နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

တရုတ်နိုင်ငံက အလိုရှိနေသည့် ထိုင်းနိုင်ငံက ဖမ်းဆီးထားသည့် လောင်းကစားသူဌေးကြီးကို ညှင်းပန်းနှိပ်စက်သည်ဟု စွပ်စွဲမှုကို ထိုင်းအစိုးရ ငြင်းဆို

ဇန်နဝါရီလ (၂၈) ရက်။

တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရန် တောင်းဆိုခံထားရသည့် အရှေ့တောင်အာရှတွင် တရားမဝင် အွန်လိုင်း လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသည့် လောင်းကစားသူဌေးကြီးတစ်ဦးအားထိုင်းနိုင်ငံတွင် ဖမ်းဆီးချုပ် နှောင်ခံထားရစဥ် ညှင်းပန်းနှိပ်စက်ခဲ့သည်ဟု စွပ်စွဲချက်ကို ထိုင်းနိုင်ငံမှ ငြင်းဆိုထားကြောင်း ထိုင်းနိုင်ငံတရားရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဖွား ရှီဇီချမ်း (She Zhijiang) က ထိုင်းအကျဉ်းထောင်တွင် လူမဆန်စွာ ပြုမူဆက်ဆံမှု ခံယူခဲ့ရသည်ဟု ၎င်း၏ရှေ့နေများက အင်တာပိုလ်ထံသတင်း ပေးပို့ခဲ့သည်ဟု ရိုက်တာသို့ ပေးပို့သော စာတစ်စောင်အရ သိရသည်။

“သူ့အပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ အပြုအမူက တခြားသူ (အကျဉ်းသား) တွေလိုပါပဲ သူတို့ရှေ့နေတွေနဲ့ ပုံမှန်ထိတွေ့ခွင့်ပေးပါတယ်” ဟု ထိုင်းတရားရေးဝန်ကြီး တာဝီး ဆော့ဆောင်း (Tawee Sodsong) က ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

အကျဉ်းသားများအား နှိပ်စက်ညှဉ်းပန်းခြင်း သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်းကို တားဆီးနိုင်သည့် လုံခြုံရေးကင်မရာများ ထားရှိထားကြောင်း တာဝီး မှ ပြောကြားခဲ့သည်။

တရုတ်သံရုံးမှ တာဝန်ရှိသူများက ထောင်တွင်းရှိ သူဌေးကြီးအား သူ့ဆန္ဒကို ဆန့်ကျင်ပြီး တရုတ်နိုင်ငံသို့ ပြန်လာရန် ထောင်တွင်းသို့ လာရောက်တွေ့ဆုံခဲ့ပြီး သူ့ ကို ဖြားယောင်းသွေးဆောင်ခဲ့ကြောင်း အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်းဆောင်ရှီ၏ရှေ့နေများက အင်တာပိုလ်ထံ စာရေးသားပေးပို့မှုကို ဝန်ကြီးက မှတ်ချက်မပေးပေ။

ဘန်ကောက်တွင် ၂၀၂၂ ခုနှစ်က အဖမ်းခံခဲ့ရသော လောင်းကစားလုပ်ငန်းများကို ပိုင်ဆိုင်သည့် သူဌေးကြီးက သူ့အပေါ် အမှုဖွင့်ထားခြင်းသည် “နိုင်ငံရေးအရ လုပ်ဆောင်တာ” ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတကာမှ ဝရမ်းထုတ်ထားမှုနဲ့ ဘေဂျင်းရဲ့ တောင်းဆိုချက်အရ အင်တာပိုလ်က အနီရောင်သတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ထိုင်းတရားရုံးတစ်ခုမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ရန် အမိန့်ပေးခဲ့သော်လည်း ရှီကထို စီရင်ချက်ကို အယူခံဝင်လျက်ရှိသည်။

ကမ္ဘောဒီးယားနိုင်ငံကလည်း ရှီသည် ကမ္ဘောဒီးယားနိုင်ငံသား ဖြစ်သောကြောင့် သူ့အား ကမ္ဘောဒီးယားသို့ လွှဲအပ်ရန်လည်း တောင်းဆိုထားကြောင်း တာဝီး က ပြောသည်။ ရှီ အား တရားခံအဖြစ် လွှဲပြောင်းပေးမည့်နေရာကို အယူခံတရားရုံးက ဆုံးဖြတ်မည်ဖြစ်ကြောင်း တာဝီး က ပြောသည်။

မီဒီယာများ၏ အဆိုအရ ရှီသည် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်တွင် ဂိမ်းရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ထားသည့် ယာတိုင်းအုပ်စု (Yatai International Holdings Group) ၏ ဥက္ကဌဖြစ်ပြီး မကြာသေးမီက မြန်မာနိုင်ငံ ကရင်ပြည်နယ် ရွှေကုက္ကိုဟု အမည်တွင်သော နေရာတွင် ဒေါ်လာ ၁၅ ဘီလီယံရင်းနှီးပြီး ကာစီနို၊ ဖျော်ဖြေရေးနှင့် ခရီးသွားလုပ်ငန်း အဆောက်အအုံများကို တည်ထောင်ဆောက်လုပ်ခဲ့သည်။

ရှီသည် တရုတ်နိုင်ငံသားတစ်ဦးဖြစ်ပြီး “အွန်လိုင်းလောင်းကစားနှင့် တယ်လီကွန်း လိမ်လည်မှု ရာဇ၀တ်မှုများတွင် အဓိကကျသူဖြစ်သည်” ဟု တရုတ်နိုင်ငံခြားရေးဌာနက တနင်္ဂနွေနေ့တွင် ရိုက်တာသတင်းဌာနအား ပြောကြားခဲ့ပြီး သူ့အား စွဲချက်တင်ရန် ခိုင်လုံသော အထောက်အထား ရှိသည်ဟု ရိုက်တာသတင်းသို့ပေးပို့သည့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရှေ့တောင်အာရှ – အထူးသဖြင့် ထိုင်း၊ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့ကြား နယ်စပ်ဒေသများသည် COVID-19 ကပ်ရောဂါ ဖြစ်ပွားပြီးနောက် တယ်လီကွန်းနှင့် အခြားအွန်လိုင်း လိမ်လည်မှုများအတွက် အချက်အချာနေရာတစ်ခု ဖြစ်လာခဲ့ကြောင်း ထိုလိမ်လည်မှုစင်တာများတွင် လူထောင်ချီ လူကုန်ကူးခြင်းကို ခံထားရကြောင်း ကုလသမဂ္ဂ၏ ပြောကြားချက်အရ သိရှိရသည်။

သတင်းရင်းမြစ်။ ရိုက်တာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 93 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 76 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို