နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အယ်လ်ကိုက်ဒါအဖွဲ့ဝင်ဟောင်း ရှာရာရာ ဆီးရီးယား အသွင်ကူးပြောင်းရေးအစိုးရ၏ သမ္မတ ဖြစ်လာ

ဇန်နဝါရီလ (၃၁) ရက်။

နိုင်ငံတကာ အကြမ်းဖက်အဖွဲ့ အယ်လ်ကိုက်ဒါအဖွဲ့ဝင်ဟောင်း “အာဘူမိုဟာမက်ဂျိုလာနီ” လို့ လူသိများတဲ့ အာမက်ရှာရာရာ (Ahmed Sharaa) ကို ဆီးရီးယားယာယီအစိုးရရဲ့သမ္မတ အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဆီးရီးယား စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးကွပ်ကဲမှုဌာနက ၂၉ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ကြေညာချက်အရ ရှာရာရာဟာ အသွင်ကူးပြောင်းရေးကာလမှာ သမ္မတနဲ့ နိုင်ငံ့ခေါင်းဆောင်အဖြစ် တာဝန်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ သမ္မတဟာ ယာယီဥပဒေပြုကောင်စီကို ဖွဲ့စည်းနိုင်တဲ့အာဏာကို ပေးအပ်ခံရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲပြီး အသက်ဝင်တဲ့အထိ ဥပဒေပြုကောင်စီက အလုပ်တာဝန်တွေကို အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့ထားဖို့၊ လွှတ်တော်ကို ဖျက်သိမ်းဖို့နဲ့ အရင်အစိုးရတပ်တွေနဲ့ အာဏာရပါတီကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်တွေကိုလည်း စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးကွပ်ကဲမှုဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရှာရာရာဟာ နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ကို တည်ထောင်ခဲ့တဲ့ အာဆတ်အစိုးရကို မနှစ်က ဖြုတ်ချပစ်ခဲ့တဲ့ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။

ရှာရာရာဟာ အသက် ၂၀ အရွယ် အစောပိုင်းမှာ ဆီးရီးယားမှာ နိုင်ငံခြားသားတိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပြီး ၂၀၀၃ ခုနှစ် နွေဦးရာသီတွင် အီရတ်ကို အမေရိကန်စစ်တပ် ကျူးကျော် ဝင်ရောက်လာတဲ့အခါ အမေရိကန်တပ်တွေကို တိုက်ခိုက်ဖို့ အီရတ်ကို သွားရောက်ခဲ့ပါတယ်။ သူ့ကို အီရတ်မှာ အမေရိကန်စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး နောက်ပိုင်းမှာ လွတ်မြောက်လာပါတယ်။ အဲ့ဒီနောက်မှာ အီရတ်နှင့် ဆီးရီးယားတို့ရဲ့ အစ္စလမ္မစ်နိုင်ငံတော်ခေါင်းဆောင် ဖြစ်လာမယ့် အာဘူး ဘာကယ်လ် ဘာ(က)ဒါဒီ (Abu Bakr al-Baghdadi) (ကွယ်လွန်) ရဲ့ ထောက်ခံမှုနဲ့ အာဆတ်အစိုးရကို တိုက်ခိုက်ခဲ့ပါတယ်။

ဆီးရီးယားမှာ သူဟာ နတ်ဆာရာတပ်ဦး (Nusra Front) ကို တည်ထောင်ခဲ့ပြီး အယ်လ်ကိုက်ဒါကို သစ္စာခံမယ်လို့ ကတိပြုခဲ့ပေမဲ့ ၂၀၁၆ ခုနှစ်မှာ အယ်လ်ကိုက်ဒါနဲ့ လမ်းခွဲခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ ဆီးရီးယားအနောက်မြောက်ပိုင်း အိုင်ဒလစ်ပြည်နယ်ရှိ သန်းနှင့်ချီတဲ့ ပြည်သူလူထုကို ဦးဆောင် အုပ်ချုပ်ခဲ့ပြီး အစိုးရရဲ့ အခြေခံဝန်ဆောင်မှုတွေကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

သတင်းရင်းမြစ်။ CNN

(FILES) A handout picture released by Syria’s transitional government shows the country’s new leader Ahmed al-Sharaa waiting for the arrival of Spain’s foreign minister at the presidential palace in Damascus on January 16, 2025. Syria’s new authorities announced on January 29, 2025, that Ahmed al-Sharaa, who took the helm after longtime ruler Bashar al-Assad’s ouster last month, was appointed interim president and tasked with forming a transitional legislature, state media reported. (Photo by Syria’s Transi

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 59 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 65 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက