နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ငလျင်ကြောင့် သုခဒိုင်းမွန်းစိန်တိုင်ပိုင်ရှင်အပါအဝင် မိသားစုဝင်တွေ သေဆုံး

မတ်လ (၂၉)ရက်။

မနေ့က အင်အားပြင်းငလျင် လှုပ်ရှားသွားတဲ့ဖြစ်စဉ်ထဲ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနဲ့ မိသားစုဝင်တွေ သေဆုံးခဲတယ်လို့ သုခဒိုင်းမွန်းစိန်တိုက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မတ်လ (၂၈)ရက်နေ့က သဘာဝဘေးအန္တရာယ်ကြောင့် သုခဒိုင်းမွန်းစိန်တိုက်ရဲ့ပိုင်ရှင် သီရိသုဓမ္မသိင်္ဂီဒေါ်မိုးသီတာရွှေနဲ့ သားသမီးတွေ မြေးလေးတို့ ကွယ်လွန်အနိစ္စရောက်သွားပါတယ်” လို့ စိန်တိုက်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားပါတယ်။

အခုလို စိန်တိုက်ပိုင်ရှင်နဲ့ မိသားစုတွေ သေဆုံးခဲ့တဲ့အတွက် ဆိုင်ခွဲတွေအားလုံးကို ခေတ္တခဏပိတ်ထားမှာဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မယ့်ရက်ကို ပြန်လည်ကြေညာပေးသွားမ်ူလို့ ဖော်ပြထားပါတယ်။

“ ငလျင်ကြောင့် Sky Villa ပြိုကျတဲ့အထဲ ဒေါ်မိုးသီတာကော သူ့အမျိုးသားကော ပြီးတော့ (၃)နှစ်ကျော်သမီးလေးကော ပါသွားတာ။ သားအကြီးတယောက်ပဲ ကျောင်းသွားနေလို့ လွတ်သွားတာ” လို့ နီးစပ်သူတဦးက ဆိုပါတယ်။

စိန်တိုက်ပိုင်ရှင်နဲ့ မိသားစုဝင်တွေဟာ မနေ့က ငလျင်လှုပ်ရှားခဲ့တာကြောင့် Sky Villa ကွန်ဒို အဆောက်အအုံ ပြိုကျခဲ့တဲ့ဖြစ်စဉ်ထဲ သေဆုံးခဲ့ကာ အဲ့ဒီကွန်ဒိုဟာ (၄)ထပ်ခန့် မြေအောက်ကို ကျွံဝင်သွားခဲ့တာပါ။

မန္တလေးတိုင်းထဲ အခုအချိန်အထိ နောက်ဆုံးကောက်ယူရရှိထားတဲ့ စာရင်းတွေအရ ငလျင်ကြောင့် သေဆုံးခဲ့ရသူ (၆၉၄)ဦး၊ ဒဏ်ရာရရှိသူ (၁၆၇၀)ဦးနဲ့ ပျောက်ဆုံးနေသူ (၆၈)ဦးရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မြန်မာနိုင်ငံတွင် တရုတ်ဦးဆောင်သည့် ရာဇဝတ်ဂိုဏ်းများက လူကုန်ကူးခံရသူများကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများ ဆက်လက်လည်ပတ်နေ

  • 2025 ခုနှစ်၊ မေလ 17 ရက်
  • 39 Views
မေလ (၁၇) ရက်။ လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် (CSNHTV) က မြန်မာနိုင်ငံတွင် တရုတ်ဦးဆောင်သည့် ရာဇ၀တ်ဂိုဏ်းများက ဖမ်းဆီးထိန်းသိမ်းထားဆဲ
မြန်မာသတင်း

မင်းပြားတိုက်ပွဲက ဖမ်းဆီးရမိတဲ့ စစ်သုံပန်း မိသားစုများကို AA ပြန်လွှတ်

  • 2025 ခုနှစ်၊ မေလ 17 ရက်
  • 9 Views
မေလ (၁၇) ရက်။ အာရက္ခတပ်တော် (AA) က တိုက်ပွဲအတွင်း မင်းပြားမြို့ ဖမ်းဆီးရမိတဲ့ စစ်သုံပန်းမိသားစုဝင် ၂၂၅ ဦးကို
1027 Operations မြန်မာသတင်း

KIO ဥက္ကဋ္ဌဟောင်း ကွယ်လွန်သွားတဲ့အပေါ် TNLA ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 17 Views
မေလ (၁၆)ရက်။ KIO ဥက္ကဋ္ဌဟောင်း Lanyaw Zawng Hra ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာကို TNLA က ဒီကနေ့မှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က အသက် (၈၇)နှစ်အရွယ် KIO ဥက္ကဋ္ဌဟောင်း
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေ ရပ်တန့်ဖို့ အစွမ်းကုန်ဆောင်ရွက်မယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 23 Views
မေလ (၁၆)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေ ရပ်တန့်ဖို့ နည်းလမ်းပေါင်းစုံ အသုံးပြုပြီး အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ (၂)နှစ်ကျော်ကာလထဲ ရန်ကုန်နဲ့ နေပြည်တော်ကလွဲပြီး ကျန်တိုင်းနဲ့ပြည်နယ် (၁၃)ခုမှာ
မြန်မာသတင်း

MNDAA ရဲ့ လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲအပ်တာက အသက်ပေးခဲ့တဲ့ တော်လှန်ရေးသမားတွေကို သစ္စာဖောက်တာလို့ SAC-M ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 20 Views
မေလ (၁၆)ရက်။ MNDAA က လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲအပ်ဖို့ ‌ဆုံးဖြတ်ခဲ့တာဟာ အသက်ပေးခဲ့ကြတဲ့ တော်လှန်ရေးသမားတွေကို သစ္စာဖောက်တာလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ “ MNDAA က လားရှိုးမြို့ကို
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ကျောက်တော်မြို့ (၂)ရက်ဆက်တိုက် ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ပြည်သူ (၈)ဦးသေဆုံးပြီး (၁၄)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 21 Views
မေလ (၁၆)ရက်။ မေလ (၁၄)ရက်နဲ့ (၁၅)ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ (၂)ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌မေလ (၁၄)ရက်နေ့က ကျောက်တော်မြို့ ရွာမရပ်ကွက်ကို
မြန်မာသတင်း

မန္တလေးမှာ ဓါးပြတိုက်၊ လုယက်တဲ့ဂိုဏ်းအဖွဲ့ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 20 Views
မေလ (၁၆)ရက်။ မန္တလေးမှာ ဓါးပြတိုက်၊ လုယက်တာတွေ ကျူးလွန်တဲ့ (၁၇)ဦးပါ ဂိုဏ်းအဖွဲ့ကို ဖမ်းဆီးရမိခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့တဲ့ ဂိုဏ်းအဖွဲ့မှာ အမျိုးသား (၁၅)ဦးနဲ့ အမျိုးသမီး (၂)ဦးတို့ဖြစ်ပြီး အမရပူရ၊
နိုင်ငံတကာသတင်း မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာခုံရုံးတွေနဲ့ တောင်ကိုရီးယားနိုင်ငံမှာ တရားစွဲဆိုနိုင်ဖို့ ဆွေးနွေး

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 23 Views
မေလ (၁၅)ရက်။ မနေ့က တောင်ကိုရီးယားနိုင်ငံမှာ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ SAC-M အဖွဲ့ဝင် Professor Yanghee Lee တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ