နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ၊ ခန်းယူနစ် အခြေအနေ

(AP)သတင်း၊ ဒီဇင်ဘာလ ၂၉ရက်

ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ဆောင်းမိုးများ အပြင်းအထန် ရွာသွန်းခဲ့ရာ၊ နှစ်နှစ်ကြာစစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ ခိုလှုံရာ ဒုက္ခသည်စခန်းများတွင် ခြေမျက်စိမြုပ်သည်အထိ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ လပေါင်းများစွာ အသုံးပြုထား၍ စုတ်ပြဲနေသော တဲများအတွင်း လုံခြုံ ခြောက်သွေ့ စွာနေထိုင်နိုင်ရန် ပါလက်စတိုင်းဒုက္ခသည်များသည် ခက်ခဲစွာ ကြိုးပမ်းနေကြရသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်နှင့် ပတ်သက်၍ ဆွေးနွေးရန် ဖလော်ရီဒါပြည်နယ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တနင်္လာနေ့၌ တွေ့ဆုံရန် ခရီးထွက်ခွာသွားပြီ ဖြစ်သည်။ အောက်တိုဘာလ ၁၀ ရက်နေ့က စတင်အသက်ဝင်ခဲ့သည့် ပထမအဆင့် အပစ်အခတ်ရပ်စဲရေးသည် နေအိမ်အမိုးအကာများ အပါအဝင် ဂါဇာအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အလုံး အရင်းနှင့် ပို့ဆောင်ပေးနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

နေတန်ယာဟုသည် ခရီးမထွက်ခွာမီ မည်သည့် လူထုထုတ်ပြန်ချက်မျှ ပြုလုပ်ခဲ့ခြင်း မရှိပေ။

လွတ်မြောက်ရာလမ်းမရှိသော နေရာ

တောင်ပိုင်းမြို့ဖြစ်သော ခန်းယူနစ် (Khan Younis) တွင် စောင်များမှာ ရေစိုရွှဲနေပြီး ချက်ပြုတ်ရန်အတွက် ပြုလုပ်ထားသော ရွှံ့မီးဖိုများမှာလည်း ရေနစ်မြုပ်ကုန်သည်။ ကလေးငယ်များသည် ညှပ်ဖိနပ်များဖြင့် ရေအိုင်များကို ဖြတ်သန်းသွားလာနေကြရသည်။ အချို့က ဂေါ်ပြားများ သို့မဟုတ် သံဖြူဘူးခွံများကို အသုံးပြု၍ တဲအတွင်းမှ ရေများကို ခပ်ထုတ်နေကြပြီး၊ အချို့ကမူ ရွှံ့နွံထဲတွင် ပြိုကျသွားသော အမိုးအကာများကို လက်ဖြင့် ပြန်လည်တူးဖော်နေကြသည်။

“ရေအိုင်တွေဖြစ်ပြီး အနံ့အသက်တွေကလည်း ဆိုးနေတယ်။ တဲကလည်း လွင့်သွားပြီ။ ဘာလုပ်ရမှန်း၊ ဘယ်သွားရမှန်း မသိတော့ဘူး” ဟု ဂါဇာတောင်ပိုင်း ရာဖာ (Rafah) မှ ထွက်ပြေးလာသူ မာ့ဂျဒိုလင်း တာရာဘိန်း (Majdoleen Tarabein) က ပြောသည်။ သူမနှင့် မိသားစုဝင်များသည် ရွှံ့ရေစိုနေသော စောင်များကို လက်ဖြင့် ညှစ်၍ ခြောက်သွေ့အောင် ကြိုးစားနေကြသည်။

ခန်းယူနစ်တွင်ပင် ခိုလှုံနေရသော အီမန် အဘူ ရီဇစ် (Eman Abu Riziq) ကလည်း “မနက်နိုးလာတော့ တဲထဲကို ရေတွေဝင်နေတာ တွေ့ရတယ်။ မွေ့ရာတွေဆိုရင်လည်း အကုန်စိုကုန်ပြီ” ဟု ဆိုသည်။ လွန်ခဲ့သော နှစ်ပတ်ခန့်က ခင်ပွန်းဖြစ်သူ သေဆုံးသွားခဲ့သည့် ဒဏ်ရာမှ သူမ၏ မိသားစုမှာ မသက်သာသေးကြောင်းလည်း ပြောပြသည်။

“ကြားဝင်စေ့စပ်ပေးတဲ့သူတွေ ဘယ်မှာလဲ။ ကျွန်မတို့ အစားအစာ မလိုချင်ဘူး။ ဘာမှ မလိုချင်ဘူး။ ကျွန်မတို့ အရမ်းပင်ပန်းနေပြီ။ မွေ့ရာနဲ့ စောင်တွေပဲ လိုချင်ပါတယ်” ဟု ဖာတီမာအဘူ အိုမာ(Fatima Abu Omar) က ပြိုကျနေသော အမိုးအကာကို ပြန်ထူရင်း ပြောကြားခဲ့သည်။

ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၁၃ ရက်နေ့မှစ၍ အသက် ၂ ပတ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အနည်းဆုံး လူ ၁၂ ဦးသည် အအေးလွန်ကဲခြင်း သို့မဟုတ် စစ်ပွဲကြောင့် ပျက်စီးနေသော အိမ်များ ရာသီဥတုဒဏ်ကြောင့် ပြိုကျခြင်းတို့ ကြောင့် သေဆုံးခဲ့ရသည်။

ကယ်ဆယ်ရေးဝန်ထမ်းများက ပျက်စီးနေသော အဆောက်အအုံများမှာ ပြိုကျနိုင်သဖြင့် ၎င်းတို့အတွင်း မနေထိုင်ရန် သတိပေးထားသော်လည်း၊ တစ်ဒေသလုံးနီးပါး အပျက်အစီးများ ဖြစ်နေသဖြင့် မိုးဒဏ်မှ လွတ်ကင်းရန် နေရာရှားပါးနေသည်။ ဇူလိုင်လအတွင်း ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ဂါဇာရှိ အဆောက်အအုံများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ ပျက်စီး သို့မဟုတ် ထိခိုက်မှုများ ရှိနေသည်။

အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး စတင်ကတည်းက ဂါဇာတွင် လူ ၄၁၄ ဦး သေဆုံးပြီး ၁,၁၄၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ စစ်ပွဲစတင်ကတည်းက ပါလက်စတိုင်းသေဆုံးသူ စုစုပေါင်းမှာ အနည်းဆုံး ၇၁,၂၆၆ ဦး ရှိပြီဖြစ်သည်။

အကူအညီများ ပိုမိုလိုအပ်နေကြောင်း ကယ်ဆယ်ရေးအဖွဲ့များ တောင်းဆို

အမေရိကန်က ကြားဝင်စေ့စပ်ပေးထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဂါဇာသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့မှုမှာ လိုအပ်သည်ထက် များစွာနည်းပါးနေကြောင်း အကူအညီပေးရေးအဖွဲ့များနှင့် Associated Press ၏ ဆန်းစစ်ချက်များအရ သိရသည်။

ပြီးခဲ့သည့် အပတ်အတွင်း ဂါဇာသို့ အကူအညီပေးရေး ကုန်တင်ကား အစီးရေ ၄,၂၀၀ နှင့် မိလ္လာလုပ်ငန်းအတွက် အမှိုက်ကား ၈ စီး၊ တဲများနှင့် ဆောင်းတွင်းဝတ်စုံများ ဝင်ရောက် ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ပြောကြားခဲ့သော်လည်း၊ တဲအရေအတွက် မည်မျှပါဝင်သည် ကိုမူ အသေးစိတ် ပြောကြားခြင်း မရှိပေ။ ကယ်ဆယ်ရေးအဖွဲ့များကမူ လိုအပ်ချက်မှာ ဝင်ရောက်လာသော အရေအတွက်ထက် များစွာကွာခြားနေကြောင်း ဆိုသည်။

အပစ်အခတ်ရပ်စဲရေး စတင်ကတည်းက တဲအလုံးရေ ၇၂,၀၀၀ နှင့် မိုးကာစ ၄၀၃,၀၀၀ ခန့် ဝင်ရောက်ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များ၏ မဟာမိတ်အဖွဲ့ (Shelter Cluster) က ပြောသည်။ ကုလသမဂ္ဂ ကယ်ဆယ်ရေးအကြီးအကဲ ဖီလစ်ပီ လာဇာရီနီ (Philippe Lazzarini) က “ဂါဇာက လူတွေဟာ ရေစိုနေတဲ့ တဲအစုတ်လေးတွေနဲ့ အပျက်အစီးတွေကြားမှာ ရှင်သန် နေကြရတယ်။ အကူအညီတွေကို လိုအပ်တဲ့ ပမာဏအတိုင်း ဝင်ခွင့်မပြုသေးဘူး” ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး၏ နောက်ထပ်အဆင့်

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ အတည်ဖြစ်နေဆဲ ဖြစ်သော်လည်း လုပ်ငန်းစဉ်မှာ နှေးကွေးနေသည်။ ကျန်ရှိနေသော ဓားစာခံ၏ ရုပ်အလောင်း ဂါဇာတွင် ရှိနေသရွေ့ နောက်တစ်ဆင့်သို့ မတက်နိုင်ကြောင်း အစ္စရေးက ပြောကြားထားသည်။ ဟားမတ်စ်ဘက်ကမူ ဂါဇာရှိ ပျက်စီးမှုများကြောင့် ရုပ်အလောင်းများကို ရှာဖွေရန် ခက်ခဲနေကြောင်း တုံ့ပြန်သည်။

နောက်ထပ်အဆင့်တွင် ပါဝင်မည့် စိန်ခေါ်မှုများမှာ နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့များ ချထားရေး၊ ဂါဇာအတွက် နည်းပညာရှင်များ ပါဝင်သော အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းရေး၊ ဟားမတ်စ်အဖွဲ့ကို လက်နက်ဖြုတ်သိမ်းရေးနှင့် အစ္စရေးတပ်ဖွဲ့များ ဂါဇာမှ ထပ်မံဆုတ်ခွာရေး တို့ ဖြစ်သည်။

လက်ရှိတွင် အစ္စရေးနှင့် ဟားမတ်စ် နှစ်ဖက်စလုံးက တစ်ဖက်နှင့်တစ်ဖက် အပစ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်နေကြောင်း အပြန်အလှန် စွပ်စွဲလျက်ရှိကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 72 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက