နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အမေရိကန်သည် အီးယူနှင့် ကုန်သွယ်မှု သဘောတူညီချက် ရရှိခဲ့သည်။

အမေရိကန်နှင့် အီးယူတို့သည် ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုအတွက် မူဘောင်တစ်ခုသို့ ရောက်ရှိခဲ့ပြီး အမေရိကန်၏ အကြီးဆုံးကုန်သွယ်ဖက်နှင့် လအတန်ကြာခဲ့သော အခြေတင်ဆွေးနွေးမှုကို အဆုံးသတ်ခဲ့သည်။

စကော့တလန်တွင် ဥရောပကော်မရှင်ဥက္ကဋ္ဌ အန်ဆူလာ ဗွန်ဒါလီယွန် (Ursula von der Leyen) နှင့် ယမန်နေ့က ဆွေးနွေးပြီးနောက် နိုင်ငံ ၂၇ နိုင်ငံမှ သွင်းကုန်အများစုအပေါ် စည်းကြပ်မှု ၁၅ ရာခိုင်နှုန်းကို သမ္မတ ဒေါ်နယ်ထရန့် က ကြေညာခဲ့သည်

သဘောတူညီချက်၏အသေးစိတ်အချက်အလက်များကိုထုတ်ဖော်ပြောကြားခြင်းမရှိသေးသော်လည်း ထရန့်သည် အစုအဖွဲ့နှင့်သဘောတူညီချက်ကို “လုပ်ဖူးသမျှ အကြီးမားဆုံး သဘောတူညီချက်” အဖြစ် ကြွေးကြော်ခဲ့သည်။ အဆိုပါသဘောတူညီချက်သည် “တည်ငြိမ်မှု” နှင့် “ကြိုတင်ခန့်မှန်းနိုင်မှု” ကို ဆောင်ကြဉ်းပေးလိမ့်မည်ဖြစ်ကြောင်း ဗွန်ဒါလီယွန် (Von der Leyen) ကပြောကြားခဲ့ပြီး အခြားဥရောပခေါင်းဆောင်များက ဖွံ့ဖြိုးတိုးတက်မှုကို ကြီးမားစွာ ကြိုဆိုခဲ့ကြသည်။

ဤသည်မှာ သဘောတူညီချက်အကြောင်းများဖြစ်သည်။

ကုန်ပစ္စည်းအားလုံးအပေါ် ၁၅% စည်းကြပ်ခွန်တွင် မော်တော်ကားများ၊ ဆေးဝါးများနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ပါဝင်သည်။

ဆေးဝါးများသည် အီးယူမှ အမေရိကန်သို့ တင်သွင်းသည့် နံပါတ် ၁အများဆုံးတင်ပို့သည့် (ဒေါ်လာ ၁၅၅ ဘီလီယံရှိသည်) ကုန်ပစ္စည်းဖြစ်သည်၊ ယမန်နှစ်က အိုင်ယာလန်သည် အမေရိကန်ကို ဆေးဝါးများ တင်သွင်းသည့် ထိပ်တန်းနိုင်ငံခြားနိုင်ငံတစ်ခုဖြစ်သည်။ ထရမ့်သည် သြဂုတ် ၁ ရက်မှစ၍ အမေရိကန်ပြင်ပမှ ထုတ်လုပ်သည့် ဆေးဝါးများ အပေါ် အခွန် ၂၀၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု အကြံပြုထားသည်။

အီးယူသည် အမေရိကန်ထံမှ ဒေါ်လာ ၇၅၀ ဘီလီယံတန်ဖိုးရှိ စွမ်းအင်ကို ဝယ်ယူရန် သဘောတူပြီး အမေရိကန်တွင် နောက်ထပ် ဒေါ်လာ ၆၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် သဘောတူခဲ့ကြောင်း ထရန့်က ပြောကြားခဲ့သည်။ “နိုင်ငံအားလုံးဟာ အကောက်ခွန်မဲ့ အမေရိကန်နဲ့ ကုန်သွယ်မှုပြုဖို့ လမ်းဖွင့်ထားပြီး စစ်လက်နက်ပစ္စည်း အများအပြားကို ဝယ်ယူဖို့ သဘောတူထားပါတယ်” ဟု ထရန့်က ပြောကြားခဲ့သည်။

ဤသဘောတူညီချက်သည် ဒက်ထရွိုက်မော်တော်ကားထုတ်လုပ်သူများအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်သည်။ အမေရိကန်သို့တင်သွင်းသော EU ကားများအပေါ် ၁၅% မော်တော်ကား အကောက်ခွန်သည် မက္ကဆီကိုတွင် တည်ဆောက်ပါက အမေရိကန်ကားထုတ်လုပ်သူများက ပေးဆောင်သောအခွန် ၂၅% ထက် အီးယူက လျော့နည်းနေခဲ့သည်။

သဘောတူညီချက်သည် ဧပြီလ၂ ရက်နေ့တွင် ထရန့် ချမှတ်ခဲ့သည့် အခွန်စည်းကြပ်မှု ၁၀% ထက် မြင့်မားပြီး ထရန့် သမ္မတသက်တမ်းမတိုင်မီ ပျမ်းမျှ ၁.၂ % ဝန်းကျင်ထက် သိသိသာသာ မြင့်မားလာခဲ့သည်။ သို့ရာတွင် သဘောတူညီချက်တစ်ခုမရခဲ့ပါက ထရန့်၏ ပြုလုပ်မည့် ခြိမ်းခြောက်ထားသည့်နှုန်းထက် သိသိသာသာလျော့ နည်းပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက