နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

Wall Street က ထရန့်အား “ ကြောက်ပြီးနောက်ပြန်ဆုတ်တဲ့သူ TACO” လို့ ခေါ်ဆို

++++++++++++++++++++

“ TACO” အကြောင်း မေးမြန်းတဲ့ သတင်းထောက်ကို ထရန့်က “ စက်ဆုတ်ဖွယ်ကောင်းတဲ့မေးခွန်း” ဟု ပြောလိုက်သည်။

သမ္မတ ထရန့်၏အခွန်စည်းကြပ်မှု အကြိမ်ကြိမ် ခြိမ်းခြောက်မှုကြောင့် မကြာသေးမီလများအတွင်း Wall Street သည် သမိုင်းဝင် မငြိမ်မသက်ဖြစ်ခဲ့ရသည်။ ယခုအခါ ရင်းနှီးမြှုပ်နှံသူများသည် ထရန့် ၏စကားကို လုံးဝ ယုံကြည်လက်ခံခြင်း မရှိတော့ရုံသာမကဘဲ ရွဲ့ပြီး သူ့ကို တာကို – TACO ဟု ခေါ်လာကြသည်။

ကုန်သွယ်မှုပုံစံသစ် “ TACO” သည် ရင်းနှီးမြှုပ်နှံသူများကြားတွင် စတင်အသုံးပြုလာနေကြပြီဖြစ်သည်။ TACO သည် “ Trump Always Chickens Out” ၏ အတိုကောက်ဖြစ်သည်။ တစ်နည်းဆိုရသော်၊ ထရန့်သည် အခွန်အသစ်များ စည်းကြပ်ရန် ခြိမ်းခြောက်သောအခါတွင် အထိတ်တလန့် မဖြစ်သင့်ဘဲ၊ ၎င်း၏ မှတ်ချက်ကို နောက်ဆုံးတွင် ပြန်လည်ရုပ်သိမ်းမည်ဖြစ်သည့်အတွက် စတော့စျေးနှုန်းများ ပြန်တက်လာမည်ဖြစ်သောကြောင့် ဖြစ်သည်။

Financial Times အတွက် မှတ်ချက်ပေးသူ ရောဘတ်အမ်းစထရောင်း (Robert Armstrong) က တီတွင်လိုက်သည့် စကားစုဖြစ်ပြီး သတင်းထောက်တစ်ဦးက ထရန့်အား စကားစုကို မည်သို့တုံ့ပြန်ခဲ့သနည်းဟု မေးမြန်းသောအခါ ထရန့်က အဆိုပါဝေါဟာရကို ပထမဆုံး သိရှိခဲ့ရသည်ဟု ပြောခဲ့သည်။

“ ကြောက်ပြီးနောက်ပြန်ဆုတ်တယ်၊ အဲဒါကို တစ်ခါမှ မကြားဖူးဘူး။ အဲဒါက တရုတ်အပေါ် ကျွန်တော်တို့ရဲ့ အခွန်အခတွေကို ၁၄၅% ကနေ ၁၀၀% ဖြတ်ပြီးတော့ ပြန်ဖြတ်တဲ့အတွက်ကြောင့်လား။” ထရန့်က တရုတ်အပေါ် အခွန်ကောက်တာကို ရည်ညွှန်းပြီး ပြောခဲ့ပါသည်။

ပြီးခဲ့သောအပတ်ကလည်း ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ဥရောပသမဂ္ဂအပေါ်အခွန် ၅၀% စည်းကြပ်မည်ဟု ကြေညာခဲ့ပြီး စတော့ရှယ်ယာများ ဈေးကျခဲ့သော်လည်း နောက်နှစ်ရက်အကြာတွင် အီးယူနှင့် ညှိနှိုင်းမှု ကောင်းမွန်သောကြောင့် အခွန်စည်းကြပ်မှုကို ရွှေ့ဆိုင်းမည်ဟုပြောခဲ့သည်။ Memorial Day ပြီးနောက် စျေးကွက်ပြန်ဖွင့်သောအခါတွင် စတော့ရှယ်ယာများသည် ကြီးမားသော ဈေးနှုန်းမြင့်ဖြင့် ပိတ်သွားခဲ့သည်။

အီးယူနှင့် တရုတ်နိုင်ငံတို့ကြား အခွန်စည်းကြပ်မှုဆိုင်ရာ မကြာသေးမီက ထုတ်ပြန်ချက်ကို ကိုးကား၍ ထရန့်က “ဒါက စေ့စပ်ညှိနှိုင်းတယ်ဆိုတာပဲ” ဟု ပြောကြားခဲ့သည်။ သူ၏ နည်းဗျူဟာများတွင် လွန်ကဲစွာ မြင့်မားသော ကိန်းဂဏာန်းများကို စည်းကြပ်ခွန် သတ်မှတ်ခြင်းနှင့် အခြားနိုင်ငံများ၏ တောင်းဆိုလာပါက ၎င်းတို့ကို လျှော့ချပေးသည့် နည်းလမ်းကို အသုံးပြုလျက်ရှိသည်။

ထရန့်က မေးခွန်းမေးသည့် သတင်းထောက်ကို “ဒါကို ဘယ်တော့မှ ပါးစပ်က မထွက်စေနဲ့” ဟု သတိပေးလိုက်ပြီး “ စက်ဆုတ်ဖွယ်ကောင်းတဲ့မေးခွန်း” ဟု ပြောဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 5 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အကြီးစားကယ်ဆယ်ရေးမစ်ရှင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ အီရန်နိုင်ငံ အတွင်း တစ်ရက်ကျော်ကြာ ဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေခဲ့သည့် လေသူရဲကို ကယ်ထုတ်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ဧပြီလ (၅)ရက် ညတွင်းချင်း ကယ်ဆယ်ရေးသတင်းကို ကြေညာခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်လျှင် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်မဖွင့်ပေးလျှင် နောက်ထပ် စစ်ရေးအရေးယူမှုများ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်မှ အမေရိကန် တိုက်လေယာဉ် နှစ်စင်း ပစ်ချလိုက်သည်ဟု ဆိုသောသတင်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ (၄)ရက် သောကြာနေ့က အီရန်တောင်ပိုင်းတွင် F-15E တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရပြီးနောက် ပျောက်ဆုံးနေသော အမေရိကန် လေယာဉ်အမှုထမ်းတစ်ဦးကို ရှာဖွေရန် အမေရိကန်နှင့် အီရန်တို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ F-15E ၏ လေယာဉ်မှူးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံအတွင်း ပျောက်ဆုံးနေသော အမေရိကန် လေယာဉ် အမှုထမ်းကို ရှာဖွေရာတွင် ကယ်ဆယ်ရေးအဖွဲ့များအတွက် ‘ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်ရှိသော’ အခြေအနေများနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 25 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ရန်သူ့နယ်မြေအတွင်း ပျက်ကျသွားသော လေယာဉ်အမှုထမ်းများကို ပြန်လည်ကယ်တင်ရန် အမေရိကန်လေတပ်မှ Pararescue (လေထီးခုန်ကယ်ဆယ်ရေး) တပ်ဖွဲ့ဝင်များသည် အထူးလေ့ကျင့်ထားကြသူများဖြစ်သည်။ အီရန်နိုင်ငံပေါ်တွင် ပစ်ချခံခဲ့ရသည့် အမေရိကန် F-15
ကျူးဘား နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

အမေရိကန်၏ ဖိအားပေးမှုအောက်တွင် စီးပွားရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာစဉ် ကျူးဘားမှ အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးမည်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 26 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ဟာဗားနား — ကျူးဘားကျွန်းသည် ထရန့်အစိုးရ၏ တိုးမြှင့်လာသော ဖိအားများအောက် တွင် ယိုင်နဲ့နေစဉ်အတွင်း၊ ကျူးဘားအစိုးရသည် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော လွှတ်ပေးမှုအဖြစ် အကျဉ်းသား ၂,၀၁၀