နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ထရန့်နှင့်နေတင်ရာဟုမှဟားမတ်သို့သတင်းစကားပါးလိုက်ခြင်း

ဂါဇာငြိမ်းချမ်းရေးအစီအမံကိုလက်ခံမလား ဒါမှမဟုတ် အကျိုးဆက်ကို ရင်ဆိုင်မလား

The Guardian-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၉ရက်

သူတို့အတွဲက အဆိုပြုချက်သည်ကဏ္ဍအသစ်တရပ်ကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်းပြောကြားခဲ့သော်လည်း အစ္စရေးဝန်ကြီးချုပ်က အကယ်၍ ဟားမတ်ကသဘောတူညီမှုမပေးခဲ့ပါက သူ့အနေနှင့်အလုပ်ကို ပြီးပြတ် အောင်လုပ်ဆောင်သွားမည်ဟု ချိန်းခြောက်လိုက်သည်။

ဒေါ်နယ်ထရန့်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်‌နေတင်ရာဟု တို့သည် ဟားမတ်စ်အဖွဲ့ထံ အဆုံးစွန်ရာဇသံ တစ်ခုပေးပို့ခဲ့ပြီး ဂါဇာအတွက် မိမိတို့ ချမှတ်ထားသည့် အချက် ၂၁ချက် ပါ ငြိမ်းချမ်းရေးအစီအစဥ် ကို လက်ခံရန် ပြောကြားခဲ့ကြသည်။ လက်မခံပါက ဟားမတ်စ်အဖွဲ့ အနေနှင့်သက်ဆိုင်ရာ အကျိုးဆက်များကို ခံနေရမည်ဟုလည်း သတိပေးခဲ့သည်။

သို့ရာတွင် ဟားမတ်စ်အဖွဲ့အား တိုက်ရိုက် တိုင်ပင်မထားခြင်းကြောင့် အစီအစဉ် အပေါ် ၎င်းတို့၏ သဘောထားကို မသိရသေးခြင်းမှာ သေချာသည်။ ဟားမတ်စ်အရာရှိ မာဟ်မုဒ် မာဒေါ်ဝီက “ကြေညာချက် ထုတ်ပြန်ချိန်တွင်ပင် အစီအစဉ်ကို အဖွဲ့က လက်ခံရရှိထားခြင်း မရှိပါ” ဟု ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။ နောက်ပိုင်းတွင် ကာတာနှင့် အီဂျစ် ဖြန်ဖြေကူညီသူများသည် တနင်္လာနေ့ညတွင် ဟားမက်စ်အဖွဲ့နှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေးအစီအစဉ်ကို ပေးအပ်ခဲ့ကြသည်ဟု ထပ်မံ အသိပေးခဲ့သည်။

ဒေါ်နယ် ထရန့်နှင့် ဘင်ဂျမင် နေတင်ရာဟု တို့က ကြေညာရာတွင် သူတို့အနေနှင့်ဟားမတ်စ်အား ဤကိစ္စတွင် ရွေးချယ်ခွင့် ပေးမထားကြောင်း သေချာစွာ ဖော်ပြခဲ့ကြသည်။ ထရန့်က သတင်းမီဒီယာများအား အကယ်၍ ဟားမတ်စ်က ပယ်ချခဲ့ပါက “အစ္စ‌ရေးသည် ဟားမတ်စ်၏ အန္တရာယ်ကို ခြေမှုန်းပြီး အလုပ်(ကိစ္စ)ကို အဆုံးသတ်ရန် ကျွန်တော်၏ အပြည့်အစုံ ထောက်ခံမှုကို ရရှိမည်” ဟု ပြောကြားခဲ့သည်။


“ဒါပေမယ့် ကျွန်တော်တို့ ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းချက်တစ်ခု ရရှိမယ်လို့ မျှော်လင့်ပါတယ်၊ ဟားမတ်စ်က ကမ်းလှမ်းချက်ကို ငြင်းဆိုမယ်ဆိုရင် … ဘီဘီ (နေတင်ရာဟု) ကို သင် လုပ်ရမယ့် အရာကို လုပ်နိုင်ဖို့ ကျွန်တော်တို့ ၏ အပြည့်အစုံ ထောက်ခံမှု ပေးမယ်” ဟု ထပ်၍ ပြောကြားခဲ့သည်။

အစ္စ‌ရေး ဝန်ကြီးချုပ်က အန္တရာယ်ရှိတဲ့ချိမ်းခြောက် သံဖြင့် “ဟားမတ်စ်က သမတထရန့်တို့ရဲ့အစီအစဉ်ကို ပယ်ချခဲ့လျှင်၊ ၊ ဒါမှမဟုတ် အဆိုပါအစီအစဉ်ကို လက်ခံခဲ့ပြီး နောက်မှ ရှေ့ကအစီအစဉ်ကို ဆန့်ကျင်ဖို့ အားလုံးလုပ်မယ်ဆိုရင်၊ အဲဒီအခါ အစ္စ‌ရေးကမိမိ ကိုယ်တိုင် အလုပ်ကို အပြီးသတ်ပစ်မယ်။ ဒါကို လွယ်ကူတဲ့ နည်းနဲ့ လုပ်နိုင်သလို ခက်ခဲတဲ့နည်းနဲ့လည်း လုပ်နိုင်ပေမယ့်၊ ဘယ်နည်းနဲ့ ဖြစ်စေ အပြီးသတ်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟုဆိုခဲ့သည်။ နှစ်ဦးလုံးသည်သတင်းထောက်များမေးမြန်းမှုများကိုဖြေကြားခဲ့ခြင်းမရှိပါ။

ထရန့်က “ဟားမတ်စ်က လက်ခံလိုက်ရင် ဒီအဆိုပြုချက်မှာ ကျန်ရှိနေသေးတဲ့ လက်ကျန်ဓားစာခံတွေကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်၊ ဒါပေမယ့် ဘယ်လို အခြေအနေမှာဘဲ ဖြစ်ဖြစ် ၇၂ နာရီထက် မကျော်လွန် ပါစေနဲ့… ဓားစာခံများအားလုံး ပြန်လာရမယ်” ဟု ထုတ်ပြန်ထားသည်။

ထရန့်၏ အစီအစဉ်ထဲတွင်ယာယီအုပ်ချုပ်ရေးအဖွဲ့တစ်ခုကို တည်ထောင်မည် ဖြစ်ပြီး ထိုအဖွဲ့ကို ထရန့် ကိုယ်တိုင်ဦးဆောင်မည် ဖြစ်သည်။ ထိုအဖွဲ့ထဲတွင် ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယားလည်း ပါဝင်မည် ဖြစ်သည်။

ထရန့်က “ဤအစီအစဉ်အောင်မြင်ရေး အထောက်အကူအတွက် ကျွန်တော်၏ အစီအစဉ်သည် နိုင်ငံတကာကြီးကြပ်ရေးအသစ်တစ်ခုလို့ ခေါ်ဆိုထားသည့် ငြိမ်းချမ်းရေးကောင်စီဘုတ်အဖွဲ့ ဖြစ်ပြီး ဦးဆောင်မည့်သူမှာ … ကျွန်တော်က တောင်းဆိုမှု ကြောင့် မဟုတ်ဘဲ … အမေရိကန်ပြည်ထောင်စု သမ္မတဒေါ်နယ်ဂျေ ထရန့် တစ်ဦးတည်းဖြစ်မည်” ဟု ပြောကြားခဲ့သည်။

ယခုနှစ်အစပိုင်းက သမ္မတထရန့်သည် ဂါဇာကို “အရှေ့အလယ်ပိုင်း၏ ရီဗီယာရာ” (“Riviera of the Middle East”)အပန်းဖြေနေရာအဖြစ် ပြောင်းလဲပစ်မည်ဟု ထုတ်ပြန်သည့်အခါ ကြီးမားသည့် ငွေကြေးအရင်းအနှီး ထည့်သွင်းရမည့် အစီအစဉ်နှင့် ပါလက်စတိုင်းလူမျိုးများကို လူမျိုးတုံး ရှင်းလင်းမှု (ethnic cleansing) လုပ်ဆောင်ရန် ပါဝင်ကြောင်း ပြောဆိုခဲ့သဖြင့် ဝိုင်းဝန်းကန့်ကွက် မှုများ ဖြစ်ပေါ်ခဲ့သည်။

“ကျွန်တော်တို့ အလုပ်ကို အပြီးသတ်ဖို့ဆိုတာ မဖြစ်သေးပါ။ ဟားမတ်စ်ကို ကျွန်တော်တို့ ထိရောက်စွာ ဆောင်ရွက်ရပါမယ်၊ ဒါပေမယ့် သူတို့ အဲဒါကို သဘောတူလက်ခံနိုင်မယ်လို့ ထင်ပါတယ်။ အခုတော့ ဟားမတ်စ်အဖွဲ့က ကျွန်တော်တို့ ယနေ့ ထုတ်ပြန်ထားတဲ့ အစီအစဉ်ရဲ့ စည်းမျဉ်း စည်းကမ်းတွေကို လက်ခံဖို့အချိန်ရောက်ပါပြီ” ဟု ပြောကြားခဲ့သည်။

ထရန့်က ထပ်မံ၍ “ကျွန်တော်ဟာဝန်ကြီးချုပ် နေတင်ရာဟု ကိုလည်း အစီအစဉ်ကို သဘောတူခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ပါက ယခင်နှစ်ပေါင်းများစွာ၊ အသက်ပေါင်းများစွာ၊ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်ခဲ့တဲ့ သေဆုံးမှုနှင့် ဖျက်ဆီးမှုများကို အဆုံးသတ်နိုင်မယ်လို့ ယုံကြည်စွာ ထောက်ခံပေးခဲ့တာအတွက် ကျေးဇူးတင် ပါတယ်၊ နယ်မြေတစ်ခုလုံးအတွက် လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ သာယာတဲ့ စွမ်းအားကဏ္ဍအသစ်တစ်ခုကို စတင်နိုင်မယ်” ဟု ပြောကြားခဲ့သည်။

တနင်္လာနေ့နောက်ပိုင်းတွင် ထုတ်ပြန်ချက်တစ်ရပ်အရ ဘလဲယားက “သမ္မတထရန့်ဟာ စွမ်းအားကြီးပြီး အသိပညာရှိတဲ့ အစီအစဉ်ကို တင်ပြထားပြီး ဖြစ်တယ်၊ တကယ်လို့ အဆိုပြုချက်ကို အားလုံးက သဘောတူလက်ခံခဲ့ရင် စစ်ပွဲကို အဆုံးသတ် နိုင်ပြီး ဂါဇာအတွက် ချက်ချင်း ကူညီထောက်ပံ့မှုတွေကို ရရှိစေမယ်၊ လူဦးရေများ အတွက် ပိုတောက်ပပြီး ပိုကောင်းတဲ့ အနာဂတ် ရရှိနိုင်မဲ့ အခွင့်အရေးကို ပေးပြီး၊ အစ္စ‌ရေးအတွက်အပြည့်အဝနဲ့ ရေရှည် လုံခြုံရေး ကို အာမခံခြင်းနဲ့ ဓားစာခံ ဖမ်းဆီးခံထားသူများ အားလုံး လွတ်မြောက် စေမယ်” ဟု ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက ပြောကြား ခဲ့သည်။

“ဤအစီအစဉ်သည် နှစ်နှစ်ကြာ စစ်ပွဲ၊ နာကျင်မှုနှင့် စိုးရိမ်မှုများကို အဆုံးသတ်နိုင်မည့် အကောင်းဆုံးအခွင့်အရေးဖြစ်ပြီး၊ ထရန့် သမ္မတ၏ ဦးဆောင်မှု၊ စည်းရုံးမှုနှင့် တည်ဆဲ အာမခံချက်အတွက် ကျေးဇူးတင်ပါသည်” ဟု ထပ်မံ ပြောကြားခဲ့သည်။

နေတင်ရာဟုက မကြာသေးမီက အရေးယူခဲ့သော ဟားမတ်စ် အရာရှိများကို ကာတာနိုင်ငံအတွင်း တိုက်ခိုက်မှုအတွက် ကာတာနိုင်ငံ ခေါင်းဆောင်အား တရားဝင် တောင်းပန်ချက်ကို မကြာသေးမီက တင်ပြခဲ့ပြီး၊ ၎င်းတိုက်ခိုက်မှု ကြောင့် အာရပ်ခေါင်းဆောင်များအား စိတ်ဆိုးစေခဲ့ပြီး အမေရိကန်က အစ္စ‌ရေးအားရှားပါးသော ဝေဖန်ပြစ်တင်မှုကို ပြုလုပ်ရန် ဖြစ်စေခဲ့သည်။

တနင်္လာနေ့နောက်ပိုင်းတွင် ဆော်ဒီ အာရေဗီးယား၊ ဂျော်ဒန်၊ ယူနိုက်တက်အာရပ် အီမီရိတ်နိုင်ငံ (UAE), ကာတာနှင့် အီဂျစ် နိုင်ငံများ၏ ပြည်ပရေးရာ ဝန်ကြီးများ သည် ထရန့်၏ ကြေညာချက်ကို ပူးပေါင်းထုတ်ပြန်ချက်တစ်ရပ်တွင် ကြိုဆိုခဲ့ကြသည်။

ထရန့်၏ “စစ်ပွဲကို အဆုံးသတ်ရန် အားထုတ်မှုများ” ကို ထောက်ခံကြောင်း ပြောပြီး ပါလက်စတိုင်း အာဏာပိုင်အစိုးရလည်း ဤအဆိုကို ကြိုဆိုခဲ့သည်။

အိမ်ဖြူတော်တွင် ဆွေးနွေးမှုများ ပြုလုပ်နေစဉ်အတွင်း၊ တနင်္လာနေ့တွင် အစ္စ‌ရေးကာကွယ်ရေးတပ်၏ တင့်ကားများသည် ဂါဇာမြို့၏ အလယ်ဗဟိုသို့ ပိုမိုရှိုင်းစွာဝင်ရောက် တိုက်ခိုက်ခဲ့သည်။ အစ္စ‌ရေးသည် ယခုလတွင် စစ်ပွဲအတွင်း အကြီးဆုံး တိုက်ခိုက်မှုအမျိုးအစားတစ်ခုကို စတင်ခဲ့ပြီး၊ နေတင်ရာဟုက ဟားမတ်စ်တို့၏ နောက်ဆုံးရုံးစိုက်ထားရာနေရာများကိုဖျက်ဆီးရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှ စ၍ ဂါဇာတွင် အစ္စ‌ရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ လူများစု အရပ်သား ပြည်သူများဖြစ်ပြီး အနည်းဆုံး ၆၅,၀၀၀ ကျော် သေဆုံးပြီး၊ ၁၆၀,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော