နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

“ ကွန်တီကိုမှာ ဗိုလ်ချုပ်ကြီးတွေ၊ ရေတပ်ဗိုလ်ချုပ်ကြီးတွေကို ထရန့်မိန့်ခွန်းချွေ ခြင်း

CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၃၀ရက်

သမ္မတ ဒေါ်နယ်လ် ထရန့်သည် ယနေ့နံနက်ပိုင်းက အိမ်ဖြူတော်မှ ထွက်ခွာစဉ် ကွန်တီကို (Quantico) တွင် ထိပ်တန်း ဗိုလ်ချုပ်ကြီးများ၊ ရေတပ်ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံခြင်း အတွက် ကုန်ကျစရိတ်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

“အနည်းငယ်တော့ ကုန်ကျစရိတ်ရှိတယ်။ သိပ်မများပါဘူး၊ ဒါပေမဲ့ ကုန်ကျစရိတ် နည်းနည်းတော့ ရှိပါတယ်။ အဲဒါကို ကျွန်တော်တို့ မဖြုန်းတီးချင်ဘူး။ ရိုးရိုးသားသားပြောရရင် အဲဒီအစား ကျည်ဆန်နဲ့ ဒုံးပျံတွေအတွက် သုံးချင်ပါတယ်” ဟု ထရန့်ပ်က အိမ်ဖြူတော်မှ ထွက်ခွာစဉ် ပြောကြားခဲ့သည်။

သမ္မတက အဆိုပါအစည်းအဝေးသည် “ကောင်းမွန်တဲ့အရာတစ်ခု၊ ဒီလိုအရာမျိုးကို တစ်ခါမှ မလုပ်ဖူးပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့တွေ ကမ္ဘာတစ်ဝန်းလုံးက လာခဲ့ကြလို့ပါ” ဟု ထပ်လောင်းပြောကြားခဲ့သည်။

သိသင့်သောအချက်အချို့။  ဗိုလ်ချုပ်ကြီး၊ ရေတပ်ဗိုလ်ချုပ်ကြီး ရာပေါင်းများစွာနှင့် ၎င်းတို့၏ အထောက်အကူများကို ဗာဂျီးနီးယားသို့ အချိန်တိုအတွင်း ခေါ်ဆောင်ခြင်း၏ ကုန်ကျစရိတ်နှင့်ပတ်သက်၍ စိုးရိမ်ကြောင်း သတင်းရင်းမြစ်များစွာက ဖော်ပြခဲ့ကြောင်း CNN က ယခင်က သတင်းထုတ်ပြန်ခဲ့ဖူးသည်။ လေယာဉ်လက်မှတ်စရိတ်များ တစ်ခုတည်း ကပင် ဒေါ်လာ သန်းပေါင်းများစွာ ရှိနိုင်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့တွင် မိန့်ခွန်းများကို တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရှိရသောအခါ ၎င်းတို့ လူကိုယ်တိုင် အစည်းအဝေးသို့ တက်ရောက်ရန် ဘာကြောင့်လိုအပ်သည်ကို ပို၍ပင် နားမလည်နိုင် ဖြစ်ခဲ့ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 6 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 14 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN –
တရုတ် နိုင်ငံတကာသတင်း

တရုတ်လူငယ်များသည် ပြင်းထန်သောပြိုင်ဆိုင်မှုများကို စွန့်လွှတ်နေကြခြင်းမှာ နိုင်ငံခြားတိုင်းပြည်များတွင် တာဝန်ရှိသည်ဟု တရုတ်ထောက်လှမ်းရေးများကဆို

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 13 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၃ရက် ဟောင်ကောင် — တရုတ်နိုင်ငံ၏ ထိပ်တန်းထောက်လှမ်းရေးအေဂျင်စီသည် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာခဲ့သည်။  တရုတ်လူငယ်များသည် နိုင်ငံခြားအင်အားစုများ၏ လှည့်ဖြားမှုကို ခံနေရကြောင်း၊ ထိုအင်အားစုများက လူငယ်များကို အလုပ်ကြိုးစားမှုအား ရှောင်လွှဲရန်နှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုထက်
နိုင်ငံတကာသတင်း အမေရိကန်

“ မင်းသားခေါင်းထဲကိုကျဥ်ဆံပစ်ထည့်လိုက်မယ်” တက္ကဆက် ပြည်နယ်အောက်လွှတ်တော်အမတ်ဟောင်း မာဂျော်ရီတေလာဂရင်း (Marjorie Taylor Greene) ၏ ရင်ဖွင့်သံ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 26 Views
၂၀၂၆ ခုနှစ်၊ မေလ ၃ ရက် ကျွန်မ အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ စတင်ရရှိခဲ့တယ်၊ အဲဒါက ကျွန်မကို “သစ္စာဖောက်” လို့ ခေါ်ဆိုတာနဲ့ ပတ်သက်နေပါတယ်။ “မင်းက သစ္စာဖောက်ပဲ၊ မင်း သေထိုက်တယ်”။ “မင်းက
နိုင်ငံတကာသတင်း ရုရှား အာဖရိက

သူပုန်များက ပူတင်၏တပ်များကို အရေးပါသော အာဖရိကမြို့တစ်မြို့မှ မောင်းထုတ်၊ ရုရှား၏ ဒေသတွင်းဩဇာ လျော့ပါးလာနေ

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 21 Views
CNN-၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အဘူဂျာ (Abuja) — ပြီးခဲ့သည့်လက မာလီနိုင်ငံမြောက်ပိုင်းရှိ မဟာဗျူဟာမြောက် ခံတပ်မြို့ ဖြစ်သော ကီဒယ် (Kidal) မှ ရုရှားတပ်ဖွဲ့များ ဆုတ်ခွာသွားခဲ့ရသည်။ ၎င်းတို့ က နှိမ်နင်းရန် သွားရောက်ခဲ့သည့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ပူတင်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ခြေရှိကြောင်း အရိပ်အမြွက်ပြသ၊ သို့သော် အဘယ်ကြောင့် ယခုမှပြောလာသနည်း

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 19 Views
CNN- နစ်ခ် ပါတန် ဝေါ့ရှ် (Nick Paton Walsh) ၏ ဝေဖန်ဆန်းစစ်ချက်  ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် ပြင်းထန်သော ဖိအားများ ကြုံတွေ့နေရသည့် အချိန်တွင် ထွက်ပေါ်လာသော ထူးခြားသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ထံ တင်ပြသည့် ကမ်းလှမ်းချက်မှာ “ကျိုးကြောင်းဆီလျော်မှုရှိကြောင်း” ထရမ့်၏ ပယ်ချမှုအပြီးတွင် အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) က စစ်ပွဲအဆုံးသတ်ရန် အမေရိကန်ထံ တင်ပြခဲ့သည့် အီရန်၏ နောက်ဆုံးကမ်းလှမ်းချက်မှာ ကျိုးကြောင်းဆီလျော်ပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အစိုးရနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ထရမ့် အရိပ်အမြွက်ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ဘက်မှ နောက်ဆုံးကမ်းလှမ်းချက်ကို ပယ်ချခဲ့သော်လည်း လက်ရှိအီရန်အစိုးရနှင့် သံတမန်နည်းလမ်းအရ ဆက်လက်ဖြေရှင်း သွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် အရိပ်အမြွက် ပြောကြားခဲ့သည်။ အီရန်အစိုးရအတွင်းရှိ သဘောထားတင်းမာသူများနှင့် ပတ်သက်၍လည်းကောင်း၊ ခေါင်းဆောင်မှုပိုင်း