နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

နိုင်ငံ့လူဦးရေ ဆယ်စုနှစ်ထဲ ပထမဆုံးအကြိမ် လျော့ကျလာတယ်လို့ စစ်ခေါင်းဆောင်ပြော

အောက်တိုဘာလ (၂၈)ရက်။

မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ဆယ်စုနှစ်ထဲ ပထမဆုံးအကြိမ်အနေနဲ့ အနည်းငယ်လျော့ကျလာတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ၂၀၂၄ခုနှစ် သန်းခေါင်စာရင်းထုတ်ပြန်တဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ ၂၀၂၄ခုနှစ် သန်းခေါင်စာရင်းအချက်အလက်တွေအရ နိုင်ငံရဲ့ လူဦးရေဟာ ဆယ်စုနှစ်တွေထဲ ပထမဆုံးအကြိမ်အနေနဲ့ အနည်းငယ် လျော့ကျလာတာကို တွေ့ရပါတယ်။ ဒါဟာ မွေးဖွားနှုန်းကျဆင်းတာ၊ ရွှေ့ပြောင်းသွားလာမှု မြင့်မားလာတာနဲ့ မိသားစုပုံစံတွေ ပြောင်းလဲလာတာတို့ကြောင့် စိန်ခေါ်မှုတခုဖြစ်တယ်” လို့ ဆိုပါတယ်။

နိုင်ငံရဲ့ ‌လူငယ်တွေကြားမှာ ပြည်ပရွှေ့ပြောင်းသွားလာတာတွေ မြင့်မားနေပေမယ့် တချိန်က မွေးနှုန်းမြင့်မားခဲ့တဲ့ အကျိုးဆက်ကြောင့် အလုပ်လုပ်နိုင်တဲ့ လူငယ်လူရွယ်ဦးရေဟာ အခုမှာ များပြားနေတာလို့ သိရပါတယ်။

နောက်ပြီး ပြည်ပရွှေ့ပြောင်းတာက နိုင်ငံရဲ့ စီးပွားရေးအခြေအနေ၊ နိုင်ငံရေးတည်ငြိမ်မှု၊ ပြည်တွင်းရှိ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် တည်မှီနေတာကြောင့် နိုင်ငံအတွက် ရေရှည်ထိန်းညှိနိုင်မယ့် စီမံချက်တွေ ချမှတ်ရမယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် လူငယ်တွေကို လျစ်လျူရှုထားရင် Demographic Burden နဲ့အတူ တည်ငြိမ်အေးချမ်းမှု လျော့နည်းလာနိုင်သလို အဆုံးဆုံးအခြေအနေတခုအဖြစ် Demographic Disaster ဖြစ်သွားနိုင်တယ်လို့လဲ သူက ဆက်ပြောပါတယ်။

ဒါ့ကြောင့် နိုင်ငံမှာ ရှိသင့်ရှိထိုက်တဲ့ လူဦးရေဖြစ်စေဖို့ နိုင်ငံနဲ့ ကိုက်ညီတဲ့ လူဦးရေ မူဝါဒတွေကို ရေးဆွဲချမှတ်ပြီး မျိုးဆက်တခုစာ ကြိုတင်ပြင်ဆင်ဖို့ ညွှန်ကြားခဲ့ပါသေးတယ်။

အခုကျင်းပခဲ့တဲ့ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားဟာ စုပေါင်းအားနဲ့ ဆောင်ရွက်ခဲ့တဲ့ အောင်မြင်မှုအနေနဲ့ ကမ္ဘာ့အလယ်မှာ သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့တာဆိုပြီး စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါသေးတယ်။

ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သန်းခေါင်စာရင်း ကောက်ယူတဲ့လုပ်ငန်းမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်တာ မရသလို ကောက်ယူသူတွေကလဲ အဖြစ်သဘောသာ ဆောင်ရွက်ခဲ့တာကြောင့် အောင်မြင်တဲ့လုပ်ငန်းစဉ်မဟုတ်ဘူးဆိုပြီး ပြောဆိုတာတွေရှိတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 40 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 41 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 37 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 32 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 33 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ