နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြောက်ကာရိုလိုင်းနား၏ကမ်းနားစပ်ဘားတွင်လူသုံးဦး သေဆုံးပြီး အနည်းဆုံး ရာဘ်ရှစ်ဦးထိခိုက်ဒဏ်ရာရပြီးနောက်မရိန်းတပ်သားဟောင်း တစ်ဦးကို ဖမ်းဆီးလိုက်ခြင်း

CNN- ၂၀၂၅ခုနှစ်စက်တင်ဘာလ ၂၈ရက်

အသက် (၄၀) အရွယ် မရိန်းတပ်သားဟောင်းတစ်ဦးသည် စနေနေ့ညပိုင်းတွင် မြောက်ကာရိုလိုင်းနားမြို့ကမ်းရိုးတန်း ရှိ ဘားတစ်ခုသို့ လှေဖြင့်ဖြင့် ရောက်ရှိလာပြီး လူသုံးဦးကို သေနတ်ပစ်သတ်လိုက်ကြောင်း အာဏာပိုင်များက ဆိုသည်။ ငြိမ်းချမ်းသော ပျော်ရွှင်စွာရှိနေသည့် အသိုင်းအဝိုင်းထဲတွင် လူသုံးဦးသေဆုံးမှုကြောင့် တုန်လှုပ် ခြောက်ခြားမှု ကို ဖြစ်စေခဲ့သည်။

မြို့ပြင်ပမှ လာရောက်နေသူများသည် အေးဆေးလှပသော ညအပူချိန်နှင့် တိုက်ရိုက်ဂီတကို ခံစားနေကြစဉ် အမေရိကန် ငါး ကုမ္ပဏီ (American Fish Company) ၌ ပစ်ခတ်မှုအတွင်း အနည်းဆုံးရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ထိခိုက်ဒဏ်ရာရသူအနက် တစ်ဦးမှာလည်း “အသက်ရှင်သန်နိုင်ရေး အတွက်ရုန်းကန်နေရ” ကြောင်း မြောက်ကာရိုလိုင်း ဒေသ အမှုဆောင်ရုံးမှ ဥက္ကဌ ဂျွန် ဒေဗစ် (Jon David) က တနင်္ဂနွေ မနက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

နီဂျယ် အက်ဂျ် (Nigel Edge) ဟု အမည်ရ လူငယ်သည် အီရတ်တိုက်ပွဲအတွင်း ဒဏ်ရာ ရခဲ့သဖြင့် သူရဲကောင်း ပန်းရောင်နှလုံးသား(Purple Heart) ဆုရရှိထားသူဖြစ်သည်။ အက်ဂျ်ကို တနင်္ဂနွေနေ့၌ ဖမ်းဆီးပြီး ပထမအဆင့် လူသတ်မှု ၃မှု၊ ပထမအဆင့် လူသတ်ရန် ကြိုးပမ်းမှု ၅မှု၊ သေနတ်ဖြင့် သတ်ရန် ကြံရွယ်၍ အကြမ်းဖက်တိုက်ခိုက်မှု ၅မှုဖြင့် စွဲချက်များ တင်ထားပြီးတရားစွဲထားကြောင်း ဆောက့်ပို့့ ရဲအရာရှိချုပ် တော့ဒ် ကိုရင်း (Todd Coring) က ဆိုသည်။ ရဲများက အက်ဂျ် သည်သူ တစ်ဦးတည်း အနေနှင့် တိုက်ခိုက်မှုကိုလုပ်ခဲ့တာ ဖြစ်ပြီး ကြိုတင်စီမံထားသော တိုက်ခိုက်မှုဟု ယူဆကြသည်။

 စွဲချက်များကို ထပ်မံတင်နိုင်ကြောင်းလည်း ကိုရင်းက ပြောသည်။ အက်ဂျ်ကို တိုက်ခိုက်မှု ဖြစ်ပြီးနောက် လှေပေါ်တွင် အမေရိကန် ကမ်းခြေစောင့်တပ် (US Coast Guard) တွေ့ရှိရာ မှနေပြီးဖမ်းဆီးခဲ့ကြောင်း အုတ်အိုင်းလမ်း(Oak Island) ရဲအရာရှိချုပ်ချားလ် မော်ရစ် (Charles A. Morris II) က ဆိုသည်။

ထိုကဲ့သို့နေရာငြိမ်းချမ်းသည့် ပင်လယ်ကမ်းစပ်မြို့လေးတွင် ဖြစ်ပေါ်သွားသည့် ပစ်ခတ်မှု သည် အမေရိကန်အတွင်း ကာကွယ်မှုရှိမယ်လို့ ယူဆနေကြသည့် နေရာများ — ဘား၊ စားသောက်ဆိုင်၊ ဈေးဆိုင်၊ ကျောင်းတို့ အများစုတွင် ဖြစ်ပေါ်လာနေသည့် သေနတ်ပစ်မှုများ စာရင်းထဲတွင်ထိုအဖြစ်အပျက်ကို ထပ်မံဖြည့်ထည့်လိုက်သည်။ သေနတ်အကြမ်းဖက်မှု မှတ်တမ်း (Gun Violence Archive) အရ ၂၀၂၅ ခုနှစ်ထဲတွင် သေနတ်ဖြင့် လူလေးဦးအထက် ထိခိုက်သေဆုံးသည့် စုစုပေါင်း ပစ်ခတ်မှု ၃၂၄ ကြိမ် ဖြစ်ခဲ့ပြီးသား ဖြစ်သည်။

“မကောင်းဆိုးရွားမှုသည် မြောက်ကာရိုလိုင်းနားရှိတောင်ဖက်ဆိပ်ခံမြို့ ရောက်လာခဲ့ပြီ” ဟု ဂျွန် ဒေဗစ် က ဆိုသည်။ ဤဒေသသည် အကြမ်းဖက်မှုမရှိသလောက် တည်ငြိမ်သည့် အသိုင်းအဝိုင်းဖြစ်ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့သည်။

ဒီတိုက်ခိုက်မှုသည် အီရတ်တိုက်ပွဲဝင်မေရိကန် စစ်သားဟောင်း နှစ်ဦး ကဤ သတင်းပတ်တခုအတွင်း လူအစုအဝေးကိုပစ်မှတ်ထားတိုက်ခိုက်မှု နှစ်ခုအနက်မှ တခုဖြစ်သည်။ ဤပစ်ခတ်မှု ဖြစ်ပြီး ၁၂ နာရီကျော်ကျော်အကြာလောက်တွင် ဒုတိယပစ်ခတ်မှု မီချီဂန်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည်—

 တရားရုံးမှတ်တမ်းအရ တောမတ်စ် ဂျေကော့ဘ် စန်ဖို့ဒ် (Thomas Jacob Sanford) ဟု အမည်ရ အခြား မရိန်းတပ်သား ဟောင်း တစ်ဦးက မီချီဂန်ပြည်နယ် ဂရန်ဘလန်ခ်မြို့ ရှိ ခရစ်ယာန်အသင်းတော်တစ်ခုကို မော်တော်ယာဉ်ဖြင့် ဝင်တိုက်ပြီး တိုက်ခိုက် သေနတ်ဖြင့် ပစ်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် လူနှစ်ဦး သေနတ်ပစ်ခံသေဆုံးပြီး ရှစ်ဦးထိခိုက်ခဲ့သည်။

ဖြစ်စဥ်မှာ ည၉နာရီခွဲအချိန်တွင် လှေသည်ကမ်းစပ်ရှိ ဘားသို့ချဥ်းကပ်လာခဲ့သည် ကမ်းစပ်ပေါ်ရှိစားသောက်ရာနေရာတွင် စားသောက်အပန်းဖြေ နေကြသောသူများကို ရုတ်တရက် သေနတ်နှင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုမြို့ တော် သတင်းထုတ်ပြန်ရေး အရာရှိက သတင်းထုတ်ပြန်ခဲ့သည်၊ ပစ်ခတ်သူသည်လှေဖြင့် အနီးအနားရှိ အမြောက်ကာရိုလိုင်းနား အုတ်ကျွန်းဖက်ဆီ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ထိခိုက်ခံရသည့်သားကောင်အများစုမှာ တောင်ဖက်ကမ်းခြေသို့ အပန်းဖြေခရီး ထွက်လာ သူများ ဖြစ်သည်ဟုဆိုသည်။ ရေပေါ်ဆိပ်ခံ‌ဘောပေါ်တွင် လာရောက် အပန်းဖြေ ကြသူများ သည် သာယာလှပသော ပတ်ဝန်းကျင်ကို ခံစားရန် ပျော်ရွှင်နေကြသူများဖြစ်သည်ဟုဆိုသည်။ သေဆုံးသူများ၏ မိသားစုများကို အကြောင်းကြားပြီးနောက် မည်သူမည်ဝါ ဖြစ်ကြောင်း သတင်းထုတ်ပြန်ပေးမည်ဖြစ်သည်။

အကြမ်းဖက်သူ၏နောက်ကြောင်း

သံသယရှိပစ်ခတ်သူသည် အုတ်ကျွန်းတွင်နေထိုင်သည့်သူဖြစ်ပြီး လွန်ခဲ့သည့်နှစ်က ပုလိပ်ဌာနနှင့်မြို့ကိုတရားစွဲဆိုမှုများပြုလုပ်ခဲ့ဘူးသည့်မှတ်တမ်းရှိသည်။ ပစ်ခတ်သူ နီဂျယ် အက်ဂျ် (Nigel Edge)သည်မရိန်းတပ်တွင်ဆာဂျင်အဖြစ် ၂၀၀၃ခုနှစ်မှ ၂၀၀၉ခုနှစ်အထိ အမှုထမ်းဆောင်ခဲ့ပြီး သူ့အား အီရတ်လွတ်လပ်ရေးစစ်ဆင်ရေးပြုလုပ်စဥ် ၂၀၀၃ခုနှစ်တွင် အီရတ်သို့ ပို့ဆောင်ခဲ့သည်။ သူ၏ရဲစွမ်းသတ္တိကြောင့်ဆုတံဆိပ်များကိုလည်း လက်ခံရရှိ ခဲ့သည်ထိုဆုများထဲတွင် တာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရသူများအား ချီးမြှင့်သည့် အမေရိကန် သူရဲကောင်းဆု “ပန်းရောင်းနှလုံးသား”(Purple Heart) ဆုနှင့် လူသားချင်း စာနာမှုအရ ဝန်ဆောင်မှုအတွက် ပေးသည့်ဆု ကိုလည်းရရှိခဲ့သည်။

သူတာဝန်ထမ်းဆောင်မှုအပေါ်ရရှိခဲ့သည့် ထိခိုက်ဒဏ်ရာရမှုများ အတွက် သူကအစိုးရရုံးကို တရားစွဲ ဆိုမှုများကို ပြုလုပ်ခဲ့သည်။ စက်တင်ဘာလ ၂၄ရက်နေ့တွင် ပစ်ခတ်မှုမပြုခင် သူကနောက်ထပ် တရားစွဲမှုတခုကိုလည်း ပြုလုပ်ခဲ့သေးသည်။ သူ့အားတင်္လာနေ့တွင် ရုံးထုတ်တရားစွဲမည် ဖြစ်ပြီးလက်ရှိတွင် အာမခံမပေးဘဲ ထိန်းသိမ်း ထားသည်။

နီဂျယ် အက်ဂျ် (Nigel Edge)၏ပုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 28 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 25 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 30 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 24 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 28 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 44 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး