်းဆောင် ရန်ကုန်ရောက်ချိန် ‌မင်္ဂလာဒုံရှိ လေကြောင်းအတတ်သင် သင်တန်းကျောင်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 13 Views
ဇူလိုင်လ (၁၉)ရက်။ မနေ့က ည(၇)နာရီကျော်အချိန်က မင်္ဂလာဒုံမြို့ရှိ စစ်ကောင်စီရဲ့ လေကြောင်းအတတ်သင် သင်တန်းကျောင်းကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညက (၇)နာရီ (၁၅)လောက်
မြန်မာသတင်း

ရန်ကုန်မှာပြုလုပ်တဲ့ အာဇာနည်နေ့အခမ်းအနားကို စစ်ခေါင်းဆောင် တက်ရောက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 10 Views
ဇူလိုင်လ (၁၉)ရက်။ ဒီကနေ့ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့တဲ့ အာဇာနည်နေ့အခမ်းအနားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ အာဇာနည်နေ့အခမ်းအနားကို ဒုစစ်ခေါင်းဆောင် စိုးဝင်းသာ တက်ရောက်ခဲ့ပြီး အခုနှစ်မှာ စစ်ခေါင်းဆောင်
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 15 Views
ဇူလိုင်လ (၁၈)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၄၈)မိနစ်အချိန်က ကျောက်မဲမြို့ အထက်ကြူရှောရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အထက်ကြူရှောရွာကို
မြန်မာသတင်း

မြန်မာ-ထိုင်းနယ်စပ်မျဉ်းတခုလုံးရဲ့ (၃)ပုံ (၁)ပုံကို KNU ထိန်းချုပ်ထား

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 10 Views
ဇူလိုင်လ (၁၈)ရက်။ မြန်မာ-ထိုင်းနယ်စပ်မျဉ်းတခုလုံးရဲ့ (၃)ပုံ (၁)ပုံကို KNU က ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ISP-MYANMAR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြဝတီမြို့နယ်ထဲက စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် KNU ရဲ့ ထိန်းချုပ်နိုင်မှုဟာ
မြန်မာသတင်း

ခရိုနီ ဦးတေဇရဲ့သမီးအကြောင်း ဖော်ပြထားတဲ့ အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်းက အွန်လိုင်းဝက်ဆိုဒ်ကနေ ပြန်ဖယ်ရှား

  • 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်
  • 19 Views
ဇူလိုင်လ (၁၈)ရက်။ ခရိုနီ ဦးတေဇရဲ့သမီးဖြစ်သူ ရေချယ်တေဇအကြောင်း ဖော်ပြထားတဲ့ အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Vogue Italia က အွန်လိုင်းဝက်ဆိုဒ်ကနေ ဖယ်ရှားခဲ့တယ်လို့ Justice for Myanmar(JFM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့