နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

သူ့အား စွဲချက်တင်ခဲ့သည့် တရားရေးဌာန (DOJ) မှ ဝန်ထမ်းများကို ထရန့်လက်စားခြေဟုဆို

ဇန်နဝါရီလ (၂၉) ရက်။

တရားရေးဌာန (DOJ) မှ ဝန်ထမ်းများကို ထုတ်ပယ်မှုသည် အနာဂတ် စုံစမ်းစစ်ဆေးမှုများကို ဟန့်တားရန် ရည်ရွယ်ထားကြောင်း အရာရှိဟောင်းများက ပြောကြားခဲ့သည်။

တဖက်သတ် ဘက်လိုက်မှုပြုသည်ဟုပြောပြီး တရားရေးဌာနကို ဖယ်ရှားပစ်မည်ဟု ထရမ့်က ကတိပြုခဲ့သည်။ သူ၏ဒုတိယသက်တမ်းအတွက် ဖြစ်နိုင်ချေရှိသော စုံစမ်းစစ်ဆေးမှုများကို ဟန့်တားရန် လက်တုံ့ပြန်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများကို အသုံးပြုနေကြောင်း အရာရှိဟောင်းများက ပြောကြားခဲ့သည်။

ဒေါ်နယ်ထရန့်ကို တရားစွဲဆိုရာတွင် ပါဝင်သော တရားရေးဌာနမှ ရှေ့နေအများအပြားကို တနင်္လာနေ့က အလုပ်ထုတ်ပစ်ခြင်းမှာ တရားရေးဌာနနှင့် FBI အလုပ်အဖွဲ့ကို ခြိမ်းခြောက်ရန်နှင့် ထရန့်၏ ဒုတိယ အုပ်ချုပ်မှုတွင် စုံစမ်းစစ်ဆေးမှုများကို ဟန့်တားရန် ရည်ရွယ်ထားကြောင်း တရားရေးဌာနဝန်ထမ်းဟောင်းငါးဦးနှင့် FBI အရာရှိများက NBC News သို့ ပြောကြားခဲ့သည်။

“သူတို့က လူတွေကို တနည်းမဟုတ်တနည်း ကြောက်ရွံ့စေဖို့ ကျင့်ကြံဆောင်ရွက်နေတယ်” ဟု အမည်မဖော်လိုသူ အကြီးတန်း FBI အရာရှိဟောင်းတစ်ဦးမှ လက်တုံ့ပြန်မည်ကို ကြောက်ရွံ့သည့်အတွက် သူ့အမည်ကို ကိုးကားခြင်းမပြုရန် ပြောကြားခဲ့သည်။

“တွေးကြည့်စမ်းပါ အစိုးရအသစ်မှာ တစ်ယောက်ယောက်က သူတို့ရဲ့ ရာထူးကို အလွဲသုံးစားလုပ်ရင် တရားရေးဌာန ဒါမှမဟုတ် FBI ကနေ ဘယ်သူတွေက ဒီလို ကိစ္စမျိုးတွေကို စုံစမ်းနိုင်တော့မှာလဲ” ဟု ၎င်းက ထပ်လောင်းပြောသည်။

နယူးယောက်ယူနီဗာစီတီ၏ ဥပဒေပါမောက္ခဟောင်း စတီဖင်ဂေးလား (Stephen Gillers) က ထရန့်သည် ၎င်းထင်မြင်ယူဆထားသော ရန်သူများကို အပြစ်ပေးခြင်းနှင့် အနာဂတ် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ဟန့်တားရန် ရည်မှန်းချက်နှစ်ရပ်ကို အကောင်အထည်ဖော်ရန် ကြိုးစားနေပုံပေါ်သည်ဟု ဆိုသည်။

“ရည်ရွယ်ချက်က လက်စားချေတာပါ” ဟု ဂေးလားက ဆိုပါသည်။ “တစ်ချိန်တည်းမှာပင် သူသည် အခြားသူတွေက သူ့ကို ဆန့်ကျင်ပါက အလားတူကံကြမ္မာကို ခံစားရမှာကို သတိပေးတာပါ။ ဒါကြောင့် ဒုတိယ ရည်ရွယ်ချက်က တားဆီးခြင်းပါ။ အဲဒီအခါမှာ ကျွန်တော်တို့ ရလာတာက ဂလဲ့စားချေခြင်းနဲ့ အမူအကျင့် ပြုပြင်ပြောင်းလဲရမယ် ဆိုတဲ့အချက် နှစ်ခုစလုံးပါပဲ”

ယခု ထရန့်ခန့်အပ်ထားသော ယာယီရှေ့နေချုပ်က ဦးဆောင်နေသည့် တရားရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

ထရန့်သည် အမျိုးအစားခွဲခြား ကန့်သတ်ထားသော စာရွက်စာတမ်းများကို လွဲမှားစွာ ကိုင်တွယ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ၀င်ရောက်စွက်ဖက်မှုတို့ကြောင့် အထူးအကြံပေး ဂျက်စမစ် (Jack Smith)က ထရန့်အား စွဲချက်တင်ခဲ့သည်။ ဂျက်စမစ်အဖွဲ့တွင် ပါဝင်အလုပ်လုပ်သော ရှေ့နေများစွာသည် တနင်္လာနေ့က အလုပ်ထုတ်ခံရသူများထဲတွင် ပါဝင်ပါသည်။ ၎င်းတို့ထဲတွင် မော်လီဂတ်စတွန် (Molly Gaston)၊ ဂျေပီ ကွမ်းနေ( J.P. Cooney)၊ အန်နီမက်နာမာရာ (Anne McNamara) နှင့် မေရီ ဒိုးမန် (Mary Dohrmann) တို့ ပါဝင်ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၂၄ မဲဆွယ်ပွဲတစ်လျှောက်လုံးတွင် ထရန့်သည် တရားရေးဌာနနှင့် FBI ကို ပြန်လည်မွမ်းမံရန် အကြိမ်ကြိမ် ကတိပြုခဲ့ပြီး နှစ်ဖွဲ့စလုံးသည် သူ့အား အပြစ်မရှိ အပြစ်ရှာသည့် နိုင်ငံရေးအရ လှုံ့ဆော်သော “စုန်းမအမဲလိုက်ခြင်း” ကို လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ စမစ်နှင့် ရှေ့နေချုပ်ဟောင်း မာရစ်ဂါလန် (Merrick Garland) က သူတို့က တရားစွဲဆိုခြင်းသည် နိုင်ငံရေးဘက်လိုက်မှုကြောင့် မဟုတ်ဘဲ ထရန့်၏ ကိုယ်ပိုင်လုပ်ဆောင်ချက်များကြောင့် ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုများ ဖြစ်ပေါ်စေသည်ဟု ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။

ထရန့်၏ ရွေးကောက်ပွဲအနိုင်ရရှိမှုသည် မဲဆန္ဒရှင်များက သူ့ကိုထောက်ခံဆဲဖြစ်ပြီး ဝါရှင်တန်ကို လှုပ်ခါသွားစေမည်ဟု ကတိပြုထားသည်။ “တရားမျှတမှု အတိုင်းအတာကို ပြန်လည်ပြီး ချိန်ခွင်လျှာ ညှိရလိမ့်မယ်” ဟု ထရန့်က ပြီးခဲ့သည့်အပတ်က သူ၏ကျမ်းသစ္စာကျိန်ဆိုပွဲမိန့်ခွန်းတွင် “ကျုပ်တို့ အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်ပြီး တရားမျှတမှု မရှိတဲ့ တရားရေးဌာနကို လက်နက်အဖြစ် အသုံးပြုမှုကို ဆုံးခမ်းတိုင်အောင် လုပ်သွားမယ်”ဟု ပြောခဲ့သည်။

ထရန့်၏ပထမသက်တမ်းအတွင်း လုပ်ဆောင်ခဲ့သော တရားရေးဌာနမှ အရာရှိဟောင်းတစ်ဦးသည် လက်စားချေခြင်းခံရမည်ကို ကြောက်ရွံ့သဖြင့် သူ၏အမည် မဖော်ပြစေလိုဘဲ ထုတ်ပယ်မှုများသည် ကလဲ့စားချေခြင်းဖြစ်သော်လည်း ဗျူဟာမြောက်လုပ်ဆောင်ချက်လည်း ဖြစ်သည်ဟု ဆိုသည်။

“ဒေါသအမျက်ထွက်ပြီး သူတို့ကို သူက ထုတ်ပစ်ခဲ့တာဖြစ်တယ်” ဟု တရားရေးဌာန အရာရှိဟောင်းက ပြောသည်။ “သူ့ရဲ့အလုပ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာဖို့ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ သူ့ထံမှာ သစ္စာခံဖို့ တခြားအရာရှိတွေကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတယ်။”

ထရန့် ၏ FBI ဒါရိုက်တာအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ကက်ရှပက်တဲလ် (Kash Patel) ကို အတည်ပြုပါက လက်စားချေသည့်လုပ်ရပ်များ ဆက်လက်ရှိနေဦးမည်ဟု ဒုတိယတရားရေးဌာနမှ အရာရှိဟောင်းတစ်ဦးက ခန့်မှန်းခဲ့သည်။

ကြာသပတေးနေ့တွင် အတည်ပြုကြားနာခြင်းပြုမည့် ပက်တဲလ်သည် ထရန့်၏သမ္မတသက်တမ်းကို ပျက်ပြားစေရန် “မြေအောက်အစိုးရ” ကြံစည်မှု၏ တစိတ်တစ်ပိုင်းအဖြစ် အစိုးရဝန်ထမ်းများကို အပြစ်တင်ခဲ့သည်။ ပက်တဲလ်သည် ၂၀၂၃ ခုနှစ် အမှတ်တရမှတ်တမ်းတွင် ပါဝင်သည့် လူ ၅၀ ၏စာရင်းကို ထုတ်ပြန်ခဲ့ပြီး ထိုလူများသည် “မြေအောက်အစိုးရ” ၏ အဖွဲ့ဝင်များဖြစ်ကြောင်းသူက ပြောခဲ့သည်။

တရားရေးဌာနမှ ဒုတိယအရာရှိဟောင်းဖြစ်သူက “အလုပ်ဖြုတ်တာက သူတို့အလုပ်တာဝန်ကို ရိုးသားစွာလုပ်နေတဲ့ အရာရှိတွေကို အပြစ်ပေးရုံတင်မကဘဲ တခြားအလုပ်လုပ်နေသူတွေကိုလည်း ကြောက်မက်ဖွယ်ကောင်းတဲ့ကြက်သီးထစရာ ကက်ရှ်ပက်တဲလ်လို လူမျိုးရှေ့မှာ ကန့်လန့်တိုက်တဲ့သူဟာ ထရန့်ကို ဆန့်ကျင်တဲ့သူတွေအဖြစ် ပစ်မှတ်ထားလိမ့်မယ်ဆိုတာကို ကတိပြုထားတဲ့သူဆိုတဲ့သတင်းစကားပါးလိုက်တာပဲ” ဟု ဆိုသည်။

ဝန်ထမ်းအများအပြားကို တာဝန်‌ပြောင်းလဲခန့်ထားခြင်း

ပြီးခဲ့သည့် သီတင်းပတ်က တရားရေးဌာနမှ တာဝန်ရှိသူများသည် ထရန့်အမှု စစ်ဆေးရာတွင် ပါဝင်ခဲ့သည့် အကြီးတန်းသက်တမ်းရင့် အစိုးရရှေ့နေကြီး ၄ ဦးကို ဘေးမဲ့ပေးရာမြို့များတွင် တာဝန်‌ပြောင်းလဲခန့်ထားလိုက်သည်။

ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိသော သက်တမ်းရင့် အစိုးရရှေ့နေများ ဆုံးရှုံးခြင်းသည် ဗဟိုအစိုးရ၏ အကြမ်းဖက် တန်ပြန်မှု၊ ရာဇ၀တ်မှုနှင့် ဆိုက်ဘာစုံစမ်းစစ်ဆေးမှုများကို နှေးကွေးစေပြီး အများပြည်သူကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု ယခင်အရာရှိများက သတိပေးခဲ့သည်။

ပြောင်းလဲနေရာချထားခန့်အပ်ခံရသော အစိုးရရှေ့နေများကို လွန်ခဲ့သည့်လက ဖန်တီးခဲ့သော တရားရေးဌာနအလုပ်အဖွဲ့သစ်သို့ ပြောင်းလဲနေရာချထားခဲ့သည်။ ထိုနေရာသည် ဖက်ဒရယ်လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို ဆန့်ကျင်ခြင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက်သော ပြည်နယ် သို့မဟုတ် ဒေသဆိုင်ရာအရာရှိများကို စုံစမ်းစစ်ဆေးမည့်နေရာအဖြစ် ဖန်တီးထားသော တရားရေးဌာနဆိုင်ရာ အလုပ်အဖွဲ့အသစ် ဖြစ်သည်။

တတိယမြောက်တရားရေးဌာန အရာရှိဟောင်းတစ်ဦးက အကြီးတန်းသက်တမ်းရင့် အမှုလိုက် ရှေ့နေများကို ရာထူးမှနှိမ့်ချ ပြောင်းလဲလိုက်ခြင်းသည် တရားရေးဌာနနှင့် FBI အား အားနည်းစေ သည်ဟု ဆိုသည်။

“အရူးတယောက်ကသာ ကသောင်းကနင်း ဖြစ်စေတာတွေကို မိတ်ဆက်ပြီး ကျွန်တော်တို့အမျိုးသား လုံခြုံရေးမစ်ရှင်က ကျွမ်းကျင်သူတွေကို ဖယ်ရှားပစ်လိုက်တာက ကောင်းမွန်တဲ့အကြံဉာဏ်ဖြစ်တယ်လို့ တွေးမှာဖြစ်တယ်”ဟု တတိယအရာရှိဟောင်းက‌ပြောပြီး တန်ပြန်အရေးယူခြင်းရှိလာနိုင်သည့် အတွက်ကြောင့် သူ၏အမည်ကို ထုတ်ဖော်ခြင်းမပြုရန်‌ ဆိုသည်။

ဖလော်ရီဒါရှိ ထရန့်အိမ်တော် မာအေလာဂို (Mar-a-Lago) ကို ၂၀၂၂ ခုနှစ်တွင် ရှာဖွေမှုတွင် ပါဝင်ခဲ့သော တရားရေးဌာန၏အမျိုးသားလုံခြုံရေးဌာနမှအကြီးတန်းအရပ်ဘက်အရာရှိ ဂျော့တော့စကာ (George Toscas) အား ပြီးခဲ့သောအပတ်က ဘေးမဲ့တောမြို့ အလုပ်အဖွဲ့သို့ ပြောင်းလဲခန့်အပ်ခဲ့သည်ဟု NBC သတင်းတွင်ဖော်ပြထားသည်။

တရားမ၀င် မူးယစ်ဆေးဝါးရောင်းချသည့် မှောင်ခိုဝဘ်ဆိုဒ်ရှိ မှောင်ခိုဈေးကွက်တွင် ကူညီပေးခဲ့သော ဒစ်ဂျစ်တယ်ငွေကြေး ကျောထောက်နောက်ခံ ရို့စ် အာလ်ဘစ် (Ross Ulbricht) ကို အပြစ်ပေးခဲ့သည့် အမျိုးသားလုံခြုံရေးဌာနမှ အတွေ့အကြုံရင့် ရှေ့နေ အွန်းရန်ချွေ (Eun Young Choi) ကိုလည်း ဖယ်ထုတ်ခဲ့ကြောင်း ဝါရှင်တန်ပို့စ် (Washington Post) သတင်းတွင် ဖော်ပြထားသည်။

၂၀၂၄ မဲဆွယ်စည်းရုံးရေးကာလအတွင်း ထရန့်သည် သူအား ထောက်ခံသည့် လလစ်ဘာတာရီယာနှင့် ခရစ်(ပ)တို (crypto) အသိုင်းအဝိုင်းတွင် သူရဲကောင်း အာလ်ဘစ်ကို လွတ်ငြိမ်းခွင့်ပြုရန် ကတိပြုခဲ့သည်။ ၎င်း၏ ပထမဆုံး သမ္မတရုံးတက်သည့်နေ့မှာပင် ထရန့်သည် အာလ်ဘစ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

“သူ့ကို အပြစ်ပေးဖို့ လုပ်ဆောင်ခဲ့တဲ့ လူဆိုးတွေက ကျွန်တော့ကို ဆန့်ကျင်တဲ့အစိုးရရဲ့ ခေတ်မီလက်နက် အသုံးချမှုမှာ ပါဝင်ခဲ့တဲ့ အရူးတွေပါပဲ” ဟု ထရန့်က ရေးသားခဲ့သည်။

တရားရေးဌာန၏ ဒုတိယအရာရှိဟောင်းက သက်တမ်းရင့် အမှုလိုက်ရှေ့နေများကို နေရာပြောင်းလဲချထားခြင်းမှာ ပြည်သူကို အန္တရာယ်မှအကာအကွယ်ပေးရန် အားနည်းစေသည်ဟု ဆိုသည်။

“ပစ်မှတ်ထားခံရတဲ့ တရားရေးဌာန(DOJ)က အကြီးတန်းအရာရှိတွေဟာ နိုင်ငံရင်ဆိုင်နေရတဲ့ အထိခိုက်မခံနိုင်ဆုံးနဲ့ အရှုပ်ထွေးဆုံး အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိတဲ့ သူတွေဖြစ်တယ်။ အကြမ်းဖက်သမားတွေရဲ့ ကြံစည်မှုကနေ တရုတ်ဆိုက်ဘာတိုက်ခိုက်မှုတွေအထိပါပဲ” ဟု အရာရှိဟောင်းက ပြောကြားခဲ့သည်။

“သူတို့ဟာ နိုင်ငံတော်လုံခြုံရေးအတွက် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေကို မြှုပ်နှံထားတဲ့ ထူးခြားတဲ့ အတွေ့အကြုံအများကြီးရှိတဲ့ ပြည်သူ့ဝန်ထမ်းတွေပါ။ သူတို့ရဲ့ ဆယ်စုနှစ်ပေါင်းများစွာ အတွေ့အကြုံနဲ့ ခေါင်းဆောင်မှုကို အစားထိုးဖို့ နည်းလမ်းမရှိပါဘူး။”

သို့သော်လည်း ကွန်ဂရက်ရှိ ရီပတ်ဘလီကန် အများအပြားက တရားရေးဌာနနှင့် FBI တို့သည် ကြီးကြီးမားမား ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ဟု ပြောဆိုခဲ့ကြသည်။ ရီပတ်ပလီကင် အထက်လွှတ်တော်အမတ် ဘီးလ်ဟာဂတ်တီ (Bill Hagerty) က ပြီးခဲ့သည့်လက NBC News ၏ သတင်းဌာနနှင့်တွေ့ဆုံးခြင်း (“Meet the Press”) အစီအစဥ်တွင် ပီတဲလ် (Patel) သည် FBI တွင် ကျွန်ုပ်တို့ မြင်လိုသည့် အပြောင်းအလဲအမျိုးအစားကို ကိုယ်စားပြုသည်ဟု ပြီးခဲ့သည့်လက ထောက်ခံပြောကြားခဲ့သည်။ အေဂျင်စီတစ်ခုလုံးကို ရှင်းထုတ်ပစ်ဖို့ လိုတယ်”ဟုသူကဆိုသည်။

“FBI မှာ ဆိုးရွားတဲ့ ပြဿနာတွေ ရှိတယ်” ဟု ဟာဂတ်တီက ဆက်လက်ပြောသည်။ “အမေရိကန်ပြည်သူတွေ သိပါတယ်။”

ကိုလံဘီယာ တက္ကသိုလ် နိုင်ငံတကာနှင့်အများပြည်သူဆိုင်ရာဌာန (Columbia School of International and Public Affairs) မှ အကြီးတန်း သုတေသနပညာရှင်လည်းဖြစ် နစ်ကဆင် သမတစာကြည့်တိုက် (Nixon Presidential Library) ၏ ဒါရိုက်တာဖြစ်သူ တင်မိုသီ နက်ဖ်တာလီ (Timothy Naftali) က နိုဝင်ဘာလတွင် ထရန့် ၏အောင်ပွဲသည် မဲဆန္ဒရှင်များထံမှ ရရှိနေဆဲ ထောက်ခံမှု၏ လက္ခဏာတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

နက်ဖ်တာလီက “ထရန်နဲ့ သမ္မတ ရစ်ချက်နစ်ကဆင်တို့ဟာ တူညီမှုတွေရှိတယ်။ သူတို့နှစ်ဦးဟာ ကမ္ဘာအပေါ်ကို ရှုမြင်တဲ့နေရာမှာ မဟာမိတ်လား ဒါမှမဟုတ် ရန်သူလားဆိုတာကို လေ့လာလေ့ရှိတယ်” ဟုဆိုသည်။ ထရန့်သည် ၎င်းအား အပြုအမူဆိုင်ရာ စုံစမ်းစစ်ဆေးမှုများအားလုံးကို လျော်ကန်မှု မရှိကြောင်း အမေရိကန်များကို ပြောကြားဆွဲဆောင်ရာတွင် ထရန့်က နစ်ကဆင်ထက် အဆပေါင်းများစွာ အောင်မြင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ထိုလူထု၏ထောက်ခံမှု မှေးမှိန်မသွားချိန်အထိ ထရန့်သည် ဆန့်ကျင်သူများကို လက်တုံ့ပြန်သွားဖွယ်ရှိကြောင်း နက်ဖ်တာလီက ပြောကြားခဲ့သည်။

“ဒေါ်နယ်ထရန့်ကို စုံစမ်းစစ်ဆေးဖို့ အာဏာကျင့်သုံးတာဟာ အမြဲတမ်း တရားမ၀င်ကြောင်း လူအများကို သူက ဆွဲဆောင်နိုင်ခဲ့တယ်” ဟု နက်ဖ်တာလီက ပြောကြားခဲ့သည်။ “ဒါက တကယ်အံ့သြစရာပါ။သူ့ကို လုပ်ကိုင်ခွင့် ပေးခဲ့ကြတယ်။ ကျွန်တော်တို့နေထိုင်နေတဲ့ခေတ်ကြီးမှာ ဒီလို ဖြစ်ပျက်နေတာပါ”။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော