နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျောက်မြောင်းနဲ့ စဉ့်ကူးမြို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီတံတား(ရတနာသိခ်) မိုင်းခွဲခံရ

အောက်တိုဘာလ (၂၉)ရက်။

မနေ့က ည (၁၂)နာရီကျော်အချိန်က စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ ဧရာဝတီတံတား(ရတနာသိခ်) မိုင်းခွဲခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ ည (၁၂)ကျော်လောက်မှာ ‌စစ်ကိုင်း ကျောက်မြောင်းနဲ့ မန္တလေး စဉ့်ကူးမြို့ကို ဆက်ထားတဲ့ ဧရာဝတီမြစ်ကူးတံတား(ရတနာသိခ်) မိုင်းခွဲခံရတာ၊ ကျိုးကျတဲ့အပိုင်းကတော့ စဉ့်ကူးဘက်မှာပါ။ ဘယ်သူလုပ်တယ်ဆိုတာတော့ မသိဘူး” လို့ ဆိုပါတယ်။

ဧရာဝတီမြစ်ကူးတံတား(ရတနာသိခ်) မိုင်းခွဲခံရတာကြောင့် စဉ့်ကူးမြို့ဘက်ခြမ်းရှိ တံတားတိုင်အမှတ် (၄/၅)နဲ့ (၆/၇)တို့ ကျိုးကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရတနာသိခ်တံတား မိုင်းခွဲခံရတာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာ မသိရသေးပေမယ့် စစ်တပ်ဘက်ကတော့ TNLA နဲ့ MDY-PDF တို့ လုပ်ဆောင်ခဲ့တာဆိုပြီး စွပ်စွဲထားပါတယ်။

အဲ့ဒီရတနာသိခ်တံတားဟာ ၂၀၁၃ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပြီး အရှည် (၂၄၈၀)ပေရှိကာ သံကူကွန်ကရစ်အမျိုးအစားဖြစ်သလို မန္တလေးတိုင်း စဉ့်ကူးမြို့နဲ့ စစ်ကိုင်းတိုင်း ကျောက်မြောင်းမြို့ကို ဆက်သွယ်ထားတာပါ။

ဒါ့အပြင် တံတားရဲ့ တဖက်ခြမ်းဖြစ်တဲ့ ကျောက်မြောင်းမြို့ကို စစ်တပ်က ထိန်းချုပ်ထားပြီး စဉ့်ကူးမြို့ကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

အခုအချိန်မှာတော့ စဉ့်ကူးမြို့ကို ပြန်လည်ရရှိဖို့ စစ်တပ်က မြေပြင်စစ်ကြောင်းထိုးတာတွေအပြင် လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ တိုက်ခိုက်နေတာလို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 79 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 77 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 68 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 69 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 70 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 66 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 42 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ