နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

နေပြည်တော်တွင် အပျက်အစီးများကြား နာရီ ၄၀ နီးပါးကြာ ပိတ်မိနေသူတစ်ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့က ကယ်ထုတ်နိုင်ခဲ့

မတ်လ (၃၀) ရက်။

မြန်မာနိုင်ငံ၊ နေပြည်တော်မှာ မြန်မာနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က မတ် ၃၀ ရက် မနက် ၅ နာရီမှာ သက်ကြီးရွယ်အိုအမျိုးသားတစ်ဦးအား ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအမျိုးသားဟာ နေပြည်တော်ရှိ ဆေးရုံတစ်ရုံရဲ့ အပျက်အစီးတွေအောက်မှာ နာရီ ၄၀ နီးပါးကြာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို မတ် ၂၉ ရက်နေ့က ရောက်ရှိလာတဲ့ တရုတ်ကယ်ဆယ်ရေးအဖွဲ့က ညတွင်းချင်း အရေးပေါ်ကယ်ဆယ်မှု လုပ်ဆောင်ပြီးနောက် ပထမဆုံးတစ်ဦးကို ကယ်တင်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ အဖွဲ့ဝင် ၃၇ ဦးပါဝင်သော ကယ်ဆယ်ရေးအဖွဲ့ဟာ မြန်မာနိုင်ငံကို မတ် ၂၉ ရက်နေ့က ရောက်ရှိလာခဲ့ပြီး အသက်ရှင်သူတွေကို ဘက်စုံရှာဖွေနိုင်စွမ်းရှိတဲ့ကိရိယာတွေ၊ ငလျင်အန္တရာယ် ကြိုတင်သတိပေးစနစ်တွေ၊ ခရီးဆောင်ဂြိုဟ်တုတွေ၊ ဒရုန်းတွေနဲ့ အခြားကယ်ဆယ်ရေးကိရိယာတွေကိုပါ ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့သားတွေဟာ ရန်ကုန်မြို့ကို ရောက်ရှိလာပြီးနောက် ငလျင်ဒဏ်ကို အပြင်းအထန်ခံခဲ့ရတဲ့ နေပြည်တော်ကို ဆက်လက်ထွက်ခွာသွားခဲ့ပြီး

မတ် ၂၉ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ကို ရောက်ရှိပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်မှုတွေကို ချက်ချင်းစတင်လုပ်ခဲ့တယ်လို့ သိရပါတယ်။

ငလျင်ဒဏ်ကြောင့် ပထမထပ် လုံးလုံးလျားလျား ပြိုကျသွားပြီး အကြီးအကျယ် ပျက်စီးသွားတဲ့သုံးထပ်ဆေးရုံတစ်ရုံမှာ ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်ဖို့ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးသမားတွေက အသက်ရှင်သူတွေကို ရှာဖွေနိုင်စွမ်းရှိတဲ့ ကိရိယာတွေကို အသုံးပြုကာ အသက်ရှင်တဲ့လက္ခဏာရှိသူတွေကို အပျက်အစီးများအောက်မှာ လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်။ ဆင်ဟွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 138 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 121 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို