နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်ရဲ့ စီးပွားရေးမူဝါဒများကို ၃၇ ရာခိုင်နှုန်းသာ ထောက်ခံမှုသည်ဟု Fox News ၏ ထုတ်လွှင့်မှုအတွက် Fox News ကို ထရန့် ကြိမ်းမောင်း

————————

သမ္မတထရန့်ကို ထောက်ခံတဲ့ Fox News ကတောင် အခြေအနေတွေကို သမ္မတထရန့် ကောင်းကောင်းမလုပ်နိုင်ဘူးလို့ ပြောဆိုခဲ့တာကြောင့် သမ္မတထရန့်အတွက် ဆိုးရွားတဲ့နေ့တစ်နေ့ ဖြစ်ခဲ့ရပါတယ်။

Fox News က အခွန်ကောက်ခံမှုများကြောင့် ဖြစ်ပေါ်လာတဲ့ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေး မသေချာ မရေရာမှုတွေကို လူထုရဲ့ စိုးရိမ်မှုကို မီးမောင်းထိုးပြတဲ့ စစ်တမ်းတစ်ခု ထုတ်ပြန်ပြီးနောက် ထရန့်က မီဒီယာလုပ်ငန်းရှင် ရူးပတ်မားဒေါက် (Rupert Murdoch) က ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မီဒီယာကုမ္ပဏီနှစ်ခုကို ၂၄ ရက်နေ့က အပြစ်တင်ဝေဖန်ခဲ့ပါတယ်။

သူရဲ့လူမှုမီဒီယာအကောင့် Truth Social မှာ ထရန့်က ရူးပတ်မားဒေါက်၊ Fox News နဲ့ Wall Street Journal တို့ကို ပြင်းပြင်းထန်ထ န်တိုက်ခိုက်ခဲ့ပါတယ်။ “Fox News ရဲ့ ထရန့်ဆန့်ကျင်ရေး စစ်တမ်းအတုတွေကို ပိတ်ပစ်မယ်လို့ နှစ်အတော်ကြာအောင် ခင်ဗျား ပြောခဲ့ပြီးပြီ၊ ဒါပေမယ့် ခင်ဗျား ဘာမှ မလုပ်ဘူး” လို့ ရေးသားခဲ့ပါတယ်။

“ ဒီ ‘စစ်တမ်းကောက်တဲ့ကုမ္ပဏီ’ က ကျွန်တော်နဲ့ MAGA (အမေရိကကို ကြီးကျယ်ခမ်းနားစေရမယ်) နဲ့ပတ်သက်ပြီး နှစ်အတော်ကြာအောင် လိမ်ညာလှည့်စားနေခဲ့တာ” “ ပိုအရေးကြီးတာက တရုတ်လိုလားတဲ့ Wall Street Journal ကို ပြုပြင်ပြောင်းလဲဖို့ စတင်သင့်တယ်။ အဲဒါက အဆိုးဆုံးပဲ” လို့ ထရန့်က ကြိမ်းမောင်း ခဲ့ပါတယ်။

၂၃ ရက်နေ့က ထုတ်ပြန်တဲ့ Fox News ရဲ့ စစ်တမ်းကို တုံ့ပြန်လိုက်တာလို့ ရှုမြင်ရပါတယ်။ ဒီစစ်တမ်းဟာ မကြာမီ ရာထူးသက်တမ်း ရက် ၁၀၀ ပြည့်တော့မယ့် သမ္မတ ထရန့်ရဲ့ လူထုအမြင်ကို စစ်တမ်းကောက်ခဲ့တာဖြစ်ပါတယ်။

Fox News အကြီးတန်းသတင်းထောက် ရစ်ချ် အက်ဒီဆင် (Rich Edson) က ၂၄ ရက်နေ့ နံနက်ခင်း အစီအစဉ်မှာ အမေရိကန်မဲဆန္ဒရှင်တွေဟာ ထရန့်ရဲ့ အကောက်ခွန်မူဝါဒတွေကို သံသယရှိကြောင်း စစ်တမ်းတွေက ဖော်ပြနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီတီဗီအစီအစဉ်မှာ တခြားတင်ဆက်သူတစ်ဦးလည်း ပါဝင်ခဲ့ပြီး ထရန့်ဟာ အခွန်အကောက်တွေဟာ (စီးပွားရေး) အားကောင်းလာမယ်လို့ ယုံကြည်နေပေမယ့် တကယ့်လက်တွေ့မှာတော့ “ စီးပွားရေးလုပ်ငန်းငယ် အများအပြားဟာ ထိပ်လန့်နေကြပြီး ကုန်သွယ်မှု သဘောတူညီချက်လည်း အကောင်အထည်မဖော်ရသေးဘူး။” လို့ ထောက်ပြခဲ့ပါတယ်။

ထရန့်ရဲ့ စီးပွားရေးမူဝါဒတွေအပေါ် ထောက်ခံမှု ကျဆင်းမှုကို အဓိကပြသခဲ့တဲ့ ဒီစစ်တမ်းဟာ ဒါနဲ့တင် ရပ်တန့်မသွားခဲ့ပါဘူး။ ရိုက်တာ (Reuters) နဲ့ Ipsos တို့ရဲ့ အခုအပတ် ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရလည်း အမေရိကန်နိုင်ငံသား ၃၇ ရာခိုင်နှုန်းကသာ ထရန့်ရဲ့ စီးပွားရေးမူဝါဒတွေကို ထောက်ခံခဲ့ကြပြီး သူ့ရဲ့ ပထမနဲ့ ဒုတိယသက်တမ်းနှစ်ရပ်စလုံးမှာ အနိမ့်ဆုံးအဆင့်ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ အခုဒီသီတင်းပတ်မှာ ပြုလုပ်ခဲ့တဲ့ Gallup စစ်တမ်းအသစ်မှာ အမေရိကန် နိုင်ငံသား ၅၃ ရာခိုင်နှုန်းက စီးပွားရေး ပိုဆိုးလာတယ်လို့ ယုံကြည်ကြပြီး ၂၀၀၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်ဖြစ်လာပါတယ်။

ထရန့်ဟာ သူ့ရဲ့ သမတ ဒုတိယသက်တမ်းစတင်ပြီးနောက်ပိုင်း Fox News ကို လူမှုမီဒီယာပေါ်မှာ ဒုတိယအကြိမ် ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာတော့ သူ့ရဲ့ စိုးရိမ်မှုတွေကို Fox News ရဲ့ အကြီးအကဲကို တိုက်ရိုက်ဝေဖန်ပစ်တင်ခဲ့ပါတယ်။

ထရမ့်တက်လာပြီးကတည်းက Fox အကြောင်း အကြိမ် ၅၀ ကျော် တင်ခဲ့ပါတယ်။ အကြောင်းအရာ အများစုက အပြုသဘောဆောင်တဲ့ရေးသားချက်တွေနဲ့ သူ့ရဲ့အနီးကပ်တွေကို တီဗီမှာ ခေါ်သုံးဖို့ တွန်းအားပေးကြော်ငြာတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လက Fox News ရဲ့ အိမ်ဖြူတော်ရဲ့ အကြီးတန်းသတင်းထောက် ဂျက်ကီဟင်နရစ်ချ် (Jackie Heinrich) ကို သူကိုယ်တိုင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခဲ့ပါတယ်။ သူမက အစီအစဉ်တင်ဆက်သူအဖြစ် ထုတ်လွှင့်နေတဲ့ စနေ၊ တနင်္ဂနွေ တီဗီအစီအစဉ်ကို ကြည့်ရှုပြီးတဲ့နောက် ထရမ့်က “ သူမက လုံးဝကို မကောင်းဘူးလို့ ကျွန်တော်ထင်ပါတယ်” လို့ ထရမ့်က သူ့ရဲ့ Follower 10 သန်းလောက်ကို စာရေးခဲ့ပါတယ်။ “ အံ့သြစရာတော့ မဟုတ်ပါဘူး။ သူမဟာ အိမ်ဖြူတော် သတင်းထောက်များအသင်းကို ထောက်ခံသူဖြစ်တယ်လို့ နောက်ပိုင်းမှာ ကျွန်တော်သိလိုက်ရလို့ပါ။” လို့ ဆက်လက်ရေးသားခဲ့ပါတယ်။

ဒီအတောအတွင်းမှာလည်း Wall Street Journal ကိုလည်း သူ့ရဲ့ဒုတိယသက်တမ်းအတွင်း ထရမ့်ရဲ့ ဒေါသတွေက မကြာခဏ ပစ်မှတ်ထားခဲ့ပါတယ်။ ထရမ့်ဟာ သူ့ရဲ့အကောက်ခွန်မူဝါဒတွေကို ဝေဖန်ရေးသား ဖော်ပြမှုအတွက် Wall Street Journal ရဲ့ ရှေးရိုးစွဲဝါဒီယိမ်းတဲ့ အယ်ဒီတာအဖွဲ့ကို အကြိမ်ကြိမ်ဝေဖန်ခဲ့ပါတယ်။

အရင်ကတည်းက ရူးပတ်မားဒေါက်အပေါ် ထရမ့်ရဲ့ သဘောထားဟာ အကြိမ်ကြိမ် ပြောင်းလဲနေပါတယ်။ Fox News ဟာ ထရမ့်ရဲ့ အကြိုက်ဆုံးသတင်းမီဒီယာထဲက တစ်ခု ဖြစ်နေခဲ့တာ ကြာပြီဖြစ်ပေမဲ့ ၂၀၂၄ ခုနှစ်မှာ ထရမ့်က သမ္မတဝင်ရောက်အရွေးခံမယ့်ကိစ္စမှာ New York Post က လှောင်ပြောင်ခဲ့တာနဲ့ပတ်သက်ပြီး ရူးပတ်မားဒေါက်ကို “ ခွေးမသား” လို့ တစ်ချိန်က ခေါ်ဆိုခဲ့ဖူးပါတယ်။ New York Post သတင်းစာဟာ ရူးပတ်မားဒေါက် ပိုင်ဆိုင်တဲ့မီဒီယာတွေထဲက တစ်ခုဖြစ်ပါတယ်။

ရူးပတ်မားဒေါက်ကလည်း ထရမ့်အပေါ် သူရဲ့အမြင်နှင့် ပတ်သက်ပြီး ရှင်းရှင်းလင်း မရှိပါဘူး။ Dominion ကုမ္ပဏီကို အသရေဖျက်မှုနဲ့ တရားစွဲထားတဲ့ မှတ်တမ်းတွေက ဒုတိယသက်တမ်းတက်လာတဲ့ ထရမ့်ကို အထင်အမြင်သေးတာကိုလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။ မားဒေါက်က ထရမ့်ကို “ လူမိုက်” လို့ အကဲဖြတ်ထားပါတယ်။

ဒါပေမယ့် ထရမ့်နဲ့ အဆက်အသွယ် မဖြတ်ဘဲ ဆက်လက်ဆက်ဆံနေပါတယ်။ ဖေဖော်ဝါရီလ အစောပိုင်းတွင် ဘဲဥပုံရုံးကို မားဒေါက် သွားရောက်လည်ပတ်ခဲ့ပါသေးတယ်။

CNN ၏ Liam Riley နှင့် Andrew Kirell တို့၏ သုံးသပ်ချက်ဖြစ်ပါတယ်။ ဂျပန်ဘာသာမှ ပြန်ဆိုထားပါတယ်။

ရူးပတ်မားဒေါက် နဲ့ထရမ့်

ဂျက်ကီဟင်နရစ်ချ် (Jackie Heinrich)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 46 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

နက်တန်ယာဟုက အစ္စရေးရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ထရမ့်နှင့် ဆက်ဆံရေးကို အားကိုးနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 56 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် ဒေါ်နယ်ထရမ့်နှင့် ဘင်ဂျမင်နက်တန်ယာဟုတို့၏ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုမှ ဓာတ်ပုံတစ်ပုံ တည်းသာ ထွက်ပေါ်လာခဲ့သည်- ၎င်းမှာ အစ္စရေးဝန်ကြီးချုပ်ရုံးမှ ဖြန့်ဝေခဲ့သော အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း လက်ဆွဲနှုတ်ဆက်နေသည့်
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်