နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ် အစိုးရဌာနနှင့် လမ်းခွဲပြီးနောက် မျက်လုံးတစ်ဝိုက်မှာ ညိုမဲပြီး ထရန့်နဲ့ သူငယ်ချင်းအဖြစ် ဆက်ရှိနေလိုတယ်ဟုဆို

မေလ (၃၁) ရက်။

ဒေါ်နယ်ထရန့်အစိုးရဌာန DOGE မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သော အသက် ၅၃ နှစ်ရှိ စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ်သည် ၃၀ ရက်နေ့၌ အိမ်ဖြူတော်၏ဘဲဥပုံရုံးခန်း Oval Office တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ထရန့်၏ “မိတ်ဆွေနှင့် အကြံပေးပုဂ္ဂိုလ်” အဖြစ် ဆက်လက် ရပ်တည်သွားမည်ဟု ကတိပြုခဲ့သည်။

ပုံမှန်မဟုတ်သည့် နှုတ်ဆက်ပွဲသတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့သည့် အီလွန်မတ်စ်သည် သူ့ညာဘက်မျက်လုံးတစ်ဝိုက်တွင် အညိုအမဲစွဲနေသည့် ဒဏ်ရာတွေ့ရှိခဲ့ရပြီး ၎င်း၏ မူးယစ်ဆေးဝါး သုံးစွဲမှု နှင့် ပတ်သက်သည့် စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

ဗီဒီယို- Trump နှင့် ပုံမှန်မဟုတ်သော ထိပ်တိုက်တွေ့မှုများပြီးနောက် Musk သည် အမေရိကန်အစိုးရမှ နှုတ်ထွက်ခဲ့သည်။

အီလွန်မတ်စ်သည် အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) ၏ အကြီးအကဲအဖြစ်မှ နုတ်ထွက်လိုက်ခြင်းနှင့်ပတ်သက်ပြီး ထရန့်သည် ၎င်း၏ “မယုံကြည်နိုင်လောက်သော ပံ့ပိုးကူညီမှုများ” အတွက် ချီးကျူးခဲ့ပြီး အိမ်ဖြူတော်၏သော့ဟုအဓိပ္ပါယ်ရသည့် “ရွှေသော့” ကို ပေးအပ်ခဲ့သည်။

သို့သော် အီလွန်မတ်စ်သည် “တကယ်နုတ်ထွက်ခြင်းမဟုတ်” နှင့် “အိမ်ဖြူတော်ကို သွားလိုက်လာလိုက် ဖြစ်နိုင်ဖွယ်ရှိတယ်ဟု” ဟု ထရန့်က အလေးပေး ပြောကြားခဲ့သည်။

၎င်းက DOGE ၏ အရှုပ်အထွေး လေးလအတွင်း ဝန်ထမ်းများ သောင်းနှင့်ချီ ဖြတ်တောက်ခံရကာ အစိုးရ အေဂျင်စီများကို ပိတ်ပစ်ပြီး နိုင်ငံခြားသို့ အကူအညီများကို ဖြတ်တောက်လိုက်သည်။ ၎င်းအား “မျိုးဆက်များအတွင်း အထိရောက်ဆုံးသော အစိုးရ ပြုပြင်ပြောင်းလဲရေး အစီအစဉ်” ဟု ချီးကျူးခဲ့သည်။

အနက်ရောင် DOGE ဘေ့စ်ဘောဦးထုပ်နှင့် အဖြူရောင်စာလုံးဖြင့်ရေးထားသော ” Doge ဖခင်ကြီး (Dogefather)” တီရှပ်အင်္ကျီကို ဝတ်ဆင်ထားသည့် တောင်အာဖရိကနွယ်ဖွား အီလွန်မတ်စ်က သူပေးထားသည့် ကတိအတိုင်း ဖြတ်တောက်ရမည့် ဒေါ်လာ ၁ ထရီလီယံအနက် အများစုသည် အချိန်ယူရလိမ့်မည်ဟု ဝန်ခံခဲ့သည်။

အီလွန်မတ်စ်က သူသည် “သမ္မတထရန့်ရဲ့ မိတ်ဆွေ၊ အကြံပေးပုဂ္ဂိုလ်အနေနဲ့ ဆက်လက်ရှိနေလိုတယ်” ဟု ပြောကြားခဲ့သည်။

သို့သော်လည်း အီလွန်မတ်စ်၏ ညာဘက်မျက်လုံးတဝိုက်က အညိုအမဲဆွဲနေသည့်ဒဏ်ရာကို လူတော်တော်များများက စိတ်ဝင်စားခဲ့ကြသည်။

၂၀၂၄ သမ္မတရွေးကောက်ပွဲမဲဆွယ်ကာလတွင် အီလွန်မတ်စ်သည် မေ့ဆေးအဖြစ် အသုံးပြုသည့် ကေတာမင်း (ketamine) အများအပြား သောက်ပြီးနောက် ဆီးအိမ်တွင် ပြဿနာရှိကြောင်း New York Times က ဖော်ပြခဲ့သည့် နေ့တွင်ပင် အညိုအမဲဆွဲနေသည့်ဒဏ်ရာ၏ အကြောင်းရင်းနှင့် ပတ်သက်၍ ထင်ကြေးပေးမှုများ ထပ်မံထွက်ပေါ်လာခဲ့သည်။ ၂၀၂၄ သမ္မတရွေးကောက်ပွဲတွင် ထရန့်၏အကြီးဆုံးအလှူရှင်ဖြစ်သည့် အီလွန်မတ်စ်သည် ဓာတုဆေးဝါး MDMA နှင့် စိတ်ဝေဒနာရှင်များ အသုံးပြုသည့် ဆေးဝါးများလည်း သုံးစွဲနေပြီး

ယမန်နှစ်က ဆေးသေတ္တာတစ်လုံးကို သူနှင့်အတူ အမြဲယူဆောင်သွားကြောင်း ဖော်ပြထားသည်။

သို့သော် သူ့မျက်လုံးတစ်ဝိုက်ရှိ အညိုအမဲဆွဲနေသည့်ဒဏ်ရာသည် သူ့သားက သူ့ကို ထိုးခဲ့သည့်အတွက်ကြောင့် ရခဲ့သည့်ဒဏ်ရာဖြစ်ကြောင်း အီလွန်မတ်စ်က ရှင်းပြပါသည်။

“ကျွန်တော်နဲ့ Little X နဲ့ နောက်ပြောင်နေတုန်း ‘ငါ့မျက်နှာကို ထိုးကြည့်စမ်း’ လို့ ပြောခဲ့တယ်” ဟု သူက ဆိုပါတယ်။ “အဲ့ဒီနနောက် အသက် ၅ နှစ်အရွယ် ကလေးလေးက ကျွန်တော့်မျက်နှာကို ထိုးခဲ့တာကြောင့် ဖြစ်တာ” ဟု သူက ဆက်ပြောခဲ့သော်လည်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေဖို့ ရှောင်ခဲ့ပါသည်။

AFP-Jiji သတင်း (ဂျပန်ဘာသာ)

ဓာတ်ပုံ။

အီလွန်မတ်စ်သည် အိမ်ဖြူတော်၏ ဘဲဥပုံရုံးတွင် သမ္မတ ဒေါ်နယ်ထရန့်နှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (မေလ ၃၀ ရက်)။/(c)ALLISON ROBBERT/AFP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက