နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကမ္ဘာကျော်အဆိုတော် မက်ဒေါနားက တိုင်းပြည်ကို ဖြိုဖျက်နေတယ်လို့ ထရန့်အစိုးရအဖွဲ့ကို ဝေဖန်

++++++++++++++++++++++++++++++++++++

ဇန်နဝါရီလ (၂၉) ရက်။

လိင်ပြောင်းထားသူများကို စစ်တပ်တွင် တာဝန်ထမ်းဆောင်ခွင့်မှပိတ်ပင်ရန်နှင့် လူငယ်များအတွက် ကျားမရေးရာစောင့်ရှောက်မှုအတွက် ဖက်ဒရယ်ရန်ပုံငွေကို ပိတ်ပင်ခြင်းအပါအဝင် လိင်ပြောင်းထားသူများကို ဆန့်ကျင်သည့် သမတအမိန့်အများအပြားကို ထုတ်ပြန်ခဲ့ခြင်းအတွက် ကမ္ဘာကျော်အဆိုတော် မက်ဒေါနားက ထရန့်အစိုးရအဖွဲ့ကို ဝေဖန်လိုက်သည်။

ဒေသစံတော်ချိန် ဇန်နဝါရီ ၂၈ ရက်နေ့တွင် သူမ၏ လူမှုကွန်ရက်စာမျက်နှာ X တွင် သူမ၏ပုံကို ဆယ်လ်ဖီရိုက်ပြီး “ ကျမတို့ အချိန်ကြာရှည်စွာ တိုက်ခိုက်ပြီး အနိုင်ရယူထားတဲ့ လွတ်လပ်မှုတွေကို အစိုးရသစ်ဟာ ဖြည်းညှင်းစွာ ဖြိုဖျက်နေတာကို မြင်တွေ့ရတာ အလွန်ဝမ်းနည်းစရာကောင်းပါတယ်။ တိုက်ပွဲဝင်ဖို့လက်မလျှော့ပါနဲ့။” ဟု ပို့စ်တခု တင်ခဲ့သည်။ သူမသည် မည်သည့်လွတ်လပ်ခွင့်များကို ရည်ညွှန်းသည်ဆိုသည်ကို မဖော်ပြထားသော်လည်း ဝမ်းနည်းကြေကွဲမှုနှင့် သက်တံရောင် LGBT အလံကို အီမိုဂျီဖြင့် တွဲတင်ခဲ့သည်။

မက်ဒေါနားသည် သမ္မတထရန့်ကို မကျေနပ်ကြောင်း နှစ်ပေါင်းများစွာ ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီးတွင် သူမ၏ အင်စတာဂရမ် Story တွင် ချယ်ရီသီးများဖြင့် ဝိုင်းရံထားသော အဝါရောင်နှင့် လိမ္မော်ရောင်ကိတ်မုန့်၏ ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပြီး “ F*** Trump” ဟူသော စာသားဖြင့် “ မနေ့ညက ဒီကိတ်မုန့်ကို ပါးစပ်ထဲကို အပြည့်ထည့်ပြီး စားပစ်လိုက်တယ်” ဟု ဓာတ်ပုံတွင် စာတန်းထိုးထားသည်။ နောက်တစ်ပုဒ်တွင် “စီးပွားရေးမှာ တော်တယ်ဆိုတာပဲ ကြည့်ပြီး လူဆိုး၊ မုဒိမ်းကောင်ကို တိုင်းပြည်ခေါင်းဆောင်အဖြစ် တင်မြှောက်လိုက်တာကို နားလည်ရခက်ပါတယ်” ဟု လေးနက်သော ရပ်တည်ချက်ဖြင့် ရေးသားထားသည်။ သူမ၏ပုံကို ဆယ်လ်ဖီရိုက်ပြီး ဓာတ်ပုံအပေါ်တွင် ရေးသားခဲ့သည်။

သမ္မတရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၉ ရက်နေ့တွင် သူမ၏ Feed မှာ အတွေးတစ်ခုရေးပြီး “ ဒီမနက် အိပ်ရာက နိုးလာပြီး ပထမဆုံး စိတ်ထဲ ပေါ်လာတာက အမေရိကန်က မိန်းမတွေကို မုန်းတီးနေတယ်ဆိုတာပဲ။ ကျမဆို အမြဲတမ်း မိန်းမမုန်းတီးမှုရဲ့ ဒေါသတွေနဲ့ ကြုံခဲ့ရတာပါ။” ဟု စာစုတစ်စု ရေးသားခဲ့ပါတယ်။

“ သူတို့က လွတ်လပ်မှုကို ရင်ဘတ်ထဲကနေ မုန်းတီးနေတာပါ။ သူတို့က အခွန်လျှော့ပြီး လိုချင်တယ်။ အဲဒါကိုရဖို့အတွက် အာဏာရှင် အစိုးရအောက်မှာ နေရမယ်ဆိုလည်း ကိစ္စမရှိဘူးလို့ ထင်နေကြတယ်။ ကျမက ဒီမိုကရေစီစနစ်ကို လက်မလွှတ်နိုင်ဘူး။ အခုဆိုရင် ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့ အရင်ကထက်ပိုပြီး ကျမတို့ တိုက်ပွဲဝင်ရမယ်။ ထရန့်ကို မဲပေးခဲ့တဲ့ အမေရိကန်တွေ ဒါမှမဟုတ် မဲမပေးခဲ့တဲ့အမေရိကန်တွေ အာဏာရှင်အစိုးရ မွေးဖွားလာတာကို အဆင်ပြေနေတနေလို့ ထင်နေကြတာလား။ အမေရိကန်မှာ မမွေးဖွားခဲ့တဲ့ ကျမရဲ့မိတ်ဆွေတွေ သူတို့ရဲ့ဘ၀တွေကို အကျဉ်းစခန်းတွေမှာ အကျဉ်းချထားတာမျိုးကို ကျမ မလိုလားဘူး။ ကျမရဲ့သမီးတွေနဲ့ သူတို့ရဲ့မိတ်ဆွေသူငယ်ချင်းတွေဟာ သူတို့ရဲ့ကိုယ်ခန္ဓာကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိစေချင်ပါတယ်။ သူတို့ကိုလည်း တန်ဖိုးထားတယ်ဆိုတာကို ခံစားစေလိုတယ်။ သူတို့ကို ဒုတိယတန်းစား နိုင်ငံသားတွေလို မဟုတ်ဘဲ။ အမျိုးသမီးတွေက ဘာကြောင့် ထရန့်ကို မဲပေးခဲ့တာလဲ။ “ ကျမတို့ အမျိုးသမီးတွေ အခွင့်အရေး အမျိုးမျိုးရဖို့ အတွက် အချိန်အကြာကြီး တိုက်ပွဲဝင်ခဲ့ကြရတာ။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 26 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 35 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို