နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့် ရက် ၁၀၀ ပြည့် အထိမ်းအမှတ်အတွက် Times မဂ္ဂဇင်းနှင့် အင်တာဗျူး ကောက်နှုတ်ချက်

+++++++++++++++++++++++++++++++

ကနေဒါကို သိမ်းပိုက်ဖို့၊ ရှီကျင့်ဖျင်ကို စကား‌ပြောခြင်း၊ တတိယအကြိမ် အရွေးခံမည့် အခြေအနေ၊ စသည့် TIMEမှ ထရန့် အင်တာဗျူးမှ ရရှိခဲ့သော အချက်(၉)ချက်

+++++++++++

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဧပြီလ ၂၂ ရက်နေ့တွင် TIME နှင့် တွေ့ဆုံမေးမြန်းခန်းတွင် စည်းကြပ်ခွန်ကောက်ခံမှုများ၊ ယူကရိန်းနှင့် ရုရှားကြား ငြိမ်းချမ်းရေးကြိုးပမ်းမှု၊ အီရန်နျူကလီးယားသဘောတူညီချက်၊ ကနေဒါနိုင်ငံသည် အမေရိကန်ပြည်ထောင်စုဖြစ်လာစေရန်နှင့် အခြားနိုင်ငံများအကြား ကုန်သွယ်ရေးကိစ္စများကို ဖြေကြားခဲ့သည်။

ထရန့်သည် ကွန်ဂရက်လွှတ်တော်အမတ်များကို စတော့ရှယ်ယာ အရောင်းအဝယ်လုပ်ခြင်းကို တားမြစ်ချက် လက်မှတ်ထိုးမည်ဖြစ်ကြောင်း၊ တတိယသက်တမ်းအဖြစ် သမတအနေနှင့် အရွေးခံရန် ဥပဒေဟာကွက်များ ( “looholes”) ကို အသုံးမပြုလိုကြောင်းအပြင် မှားယွင်းစွာ ပြည်နှင်ဒဏ်ပေးခံခဲ့ရသော အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို အယ်လ်ဆာဗေးဒေါမှ ပြန်ပို့ပေးရန် တောင်းဆိုထားခြင်း မရှိကြောင်းလည်း ပါဝင်သည်။

သူ၏ဒုတိယသက်တမ်းတွင် “အသုံးပြုရန် ရည်ရွယ်ထားသည့်အတိုင်း” သမတ ရုံးခန်းအာဏာကို အသုံးပြုနေခြင်းသာဖြစ်ပြီး သမ္မတရာထူးအာဏာများကို ချဲ့ထွင်နေသည်ဟူသော စွပ်စွဲချက်ကို ပယ်ချခဲ့သည်။“ကျွန်တော်လုပ်နေတာက ကျွန်တော်မဲဆွယ်တုံးက ပြောဆိုခဲ့တဲ့ကတိအတိုင်း အတိအကျပါပဲ” ဟု ထရန့်က ဆိုသည်။

သမ္မတသည် သက်သေအထောက်အထားမရှိဘဲ ၂၀၂၀ နှင့် ၂၀၂၄ ရွေးကောက်ပွဲများတွင် “လိမ်လည်ခြင်း” ရှိခဲ့ကြောင်း အခိုင်အမာပြောဆိုခြင်းအပါအဝင် အရှိန်မြှင့်ကာ အခွန်ကောက်ခံခြင်းသည် တိုင်းပြည်အတွက် ကောင်းမွန်သည်ဟု ဆိုခဲ့သည်။

၁) ထရန့်က သူသည် နိုင်ငံများအပေါ် အခွန်စည်းကြပ်မှုအသစ်များကို ခေတ္တရပ်ပြီးနောက် ကုန်သွယ်မှုတွင် ကုမ္ပဏီများ၊ နိုင်ငံများနှင့် ” သဘောတူညီချက် ၂၀၀” ကို ရရှိခဲ့ပြီး ၅၀% အခွန်စည်းကြပ်မှုသည် “စုစုပေါင်းအောင်ပွဲ” ဖြစ်လိမ့်မည်ဟု အင်တာဗျူးတွင် ထရန့်က ပြောဆိုခဲ့သည်။ သို့ရာတွင် အိမ်ဖြူတော်က ယင်းပြောဆိုချက်ထဲမှ မည်သည့်အချက်ကိုမျှ မကြေညာထားသလို ထရန့်သည်လည်း တိကျသည့် သဘောတူညီချက်တွေကို အသေးစိတ်ပြောရန် ငြင်းဆိုခဲ့သည်။

ထို့အပြင်၊ ယခုမှစ၍ အမေရိကန်သည် တစ်နှစ်လျှင် နိုင်ငံခြားတိုင်းပြည်များအပေါ် အခွန် ၅၀ ရာခိုင်နှုန်း ဆက်လက်ကောက်ခံရရှိမည် ဆိုပါက၊ “နိုင်ငံသည် ကြွယ်ဝလာမည်” ဖြစ်သောကြောင့် “အလုံးစုံအောင်ပွဲ” ဟု သူက ယူဆဆဲဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။

ရရှိထားသည့် သဘောတူညီချက်များကို “ဘာကြောင့် မကြေညာသေးတာလဲ” ဟု မေးသည့်အခါ ထရန့်က “ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှုတွေကို လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း အပြီးသတ်မယ်” ဖြေဆိုခဲ့သည်။ ထရန့်သည် ဧပြီလ ၉ ရက်နေ့တွင် ရက် ၉၀ ကြာ အခွန်းတိုးကောက်ခံမည့်အစီအစဥ်ကို ခေတ္တရပ်နားထားခြင်းကို စတင်ခဲ့သည်။

“နောက်သုံးပတ်ကနေ လေးပတ်အတွင်း ပြီးသွားမှာပါ” ဟု ၎င်းက ပြောသည်။ “ကျွန်တော်တို့ အပြီးသတ်မယ်။”

သို့သော်လည်း ထရန့်သည် သူ့အနေနှင့် အလျော့အတင်းညှိနှိုင်းနိုင်သည့်နေရာ ချန်ထားခဲ့ကာ အချို့သော ညှိနှိုင်းမှုများသည် အဆိုပါစံနှုန်းထက် ကျော်လွန်သွားနိုင်သည်ဟု ဆိုသည်။ “တချို့နိုင်ငံတွေက ပြန်လာပြီး ချိန်ညှိမှုတစ်ခု တောင်းဆိုနိုင်ပြီး အဲဒါကို ကျွန်တော်က စဉ်းစားပေးမယ်” ဟု ဆိုသည်။

၂) ရှီက သူ့ကို ဖုန်းခေါ်ခဲ့သည်ဟု ထရန့်က ပြောကြားခဲ့သော်လည်း တရုတ်အရာရှိများက ကုန်သွယ်ရေးဆွေးနွေးပွဲများ လုပ်ဆောင်မှုမရှိကြောင်း ဆက်လက်ငြင်းဆိုခဲ့သည်။

တရုတ်အရာရှိများက ဆန့်ကျင်ဘက်ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောဆိုသော်လည်း တရုတ်နှင့် အခွန်စည်းကြပ်မှုဆိုင်ရာ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု အင်တာဗျူးတွင် ထရန့် က ဆက်လက်ပြောဆိုခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က သူ့ကို ခေါ်ပြောတယ်ဆိုတဲ့အကြောင်းကို ပြောရာမှာ သူက “သူက ဖုန်းခေါ်တယ်။ ဒီလို ဖုန်းခေါ်တာဟာ သူက အားနည်းတယ်ဆိုတဲ့ လက္ခဏာလို့ မထင်ပါဘူး” ဟု ထရမ့်က ပြောခဲ့သည်။ ထရမ့်သည် ဖုန်းခေါ်ဆိုမှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

သို့သော် သောကြာနေ့ မနက်ခင်းမှာ CNN သတင်းဌာနက ထရန့်အနေနှင့် ဘေဂျင်းအပေါ် အခွန်စည်းကြပ်မှု စတင်ကတည်းက ရှီကျင့်ဖျင်နှင့် စကားပြောခဲ့သလားဟု သမ္မတ ထရမ့်ကို မေးခဲ့ရာမှာတော့ထရန့်က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

“ဒါကို ကျွန်တော် မှတ်ချက်မပေးချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်သူ့ကို အကြိမ်များစွာ စကား ပြောခဲ့တယ်” ဟု တောင်ဖက်မျက်ခင်း (South Lawn) မှ ထွက်ခွာချိန်တွင် CNN သို့ ထရန့်မှ တုန့်ပြန်ပြောကြားခဲ့သည်။

၃) ထရန့်သည် ဘတ်ကီလီ (Bukele) ကို အာဘရီဂို ဂါစီယာ(Abrego Garcia) ကို ပြန်ပေးရန် မတောင်းဆိုခဲ့ပါ။

ထရန့်မှ အယ်လ်ဆာဗေးဒေါသမ္မတ နာရစ်ဘတ်ကီလီ (Nayib Bukele) ကို သူ့အစိုးရအဖွဲ့က အယ်လ်ဆာဗေးဒေါသို့ မှားယွင်းစွာပို့ခဲ့သော အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ ကီလ်မာ အာဘရီဂို ဂါစီယာ (Kilmar Abrego Garcia) ကို ပြန်ပို့ရန် မတောင်းဆိုခဲ့ကြောင်း TIME သို့ ပြောကြားခဲ့သည်။

ထရန့်အစိုးရအား အာဘရီဂို ဂါစီယာကို အမေရိကန်သို့ ပြန်လည် ခေါ်ဆောင်လာရန်အတွက် “အဆင်ပြေချောမွေ့”အောင်ဆောင်ရွက်ရန် လိုအပ်သည်ဟု တရားရုံးချုပ်က စီရင်ချက်ချမှတ်ခဲ့သော်လည်း ပြန်မခေါ်ခဲ့ပေ။ “ကျွန်တော် မတောင်းဆိုခဲ့ပါဘူး” ဟု ထရန့်ကပြောပြီး “သူကလည်း ပြန်မပို့ဘူးလို့ ပြောတယ်” ဟု ဆိုသည်။

အာဘရီဂို ဂါစီယာ၏အခြေအနေနှင့်ပတ်သက်၍ TIME ၏မေးခွန်းအများစုတွင် ထရန့်က အာဘရီဂို ဂါစီယာ ပြန်ရောက်လာရန်အတွက် ကူညီဆောင်ရွက် ပေးလိုပါက သူ့အစိုးရရှေ့နေများ ပေါ်မူတည် သည်ဟုဆိုကာ ယေဘုယျအားဖြင့် တရားရေးဌာန ရှေ့နေများထံ လွှဲချခဲ့သည်။

“အခုလောလောဆယ်မှာ သူတို့က အဲဒါကို မလုပ်ချင်ဘူး။ သူတို့က တရားရုံးချုပ် အမိန့်ချမှတ်မှုကို လုံးလုံးလျားလျား လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နေတယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

၄) ထရန့်က “ကနေဒါကို အမေရိကန်ရဲ့ ၅၁ခုမြောက်ပြည်နယ် ဖြစ်လာဖို့ဆိုတာ စိတ်အနှောက်အယှက် ပေးနေတာ မဟုတ်ဘူး” ဟု ဆိုသည်။

ကနေဒါကို ၅၁ ခုမြောက် အမေရိကန်ပြည်နယ်ဖြစ်လာအောင်လုပ်ဖို့ အလေးအနက်ထားကြောင်း ထရန့်က TIME သို့ ပြောပြခဲ့သည်။ ထိုသို့ ထပ်ခါတလဲလဲ ပြောနေသည့် သတင်းစကားသည် မဟာမိတ်ကနေဒါနိုင်ငံကို ဒေါသအမျက်ထွက်စေခဲ့သည်။

“ကျွန်တော် တကယ်ကို လိမ်တာမဟုတ်ဘူး” ဟု ထရန့်က ပြောသည်။

“ကျွန်တော်တို့က သူတို့ရဲ့စစ်တပ်ကို ပြုစုပျိုးထောင်ပေးရမယ်။ သူတို့ဘဝရဲ့ ရှုထောင့်တိုင်းကို ဂရုစိုက်နေပြီး လုပ်ပေးနေရတယ်၊ သူတို့က ကျွန်တော်တို့အတွက် ကားတွေ လုပ်ပေးဖို့ မလိုအပ်ပါဘူး”၊ သူတို့ရဲ့ သစ်ခွဲသားတွေကို ကျွန်တော်တို့ မလိုအပ်ပါဘူး။ သူတို့ရဲ့ စွမ်းအင်ကို မလိုအပ်ပါဘူး။ ကနေဒါဆီက ဘာမှမလိုအပ်ပါဘူး။ ပြီးတော့ ကနေဒါအနေနဲ့ တကယ်အလုပ်ဖြစ်လာဖို့ တစ်ခုတည်းသော နည်းလမ်းက အမေရိကန်ရဲ့ပြည်နယ်တခု ဖြစ်ဖို့ပါပဲ”။ ဟု သူက ပြောခဲ့သည်။

ထရန့်က သူ့အနေနှင့် သူသမတဖြစ်စဥ် နယ်မြေချဲ့ထွင်နိုင်သည့်သူအဖြစ် သမိုင်းဝင်သွားမည်ဆိုပါက သူ့အနေနှင့်လုပ်ဆောင်ရန် “စိတ်၀င်စားကြောင်း” ပြောကြားခဲ့သည်။

၅) ထရန့်သည် တတိယသက်တမ်းအတွက် အရွေးခံရန် “ဥပဒေ၏လစ်ဟာနေသော ဂယ်ပေါက်များ” ကို အသုံးမချချင်ပါဟု ပြောခဲ့သည်။

သမ္မတသည် ၂၀၂၈ ခုနှစ်တွင် သမ္မတလောင်းအဖြစ် ထပ်မံအရွေးခံရန် လူသိရှင်ကြား ပရောပရည်ပြုခဲ့ပြီး၊ သမ္မတများသည် သက်တမ်းနှစ်ရပ်သာ ထမ်းဆောင်နိုင်သည်ဟု ဆိုထားသည့် ၂၂ ကြိမ်မြောက် ပြင်ဆင်ချက်ကို ချိုးဖောက်ခဲ့သည်။ သူပြန်အရွေးခံခွင့်ပြုရန် “ဆွေးနွေးထားတဲ့ဟာကွက်အချို့” ရှိသော်လည်း “ထိုဟာကွက်များကို အသုံးပြုခြင်း” ကို သူ့အနေနှင့် မယုံကြည်ကြောင်း TIME သို့ ပြောပြခဲ့သည်။

“ကျွန်တော့်ကို ပြန်အရွေးခံဖို့ တောင်းဆိုတဲ့သူတွေ ပိုများနေပေမယ့် ဖြစ်နိုင်ခြေ ရှိမရှိကိုတောင် မကြည့်ရသေးပါဘူး” ဟု ထရန့်က ထပ်လောင်း ပြောကြားခဲ့သည်။

အဆိုပါထုတ်ပြန်ချက်များသည် မတ်လကုန်တွင် ထရန့် ၏မှတ်ချက်များနှင့် ဆန့်ကျင်ဘက် ဖြစ်ပြီး တတိယသက်တမ်းအတွက် အရွေးခံနိုင်ခြေနှင့်ပတ်သက်၍ ၎င်းက “နောက်ပြောင်နေခြင်းမဟုတ်” ဟုပြောခဲ့သည်။ ထရန့်အဖွဲ့အစည်းမှ စီမံခန့်ခွဲနေသောထရန့်စတိုးဆိုင် (Trump Store) တွင် ယခုသီတင်းပတ်အစောပိုင်းတွင် “ထရန့် ၂၀၂၈” ဦးထုပ်များကို စတင်ရောင်းချ ခဲ့သည်။

၆) ထရန့်သည် ကျန်းမာရေးထောက်ပံ့မှု (Medicaid) ကို သိသိသာသာ ဖြတ်တောက်နိုင်ရန် ဗီတိုအာဏာသုံးမည်ဟု ဆိုသည်။

ကွန်ဂရက်ရှိ ရီပတ်ဘလီကန်များ အနေဖြင့် Medicaid အား ဖြတ်တောက်မှုများ အများအပြား ပါဝင်သည့် ပါတီစည်းကမ်းဥပဒေကြမ်းကို အတည်ပြုပါက၊ အင်တာဗျူးတွင် ထရန့်က ၎င်းအား ဗီတိုအာဏာသုံးမည်ဟု ကတိပြုခဲ့သည်။

GOP ကွန်ဂရက်ခေါင်းဆောင်များကအစီအစဥ်ချမှတ်ထားသည့် Medicaid တွင်ရှိ အလေအလွင့်များ၊ လိမ်လည်မှုများနှင့် အလွဲသုံးစားလုပ်မှုများကို ဖြတ်တောက်မှ ဖြစ်မည်ဟု GOP ကွန်ဂရက်ခေါင်းဆောင်များက ပြောကြားသော်လည်း ကျွမ်းကျင်သူများက ထိုထုတ်နှုတ်မှုများသည် တကယ်ပါတီက ချမှတ်ထားသည့်ရည်မှန်းချက် ဒေါ်လာ ၈၀၀ ဘီလီယံရရှိနိုင်ရေးကို ပြည့်မီနိုင်ပါ့မလားဟု မေးခွန်းထုတ်ခဲ့ကြသည်။

အင်တာဗျူးတွင် “အလေအလွင့်များ၊ လိမ်လည်မှုနှင့် အလွဲသုံးစားမှု” များကိုသာ ဖြတ်တောက်ရန် ရည်မှန်းချက်များကို ထရန့်က ထပ်လောင်းပြောကြားခဲ့သော်လည်း ၎င်းအစီအစဉ်တွင် အခြားဖြတ်တောက်မှုများပါ၀င်ပါက ဥပဒေကြမ်းအား ဗီတိုအာဏာဖြင့် တားဆီးပြီး Medicaid အား ကြီးကြီးမားမားဖြတ်တောက်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည့်အတွက် အများအပြားဖြတ်တောက်ခြင်းကို လက်မခံသော ဗဟိုဝါဒီ ရီပတ်ဘလီကန်အမတ်များအတွက် ယင်းသတင်းကို ကြိုဆိုထောက်ခံဖွယ်ရှိသည်။

၇) အမေရိကန်၏မူဝါဒကိုပြောင်းပြန်လှန်ခြင်းဖြင့် “ခရိုင်းမီးယားသည် ရုရှားက ရရှိရလိမ့်မည်” ဟု ထရန့် ကပြောပြီး ယူကရိန်းသည် “နေတိုးအဖွဲ့မှာ ဘယ်တော့မှ ပူးပေါင်းရမမှာမဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ငြိမ်းချမ်းရေးအဆိုပြုချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ထရန့်က “ခရိုင်းမီးယားသည် ရုရှားပိုင်အဖြစ် ဆက်ရှိနေမည်” ဟုဆိုခြင်းသည် ယေဘုယျအားဖြင့် အတင်းအဓမ္မ ပိုင်နက်ကိုသိမ်းယူခြင်းများကို အသိအမှတ်မပြုသည့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ရာရောက်သည်။

ထို့ပြင် ထရန့်အစိုးရ၏ ပထမသက်တမ်းထုတ်ပြန်ချက်နှင့်လည်း ဆန့်ကျင်ဖက်ဖြစ်နေခဲ့သည် “နိုင်ငံတကာဥပဒေနဲ့ ဆန့်ကျင်ပြီး အင်အားသုံး သိမ်းယူထားတဲ့ ကရင်မလင်ရဲ့ အချုပ်အခြာအာဏာကို အသိအမှတ်ပြုဖို့ ငြင်းဆိုပါတယ် ဟု ထရန့်အစိုးရကဆိုခဲ့သည်။

“တကယ်လို့ ခရိုင်းမီးယားမှာ ရုရှားက ဆက်နေမယ်ဆိုရင်၊ ကျွန်တော်တို့က ခရိုင်းမီးယားအကြောင်းပဲ ပြောရမယ် ဘာကြောင့်လဲဆိုတော့ ဒီအကြောင်းကိုပဲ အမြဲပြောလေ့ရှိတဲ့အရာ ဖြစ်လို့ပေါ့။ ခရိုင်းမီးယားက ရုရှားလက်ထဲမှာ ဆက်ရှိနေမယ်။ ဇလန်းစကီးက အဲဒါကို နားလည်တယ်။ လူတိုင်းက ဒါကို နားလည်ပါတယ်။ ခရိုင်းမီးယားက ရုရှားလက်ထဲမှာ အချိန်အကြာကြီး ရှိနေခဲ့တာကိုး ” ဟု ထရန့်က ပြောကြားခဲ့သည်။

ဇလန်းစကီးက ခရိုင်းမီးယားအား သိမ်းပိုက်မှုကို အသိအမှတ်ပြုခြင်းသည် စေ့စပ်ညှိနှိုင်းမှုတွင် သူ့အတွက် အနီရောင်မျဉ်းဖြစ်ကြောင်း လူသိရှင်ကြားဖော်ပြခဲ့သည်။ ၎င်းက “ခရိုင်းမီးယားကို ရုရှားက သိမ်းပိုက်တာကို တရားဝင် အသိအမှတ်ပြုမှာ မဟုတ်ဘူး။ ပြောစရာအကြောင်း မရှိပါဘူး။ ဒါဟာ ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ဆန့်ကျင်ပါတယ်” ဟု ၎င်းက သတင်းထောက်များကို ယခုသီတင်းပတ် အစောပိုင်းတွင် ပြောကြား ခဲ့သည်။ ပူတင်သည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ခရိုင်းမီးယားကို ကျူးကျော်ခဲ့သည်။

ယူကရိန်းက NATO နဲ့ ပူးပေါင်းဖို့ ကြိုးပမ်းမှုသည် ရုရှားရဲ့ ကျူးကျော်မှုကို ဖြစ်ပေါ်စေတယ် လို့လည်း သမ္မတထရန့်က ပြောပြီး “ယူကရိန်းက နေတိုးအဖွဲ့ထဲကို ဘယ်တော့မှ ပါဝင်နိုင်မှာ မဟုတ်ဘူး” ဟု ပြောခဲ့သည်။

၈) ထရန့်သည်အရှေ့အလယ်ပိုင်းစစ်ပွဲထဲသို့ ဝင်ရောက်နိုင်ခြေရှိခြင်းကို မငြင်းဆိုခဲ့ပါ။

သူ့အနေနှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အနာဂါတ်အီရန်နှင့်စစ်ပွဲအတွင်းသို့ သူအားဆွဲခေါ်သွားမည်ကို မစိုးရိမ်ပါဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် အီရန်နှင့် နျူကလီးယားသဘောတူညီချက်ကို သူ့အနေနှင့် မရရှိနိုင်ပါက အမေရိကန်သည် “ဆန္ဒရှိစွာဖြင့်” လိုလိုလားလား စစ်ပွဲတွင်ပါဝင်သွားမည်ဖြစ်ကြောင်း ထရမ့်က TIME သို့ ပြောကြားခဲ့သည်။

“သဘောတူညီချက် မရရင် ကျွန်တော်က ကျေကျေနပ်နပ်ကြီး စစ်ထဲပါဝင်သွားနိုင်တယ်။ သဘောတူညီချက် မရရင် ကျွန်တော်က ဦးဆောင်မှာပါ” ဟု အီရန်နျူကလီးယား သဘောတူညီချက်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲများကို ရည်ညွှန်းကာ ထရမ့်က ပြောကြားခဲ့သည်။ နျူကလီး ယားဆွေးနွေးပွဲများအတွင်း အစ္စရေးအား တိုက်ခိုက်ခြင်းမှ ရပ်နားထားစေကြောင်း New York Times မှ သတင်းပေးပို့ချက်ကို ထရန့် က ငြင်းဆိုခဲ့သည်။

“သူတို့ကို ကျွန်တော် မတားခဲ့ပါဘူး၊ ဒါပေမယ့် သူတို့အတွက် ကျွန်တော် အဆင်ပြေအောင် မလုပ်နိုင်ခဲ့ပါဘူး၊ ဘာကြောင့်လဲဆိုတော့ တိုက်ခိုက်မှုမရှိဘဲ ကျွန်တော်တို့ သဘောတူညီချက် တစ်ခု ရနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ထရန့်က TIME သို့ ပြောကြားခဲ့သည်။

၉) ဆော်ဒီအာရေးဗီးယားသည် အေဗရာဟင် သဘောတူညီချက် (Abraham Accords) တွင် ပါဝင်နိုင်သည်ဟု ထရန့်က ထင်သည်။

အစ္စရေးနှင့် UAE တို့က ကနဦး လက်မှတ်ရေးထိုးခဲ့သည့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကို မြှင့်တင်ရန် ရည်ရွယ်သည့် ထရန့်၏ပထမဆုံးသက်တမ်း သဘောတူညီချက်စာချုပ် ဖြစ်သည့် အေဗရာဟင် သဘောတူညီချက်တွင် ဆော်ဒီအာရေဗျက ပါဝင်မည်ဟု ယုံကြည်ကြောင်း ထရန့်က ပြောကြားခဲ့သည်။

“ကျွန်တော်ပြောပြမယ်။ ဆော်ဒီအာရေးဗီးယားက အေဗရာဟင် သဘောတူညီချက်စာချုပ်မှာ ပါဝင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ ထရန့်သည် ၎င်း၏ ဒုတိယမြောက်နိုင်ငံခြားခရီးစဉ်အဖြစ် လာမည့်လတွင် ဆော်ဒီအာရေဗျသို့ သွားရောက်မည်ဖြစ်သည်။

“ကျွန်တော်တို့မှာ အဲဒီမှာ လေးနိုင်ငံရှိတယ်။ အားလုံးအဆင်သင့်ဖြစ်နေပြီ။ အစုံအလင်ရှိနေပြီ။ အခုတော့ပြန်စတင်တော့မယ်” ဟု ထရန့်က ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက