နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်ရဲ့ စီးပွားရေးမူဝါဒများကို ၃၇ ရာခိုင်နှုန်းသာ ထောက်ခံမှုသည်ဟု Fox News ၏ ထုတ်လွှင့်မှုအတွက် Fox News ကို ထရန့် ကြိမ်းမောင်း

————————

သမ္မတထရန့်ကို ထောက်ခံတဲ့ Fox News ကတောင် အခြေအနေတွေကို သမ္မတထရန့် ကောင်းကောင်းမလုပ်နိုင်ဘူးလို့ ပြောဆိုခဲ့တာကြောင့် သမ္မတထရန့်အတွက် ဆိုးရွားတဲ့နေ့တစ်နေ့ ဖြစ်ခဲ့ရပါတယ်။

Fox News က အခွန်ကောက်ခံမှုများကြောင့် ဖြစ်ပေါ်လာတဲ့ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေး မသေချာ မရေရာမှုတွေကို လူထုရဲ့ စိုးရိမ်မှုကို မီးမောင်းထိုးပြတဲ့ စစ်တမ်းတစ်ခု ထုတ်ပြန်ပြီးနောက် ထရန့်က မီဒီယာလုပ်ငန်းရှင် ရူးပတ်မားဒေါက် (Rupert Murdoch) က ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မီဒီယာကုမ္ပဏီနှစ်ခုကို ၂၄ ရက်နေ့က အပြစ်တင်ဝေဖန်ခဲ့ပါတယ်။

သူရဲ့လူမှုမီဒီယာအကောင့် Truth Social မှာ ထရန့်က ရူးပတ်မားဒေါက်၊ Fox News နဲ့ Wall Street Journal တို့ကို ပြင်းပြင်းထန်ထ န်တိုက်ခိုက်ခဲ့ပါတယ်။ “Fox News ရဲ့ ထရန့်ဆန့်ကျင်ရေး စစ်တမ်းအတုတွေကို ပိတ်ပစ်မယ်လို့ နှစ်အတော်ကြာအောင် ခင်ဗျား ပြောခဲ့ပြီးပြီ၊ ဒါပေမယ့် ခင်ဗျား ဘာမှ မလုပ်ဘူး” လို့ ရေးသားခဲ့ပါတယ်။

“ဒီ ‘စစ်တမ်းကောက်တဲ့ကုမ္ပဏီ’ က ကျွန်တော်နဲ့ MAGA (အမေရိကကို ကြီးကျယ်ခမ်းနားစေရမယ်) နဲ့ပတ်သက်ပြီး နှစ်အတော်ကြာအောင် လိမ်ညာလှည့်စားနေခဲ့တာ” “ပိုအရေးကြီးတာက တရုတ်လိုလားတဲ့ Wall Street Journal ကို ပြုပြင်ပြောင်းလဲဖို့ စတင်သင့်တယ်။ အဲဒါက အဆိုးဆုံးပဲ” လို့ ထရန့်က ကြိမ်းမောင်း ခဲ့ပါတယ်။

၂၃ ရက်နေ့က ထုတ်ပြန်တဲ့ Fox News ရဲ့ စစ်တမ်းကို တုံ့ပြန်လိုက်တာလို့ ရှုမြင်ရပါတယ်။ ဒီစစ်တမ်းဟာ မကြာမီ ရာထူးသက်တမ်း ရက် ၁၀၀ ပြည့်တော့မယ့် သမ္မတ ထရန့်ရဲ့ လူထုအမြင်ကို စစ်တမ်းကောက်ခဲ့တာဖြစ်ပါတယ်။

Fox News အကြီးတန်းသတင်းထောက် ရစ်ချ် အက်ဒီဆင် (Rich Edson) က ၂၄ ရက်နေ့ နံနက်ခင်း အစီအစဉ်မှာ အမေရိကန်မဲဆန္ဒရှင်တွေဟာ ထရန့်ရဲ့ အကောက်ခွန်မူဝါဒတွေကို သံသယရှိကြောင်း စစ်တမ်းတွေက ဖော်ပြနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီတီဗီအစီအစဉ်မှာ တခြားတင်ဆက်သူတစ်ဦးလည်း ပါဝင်ခဲ့ပြီး ထရန့်ဟာ အခွန်အကောက်တွေဟာ (စီးပွားရေး) အားကောင်းလာမယ်လို့ ယုံကြည်နေပေမယ့် တကယ့်လက်တွေ့မှာတော့ “စီးပွားရေးလုပ်ငန်းငယ် အများအပြားဟာ ထိပ်လန့်နေကြပြီး ကုန်သွယ်မှု သဘောတူညီချက်လည်း အကောင်အထည်မဖော်ရသေးဘူး။” လို့ ထောက်ပြခဲ့ပါတယ်။

ထရန့်ရဲ့ စီးပွားရေးမူဝါဒတွေအပေါ် ထောက်ခံမှု ကျဆင်းမှုကို အဓိကပြသခဲ့တဲ့ ဒီစစ်တမ်းဟာ ဒါနဲ့တင် ရပ်တန့်မသွားခဲ့ပါဘူး။ ရိုက်တာ (Reuters) နဲ့ Ipsos တို့ရဲ့ အခုအပတ် ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရလည်း အမေရိကန်နိုင်ငံသား ၃၇ ရာခိုင်နှုန်းကသာ ထရန့်ရဲ့ စီးပွားရေးမူဝါဒတွေကို ထောက်ခံခဲ့ကြပြီး သူ့ရဲ့ ပထမနဲ့ ဒုတိယသက်တမ်းနှစ်ရပ်စလုံးမှာ အနိမ့်ဆုံးအဆင့်ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ အခုဒီသီတင်းပတ်မှာ ပြုလုပ်ခဲ့တဲ့ Gallup စစ်တမ်းအသစ်မှာ အမေရိကန် နိုင်ငံသား ၅၃ ရာခိုင်နှုန်းက စီးပွားရေး ပိုဆိုးလာတယ်လို့ ယုံကြည်ကြပြီး ၂၀၀၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်ဖြစ်လာပါတယ်။

ထရန့်ဟာ သူ့ရဲ့ သမတ ဒုတိယသက်တမ်းစတင်ပြီးနောက်ပိုင်း Fox News ကို လူမှုမီဒီယာပေါ်မှာ ဒုတိယအကြိမ် ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာတော့ သူ့ရဲ့ စိုးရိမ်မှုတွေကို Fox News ရဲ့ အကြီးအကဲကို တိုက်ရိုက်ဝေဖန်ပစ်တင်ခဲ့ပါတယ်။

ထရမ့်တက်လာပြီးကတည်းက Fox အကြောင်း အကြိမ် ၅၀ ကျော် တင်ခဲ့ပါတယ်။ အကြောင်းအရာ အများစုက အပြုသဘောဆောင်တဲ့ရေးသားချက်တွေနဲ့ သူ့ရဲ့အနီးကပ်တွေကို တီဗီမှာ ခေါ်သုံးဖို့ တွန်းအားပေးကြော်ငြာတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လက Fox News ရဲ့ အိမ်ဖြူတော်ရဲ့ အကြီးတန်းသတင်းထောက် ဂျက်ကီဟင်နရစ်ချ် (Jackie Heinrich) ကို သူကိုယ်တိုင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခဲ့ပါတယ်။ သူမက အစီအစဉ်တင်ဆက်သူအဖြစ် ထုတ်လွှင့်နေတဲ့ စနေ၊ တနင်္ဂနွေ တီဗီအစီအစဉ်ကို ကြည့်ရှုပြီးတဲ့နောက် ထရမ့်က “သူမက လုံးဝကို မကောင်းဘူးလို့ ကျွန်တော်ထင်ပါတယ်” လို့ ထရမ့်က သူ့ရဲ့ Follower 10 သန်းလောက်ကို စာရေးခဲ့ပါတယ်။ “အံ့သြစရာတော့ မဟုတ်ပါဘူး။ သူမဟာ အိမ်ဖြူတော် သတင်းထောက်များအသင်းကို ထောက်ခံသူဖြစ်တယ်လို့ နောက်ပိုင်းမှာ ကျွန်တော်သိလိုက်ရလို့ပါ။” လို့ ဆက်လက်ရေးသားခဲ့ပါတယ်။

ဒီအတောအတွင်းမှာလည်း Wall Street Journal ကိုလည်း သူ့ရဲ့ဒုတိယသက်တမ်းအတွင်း ထရမ့်ရဲ့ ဒေါသတွေက မကြာခဏ ပစ်မှတ်ထားခဲ့ပါတယ်။ ထရမ့်ဟာ သူ့ရဲ့အကောက်ခွန်မူဝါဒတွေကို ဝေဖန်ရေးသား ဖော်ပြမှုအတွက် Wall Street Journal ရဲ့ ရှေးရိုးစွဲဝါဒီယိမ်းတဲ့ အယ်ဒီတာအဖွဲ့ကို အကြိမ်ကြိမ်ဝေဖန်ခဲ့ပါတယ်။

အရင်ကတည်းက ရူးပတ်မားဒေါက်အပေါ် ထရမ့်ရဲ့ သဘောထားဟာ အကြိမ်ကြိမ် ပြောင်းလဲနေပါတယ်။ Fox News ဟာ ထရမ့်ရဲ့ အကြိုက်ဆုံးသတင်းမီဒီယာထဲက တစ်ခု ဖြစ်နေခဲ့တာ ကြာပြီဖြစ်ပေမဲ့ ၂၀၂၄ ခုနှစ်မှာ ထရမ့်က သမ္မတဝင်ရောက်အရွေးခံမယ့်ကိစ္စမှာ New York Post က လှောင်ပြောင်ခဲ့တာနဲ့ပတ်သက်ပြီး ရူးပတ်မားဒေါက်ကို “ခွေးမသား” လို့ တစ်ချိန်က ခေါ်ဆိုခဲ့ဖူးပါတယ်။ New York Post သတင်းစာဟာ ရူးပတ်မားဒေါက် ပိုင်ဆိုင်တဲ့မီဒီယာတွေထဲက တစ်ခုဖြစ်ပါတယ်။

ရူးပတ်မားဒေါက်ကလည်း ထရမ့်အပေါ် သူရဲ့အမြင်နှင့် ပတ်သက်ပြီး ရှင်းရှင်းလင်း မရှိပါဘူး။ Dominion ကုမ္ပဏီကို အသရေဖျက်မှုနဲ့ တရားစွဲထားတဲ့ မှတ်တမ်းတွေက ဒုတိယသက်တမ်းတက်လာတဲ့ ထရမ့်ကို အထင်အမြင်သေးတာကိုလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။ မားဒေါက်က ထရမ့်ကို “လူမိုက်” လို့ အကဲဖြတ်ထားပါတယ်။

ဒါပေမယ့် ထရမ့်နဲ့ အဆက်အသွယ် မဖြတ်ဘဲ ဆက်လက်ဆက်ဆံနေပါတယ်။ ဖေဖော်ဝါရီလ အစောပိုင်းတွင် ဘဲဥပုံရုံးကို မားဒေါက် သွားရောက်လည်ပတ်ခဲ့ပါသေးတယ်။

CNN ၏ Liam Riley နှင့် Andrew Kirell တို့၏ သုံးသပ်ချက်ဖြစ်ပါတယ်။ ဂျပန်ဘာသာမှ ပြန်ဆိုထားပါတယ်။

ရူးပတ်မားဒေါက် နဲ့ထရမ့်

ဂျက်ကီဟင်နရစ်ချ် (Jackie Heinrich)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက