နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းသည် မော်စကိုပိုင်ဆိုင်သောမိုင်းများကိုအသုံးချပြီး ဒေါ်လာ ၆၀၀တန် ဒရုန်းများဖြင့် အဓိကရုရှားတံတားနှစ်စင်းကို ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့သည်။

CNN-၂၀၂၅ခုနှစ်၊ သြဂုတ်လ ၃၀ရက်

ရုရှားတပ်ဖွဲ့ဝင်များ ဝှက်ထားသော မိုင်းများနှင့် ခဲယမ်းမီးကျောက်များကို ပစ်ခတ်ရန် စျေးပေါသော ဒရုန်းယာဉ်နှစ်စင်းကို အသုံးပြုကာ ရုရှားနိုင်ငံအတွင်းရှိ တံတားနှစ်စင်းကို ဖျက်ဆီးခဲ့ကြောင်း ယူကရိန်းက ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ ခါကိ့ဗ်(Kharkiv) ဒေသနှင့် နယ်နိမိတ်ချင်းနီးသည့် တံတားနှစ်စင်းကို ရုရှားစစ်တပ်က သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကို ထောက်ပို့အလုပ် အတွက် အသုံးပြုနေသည်ဟု ယူကရိန်းစစ်တပ်ကဆိုသည်။

၎င်းတံတားတို့၏ ဗျူဟာမြောက် အရေးပါမှုကြောင့် တံတားများအောက်တွင် မိုင်းများ သိုလှောင် ထားခြင်း ဖြစ်ပြီး ရုတ်တရက် ယူကရိန်းက ရှေ့တိုးထိုးစစ်ဆင်လာပါက ၎င်းတို့ကို ဖောက်ခွဲပစ်ရန် ရုရှားကရွေးချယ်လုပ်ဆောင်နိုင်သည်။

ရန်သူချီတက်မလာနိုင်ရန် ဟန့်တားရန်အတွက် မိမိနယ်မြေရှိ တံတားများ၊ လမ်းများနှင့် အခြားသော အဓိက အခြေခံအဆောက်အဦများကို ဖျက်ဆီးတိုက်ခိုက်ခြင်းခံနေရသော စစ်တပ်အတွက် အထူးအဆန်းမဟုတ်ပါ။ ယူကရိန်းသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် အကြီးစား ကျူးကျော် ဝင်ရောက်မှု၏ အစောပိုင်းကာလများတွင် ယင်းကိုလုပ်ဆောင်ခဲ့ပြီး ကိ့ဗ် သို့ ဦးတည် နေသော လမ်းများပေါ်ရှိ တံတားများကို ဖျက်ဆီးခဲ့သည်။ အဆိုပါ လှုပ်ရှားမှု သည် ရုရှားနိုင်ငံ၏ ထိုးစစ်ကို နှောင့်နှေးစေပြီး ယူကရိန်းမြို့တော်ကို ကာကွယ် နိုင်ခဲ့သည်။

ရုရှားနိုင်ငံရှိ တံတားနှစ်စင်းကိစ္စတွင် ယူကရိန်းစစ်တပ်က မိုင်း သိုလှောင်ထားသည့် အကြောင်းကို သိရှိခဲ့ပြီး ၎င်းအား ယူကရိန်းအတွက် အကျိုးရှိအောင် အသုံးပြုခဲ့သည်။

စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့သည့် ယူကရိန်းနိုင်ငံမှ ၅၈သီးသန့် မော်တော်ယဥ်ခြေလျင် တပ်မဟာက တံတားပတ်ပတ်လည်တွင် ပုံမှန်မဟုတ်သော လှုပ်ရှားမှုကို သတိပြုမိပြီးနောက် ၎င်းတို့သည် တံတားကို အနီးကပ်ကြည့်ရှုရန် ဆုံးဖြတ်ခဲ့သည်ဟု CNN သို့ ပြောကြားခဲ့သည်။

“အဲဒီမှာ တစ်ခုခုဖြစ်နေပြီဆိုတာ သိသာပါတယ်။ တံတားအောက်မှာ ပုံမှန်ကင်းထောက် ဒရုန်းနဲ့လွှတ်ပြီးပျံသန်းတဲ့အခါ အချက်ပြဆက်သွယ်မှုပြတ်သွားတဲ့အတွက် ဖိုက်ဘာ အော့ပတစ် တပ်ဆင်ထားပြီး လူတယောက် ကြည့်ပျံသန်းနိုင်တဲ့ ဒရုန်းနဲ့ ပျံသန်းကြည့် ခဲ့ပါတယ်” ဟု တပ်မဟာ၏ ကိုယ်စားလှယ်တစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

ဒရုန်းဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုတစ်ခုတွင် ဒရုန်းသည် တံတားအနီးသို့ ချည်းကပ်လာသော အခါ တင့်ကားဖျက်မိုင်းများနှင့် အခြားသော ခဲယမ်းမီးကျောက်များစွာကို စုပုံထားသည်ကို တွေ့ရှိ ကြောင်း ပြသထားသည်။ မိုင်းအစုအပုံ ဘေးတွင် ထိုမိုင်းများကို ဖုံးအုပ် ရန်အသုံးပြု ပုံရသည့် အဝတ်ဖျင်တစ်ထည်သည် ဘေးတွင်ပုံကျနေသည်။

“မိုင်းတွေကို ငါတို့မြင်ပြီးတဲ့နောက် တိုက်ပစ်လိုက်တယ်” ဟု ၎င်းတို့က ဆက်ပြောသည်။

ဒရုန်းသည် သိုလှောင်ထားသည့်မိုင်းအစုအပုံကို ထိသည့်အခါ ဗီဒီယိုသည် ရုတ်တရက် ပြီးဆုံး သွားသည်။ အကွာအဝေးတနေရာမှ ဒုတိယကင်မရာဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တွင် ပေါက်ကွဲထွက်လာသည့်မြင်ကွင်းတစ်ခုကို တွေ့ရသည်။ ယူကရိန်းနယ်စပ်အနီး ရုရှားနိုင်ငံ တောင်ပိုင်း ဘဲလ်ဂိုရော့ဒ် (Belgorod) ဒေသရှိ တံတားဖြစ်ကြောင်းကို CNN မှ နေရာကို ရှိဖွေ တွေ့ရှိခဲ့သည်။

“အဲဒီနောက်မှာတော့ တခြားတံတားကို ဆက်လက်ပြီး စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီနေရာမှာလည်း မိုင်းတွေ သိုလှောင်ထားတာတွေ့တော့ ကျွန်တော်တို့က ထပ်ပြီးတိုက် လိုက်တယ်” ဟု တပ်မဟာကိုယ်စားလှယ်က “အခွင့်အရေးတစ်ခု မြင်ပြီးရယူလိုက်တာ” ဟု ထပ်လောင်းပြောသည်။

တံတားများ ပျက်စီးသွားခြင်းသည် ယူကရိန်း၏ရဲရင့်သောအောင်ပွဲဖြစ်ပြီး-ကိ့ဗ် အတွက် ရှားရှားပါးပါး သတင်းကောင်းတစ်ခု ဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ဆက်လက်နှောင့်နှေး စေသလို ရုရှားတပ်များကလည်း ရှေ့တန်းစစ်မျက်နှာတွင် တလက်မချင်းတိုးဝင်လာ နေတာ ကြောင့် ယူကရိန်းဟာ ခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရသည်။

တစ်ချိန်တည်းမှာပင် မော်စကိုသည် နိုင်ငံတစ်ဝှမ်းရှိ မြို့များကို လေကြောင်းမှ နေ့စဉ် အသေအပျောက် များစေသည့် လေကြောင်းတိုက်ခိုက်မှုများဖြင့် ယူကရိန်းအရပ်သား လူထုကို ဆက်လက် အကြမ်းဖက်လျက်ရှိသည်။ တံတားများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ရုရှားက မှတ်ချက်မပေးပေ။

ထို့တိုက်ခိုက်မှုနှစ်ခုသည် ကုန်ကျစရိတ်အလွန်သက်သာသည်။ အဝေးက တံတားကို ဖြတ်တောက် ဖို့ဆိုသည်မှာ လွယ်ကူသည့် ကိစ္စ မဟုတ်ပါ။ သာမာန်အခြေအနေများတွင်၊ ဒုံးပစ်လောင်ချာ သို့မဟုတ် လေယာဉ်ကဲ့သို့ ခေတ်မီဆန်းသစ်သောစနစ်ဖြင့် ပို့ဆောင် ပေးသည့် တန်ဖိုးကြီးသော ပဲ့ထိန်းလက်နက်များ လိုအပ်မည်ဖြစ်သည်။

ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံ ကရပ်ခ် (Kursk) ဒေသရှိ တံတားများကို ဖောက်ခွဲရန်အတွက် အနောက်တိုင်းမှ ပံ့ပိုးပေးသော လျှင်မြန်မှုမြင့်မားသောဒုံးလက်နက်စနစ်(High Mobility Artillery Rocket System (HIMARS)) ကို အသုံးပြုခဲ့သည်ဟု ယခင်က ပြောကြားခဲ့သည်။ ၎င်းတို့သည် စျေးကြီးသောလက်နက်များဖြစ်ပြီး ဂျာမနီသည် ယမန်နှစ်တွင် ယူကရိန်းအတွက် HIMARS လောင်ချာသုံးစင်းကို အမေရိကန်မှ ဝယ်ယူသောအခါ စုစုပေါင်း ဒေါ်လာ သန်း ၃၀ ပေးချေခဲ့ရသည်။ ထိုပစ်လွှတ်သည့် ဒုံးကျည်တစ်စင်းစီသည် ဒေါ်လာ သောင်းနှင့်ချီ ကုန်ကျသည်။

သို့သော် တံတားတိုက်ခိုက်မှုများသည် ယူကရိန်းတွင် သေးငယ်ပြီး ဈေးသက်သာသော ပထမဆုံးလူမြင်ကွင်းဒရုန်းများကို အသုံးပြုခဲ့ခြင်းသည် ပထမဆုံး အကြိမ်မဟုတ်ပေ။

ဇွန်လတွင် ယူကရိန်းတပ်ဖွဲ့များသည် ထရပ်ကားများဖြင့် ရုရှားစစ်လေယာဉ်ကွင်းများအနီးသို့ မှောင်ခိုသယ်ဆောင်လာသော ဒရုန်းငယ်များကို အသုံးပြုကာ ဒါဇင်နှင့်ချီသော ရုရှားလေယာဉ် များကို ဖျက်ဆီးခြင်း သို့မဟုတ် ပျက်စီးစေခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 58 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 65 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက